သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မူဆယ္တေၾကာ တ႐ုတ္နယ္စပ္ စည္းရုိးကာလို႔ ေဒသခံေတြကန႔္ကြက္


တ႐ုတ္နယ္စပ္၊ျမန္မာဘက္ျခမ္း ပန္းဆိုင္း၊ မူဆယ္ဘက္က ထြက္ေျပးလာသူေတြေနထုိင္ရာ ယာယီတဲမ်ား။

{{Zawgyi/Unicode}}

မူဆယ္ကုန္သြယ္ေရးဇုန္က နယ္စပ္ဂိတ္ေတြနဲ႔နီးကပ္တဲ့ ေနရာတေလွ်ာက္မွာ တ႐ုတ္ဘက္က ၿခံစည္း႐ိုးတိုးၿပီးကာရံတာေတြကို အခုရက္ပိုင္းထဲမွာ တိုးၿပီး လုပ္ေဆာင္လာပါတယ္။ မူဆယ္ခ႐ိုင္ ပန္ဆိုင္းၿမိဳ႕နယ္နားမွာလည္း ၿခံစည္း႐ိုးေတြကာရံေနၿပီး တခ်ိဳ႕ေနရာေတြမွာ နယ္ျခားမွတ္တိုင္ေတြကို ေက်ာ္ၿပီးကာရံလာေတြ ရွိေနေၾကာင္း ပန္ဆိုင္းၿမိဳ႕က ေဒသခံေတြကေျပာပါတယ္။ ျမန္မာျပည္တြင္းက ေပးပို႔ထားပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း တ႐ုတ္- ျမန္မာနယ္စပ္ မူဆယ္ခ႐ိုင္တေၾကာမွာ တ႐ုတ္ဘက္ နယ္စပ္ၿခံစည္း႐ိုး တည္ေဆာက္တာကို ဆက္တိုက္လုပ္ေနပါတယ္။ တခ်ိဳ႕ေနရာေတြမွာ ႏွစ္ႏိုင္ငံ နယ္ျခားမွတ္တိုင္ကိုေက်ာ္ၿပီး ျမန္မာနယ္ေျမထဲကို ဝင္ေရာက္ကာရံေနတယ္ဆိုၿပီး ေဒသခံက ဝိုင္းၿပီးကန႔္ကြက္ ေနၾကပါတယ္။

အထူးသျဖင့္ မူဆယ္ခ႐ိုင္၊ ပန္ဆိုင္းၿမိဳ႕နယ္၊ မန႔္မိုင္ေက်း႐ြာနားမွာ နယ္ေျမက်ဴးေက်ာ္မႈ ေတြျဖစ္ခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ဒီကိစၥ တ႐ုတ္ဘက္ကို အေၾကာင္းၾကားထားေပမဲ့ တစုံတရာ တုံ႔ျပန္တာမ်ိဳးမရွိေသးေၾကာင္း ပန္ဆိုင္းၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးဌာနဘက္က တာဝန္ရွိသူတဦးက ဗြီအိုေအကို ေျပာပါတယ္။

“ႏွစ္ႏိုင္ငံနယ္စပ္မ်ဥ္းရဲ႕ သူတို႔ဘက္ရဲ႕ ေရွ႕ကိုေက်ာ္ၿပီးေတာ့မွ ေနာက္ထပ္ေခ်ာင္းေဘးမွာ ေျမဖို႔ၿပီးေတာ့ လမ္းေဖာက္တာေပါ့ေနာ္၊ ဒီလိုဟာမ်ိဳးေတြအထိ လုပ္တယ္။ က်ေနာ္တို႔ႏိုင္ငံမွာ ႏိုင္ငံေရး မတည္ၿငိမ္မႈေတြျဖစ္ေနတဲ့အခ်ိန္အခါမွာ ပိုၿပီးေတာ့ သူတို႔အတြက္ လုပ္ဖို႔အခြင့္အလမ္း ပိုရေနသလို ျဖစ္ေနတာေပါ့။ က်ေနာ္တို႔က ဒီအေပၚေတြမွာ ႏိုင္ငံငယ္လည္း ျဖစ္တဲ့အခါက်ေတာ့ ဒါေတြကို ျပန္ၿပီးေတာ့မွ သူတို႔ကို ကန႔္ကြက္ၿပီးေတာ့ ရပ္ခိုင္းထားတာတို႔ ဒါမ်ိဳးေတြလုပ္တယ္။"

မူဆယ္ခ႐ိုင္ထဲမွာ လူမ်ိဳးစု လက္နက္ကိုင္အဖြဲ႕တခ်ိဳ႕နဲ႔ စစ္ေကာင္စီတပ္ေတြဒီရက္ပိုင္းထဲမွာ ႏွစ္ဘက္ပစ္ခတ္မႈေတြ ရွိပါတယ္။ ပန္ဆိုင္းၿမိဳ႕ရဲစခန္းလည္း ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက တိုက္ခိုက္ခံရၿပီး မေန႔က ေအာက္တိုဘာ ၂၆ ရက္ကလည္း မူဆယ္ၿမိဳ႕၊ ေမာ္ေတာင္းေက်း႐ြာနားမွာ ပစ္ခတ္မႈေတြ ရွိခဲ့ပါတယ္။ ဒီေန႔ ေအာက္တိုဘာ ၂၇ ရက္မွာေတာ့ မူဆယ္ၿမိဳ႕၊ မိုင္းယု (၁၀၅ မိုင္) မွာရွိတဲ့ ဂိမ္းဆိုင္တခုမွာ ပစ္ခတ္မႈတခု ျဖစ္ခဲ့ပါတယ္။ ေဒသအေျခစိုက္ သတင္းဌာနေတြကေတာ့ ဒီပစ္ခတ္မႈေၾကာင့္ ျပည္သူ႔စစ္တဦးနဲ႔ ေဒသခံတဦး ေသဆုံးခဲ့တယ္လို႔ ေရးသားထားပါတယ္။

ပန္ဆိုင္းနဲ႔ မုံကိုးအနီးနားက ခပ္စိပ္စိပ္ျဖစ္လာတဲ့ တိုက္ပြဲေတြေၾကာင့္ တိမ္းေရွာင္လာတဲ့ ေဒသခံကလည္း တ႐ုတ္- ျမန္မာ နယ္စပ္မွာ ၂,၀၀၀ ဝန္းက်င္ေလာက္ရွိေနတာပါ။ ဒီလိုမတည္ၿငိမ္မႈေတြ ရွိလာတဲ့ေနာက္ပိုင္း တ႐ုတ္ဘက္က ၿခံစည္း႐ိုးေတြ ပိုၿပီးတိုးကာလာေနတာလို႔ ေဒသခံေတြက ေျပာပါတယ္။

“၂၀၁၆ စစ္ပြဲမွာ သူတို႔ႀကဳံေတြ႕ခဲ့ရတဲ့ ဒီဘက္က စစ္ေဘးဒုကၡသည္ေတြ ဟိုဘက္ကို အရွိန္အဟုန္နဲ႔ ဝင္သြားတဲ့ကတည္းက သူတို႔က ဒီလိုအေျခအေနမ်ိဳးကို မလိုလားဘူးေပါ့ေနာ္။ မလိုလားတဲ့အတြက္ လက္နက္ကိုင္ ျပႆနာနဲ႔ ပတ္သက္ၿပီးေတာ့လည္း တဖက္က၊ ဒါကေတာ့ က်ေနာ္တို႔ အတည္မျပဳဘူးေပါ့၊ ဖိအားေတြ ရွိၿပီးေတာ့မွ ဒီလုပ္ငန္း (ၿခံစည္း႐ိုးကာတာကို) ေတာက္ေလွ်ာက္ေဆာင္႐ြက္ခဲ့တာ ဒီကေန႔အထိကေတာ့ မရပ္မနားပါပဲ။”

တ႐ုတ္ဘက္က ၿခံစည္း႐ိုးကာရံတာကို နယ္စပ္ကုန္သြယ္ေရး ဂိတ္ေတြနဲ႔နီးတဲ့ နမ့္ခမ္း၊ မူဆယ္၊ ပန္ဆိုင္း၊ မုံးကိုး အနားတဝိုက္မွာ ဦးစားေပး ေဆာင္႐ြက္ေနတယ္လို႔ ေျပာပါတယ္။ နယ္စပ္ၿခံစည္း႐ိုးရဲ႕ တခ်ိဳ႕ေနရာေတြမွာဆိုရင္ သံဆူးႀကိဳးနားကို ျမန္မာႏိုင္ငံသားေတြ မကပ္ၾကဖို႔ တ႐ုတ္- ျမန္မာ ႏွစ္ဘာသာနဲ႔ အသံခ်ဲ႕စက္ကေန တ႐ုတ္ဘက္က သတိေပးေနတာပါ။ ျမန္မာႏိုင္ငံဘက္အျခမ္းက တိုက္ပြဲေတြကို သတိထားၿပီး ေရွာင္ရွားၾကဖို႔၊ တိုက္ေပၚေတြတက္ၿပီး ဗြီဒီယို မွတ္တမ္းတင္တာေတြ မလုပ္ၾကဖို႔လည္း တ႐ုတ္ဝမ္တိန္ၿမိဳ႕က အာဏာပိုင္ေတြက သူ႔ႏိုင္ငံသားေတြကို အခုရက္ပိုင္းထဲမွာ သတိေပးထားပါတယ္။

============

တိုက္႐ိုက္ လင့္ခ္


{{Unicode}}

မူဆယ်တကြော တရုတ်နယ်စပ် စည်းရုံးကာလို့ ဒေသခံတွေကန့်ကွက်

မူဆယ်ကုန်သွယ်ရေးဇုန်က နယ်စပ်ဂိတ်တွေနဲ့နီးကပ်တဲ့ နေရာတလျှောက်မှာ တရုတ်ဘက်က ခြံစည်းရိုးတိုးပြီးကာရံတာတွေကို အခုရက်ပိုင်းထဲမှာ တိုးပြီး လုပ်ဆောင်လာပါတယ်။ မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ်နားမှာလည်း ခြံစည်းရိုးတွေကာရံနေပြီး တချို့နေရာတွေမှာ နယ်ခြားမှတ်တိုင်တွေကို ကျော်ပြီးကာရံလာတွေ ရှိနေကြောင်း ပန်ဆိုင်းမြို့က ဒေသခံတွေကပြောပါတယ်။ မြန်မာပြည်တွင်းက ပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်- မြန်မာနယ်စပ် မူဆယ်ခရိုင်တကြောမှာ တရုတ်ဘက် နယ်စပ်ခြံစည်းရိုး တည်ဆောက်တာကို ဆက်တိုက်လုပ်နေပါတယ်။ တချို့နေရာတွေမှာ နှစ်နိုင်ငံ နယ်ခြားမှတ်တိုင်ကိုကျော်ပြီး မြန်မာနယ်မြေထဲကို ဝင်ရောက်ကာရံနေတယ်ဆိုပြီး ဒေသခံက ဝိုင်းပြီးကန့်ကွက် နေကြပါတယ်။

အထူးသဖြင့် မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့နယ်၊ မန့်မိုင်ကျေးရွာနားမှာ နယ်မြေကျူးကျော်မှု တွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီကိစ္စ တရုတ်ဘက်ကို အကြောင်းကြားထားပေမဲ့ တစုံတရာ တုံ့ပြန်တာမျိုးမရှိသေးကြောင်း ပန်ဆိုင်းမြို့နယ် အုပ်ချုပ်ရေးဌာနဘက်က တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

“နှစ်နိုင်ငံနယ်စပ်မျဉ်းရဲ့ သူတို့ဘက်ရဲ့ ရှေ့ကိုကျော်ပြီးတော့မှ နောက်ထပ်ချောင်းဘေးမှာ မြေဖို့ပြီးတော့ လမ်းဖောက်တာပေါ့နော်၊ ဒီလိုဟာမျိုးတွေအထိ လုပ်တယ်။ ကျနော်တို့နိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေဖြစ်နေတဲ့အချိန်အခါမှာ ပိုပြီးတော့ သူတို့အတွက် လုပ်ဖို့အခွင့်အလမ်း ပိုရနေသလို ဖြစ်နေတာပေါ့။ ကျနော်တို့က ဒီအပေါ်တွေမှာ နိုင်ငံငယ်လည်း ဖြစ်တဲ့အခါကျတော့ ဒါတွေကို ပြန်ပြီးတော့မှ သူတို့ကို ကန့်ကွက်ပြီးတော့ ရပ်ခိုင်းထားတာတို့ ဒါမျိုးတွေလုပ်တယ်။"

မူဆယ်ခရိုင်ထဲမှာ လူမျိုးစု လက်နက်ကိုင်အဖွဲ့တချို့နဲ့ စစ်ကောင်စီတပ်တွေဒီရက်ပိုင်းထဲမှာ နှစ်ဘက်ပစ်ခတ်မှုတွေ ရှိပါတယ်။ ပန်ဆိုင်းမြို့ရဲစခန်းလည်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက တိုက်ခိုက်ခံရပြီး မနေ့က အောက်တိုဘာ ၂၆ ရက်ကလည်း မူဆယ်မြို့၊ မော်တောင်းကျေးရွာနားမှာ ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ ဒီနေ့ အောက်တိုဘာ ၂၇ ရက်မှာတော့ မူဆယ်မြို့၊ မိုင်းယု (၁၀၅ မိုင်) မှာရှိတဲ့ ဂိမ်းဆိုင်တခုမှာ ပစ်ခတ်မှုတခု ဖြစ်ခဲ့ပါတယ်။ ဒေသအခြေစိုက် သတင်းဌာနတွေကတော့ ဒီပစ်ခတ်မှုကြောင့် ပြည်သူ့စစ်တဦးနဲ့ ဒေသခံတဦး သေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။

ပန်ဆိုင်းနဲ့ မုံကိုးအနီးနားက ခပ်စိပ်စိပ်ဖြစ်လာတဲ့ တိုက်ပွဲတွေကြောင့် တိမ်းရှောင်လာတဲ့ ဒေသခံကလည်း တရုတ်- မြန်မာ နယ်စပ်မှာ ၂,၀၀၀ ဝန်းကျင်လောက်ရှိနေတာပါ။ ဒီလိုမတည်ငြိမ်မှုတွေ ရှိလာတဲ့နောက်ပိုင်း တရုတ်ဘက်က ခြံစည်းရိုးတွေ ပိုပြီးတိုးကာလာနေတာလို့ ဒေသခံတွေက ပြောပါတယ်။

“၂၀၁၆ စစ်ပွဲမှာ သူတို့ကြုံတွေ့ခဲ့ရတဲ့ ဒီဘက်က စစ်ဘေးဒုက္ခသည်တွေ ဟိုဘက်ကို အရှိန်အဟုန်နဲ့ ဝင်သွားတဲ့ကတည်းက သူတို့က ဒီလိုအခြေအနေမျိုးကို မလိုလားဘူးပေါ့နော်။ မလိုလားတဲ့အတွက် လက်နက်ကိုင် ပြဿနာနဲ့ ပတ်သက်ပြီးတော့လည်း တဖက်က၊ ဒါကတော့ ကျနော်တို့ အတည်မပြုဘူးပေါ့၊ ဖိအားတွေ ရှိပြီးတော့မှ ဒီလုပ်ငန်း (ခြံစည်းရိုးကာတာကို) တောက်လျှောက်ဆောင်ရွက်ခဲ့တာ ဒီကနေ့အထိကတော့ မရပ်မနားပါပဲ။”

တရုတ်ဘက်က ခြံစည်းရိုးကာရံတာကို နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေနဲ့နီးတဲ့ နမ့်ခမ်း၊ မူဆယ်၊ ပန်ဆိုင်း၊ မုံးကိုး အနားတဝိုက်မှာ ဦးစားပေး ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ နယ်စပ်ခြံစည်းရိုးရဲ့ တချို့နေရာတွေမှာဆိုရင် သံဆူးကြိုးနားကို မြန်မာနိုင်ငံသားတွေ မကပ်ကြဖို့ တရုတ်- မြန်မာ နှစ်ဘာသာနဲ့ အသံချဲ့စက်ကနေ တရုတ်ဘက်က သတိပေးနေတာပါ။ မြန်မာနိုင်ငံဘက်အခြမ်းက တိုက်ပွဲတွေကို သတိထားပြီး ရှောင်ရှားကြဖို့၊ တိုက်ပေါ်တွေတက်ပြီး ဗွီဒီယို မှတ်တမ်းတင်တာတွေ မလုပ်ကြဖို့လည်း တရုတ်ဝမ်တိန်မြို့က အာဏာပိုင်တွေက သူ့နိုင်ငံသားတွေကို အခုရက်ပိုင်းထဲမှာ သတိပေးထားပါတယ်။

#Muse #MyanmarChina #MyanmarChinaBorder #VOABurmese

#မူဆယ်#တရုတ်#နယ်စပ်စည်းရိုး#ကုန်သွယ်ရေးဂိတ်

============

XS
SM
MD
LG