သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

Omicron ကိုဗစ္မ်ိဳးကြဲသစ္ ပ်ံ႕ႏွံ႔မႈေၾကာင့္ ျမန္မာနယ္စပ္ကုန္သြယ္ေရး ျပန္ဖြင့္ဖို႔ မေရရာ


ခြါညိဳသစ္သီးပြဲ႐ံု

{{Zawgyi/Unicode}}

ပြင့္လင္းရာသီမွာ လုပ္ငန္းေတြျပန္စတင္ဖို႔ အားယူေနတဲ့ ျမန္မာနယ္စပ္ကုန္သြယ္ေရးဟာ Omicron ကိုဗစ္မ်ိဳးကြဲအသစ္ေၾကာင့္ ျပန္ဖြင့္ႏိုင္ဖို႔မေရရာျဖစ္ေနပါတယ္။ အထူးသျဖင့္ အိမ္နီးခ်င္းေတြျဖစ္တဲ့ ထိုင္းနဲ႔ တ႐ုတ္ႏိုင္ငံမွာ ကိုဗစ္မ်ိဳးစိတ္သစ္ကို ကာကြယ္ဖို႔ အစီအမံေတြ စတင္လုပ္ေဆာင္ေနတာမို႔ ပိတ္ထားတဲ့ နယ္စပ္ဂိတ္ေတြ ျပန္ဖြင့္ႏိုင္ပါ့မလားလို႔ စိုးရိမ္မႈေတြလည္း ထြက္ေပၚေနပါတယ္။ ရန္ကုန္ကေပးပို႔လာတဲ့ နယ္စပ္ကုန္သည္ေတြရဲ႕ သုံးသပ္ခ်က္တခ်ိဳ႕ကို ကိုသားၫြန႔္ဦးက တင္ျပေပးထားပါတယ္။

ထိုင္း၊ တ႐ုတ္ စတဲ့ နယ္စပ္ကုန္သြယ္ေရးအတြက္အေရးပါတဲ့ အိမ္နီးခ်င္းႏိုင္ငံေတြရဲ႕ နယ္စပ္ဂိတ္ေတြ ျပန္ဖြင့္ၿပီး နယ္စပ္ကုန္သြယ္ေရး ျပန္စတင္ဖို႔ အရိပ္အေယာင္ ျမင္ေနရခ်ိန္မွာပဲ ဗီဇေျပာင္း ကိုဗစ္ပိုးသစ္ Omicron ေၾကာင့္ လုပ္ငန္းေတြဆက္ၿပီး ေႏွးေကြးေနဦးမယ္လို႔ ျမန္မာကုန္သည္ေတြက ခန႔္မွန္းလိုက္ပါတယ္။

ျမန္မာႏိုင္ငံမွာ ကိုဗစ္တတိယလႈိင္းစတင္ခ်ိန္ေလာက္ကစၿပီး ၆ လေလာက္ပိတ္ ထားတဲ့ ျမန္မာနဲ႔နယ္စပ္ကုန္သြယ္ေရးကို ျပန္ဖြင့္လိုက္ၿပီလို႔ တ႐ုတ္ဘက္က ႏိုဝင္ ဘာ ၂၆ ရက္မွာ တဘက္သတ္ေၾကညာၿပီး မူဆယ္ၿမိဳ႕က က်င္စန္းေက်ာ့နယ္စပ္ဂိတ္ကို ယာယီဖြင့္ေပးခဲ့ပါတယ္။ ဒီလိုျပန္ဖြင့္လိုက္ေပမဲ့ တရက္ကို ကုန္ကားေလးငါးစီးပဲ ကုန္သြယ္ခြင့္ရလို႔ အရင္ကထက္ ပိုၿပီးထူးမလာေၾကာင္း ျမန္မာကုန္သည္ေတြက ေျပာပါတယ္။ တ႐ုတ္ဟာ ကပ္ေရာဂါကို သိပ္အေလးထားလြန္းၿပီး ႏွစ္ႏိုင္ငံကုန္သြယ္ေရး ပုံမွန္ျပန္ျဖစ္ဖို႔ကေတာ့ အခ်ိန္ေပးရလိမ့္မယ္လို႔ မူဆယ္- နမ့္ခမ္း နယ္စပ္ကုန္သည္မ်ားအသင္းရဲ႕ ဒုဥကၠ႒ စိုင္းခင္ေမာင္က ဗြီအိုေအကို ေျပာပါတယ္။

“ဖြင့္တယ္လို႔ ေျပာရေအာင္ကလည္း မႈန္ရီဝါးဝါးႀကီးဗ်၊ မဖြင့္ဘူးလို႔ ေျပာရေအာင္ ကလည္း ဖြင့္တယ္လို႔ ေျပာေနတာ ( တ႐ုတ္ဘက္က)။ ဆိုလိုတာကေတာ့ ဖြင့္ေတာ့ ဖြင့္ေနၿပီေပါ့ဗ်ာ၊ အဆင္မေျပဘူးေပါ့ ေလာေလာဆယ္ကေတာ့။ ရာႏႈန္းျပည့္ လို႔မေျပာနဲ႔ ၅၀ ရာခိုင္ႏႈန္းေလာက္ေတာင္ အဆင္မေျပဘူး။ ဒီကိုဗစ္ကာလ ကုန္သြယ္မႈကေတာ့ ေတာ္ေတာ္ခက္ခဲတယ္။ အထူးသျဖင့္ တ႐ုတ္နဲ႔ကုန္သြယ္မႈက ပိုဆိုးတယ္။”

အာရွမွာ Omicron ကိုဗစ္ပိုးသစ္ ပထမဆုံးကူးစက္မႈအျဖစ္ ေဟာင္ေကာင္ကြၽန္းမွာ စတင္ေတြ႔ရွိထားပါတယ္။ ဆိုး႐ြားတဲ့ကူးစက္မႈေတြ တေၾကာ့ျပန္ ျဖစ္လာမွာကို တ႐ုတ္အစိုးရက စိုးရိမ္ေနေၾကာင္း သတင္းေတြမွာ ေရးသား ေဖာ္ျပၾကပါတယ္။ ကိုဗစ္ကူးစက္သူ သုညအထိ က်ဆင္းေအာင္ တ႐ုတ္ႏိုင္ငံက ႀကိဳးစားေနတာမို႔ တ႐ုတ္နယ္စပ္ဂိတ္ေတြ ျပန္ၿပီးပိတ္ႏိုင္တယ္လို႔ ခန႔္မွန္းေနတာလည္း ရွိပါတယ္။ ျမန္မာနဲ႔ထိစပ္ေနတဲ့ နယ္စပ္ဂိတ္ေတြကေတာ့ ကိုဗစ္ေရာဂါေၾကာင့္လား၊ ႏိုင္ငံေရးအေျခအေန ေၾကာင့္လားဆိုတာ တိတိက်က်ခန႔္မွန္လို႔မရေၾကာင္း ကုန္သည္ေတြက ေျပာပါတယ္။

“ေရာဂါကို ကာကြယ္မႈနဲ႔ အတူယွဥ္တြဲၿပီး ေနမယ္ဆိုတဲ့စနစ္က သူတို႔ဆီမွာ လက္မခံေသးဘူး။ အျပတ္ျဖဳတ္၊ အျမစ္ျဖတ္မယ္ဆိုတဲ့ ပုံစံမ်ိဳးပဲ။ ဒါေပမဲ့ ေရာဂါကူးစက္မႈ အသစ္ေတြ ထပ္ေပၚလာရင္ေတာ့ ဒါအႏၲရာယ္မ်ားတယ္၊ ျပန္ၿပီးပိတ္ႏိုင္တယ္လို႔ ထင္တယ္။ ဒါေပမဲ့ သူတို႔ကုန္သြယ္မႈနဲ႔ ႏွစ္ႏိုင္ငံဆက္ဆံေရးေတာ့ အေရးႀကီးပါတယ္။ ဒါေတြကေတာ့ ဘယ္လိုမွ အေကာင္းဘက္၊ အဆိုးဘက္ကို ေသခ်ာေျပာလို႔ မရဘူး။”

Botswana ၊ Eswatini ၊ Lesotho ၊ Malawi ၊ Mozambique ၊ Namibia ၊ South Africa နဲ႔ Zimbabwe စတဲ့ ေတာင္အာဖရိကတိုက္ႏိုင္ငံေတြမွာ Omicron ကိုဗစ္မ်ိဳးသစ္ကို ေတြ႔ရွိခဲ့ၿပီးေနာက္ ႏိုင္ငံတခ်ိဳ႕က ျပည္ဝင္ခြင့္ ပိတ္ပင္ ကန႔္သတ္ ခ်က္ေတြ ထုတ္ျပန္ေနပါတယ္။ ထိုင္းႏိုင္ငံကဆိုရင္ အာဖရိကႏိုင္ငံ ၈ ခုကို ဒီဇင္ ဘာလကစတင္ၿပီး ျပည္ဝင္ခြင့္ပိတ္ပင္တယ္လို႔ ေၾကညာထားပါတယ္။ တျခား ေရာဂါကာကြယ္ေရး အစီအမံေတြကို လုပ္သြားဖို႔လည္း ထိုင္းႏိုင္ငံ က်န္းမာေရးတာဝန္ရွိသူေတြ ျပင္ဆင္ေနၾကပါတယ္။ ထိုင္းျမန္မာနယ္စပ္ စစ္ေဆးေရး ဂိတ္ေတြကို ထိုင္းအစိုးရက ပိတ္ထားေပမဲ့ ကုန္သြယ္မႈကိုေတာ့ အကန႔္အသတ္နဲ႔ ခြင့္ျပဳထားပါတယ္။ေလာေလာဆယ္မွာ ျမန္မာနဲ႔နယ္စပ္ကုန္သြယ္ေရးကို ပိတ္မယ္လို႔ေတာ့ ၫႊန္ၾကားစာေတြ မလာေသးေၾကာင္း တာခ်ီလိတ္ နယ္စပ္ကုန္သည္အသင္းမ်ားရဲ႕ အတြင္းေရးမႉး ေဒၚနန္းစင္က ေျပာပါတယ္။

“ေလာေလာဆယ္ေတာ့ သူတို႔ပိတ္တဲ့ဟာ ဘာမွေတာ့ သူတို႔ ( ထိုင္းဘက္က) ၫႊန္ၾကားခ်က္ မလာေသးဘူး။ လာေတာ့လာမယ္ထင္တယ္။ သူတို႔က ႀကိဳေတာ့မလုပ္ထားဘူး။ ႀကိဳလုပ္မယ္ဆိုရင္ လူေတြက ကုန္ေဈးႏႈန္းေတြ တက္ေတာ့မွာေလ။ ပိတ္ေတာ့မွာဆိုၿပီး လူေတြက ႀကိဳၿပီး ေလွာင္ထားေတာ့မယ္ေလ။ ေၾကာက္လို႔လား စိုးရိမ္လို႔လားမသိဘူး သူတို႔ႏိုင္ငံမွာက်ေတာ့။”

ျမဝတီနယ္စပ္ ထိုင္း- ျမန္မာကုန္သြယ္ေရးကေတာ့ အရင္ကတည္းက အကန႔္အသတ္နဲ႔ ထိုင္းဘက္က လုပ္ထားတာျဖစ္လို႔ ပိုၿပီးထူးျခားၿပီး အေျပာင္းအလဲျဖစ္မွာမဟုတ္ေၾကာင္း ျမဝတီက ကုန္သည္ေတြက ေျပာပါတယ္။ ဒါေပမဲ့ အခ်ိန္ေတြၾကာလာရင္ေတာ့ ကုန္သြယ္ေရးမွာ ႏွစ္ဘက္နစ္နာမႈေတြ ရွိလာႏိုင္ေၾကာင္း ျမဝတီကုန္စည္ပို႔ေဆာင္ေရး လုပ္ငန္းရွင္တဦးျဖစ္တဲ့ ကလိုထူးက ေျပာပါတယ္။

“ၾကာသြားရင္ ဒီကုန္သြယ္မႈေတြက ေတာ္ေတာ္ဆိုးဆိုး႐ြား႐ြား ျဖစ္လာလိမ့္မယ္။ ထိုင္းဘက္အျခမ္းကလည္း သူတို႔လာလို႔မရဘူးေလ ဒီဘက္ကို။ ကားသမားပဲ လာလို႔ရတာဆိုေတာ့။ အရင္တုန္းကဆိုရင္ေတာ့ ထိုင္းဘက္က သူေဌးေတြက ဂိုေထာင္မွာ ပစၥည္းရွိရင္လာၾကည့္တယ္၊ သူတို႔ေအာ္ဒါေတြ ထပ္မွာတယ္။ အခုက အဲလိုအေျခအေန မေရာက္ေတာ့ဘူး၊ သူတို႔လိုအပ္ခ်က္ရွိမွပဲ ကားသမားနဲ႔ ၾကည့္ခိုင္းတယ္။ အမ်ားအားျဖင့္ ဒီဘက္သြားတာ CMP ပဲ သြားတာမ်ားေတာ့တယ္။ CMP လည္း ရန္ကုန္မွာ သိပ္ၿပီးအေျခအေန မေကာင္းေတာ့ဘူးလို႔ ၾကားရတယ္။ သူလည္း ေလ်ာ့သြားမယ့္သေဘာရွိတယ္။ ကုန္သြယ္မႈကေတာ့ ေတာ္ေတာ္က်သြားပါၿပီ။ ေတာ္ေတာ္က်တာေပါ့။ က်ေနာ္တို႔ ကုမၸဏီေတြ ခါတိုင္းဆိုရင္ ေတာ္ေတာ္မ်ားမ်ား အလုပ္ရႈပ္ေနတာ။ အခုတႀကိမ္တခါ လုပ္ဖို႔က အေျခအေနက အဲလိုေတြျဖစ္ကုန္တာ။”

ျမန္မာ- ထိုင္း ကုန္သြယ္မႈက အေမရိကန္ေဒၚလာ ၂.၉၅ ဘီလီယံ ရွိတယ္လို႔၂၀၂၁၊ ဇြန္လ ၃၀ ရက္မွာ ျမန္မာကုန္သြယ္ေရးဌာနက ထုတ္ျပန္ပါတယ္။ ဒါကၿပီးခဲ့တဲ့ ဘ႑ာႏွစ္ကထက္ ေဒၚလာ ၇၁ သန္း ေလ်ာ့နည္းသြားတာပါ။ အိႏၵိယနဲ႔ ျမန္မာနယ္စပ္ ကုန္သြယ္ေရးကေတာ့ လက္ရွိအခ်ိန္ထိ ပိတ္ထားဆဲျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

{{Unicode}}

Omicron ကိုဗစ်မျိုးကွဲသစ် ပျံ့နှံ့မှုကြောင့် မြန်မာနယ်စပ်ကုန်သွယ်ရေး ပြန်ဖွင့်ဖို့ မရေရာ

ပွင့်လင်းရာသီမှာ လုပ်ငန်းတွေပြန်စတင်ဖို့ အားယူနေတဲ့ မြန်မာနယ်စပ်ကုန်သွယ်ရေးဟာ Omicron ကိုဗစ်မျိုးကွဲအသစ်ကြောင့် ပြန်ဖွင့်နိုင်ဖို့မရေရာဖြစ်နေပါတယ်။ အထူးသဖြင့် အိမ်နီးချင်းတွေဖြစ်တဲ့ ထိုင်းနဲ့ တရုတ်နိုင်ငံမှာ ကိုဗစ်မျိုးစိတ်သစ်ကို ကာကွယ်ဖို့ အစီအမံတွေ စတင်လုပ်ဆောင်နေတာမို့ ပိတ်ထားတဲ့ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်နိုင်ပါ့မလားလို့ စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ နယ်စပ်ကုန်သည်တွေရဲ့ သုံးသပ်ချက်တချို့ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ထိုင်း၊ တရုတ် စတဲ့ နယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ပြီး နယ်စပ်ကုန်သွယ်ရေး ပြန်စတင်ဖို့ အရိပ်အယောင် မြင်နေရချိန်မှာပဲ ဗီဇပြောင်း ကိုဗစ်ပိုးသစ် Omicron ကြောင့် လုပ်ငန်းတွေဆက်ပြီး နှေးကွေးနေဦးမယ်လို့ မြန်မာကုန်သည်တွေက ခန့်မှန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းစတင်ချိန်လောက်ကစပြီး ၆ လလောက်ပိတ် ထားတဲ့ မြန်မာနဲ့နယ်စပ်ကုန်သွယ်ရေးကို ပြန်ဖွင့်လိုက်ပြီလို့ တရုတ်ဘက်က နိုဝင် ဘာ ၂၆ ရက်မှာ တဘက်သတ်ကြေညာပြီး မူဆယ်မြို့က ကျင်စန်းကျော့နယ်စပ်ဂိတ်ကို ယာယီဖွင့်ပေးခဲ့ပါတယ်။ ဒီလိုပြန်ဖွင့်လိုက်ပေမဲ့ တရက်ကို ကုန်ကားလေးငါးစီးပဲ ကုန်သွယ်ခွင့်ရလို့ အရင်ကထက် ပိုပြီးထူးမလာကြောင်း မြန်မာကုန်သည်တွေက ပြောပါတယ်။ တရုတ်ဟာ ကပ်ရောဂါကို သိပ်အလေးထားလွန်းပြီး နှစ်နိုင်ငံကုန်သွယ်ရေး ပုံမှန်ပြန်ဖြစ်ဖို့ကတော့ အချိန်ပေးရလိမ့်မယ်လို့ မူဆယ်- နမ့်ခမ်း နယ်စပ်ကုန်သည်များအသင်းရဲ့ ဒုဥက္ကဋ္ဌ စိုင်းခင်မောင်က ဗွီအိုအေကို ပြောပါတယ်။

“ဖွင့်တယ်လို့ ပြောရအောင်ကလည်း မှုန်ရီဝါးဝါးကြီးဗျ၊ မဖွင့်ဘူးလို့ ပြောရအောင် ကလည်း ဖွင့်တယ်လို့ ပြောနေတာ ( တရုတ်ဘက်က)။ ဆိုလိုတာကတော့ ဖွင့်တော့ ဖွင့်နေပြီပေါ့ဗျာ၊ အဆင်မပြေဘူးပေါ့ လောလောဆယ်ကတော့။ ရာနှုန်းပြည့် လို့မပြောနဲ့ ၅၀ ရာခိုင်နှုန်းလောက်တောင် အဆင်မပြေဘူး။ ဒီကိုဗစ်ကာလ ကုန်သွယ်မှုကတော့ တော်တော်ခက်ခဲတယ်။ အထူးသဖြင့် တရုတ်နဲ့ကုန်သွယ်မှုက ပိုဆိုးတယ်။”

အာရှမှာ Omicron ကိုဗစ်ပိုးသစ် ပထမဆုံးကူးစက်မှုအဖြစ် ဟောင်ကောင်ကျွန်းမှာ စတင်တွေ့ရှိထားပါတယ်။ ဆိုးရွားတဲ့ကူးစက်မှုတွေ တကြော့ပြန် ဖြစ်လာမှာကို တရုတ်အစိုးရက စိုးရိမ်နေကြောင်း သတင်းတွေမှာ ရေးသား ဖော်ပြကြပါတယ်။ ကိုဗစ်ကူးစက်သူ သုညအထိ ကျဆင်းအောင် တရုတ်နိုင်ငံက ကြိုးစားနေတာမို့ တရုတ်နယ်စပ်ဂိတ်တွေ ပြန်ပြီးပိတ်နိုင်တယ်လို့ ခန့်မှန်းနေတာလည်း ရှိပါတယ်။ မြန်မာနဲ့ထိစပ်နေတဲ့ နယ်စပ်ဂိတ်တွေကတော့ ကိုဗစ်ရောဂါကြောင့်လား၊ နိုင်ငံရေးအခြေအနေ ကြောင့်လားဆိုတာ တိတိကျကျခန့်မှန်လို့မရကြောင်း ကုန်သည်တွေက ပြောပါတယ်။

“ရောဂါကို ကာကွယ်မှုနဲ့ အတူယှဉ်တွဲပြီး နေမယ်ဆိုတဲ့စနစ်က သူတို့ဆီမှာ လက်မခံသေးဘူး။ အပြတ်ဖြုတ်၊ အမြစ်ဖြတ်မယ်ဆိုတဲ့ ပုံစံမျိုးပဲ။ ဒါပေမဲ့ ရောဂါကူးစက်မှု အသစ်တွေ ထပ်ပေါ်လာရင်တော့ ဒါအန္တရာယ်များတယ်၊ ပြန်ပြီးပိတ်နိုင်တယ်လို့ ထင်တယ်။ ဒါပေမဲ့ သူတို့ကုန်သွယ်မှုနဲ့ နှစ်နိုင်ငံဆက်ဆံရေးတော့ အရေးကြီးပါတယ်။ ဒါတွေကတော့ ဘယ်လိုမှ အကောင်းဘက်၊ အဆိုးဘက်ကို သေချာပြောလို့ မရဘူး။”

Botswana ၊ Eswatini ၊ Lesotho ၊ Malawi ၊ Mozambique ၊ Namibia ၊ South Africa နဲ့ Zimbabwe စတဲ့ တောင်အာဖရိကတိုက်နိုင်ငံတွေမှာ Omicron ကိုဗစ်မျိုးသစ်ကို တွေ့ရှိခဲ့ပြီးနောက် နိုင်ငံတချို့က ပြည်ဝင်ခွင့် ပိတ်ပင် ကန့်သတ် ချက်တွေ ထုတ်ပြန်နေပါတယ်။ ထိုင်းနိုင်ငံကဆိုရင် အာဖရိကနိုင်ငံ ၈ ခုကို ဒီဇင် ဘာလကစတင်ပြီး ပြည်ဝင်ခွင့်ပိတ်ပင်တယ်လို့ ကြေညာထားပါတယ်။ တခြား ရောဂါကာကွယ်ရေး အစီအမံတွေကို လုပ်သွားဖို့လည်း ထိုင်းနိုင်ငံ ကျန်းမာရေးတာဝန်ရှိသူတွေ ပြင်ဆင်နေကြပါတယ်။ ထိုင်းမြန်မာနယ်စပ် စစ်ဆေးရေး ဂိတ်တွေကို ထိုင်းအစိုးရက ပိတ်ထားပေမဲ့ ကုန်သွယ်မှုကိုတော့ အကန့်အသတ်နဲ့ ခွင့်ပြုထားပါတယ်။လောလောဆယ်မှာ မြန်မာနဲ့နယ်စပ်ကုန်သွယ်ရေးကို ပိတ်မယ်လို့တော့ ညွှန်ကြားစာတွေ မလာသေးကြောင်း တာချီလိတ် နယ်စပ်ကုန်သည်အသင်းများရဲ့ အတွင်းရေးမှူး ဒေါ်နန်းစင်က ပြောပါတယ်။

“လောလောဆယ်တော့ သူတို့ပိတ်တဲ့ဟာ ဘာမှတော့ သူတို့ ( ထိုင်းဘက်က) ညွှန်ကြားချက် မလာသေးဘူး။ လာတော့လာမယ်ထင်တယ်။ သူတို့က ကြိုတော့မလုပ်ထားဘူး။ ကြိုလုပ်မယ်ဆိုရင် လူတွေက ကုန်ဈေးနှုန်းတွေ တက်တော့မှာလေ။ ပိတ်တော့မှာဆိုပြီး လူတွေက ကြိုပြီး လှောင်ထားတော့မယ်လေ။ ကြောက်လို့လား စိုးရိမ်လို့လားမသိဘူး သူတို့နိုင်ငံမှာကျတော့။”

မြဝတီနယ်စပ် ထိုင်း- မြန်မာကုန်သွယ်ရေးကတော့ အရင်ကတည်းက အကန့်အသတ်နဲ့ ထိုင်းဘက်က လုပ်ထားတာဖြစ်လို့ ပိုပြီးထူးခြားပြီး အပြောင်းအလဲဖြစ်မှာမဟုတ်ကြောင်း မြဝတီက ကုန်သည်တွေက ပြောပါတယ်။ ဒါပေမဲ့ အချိန်တွေကြာလာရင်တော့ ကုန်သွယ်ရေးမှာ နှစ်ဘက်နစ်နာမှုတွေ ရှိလာနိုင်ကြောင်း မြဝတီကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တဦးဖြစ်တဲ့ ကလိုထူးက ပြောပါတယ်။

“ကြာသွားရင် ဒီကုန်သွယ်မှုတွေက တော်တော်ဆိုးဆိုးရွားရွား ဖြစ်လာလိမ့်မယ်။ ထိုင်းဘက်အခြမ်းကလည်း သူတို့လာလို့မရဘူးလေ ဒီဘက်ကို။ ကားသမားပဲ လာလို့ရတာဆိုတော့။ အရင်တုန်းကဆိုရင်တော့ ထိုင်းဘက်က သူဌေးတွေက ဂိုထောင်မှာ ပစ္စည်းရှိရင်လာကြည့်တယ်၊ သူတို့အော်ဒါတွေ ထပ်မှာတယ်။ အခုက အဲလိုအခြေအနေ မရောက်တော့ဘူး၊ သူတို့လိုအပ်ချက်ရှိမှပဲ ကားသမားနဲ့ ကြည့်ခိုင်းတယ်။ အများအားဖြင့် ဒီဘက်သွားတာ CMP ပဲ သွားတာများတော့တယ်။ CMP လည်း ရန်ကုန်မှာ သိပ်ပြီးအခြေအနေ မကောင်းတော့ဘူးလို့ ကြားရတယ်။ သူလည်း လျော့သွားမယ့်သဘောရှိတယ်။ ကုန်သွယ်မှုကတော့ တော်တော်ကျသွားပါပြီ။ တော်တော်ကျတာပေါ့။ ကျနော်တို့ ကုမ္ပဏီတွေ ခါတိုင်းဆိုရင် တော်တော်များများ အလုပ်ရှုပ်နေတာ။ အခုတကြိမ်တခါ လုပ်ဖို့က အခြေအနေက အဲလိုတွေဖြစ်ကုန်တာ။”

မြန်မာ- ထိုင်း ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၂.၉၅ ဘီလီယံ ရှိတယ်လို့၂၀၂၁၊ ဇွန်လ ၃၀ ရက်မှာ မြန်မာကုန်သွယ်ရေးဌာနက ထုတ်ပြန်ပါတယ်။ ဒါကပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကထက် ဒေါ်လာ ၇၁ သန်း လျော့နည်းသွားတာပါ။ အိန္ဒိယနဲ့ မြန်မာနယ်စပ် ကုန်သွယ်ရေးကတော့ လက်ရှိအချိန်ထိ ပိတ်ထားဆဲဖြစ်ပါတယ်။

#CovidVarient #Omicron #MyanmarCovid #MyanmarBorderTrade #VOABurmese

#မြန်မာ#အိန္ဒိယ#အိုမီခရွန်#နယ်စပ်ကုန်သွယ်ရေး#တရုတ်

===============

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG