သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ-တ႐ုတ္ နယ္စပ္ကုန္သြယ္ေရးဂိတ္ ၂ ခု ျပန္လည္ဖြင့္လွစ္


ရွမ္းျပည္နယ္ မူဆယ္ၿမိဳ႕ရွိ တ႐ုတ္-ျမန္မာ နယ္စပ္ဂိတ္တခု။ (ဇူလုိင္ ၅၊ ၂၀၂၁)

(Zawgyi / Unicode)

ကိုဗစ္ကပ္ေရာဂါ ထိန္းခ်ဳပ္ေရး ကန္႔သတ္မႈေတြေၾကာင့္ ၇ လနီးပါး ပိတ္ထားတဲ့ တ႐ုတ္-ျမန္မာ နယ္စပ္ဂိ္တ္ ၂ ဂိတ္ျဖစ္တဲ့ က်င္ဆန္းေက်ာ့ဂိတ္နဲ႔ ခ်င္းေရႊေဟာ္ဂိတ္ေတြကို ကုန္စည္ကူးသန္းေရးအတြက္ ျပန္ဖြင့္ေပးလိုက္ၿပီလို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။

ျမန္မာႏိုင္ငံေျမာက္ပိုင္း မူဆယ္နဲ႔ ၇ မိုင္ေလာက္အကြာက က်င္ဆန္းေက်ာ့ နယ္စပ္ဂိတ္မွာ ေသာၾကာေန႔က ကုန္စည္ေတြ အျပန္အလွန္ တင္ပို႔ခဲ့ၾကတာပါ။ တ႐ုတ္-ျမန္မာနယ္စပ္မွာ ဧၿပီလကတည္းက ပိတ္မိေနတဲ့ ကုန္ကားေတြထဲမွာ ဆန္အိတ္ေပါင္း ၈ သိန္းေလာက္ ရွိႏိုင္တယ္လို႔ မူဆယ္ၿမိဳ႕က ျမန္မာဆန္ကုန္သည္မ်ားအသင္း ဒုဥကၠ႒ ဦးမင္းသိန္းကို ကိုးကားၿပီး AFP သတင္းမွာ ေဖာ္ျပထားပါတယ္။

တ႐ုတ္ဘက္ကေတာ့ လာမယ့္ သီတင္းပတ္ထဲမွာ ထရပ္ကားအစင္းေရ ခုထက္ပိုသြားခြင့္ျပဳမွာျဖစ္ေၾကာင္း ေျပာပါတယ္။

ရွမ္းျပည္နယ္နဲ႔ တ႐ုတ္ႏုိင္ငံၾကားက နယ္စပ္ဂိတ္တခုျဖစ္တဲ့ ခ်င္းေရႊေဟာ္ဂိတ္ကိုလည္း ကုန္စည္ပို႔ေဆာင္ေရးအတြက္ ေသာၾကာေန႔မွာ ျပန္ဖြင့္ေပးခဲ့တယ္လို႔ ရန္ကုန္ တ႐ုတ္သံ႐ုံးက ေျပာပါတယ္။ ဒါ့အျပင္ တ႐ုတ္-ျမန္မာ နယ္စပ္ကုန္သြယ္ေရး ပံုမွန္ျပန္ျဖစ္ဖို႔ အတတ္ႏုိင္ဆံုး ႀကိဳးစားေနေၾကာင္းလည္း သံ႐ုံး ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ကုန္ကားေတြပံုနဲ႔အတူ တင္ထားတာ ျဖစ္ပါတယ္။

နယ္စပ္ဂိတ္ေတြ ပိတ္ထားတာဟာ ျမန္မာ့စိုက္ပ်ိဳးေရးထုတ္ကုန္ တင္ပို႔မႈက႑ကို အႀကီးအက်ယ္ ထိခိုက္ေစတာျဖစ္ၿပီး အဲဒီက႑ကရတဲ့ ဝင္ေငြ ေဒၚလာ သန္းရာနဲ႔ခ်ီ ဆံုး႐ႈံးေစတာ ျဖစ္ပါတယ္။

ျမန္မာႏုိင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ႏိုင္ငံေရး အက်ပ္အတည္းေတြနဲ႔ ကိုဗစ္ကပ္ေရာဂါေၾကာင့္ စီးပြားေရးလုပ္ငန္းေတြမွာ အႀကီးအက်ယ္ ထိခိုက္ေနတာပါ။

ျမန္မာဘက္က ပင္လယ္စာ၊ အသီးအႏွံနဲ႔ ဆန္ကို တ႐ုတ္ျပည္ကို အဓိက တင္ပို႔သလို တ႐ုတ္ဘက္က လွ်ပ္စစ္ပစၥည္း၊ ေဆးဝါးနဲ႔ ေဆာက္လုပ္ေရးပစၥည္းေတြ ျပန္တင္သြင္းတာပါ။ နယ္စပ္ကုန္သြယ္ေရးဂိတ္ေတြ ပိတ္ထားတာေၾကာင့္ နယ္စပ္ၿမိဳ႕ေလးေတြမွာ ေနထိုင္တဲ့ မိသားစုေတြအတြက္ စားဝတ္ေနေရး အက်ပ္အတည္းနဲ႔ ႀကံဳေနရတာပါ။

တိုက္႐ိုက္ လင့္ခ္

-------------------

(Unicode)

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ် ၂ ခု ပြန်လည်ဖွင့်လှစ်

ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေး ကန့်သတ်မှုတွေကြောင့် ၇ လနီးပါး ပိတ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ် ၂ ဂိတ်ဖြစ်တဲ့ ကျင်ဆန်းကျော့ဂိတ်နဲ့ ချင်းရွှေဟော်ဂိတ်တွေကို ကုန်စည်ကူးသန်းရေးအတွက် ပြန်ဖွင့်ပေးလိုက်ပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်း မူဆယ်နဲ့ ၇ မိုင်လောက်အကွာက ကျင်ဆန်းကျော့ နယ်စပ်ဂိတ်မှာ သောကြာနေ့က ကုန်စည်တွေ အပြန်အလှန် တင်ပို့ခဲ့ကြတာပါ။ တရုတ်-မြန်မာနယ်စပ်မှာ ဧပြီလကတည်းက ပိတ်မိနေတဲ့ ကုန်ကားတွေထဲမှာ ဆန်အိတ်ပေါင်း ၈ သိန်းလောက် ရှိနိုင်တယ်လို့ မူဆယ်မြို့က မြန်မာဆန်ကုန်သည်များအသင်း ဒုဥက္ကဋ္ဌ ဦးမင်းသိန်းကို ကိုးကားပြီး AFP သတင်းမှာ ဖော်ပြထားပါတယ်။

တရုတ်ဘက်ကတော့ လာမယ့် သီတင်းပတ်ထဲမှာ ထရပ်ကားအစင်းရေ ခုထက်ပိုသွားခွင့်ပြုမှာဖြစ်ကြောင်း ပြောပါတယ်။

ရှမ်းပြည်နယ်နဲ့ တရုတ်နိုင်ငံကြားက နယ်စပ်ဂိတ်တခုဖြစ်တဲ့ ချင်းရွှေဟော်ဂိတ်ကိုလည်း ကုန်စည်ပို့ဆောင်ရေးအတွက် သောကြာနေ့မှာ ပြန်ဖွင့်ပေးခဲ့တယ်လို့ ရန်ကုန် တရုတ်သံရုံးက ပြောပါတယ်။ ဒါ့အပြင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပုံမှန်ပြန်ဖြစ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေကြောင်းလည်း သံရုံး ဖေ့စ်ဘုတ်စာမျက်နှာမှာ ကုန်ကားတွေပုံနဲ့အတူ တင်ထားတာ ဖြစ်ပါတယ်။

နယ်စပ်ဂိတ်တွေ ပိတ်ထားတာဟာ မြန်မာ့စိုက်ပျိုးရေးထုတ်ကုန် တင်ပို့မှုကဏ္ဍကို အကြီးအကျယ် ထိခိုက်စေတာဖြစ်ပြီး အဲဒီကဏ္ဍကရတဲ့ ဝင်ငွေ ဒေါ်လာ သန်းရာနဲ့ချီ ဆုံးရှုံးစေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေနဲ့ ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းတွေမှာ အကြီးအကျယ် ထိခိုက်နေတာပါ။

မြန်မာဘက်က ပင်လယ်စာ၊ အသီးအနှံနဲ့ ဆန်ကို တရုတ်ပြည်ကို အဓိက တင်ပို့သလို တရုတ်ဘက်က လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ ပြန်တင်သွင်းတာပါ။ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပိတ်ထားတာကြောင့် နယ်စပ်မြို့လေးတွေမှာ နေထိုင်တဲ့ မိသားစုတွေအတွက် စားဝတ်နေရေး အကျပ်အတည်းနဲ့ ကြုံနေရတာပါ။

XS
SM
MD
LG