(Zawgyi/Unicode)
ရွမ္းျပည္နယ္ အေရွ႕ေျမာက္ပိုင္း ကိုးကန႔္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ေလာက္ကိုင္ၿမိဳ႕နဲ႔ ခ်င္းေ႐ႊေဟာ္ၿမိဳ႕အၾကားမွာ ႏွစ္ႏိုင္ငံ နယ္စပ္ကုန္သြယ္ေရး ဂိတ္သစ္တခုကို ဖြင့္ႏိုင္ဖို႔အတြက္ တ႐ုတ္ဘက္က ျပင္ဆင္ေနပါတယ္။ ျမန္မာျပည္ အေရွ႕ေျမာက္ပိုင္းေဒသမွာ နယ္စပ္ကုန္သြယ္ေရးကို တိုးခ်ဲ႕ႏိုင္ဖို႔ တ႐ုတ္ဘက္က အခုလို ျပင္ဆင္ေနတယ္ ဆိုတဲ့သတင္းေတြ ထြက္ေပၚေနၿပီး ျမန္မာကုန္သည္ေတြကေတာ့ ဒီအစီအစဥ္အေပၚ သိပ္ႀကီးေမွ်ာ္လင့္မထားၾကပါဘူး။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုေအာင္ျမတ္သူက ေျပာျပပါမယ္။
ေလာက္ကိုင္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ တ႐ုတ္- ျမန္မာနယ္ျခားအမွတ္ BP-125 ေနရာမွာ ႏွစ္ႏိုင္ငံ နယ္စပ္ကုန္သြယ္ေရး ဂိတ္သစ္တခုကို ဖြင့္လွစ္ႏိုင္ဖို႔ ျပင္ဆင္ေနၾကတာပါ။ တ႐ုတ္၊ ယူနန္ျပည္နယ္၊ လင္ခ်မ္းခ႐ိုင္နဲ႔ ခ်ိတ္ဆက္မယ့္ နယ္စပ္ဂိတ္ေတြကို ႏွစ္ႏိုင္ငံ ကုန္သြယ္ေရးအတြက္ အဓိကျဖစ္လာဖို႔ တ႐ုတ္ဘက္က ေမွ်ာ္လင့္ထားတယ္ဆိုတဲ့ ေကာလာဟလေတြလည္း ထြက္ေပၚေနတာပါ။
ဒီဂိတ္အသစ္ကေန လင္ခ်မ္းခ႐ိုင္ထြက္ ကုန္ပစၥည္းေတြကို ျမန္မာျပည္ထဲပို႔ဖို႔ တ႐ုတ္ယူနန္အစိုးရက ရည္႐ြယ္ထားပုံရတယ္လို႔ ခန႔္မွန္းေနတာလည္း ရွိပါတယ္။ ကိုးကန႔္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသက ခ်င္းေ႐ႊေဟာ္ နယ္စပ္ကုန္သြယ္ေရး ကုန္သည္မ်ားအသင္းရဲ႕ အတြင္းေရးမႉး ေဒၚၾကဴၾကဴကေတာ့ အခုအသစ္ ေဆာက္လုပ္ေနတဲ့ BP-125 ဂိတ္ဟာ လမ္းခရီးခက္ခဲလို႔ ျမန္မာကုန္သည္ေတြအတြက္ေတာ့ အဆင္မေျပႏိုင္ဘူးလို႔ ဗြီအိုေအကို ေျပာပါတယ္။
“တ႐ုတ္နဲ႔နီးေတာ့ တ႐ုတ္က နန္ဆမ္ဂိတ္ဆိုတာရွိတယ္၊ တ႐ုတ္ရဲ႕ နမ္ဆမ္က ဖြင့္လိုက္မယ္ဆိုရင္ ကုန္စည္ေတြက ဟိုဘက္ကေနတခ်ိဳ႕ ဝင္လာႏိုင္စရာ ရွိတယ္။ ရွိေတာ့ အခုဖြင့္မဲ့ 125 ဆိုတာကို အစိုးရကပဲ ကိုင္မွာလား၊ ကိုးကန႔္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရကပဲ အခြန္ေကာက္မလား မသိဘူး။ ဒီ 125 က ဖြင့္တယ္ ဆိုရင္လည္း နည္းနည္းပါးပါးေပါ့ ကုန္စည္က၊ အဓိက လမ္းပန္း ဆက္သြယ္ေရး မေကာင္းဘူး၊ လုံးဝမေကာင္းဘူး၊ ေတာင္ႀကီးက မတ္ေနတာ၊ ၿပီးေတာ့ ခ်င္းေ႐ႊေဟာ္အေပါက္ ဖြင့္ေနသေ႐ြ႕ အဲဒီအေပါက္ႀကီးဖြင့္ဖြင့္ ကုန္စည္ကေတာ့ ခ်င္းေ႐ႊေဟာ္ေလာက္ေတာ့ ဘယ္မ်ားမလဲ။”
ျမန္မာျပည္ အေရွ႕ေျမာက္ပိုင္းနဲ႔ ခ်ိတ္ဆက္မယ့္ ရထားလမ္းပိုင္းကိုလည္း တ႐ုတ္ယူနန္အစိုးရက လင္ခ်မ္းခ႐ိုင္ထဲမွာ တည္ေဆာက္ၿပီးၿပီဆိုတာကို ၿပီးခဲ့တဲ့လက ကုန္စည္ျပပြဲတခုလုပ္ၿပီး ထုတ္ေဖာ္ေျပာခဲ့ပါတယ္။ ဒီပြဲကို လက္ရွိျမန္မာစစ္ေကာင္စီရဲ႕ စီးပြားကူးသန္းဌာနက တာဝန္ရွိသူတခ်ိဳ႕လည္း တက္ေရာက္ခဲ့တာပါ။
ကိုးကန႔္ေဒသက လက္ရွိ ရွိၿပီးသား ခ်င္းေ႐ႊေဟာ္ဂိတ္နဲ႔အၿပိဳင္ အခုလို ေနာက္ထပ္ဂိတ္သစ္တခုကို ေဆာက္လုပ္ေနေပမဲ့ တ႐ုတ္-ျမန္မာ ကုန္သြယ္ေရးမွာ အဓိကက်တဲ့ မူဆယ္ ၁၀၅ မိုင္ကုန္သြယ္ေရးဂိတ္ေတြေလာက္ သြားလာရ လြယ္ကူမွာမဟုတ္ေၾကာင္း ရွမ္းျပည္ေျမာက္ပိုင္း ကုန္စည္ပို႔ေဆာင္ေရး လုပ္ငန္းရွင္အသင္းတာဝန္ခံ စိုင္းဘုန္းျမင့္က ေျပာပါတယ္။
“အဲလိုေတာ့ လမ္းပန္းဆက္သြယ္ေရး အေနနဲ႔ကေတာ့ မျဖစ္ႏိုင္ဘူး ဟိုဘက္က။ ကုန္စည္စီးဆင္းမႈမွာ အဓိက တြဲကားက အခုေနာက္ပိုင္းမွာ အဓိကက်တာကိုး။ အဲဒီဘက္လမ္းက ၁၂ ဘီးပဲ သြားလို႔ရတယ္၊ အဲဒီေတာ့ ကုန္စည္စီးဆင္းမႈက တြဲကားသြားလို႔မရရင္ မျဖစ္ႏိုင္ဘူး။ အဓိက က ဒီမူဆယ္ အေပါက္ဗ်၊ မူဆယ္ က်ယ္ေဂါင္၊ ေ႐ႊလီ၊ မူဆယ္မန္ဝိန္းေပါက္၊ က်င္စန္းေက်ာ့ေပါက္ေပါ့ အဲဒီႏွစ္ခုေပါ့။ ၅ မိုင္ကထြက္လာၿပီး ညေန ၄ နာရီဆိုရင္ ေနာက္တေန႔ မနက္ဆိုရင္ မႏၲေလး ေရာက္ၿပီကိုး အဲလိုအေနအထားမ်ိဳး။”
အခု ဂိတ္သစ္ေဆာက္ေနတဲ့ မိုင္တိုင္ BP-125/ 131 ေနရာေတြမွာ တ႐ုတ္က ၂၀၂၀ ႏိုဝင္ဘာနဲ႔ ဒီဇင္ဘာလမွာ ၿခံစည္း႐ိုး က်ဴးေက်ာ္ကာရံခဲ့လို႔ ေလာက္ကိုင္ အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြက ကန႔္ကြက္ခဲ့ဖူးတာလည္း ရွိပါတယ္။
ရွမ္းျပည္ေျမာက္ပိုင္းက ကြမ္းလုံတံတားစီမံကိန္း၊ ခ်င္းေ႐ႊေဟာ္ကေန လားရႈိးအထိ အျမန္ရထားလမ္းေဖာက္ဖို႔ စီမံကိန္းေတြကို လင္ခ်မ္းခ႐ိုင္အစိုးရက ၂၀၁၈ ခုႏွစ္ထဲမွာ ျမန္မာအစိုးရကို တင္ျပခဲ့တာပါ။
ဒါေတြဟာ တ႐ုတ္အစိုးရရဲ႕ BRI စီမံကိန္းေတြထဲက တစိတ္တပိုင္းလည္း ျဖစ္ပါတယ္။ လားရႈိးၿမိဳ႕နဲ႔ လင္ခ်မ္းအၾကား ခ်စ္ၾကည္ေရး ခရီးသြားလုပ္ငန္း အေကာင္အထည္ေဖာ္ဖို႔လည္း ျမန္မာအစိုးရနဲ႔ ၂၀၁၈ မွာ သေဘာတူလက္မွတ္ ေရးထိုးထားပါတယ္။
..........................................................................................
တရုတ်ဖွင့်မယ့် နယ်စပ်ကုန်သွယ်ရေးဂိတ်သစ် မြန်မာကုန်သည်တွေ အကောင်းမမြင်လှ
(Unicode)
ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နဲ့ ချင်းရွှေဟော်မြို့အကြားမှာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ဂိတ်သစ်တခုကို ဖွင့်နိုင်ဖို့အတွက် တရုတ်ဘက်က ပြင်ဆင်နေပါတယ်။ မြန်မာပြည် အရှေ့မြောက်ပိုင်းဒေသမှာ နယ်စပ်ကုန်သွယ်ရေးကို တိုးချဲ့နိုင်ဖို့ တရုတ်ဘက်က အခုလို ပြင်ဆင်နေတယ် ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပြီး မြန်မာကုန်သည်တွေကတော့ ဒီအစီအစဉ်အပေါ် သိပ်ကြီးမျှော်လင့်မထားကြပါဘူး။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုအောင်မြတ်သူက ပြောပြပါမယ်။
လောက်ကိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရုတ်- မြန်မာနယ်ခြားအမှတ် BP-125 နေရာမှာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ဂိတ်သစ်တခုကို ဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်နေကြတာပါ။ တရုတ်၊ ယူနန်ပြည်နယ်၊ လင်ချမ်းခရိုင်နဲ့ ချိတ်ဆက်မယ့် နယ်စပ်ဂိတ်တွေကို နှစ်နိုင်ငံ ကုန်သွယ်ရေးအတွက် အဓိကဖြစ်လာဖို့ တရုတ်ဘက်က မျှော်လင့်ထားတယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်ပေါ်နေတာပါ။
ဒီဂိတ်အသစ်ကနေ လင်ချမ်းခရိုင်ထွက် ကုန်ပစ္စည်းတွေကို မြန်မာပြည်ထဲပို့ဖို့ တရုတ်ယူနန်အစိုးရက ရည်ရွယ်ထားပုံရတယ်လို့ ခန့်မှန်းနေတာလည်း ရှိပါတယ်။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းရဲ့ အတွင်းရေးမှူး ဒေါ်ကြူကြူကတော့ အခုအသစ် ဆောက်လုပ်နေတဲ့ BP-125 ဂိတ်ဟာ လမ်းခရီးခက်ခဲလို့ မြန်မာကုန်သည်တွေအတွက်တော့ အဆင်မပြေနိုင်ဘူးလို့ ဗွီအိုအေကို ပြောပါတယ်။
“တရုတ်နဲ့နီးတော့ တရုတ်က နန်ဆမ်ဂိတ်ဆိုတာရှိတယ်၊ တရုတ်ရဲ့ နမ်ဆမ်က ဖွင့်လိုက်မယ်ဆိုရင် ကုန်စည်တွေက ဟိုဘက်ကနေတချို့ ဝင်လာနိုင်စရာ ရှိတယ်။ ရှိတော့ အခုဖွင့်မဲ့ 125 ဆိုတာကို အစိုးရကပဲ ကိုင်မှာလား၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကပဲ အခွန်ကောက်မလား မသိဘူး။ ဒီ 125 က ဖွင့်တယ် ဆိုရင်လည်း နည်းနည်းပါးပါးပေါ့ ကုန်စည်က၊ အဓိက လမ်းပန်း ဆက်သွယ်ရေး မကောင်းဘူး၊ လုံးဝမကောင်းဘူး၊ တောင်ကြီးက မတ်နေတာ၊ ပြီးတော့ ချင်းရွှေဟော်အပေါက် ဖွင့်နေသရွေ့ အဲဒီအပေါက်ကြီးဖွင့်ဖွင့် ကုန်စည်ကတော့ ချင်းရွှေဟော်လောက်တော့ ဘယ်များမလဲ။”
မြန်မာပြည် အရှေ့မြောက်ပိုင်းနဲ့ ချိတ်ဆက်မယ့် ရထားလမ်းပိုင်းကိုလည်း တရုတ်ယူနန်အစိုးရက လင်ချမ်းခရိုင်ထဲမှာ တည်ဆောက်ပြီးပြီဆိုတာကို ပြီးခဲ့တဲ့လက ကုန်စည်ပြပွဲတခုလုပ်ပြီး ထုတ်ဖော်ပြောခဲ့ပါတယ်။ ဒီပွဲကို လက်ရှိမြန်မာစစ်ကောင်စီရဲ့ စီးပွားကူးသန်းဌာနက တာဝန်ရှိသူတချို့လည်း တက်ရောက်ခဲ့တာပါ။
ကိုးကန့်ဒေသက လက်ရှိ ရှိပြီးသား ချင်းရွှေဟော်ဂိတ်နဲ့အပြိုင် အခုလို နောက်ထပ်ဂိတ်သစ်တခုကို ဆောက်လုပ်နေပေမဲ့ တရုတ်-မြန်မာ ကုန်သွယ်ရေးမှာ အဓိကကျတဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဂိတ်တွေလောက် သွားလာရ လွယ်ကူမှာမဟုတ်ကြောင်း ရှမ်းပြည်မြောက်ပိုင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်အသင်းတာဝန်ခံ စိုင်းဘုန်းမြင့်က ပြောပါတယ်။
“အဲလိုတော့ လမ်းပန်းဆက်သွယ်ရေး အနေနဲ့ကတော့ မဖြစ်နိုင်ဘူး ဟိုဘက်က။ ကုန်စည်စီးဆင်းမှုမှာ အဓိက တွဲကားက အခုနောက်ပိုင်းမှာ အဓိကကျတာကိုး။ အဲဒီဘက်လမ်းက ၁၂ ဘီးပဲ သွားလို့ရတယ်၊ အဲဒီတော့ ကုန်စည်စီးဆင်းမှုက တွဲကားသွားလို့မရရင် မဖြစ်နိုင်ဘူး။ အဓိက က ဒီမူဆယ် အပေါက်ဗျ၊ မူဆယ် ကျယ်ဂေါင်၊ ရွှေလီ၊ မူဆယ်မန်ဝိန်းပေါက်၊ ကျင်စန်းကျော့ပေါက်ပေါ့ အဲဒီနှစ်ခုပေါ့။ ၅ မိုင်ကထွက်လာပြီး ညနေ ၄ နာရီဆိုရင် နောက်တနေ့ မနက်ဆိုရင် မန္တလေး ရောက်ပြီကိုး အဲလိုအနေအထားမျိုး။”
အခု ဂိတ်သစ်ဆောက်နေတဲ့ မိုင်တိုင် BP-125/ 131 နေရာတွေမှာ တရုတ်က ၂၀၂၀ နိုဝင်ဘာနဲ့ ဒီဇင်ဘာလမှာ ခြံစည်းရိုး ကျူးကျော်ကာရံခဲ့လို့ လောက်ကိုင် အုပ်ချုပ်ရေးအဖွဲ့တွေက ကန့်ကွက်ခဲ့ဖူးတာလည်း ရှိပါတယ်။
ရှမ်းပြည်မြောက်ပိုင်းက ကွမ်းလုံတံတားစီမံကိန်း၊ ချင်းရွှေဟော်ကနေ လားရှိုးအထိ အမြန်ရထားလမ်းဖောက်ဖို့ စီမံကိန်းတွေကို လင်ချမ်းခရိုင်အစိုးရက ၂၀၁၈ ခုနှစ်ထဲမှာ မြန်မာအစိုးရကို တင်ပြခဲ့တာပါ။
ဒါတွေဟာ တရုတ်အစိုးရရဲ့ BRI စီမံကိန်းတွေထဲက တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။ လားရှိုးမြို့နဲ့ လင်ချမ်းအကြား ချစ်ကြည်ရေး ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ဖို့လည်း မြန်မာအစိုးရနဲ့ ၂၀၁၈ မှာ သဘောတူလက်မှတ် ရေးထိုးထားပါတယ်။