သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရွမ္းေျမာက္ပိုင္းေဒသ တိုက္ပြဲေတြျဖစ္ပြါးဆဲ


People fleeing from Laukkai,ကိုးကန္႔ေဒသ ေလာက္ကိုင္ၿမိဳ႕မွ ထြက္ေျပးလာခဲ့ၾကသည့္ စစ္ေရွာင္ဒုကၡသည္မ်ာ (ဖေဖာ္ဝါရီ ၁၅၊ ၂ဝ၁၅) (Reuters)

{{Zawgyi/Unicode}}

ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႔နယ္မွာ ဒီကေန႔ ပန္ဆိုင္းၿမိဳ႔မွာ စစ္ေကာင္စီတပ္နဲ႔ MNDAA ကိုးကန္႔ တပ္အၾကား တိုက္ပဲြျဖစ္ပြားခဲ့ရာမွာ ၿမိဳ႔တြင္းရိွဘုရားေက်ာင္းမွာ လက္နက္ၾကီး က်ည္ ၂လုံးက်ခဲ့ပါတယ္။ ပန္ဆိုင္း၊ မံုးကိုးနဲ႔ ေဖာင္းဆိုင္ေဒသမွာ တုိက္ပဲြေတြ ဆက္တုိက္ျဖစ္ပြားေနတာေၾကာင့္ ေထာင္နဲ႔ခ်ီတဲ့ စစ္ေရွာင္ေတြဟာ တရုတ္ ျမန္မာနယ္စပ္မွာ ေရွာင္တိမ္းေနရပါတယ္။ ရန္ကုန္ကလာတဲ့ တရုတ္ျမန္မာနယ္စပ္က တုိက္ပဲြသတင္းကို ကိုရဲမြန္ က ေျပာျပပါမယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႔နယ္မွာ ပန္ဆိုင္း၊ မံုးကိုးနဲ႔ ေဖာင္းဆိုင္ေဒသမွာ ဇူလိုင္လတည္းက တိုက္ပဲြေတြ ျဖစ္ပြားခဲ့တာပါ။

ပန္ဆိုင္းၿမိဳ႔အတြင္းမွာ စစ္ေကာင္စီတပ္နဲ႔ MNDAA ကိုးကန္႔ တပ္အၾကား တိုက္ပဲြျဖစ္ပြားခဲ့ရာ ဘုရားေက်ာင္းအတြင္း လက္နက္ၾကီး က်ည္ေတြ က်ေရာက္တာရွိေၾကာင္း တရုတ္- ျမန္မာ နယ္စပ္က စစ္ေရွာင္တစ္ဦးက VOA ကို အခုလို ေျပာပါတယ္။

“လက္နက္ၾကီးသံေတြ ၾကားတယ္။ က်ေနာ္တုိ႔ ၾကားတာကေတာ့ ၁၁နာရီေလာက္ကေန ၾကားတယ္။ အခုလည္း တစ္ခ်က္ တစ္ခ်က္ လက္နက္ၾကီးသံၾကားတယ္။ Church ေက်ာင္း၀န္းမွာလည္း လက္နက္ၾကီး ၂လံုးက်တယ္လို႔ ေျပာတယ္။ ပန္ဆိုင္းၿမိဳ႔ Church ေပါ့။ ”

အထိအခိုက္သတင္းေတာ့ မၾကားသိရေသးဘူးလုိ႔လည္း ေျပာပါတယ္။

မူဆယ္ၿမိဳ႔က စစ္ေရွာင္ေတြကို ကူညီေပးေနသူ တစ္ဦးက ကခ်င္ႏွစ္ခ်င္းဘုရားေက်ာင္းမွာ လက္နက္ၾကီးက်ည္ က်ေရာက္ခဲ့ေပမဲ့ လူအထိအခိုက္မရိွေၾကာင္း ေျပာပါတယ္။

“ ပန္ဆိုင္းက ေန႔လည္ တုိက္ပဲြျဖစ္တယ္။ တုိက္ပဲြျဖစ္ေတာ့ ဘယ္သူက ပစ္လုိက္မွန္းေတာ့ မသိဘူး။ ပန္ဆိုင္းကခ်င္ႏွစ္ျခင္းခရစ္ယာန္ဘုရားေက်ာင္းထဲမွာ လက္နက္ၾကီး တစ္လံုးက်လာတယ္။ ဒါေပမဲ့ လူကေတာ့ မထိဘူး။ ဘုရားေက်ာင္း၀န္းထဲက်တယ္ အိမ္သာေပၚမွာ လာက်တာေပါ့။”

ဒီသတင္းနဲ႔ပတ္သက္ၿပီး ေမးျမန္းႏိုင္ဖို႔ MNDAA ကိုးကန္႔အဖဲြ႔ ေျပာေရးဆိုခြင့္ရိွသူကို ဖုန္းေခၚဆုိခဲ့ေပမဲ့ ဖုန္း လက္ခံေျဖၾကားတာ မရိွပါဘူး။

လက္ရိွ တိုက္ပဲြျဖစ္ပြားတဲ့ မူဆယ္ၿမိဳ႔နယ္ ၾကဴကုတ္၊ ပန္ဆိုင္း၊ မုန္းကိုးနဲ႔ ေဖာင္းဆိုင္ေဒသမွာ ကခ်င္လက္နက္ကိုင္အဖဲြ႔ KIA ရဲ့ တပ္မဟာ ၆ အေျခစိုက္ထားတဲ့ ေဒသလည္း ျဖစ္ပါတယ္။

KIA ရဲ့ ျပန္ၾကားေရးတာ၀န္ခံ ဗိုလ္မႈးၾကီးေနာ္ဘူက မံုးကိုးေဒသမွာ စစ္ေကာင္စီတပ္နဲ႔ MNDAA ကိုးကန္႔တပ္အၾကား အနည္းဆံုး ၂ေနရာ တိုက္ပဲြျဖစ္ခဲ့ေၾကာင္း အခုလို ေျပာပါတယ္။

“ ဒီေန႔ေတာ့ ကခ်င္ျပည္နယ္ဘက္မွာ တိုက္ပဲြျဖစ္တဲ့သတင္းေတြ မၾကားဘူးခင္ဗ်။ ရွမ္းေျမာက္ဘက္မွာကေတာ့ ရိွပါတယ္ခင္ဗ်။ က်ေနာ္တုိ႔ KIA ရဲ့ တပ္မဟာ ၆နယ္ေျမျဖစ္ပါတယ္။ ေဒသနဲ႔ ေျပာမယ္ဆုိရင္ေတာ့ မံုးကိုး၊ ေဖာင္းဆိုင္ဘက္မွာျဖစ္ပါတယ္။ တိုက္ပဲြျဖစ္တာကေတာ့ ကိုးကန္႔လက္နက္ကိုင္အဖဲြ႔ MNDAA နဲ႔ ျဖစ္တယ္လို႔ ၾကားပါတယ္။ ဒီေန႔ကေတာ့ ၂ေနရာျဖစ္တယ္ဆိုတဲ့သတင္းတက္ပါတယ္ခင္ဗ်။”

စစ္ေကာင္စီတပ္နဲ႔ ကိုးကန္႔ တပ္ဖဲြ႔အၾကားမွာ မေန႔လည္း တုိက္ပဲြျဖစ္တယ္လို႔လည္း ေျပာပါတယ္။

MNDAA အဖဲြ႔ကေတာ့ စစ္ေကာင္စီတပ္ေတြနဲ႔ ဇူလိုင္လ အေစာပိုင္းတည္းက စတင္တိုက္ပဲြျဖစ္ခဲ့ေၾကာင္း၊ ဒီလ ၁၈ရက္ေန႔မွာေတာ့ စစ္ေကာင္စီတပ္ရင္း ၃ရင္းေပါင္းၿပီး MNDAAရဲ့ မုံးကိုးအေျခစိုက္ တပ္မဟာ ၅၁၁စစ္စခန္းကို စတင္ထိုးစစ္ဆင္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။

ရွမ္းျပည္နယ္က သတင္းေတြကို အစဥ္တစိုက္ေဖာ္ျပေနတဲ့ ရွမ္းသံေတာ္ဆင့္သတင္းဌာနကေတာ့ တုိက္ပဲြေၾကာင့္ ပန္ဆိုင္းၿမိဳ႔ေပၚက ေနအိမ္အေတာ္မ်ားမ်ား ထိခိုက္ပ်က္ဆီးခဲ့ေၾကာင္း၊ တုိက္ပဲြေၾကာင့္ ေဒသခံေတြ အျပင္မထြက္ႏိုင္တာေၾကာင့္ အေသးစိတ္အခ်က္အလက္ မသိရေသးေၾကာင္း ေဖာ္ျပထားပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႔နယ္အတြင္းက တိုက္ပဲြျဖစ္စဥ္နဲ႔ပတ္သက္ၿပီ စစ္ေကာင္စီဘက္ကေတာ့ သတင္းထုတ္ျပန္တာ မရိွပါဘူး။

ဒီလပိုင္းအတြင္း ျဖစ္ပြားတဲ့ တုိက္ပဲြေၾကာင့္ ပန္ဆိုင္းေဒသက စစ္ေရွာင္ ၁၅၀၀ေလာက္ဟာ တရုတ္ျမန္မာနယ္စပ္မွာ တိမ္းေရွာင္ေနရပါတယ္။ လတ္တေလာအေျခအေနမွာ မိုးမ်ားၿပီး ၀မ္တိန္ ေခ်ာင္းေရ ၾကီးတာေၾကာင့္ စစ္ေရွာင္ေတြ အခက္အခဲၾကံဳေတြ႔ေနရပါတယ္။

...................................

ရွမ္းေျမာက္ပိုင္းေဒသ တိုက္ပြဲေတြျဖစ္ပြါးဆဲ
please wait

No media source currently available

0:00 0:03:15 0:00
တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ ဒီကနေ့ ပန်ဆိုင်းမြို့မှာ စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့် တပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ မြို့တွင်းရှိဘုရားကျောင်းမှာ လက်နက်ကြီး ကျည် ၂လုံးကျခဲ့ပါတယ်။ ပန်ဆိုင်း၊ မုံးကိုးနဲ့ ဖောင်းဆိုင်ဒေသမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့် ထောင်နဲ့ချီတဲ့ စစ်ရှောင်တွေဟာ တရုတ် မြန်မာနယ်စပ်မှာ ရှောင်တိမ်းနေရပါတယ်။ ရန်ကုန်ကလာတဲ့ တရုတ်မြန်မာနယ်စပ်က တိုက်ပွဲသတင်းကို ကိုရဲမွန် က ပြောပြပါမယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ ပန်ဆိုင်း၊ မုံးကိုးနဲ့ ဖောင်းဆိုင်ဒေသမှာ ဇူလိုင်လတည်းက တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

ပန်ဆိုင်းမြို့အတွင်းမှာ စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့် တပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ ဘုရားကျောင်းအတွင်း လက်နက်ကြီး ကျည်တွေ ကျရောက်တာရှိကြောင်း တရုတ်- မြန်မာ နယ်စပ်က စစ်ရှောင်တစ်ဦးက VOA ကို အခုလို ပြောပါတယ်။

“လက်နက်ကြီးသံတွေ ကြားတယ်။ ကျနော်တို့ ကြားတာကတော့ ၁၁နာရီလောက်ကနေ ကြားတယ်။ အခုလည်း တစ်ချက် တစ်ချက် လက်နက်ကြီးသံကြားတယ်။ Church ကျောင်းဝန်းမှာလည်း လက်နက်ကြီး ၂လုံးကျတယ်လို့ ပြောတယ်။ ပန်ဆိုင်းမြို့ Church ပေါ့။ ”

အထိအခိုက်သတင်းတော့ မကြားသိရသေးဘူးလို့လည်း ပြောပါတယ်။

မူဆယ်မြို့က စစ်ရှောင်တွေကို ကူညီပေးနေသူ တစ်ဦးက ကချင်နှစ်ချင်းဘုရားကျောင်းမှာ လက်နက်ကြီးကျည် ကျရောက်ခဲ့ပေမဲ့ လူအထိအခိုက်မရှိကြောင်း ပြောပါတယ်။

“ ပန်ဆိုင်းက နေ့လည် တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်တော့ ဘယ်သူက ပစ်လိုက်မှန်းတော့ မသိဘူး။ ပန်ဆိုင်းကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းထဲမှာ လက်နက်ကြီး တစ်လုံးကျလာတယ်။ ဒါပေမဲ့ လူကတော့ မထိဘူး။ ဘုရားကျောင်းဝန်းထဲကျတယ် အိမ်သာပေါ်မှာ လာကျတာပေါ့။”

ဒီသတင်းနဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ MNDAA ကိုးကန့်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူကို ဖုန်းခေါ်ဆိုခဲ့ပေမဲ့ ဖုန်း လက်ခံဖြေကြားတာ မရှိပါဘူး။

လက်ရှိ တိုက်ပွဲဖြစ်ပွားတဲ့ မူဆယ်မြို့နယ် ကြူကုတ်၊ ပန်ဆိုင်း၊ မုန်းကိုးနဲ့ ဖောင်းဆိုင်ဒေသမှာ ကချင်လက်နက်ကိုင်အဖွဲ့ KIA ရဲ့ တပ်မဟာ ၆ အခြေစိုက်ထားတဲ့ ဒေသလည်း ဖြစ်ပါတယ်။

KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက မုံးကိုးဒေသမှာ စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်အကြား အနည်းဆုံး ၂နေရာ တိုက်ပွဲဖြစ်ခဲ့ကြောင်း အခုလို ပြောပါတယ်။

“ ဒီနေ့တော့ ကချင်ပြည်နယ်ဘက်မှာ တိုက်ပွဲဖြစ်တဲ့သတင်းတွေ မကြားဘူးခင်ဗျ။ ရှမ်းမြောက်ဘက်မှာကတော့ ရှိပါတယ်ခင်ဗျ။ ကျနော်တို့ KIA ရဲ့ တပ်မဟာ ၆နယ်မြေဖြစ်ပါတယ်။ ဒေသနဲ့ ပြောမယ်ဆိုရင်တော့ မုံးကိုး၊ ဖောင်းဆိုင်ဘက်မှာဖြစ်ပါတယ်။ တိုက်ပွဲဖြစ်တာကတော့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA နဲ့ ဖြစ်တယ်လို့ ကြားပါတယ်။ ဒီနေ့ကတော့ ၂နေရာဖြစ်တယ်ဆိုတဲ့သတင်းတက်ပါတယ်ခင်ဗျ။”

စစ်ကောင်စီတပ်နဲ့ ကိုးကန့် တပ်ဖွဲ့အကြားမှာ မနေ့လည်း တိုက်ပွဲဖြစ်တယ်လို့လည်း ပြောပါတယ်။

MNDAA အဖွဲ့ကတော့ စစ်ကောင်စီတပ်တွေနဲ့ ဇူလိုင်လ အစောပိုင်းတည်းက စတင်တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ဒီလ ၁၈ရက်နေ့မှာတော့ စစ်ကောင်စီတပ်ရင်း ၃ရင်းပေါင်းပြီး MNDAAရဲ့ မုံးကိုးအခြေစိုက် တပ်မဟာ ၅၁၁စစ်စခန်းကို စတင်ထိုးစစ်ဆင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်က သတင်းတွေကို အစဉ်တစိုက်ဖော်ပြနေတဲ့ ရှမ်းသံတော်ဆင့်သတင်းဌာနကတော့ တိုက်ပွဲကြောင့် ပန်ဆိုင်းမြို့ပေါ်က နေအိမ်အတော်များများ ထိခိုက်ပျက်ဆီးခဲ့ကြောင်း၊ တိုက်ပွဲကြောင့် ဒေသခံတွေ အပြင်မထွက်နိုင်တာကြောင့် အသေးစိတ်အချက်အလက် မသိရသေးကြောင်း ဖော်ပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်းက တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

ဒီလပိုင်းအတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ပန်ဆိုင်းဒေသက စစ်ရှောင် ၁၅၀၀လောက်ဟာ တရုတ်မြန်မာနယ်စပ်မှာ တိမ်းရှောင်နေရပါတယ်။ လတ်တလောအခြေအနေမှာ မိုးများပြီး ဝမ်တိန် ချောင်းရေ ကြီးတာကြောင့် စစ်ရှောင်တွေ အခက်အခဲကြုံတွေ့နေရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG