သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

နယ္စပ္ဘက္တိုက္ပြဲေတြေၾကာင့္ တ႐ုတ္ေဒသခံေတြေဘးကင္းေအာင္ေနဖို႔ တ႐ုတ္အာဏာပိုင္ေတြသတိေပး


MNDAA ကိုးကန္႔တပ္ဖြဲ႔နဲ႔ တုိက္ပြဲျဖစ္ေနရာက ျမန္မာအစိုးရစစ္သည္တဦး

{{Zawgyi/Unicode}}

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ တ႐ုတ္-ျမန္မာနယ္စပ္ ပန္ဆိုင္းၿမိဳ႕အနီးတဝိုက္မွာ စစ္တပ္နဲ႔ ကိုးကန႔္လက္နက္ကိုင္ MNDAA တို႔ တိုက္ပြဲေတြ ျဖစ္ေနတာေၾကာင့္ နယ္စပ္ၿမိဳ႕ေတြမွာရွိေနတဲ့ တ႐ုတ္ႏိုင္ငံသားေတြ သတိထားေနၾကဖို႔ တ႐ုတ္အစိုးရက သတိေပးလိုက္ပါတယ္။ တ႐ုတ္ႏိုင္ငံထဲက ဝမ္တိန္ၿမိဳ႕ထဲအထိ က်ည္ဆံေတြ က်လာႏိုင္တယ္လို႔ တ႐ုတ္အာဏာပိုင္ေတြက သတိေပးခ်က္ ထုတ္ထားပါတယ္။ မူဆယ္ခ႐ိုင္ထဲက ပန္ဆိုင္းေဒသနားမွာဆို တ႐ုတ္ဘက္က ၿခံစည္း႐ိုးကာေနတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ရန္ကုန္ကလာတဲ့သတင္းကို ကိုသိန္းထိုက္ဦးက တင္ျပေပးထားပါတယ္။

မူဆယ္ခ႐ိုင္၊ ပန္ဆိုင္းၿမိဳ႕တဝိုက္မွာ စစ္တပ္နဲ႔ ကိုးကန႔္လက္နက္ကိုင္ MNDAA အဖြဲ႔ေတြ တိုက္ပြဲေတြ ျဖစ္ေနတဲ့အတြက္ တ႐ုတ္နယ္စပ္ၿမိဳ႕ျဖစ္တဲ့ ဝမ္တိန္ၿမိဳ႕က ေဒသခံေတြအေနနဲ႔ သတိထားၿပီး ေနထိုင္ၾကဖို႔ တ႐ုတ္ယူနန္ျပည္နယ္၊ တယ္ဟုန္ျပည္နယ္ခြဲက အာဏာပိုင္ေတြက ေအာက္တိုဘာ ၁၉ ရက္ေန႔စြဲနဲ႔ သတိေပးခ်က္ ထုတ္ျပန္ခဲ့ပါတယ္။ က်ဴကုတ္ေဒသမွာျဖစ္ေနတဲ့ လတ္တေလာျဖစ္ေနတဲ့ တိုက္ပြဲေတြေၾကာင့္ တ႐ုတ္ေဒသခံေတြ ထိခိုက္ဒဏ္ရာရမႈနဲ႔ တ႐ုတ္အိုးအိမ္ေတြ ထိခိုက္ခဲ့တယ္လို႔ ေ႐ႊလီျမဴနီစပယ္အစိုးရရဲ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒါေၾကာင့္ တ႐ုတ္ေဒသခံေတြအေနနဲ႔တိုက္ပြဲအေျခအေနကို အိမ္ျပင္ထြက္ ေလ့လာတာ၊ ေခါင္မိုးေပၚ တက္ၾကည့္တာ ေရွာင္ရွားၾကတာမ်ိဳး မလုပ္ဖို႔ သတိေပးထားပါတယ္။ မသကၤာစရာလူေတြ ေတြ႔ရင္လည္း အာဏာပိုင္ေတြကို အသိေပးပါလို႔ အဲဒီထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက ဝမ္တိန္ၿမိဳ႕ထဲကို ျမန္မာဘက္က က်ည္ဆံေတြ က်ေရာက္ခဲ့တာေၾကာင့္ ခုလို တ႐ုတ္ ဘက္က ထုတ္ျပန္သတ္ေပးတာလို႔ ဝမ္တိန္ၿမိဳ႕ျမန္မာကုန္သည္လုပ္ငန္းရွင္မ်ားအသင္း တာဝန္ခံ ဦးျမတ္ႏိုင္က ေျပာပါတယ္။ ဒီထုတ္ျပန္ခ်က္ဟာ ေနာက္ထပ္ၫႊန္ၾကားခ်က္ မထြက္ေသးသေ႐ႊ႕ အတည္ျဖစ္တယ္လို႔လည္း သူကေျပာပါတယ္။

“ေလာေလာဆယ္ ျမန္မာနယ္စပ္မွာ တိုက္ပြဲေတြ ျပင္းထန္ေနတယ္ေပါ့ဗ်ာ၊ ဒီဘက္ ( တ႐ုတ္ဘက္) ကို က်ည္က်ေရာက္ထားတာ ရွိတယ္။ အဲဒီအတြက္ သူတို႔ရဲ႕ ေဒသခံတဦးကို အနည္းငယ္ ထိခိုက္တယ္ေပါ့ဗ်ာ၊ ေခါင္းစည္းမွာ ေရးထားတယ္။ အဲဒါနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံသားေတြအေနနဲ႔ တိုက္ပြဲအေျခအေနေၾကာင့္ နယ္စပ္ၿခံစည္း႐ိုးနားေတြ အသြားအလာမလုပ္ဖို႔၊ စစ္ပြဲျဖစ္တဲ့ေနရာ ပန္ဆိုင္း ဒီဘက္ အထပ္ျမင့္အေဆာက္အဦေတြေပၚကေန ဗြီဒီယို ႐ိုက္ထားတဲ့ဖိုင္ေတြ အမ်ားႀကီးတက္လာတာကို။ တ႐ုတ္ TikTok ေတြမွာ အဲဒါေတြေၾကာင့္မို႔ အထပ္အျမင့္ အေဆာက္အဦေတြေပၚ မတက္ဖို႔၊ ဗြီဒီယို မ႐ိုက္ၾကဖို႔ အိမ္ထဲ မိမိအတြက္ လုံၿခဳံတဲ့ ေနရာေတြမွာပဲ ေနဖို႔ေပါ့ဗ်ာ။”

တ႐ုတ္- ျမန္မာနယ္စပ္ ပန္ဆိုင္း (က်ဴကုတ္) ၿမိဳ႕က ရဲစခန္းကို ကိုးကန႔္တပ္ဖြဲ႔ MNDAA က ေအာက္တိုဘာ ၁၉ ရက္မွာ ဝင္ေရာက္ တိုက္ခိုက္ၿပီးတဲ့ေနာက္ ပန္ဆိုင္းအနီးတဝိုက္မွာ အျပန္အလွန္ပစ္ခတ္မႈေတြ ရွိခဲ့ပါတယ္။ ပန္ဆိုင္းနဲ႔ သိပ္မေဝးတဲ့ မုံကိုးဘက္မွာလည္း ႏွစ္ဘက္ ေနာက္ဆက္တြဲ တိုက္ပြဲေတြ ဆက္ျဖစ္ခဲ့တာပါ။ ဒီတိုက္ပြဲေတြေၾကာင့္ ပန္ဆိုင္းၿမိဳ႕ေပၚမွာ ထိခိုက္ဒဏ္ရာရသူေတြ ရွိခဲ့ေၾကာင္း ပန္းဆိုင္းလူမႈကူညီေရးအသင္း ဥကၠ႒ ဦးလႈိင္ဘြားဟန္က ေျပာပါတယ္။

“ပန္ဆိုင္းရဲစခန္း ပန္ဆိုင္းမွာရွိတဲ့ တပ္စခန္းကို လာၿပီးေတာ့ ကိုးကန႔္တပ္ဖြဲ႔ေတြ၊ သူတို႔ပူးေပါင္းတပ္ဖြဲ႔ေတြ ျဖစ္မွာေပါ့။ အဲဒါတိုက္ၾက ခိုက္ၾကတယ္၊ ထိခိုက္တာကေတာ့ လူထုထိခိုက္တာေပါ့။ အဖြားႀကီးတေယာက္ဆိုရင္ ထိမွန္ၿပီးေတာ့ ရပ္ကြက္ ၃ ေပါ့ေနာ္။ ေသဆုံးတယ္တယ္။ သြားလို႔လာလို႔ ခက္သြားတယ္။ ကိုဗစ္ရယ္ ႏိုင္ငံေရး မတည္ၿငိမ္တာရယ္။ ႏွစ္ခုေၾကာင့္ ကုန္ေဈးႏႈန္း ႀကီးျမင့္တာတို႔အျပင္ ေနာက္ထပ္ ထပ္ၿပီးေတာ့ ဒီဟာေတြ ႀကဳံလာတဲ့အခါက်ေတာ့ တပူေပၚ ႏွစ္ပူဆင့္တာေပါ့ဗ်ာ။”

မုံကိုးနဲ႔ ပန္ဆိုင္းၿမိဳ႕အနီးနားမွာ စစ္ေကာင္စီတပ္ေတြ၊ MNDAA နဲ႔ တေအာင္လက္နက္ကိုင္ TNLA တို႔ လႈပ္ ရွား ေနၾကၿပီး ျမန္မာ စစ္ေဘးဒုကၡသည္ကလည္း တ႐ုတ္ နယ္စပ္နားမွာ အေယာက္ ၂,၀၀၀ ေက်ာ္ရွိလာတယ္လို႔ လူမႈကူညီေရး အသင္းတခ်ိဳ႕က ေျပာပါတယ္။ ဒါေၾကာင့္ တ႐ုတ္ဘက္က မူဆယ္ခ႐ိုင္ထဲက ပန္ဆိုင္း ၿမိဳ႕တဘက္ျခမ္းမွာ နယ္စပ္ၿခံစည္း႐ိုးကာရံတာကို တ႐ုတ္ဘက္က ဒီရက္ပိုင္းထဲမွာ အလ်င္စလိုလုပ္ေနၾကတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ တိုက္ပြဲေတြေၾကာင့္ ထြက္ေျပးလာသူေတြ အနားမကပ္ၾကဖို႔လည္း တ႐ုတ္ဘက္က ၿခံစည္း႐ိုးေပၚမွာ ေလာ္စပီကာတပ္ၿပီး ျမန္မာဘာသာနဲ႔ပါ ထုတ္လႊင့္ သတိေပးေနပါတယ္။

ဒီလိုအေျခအေနမွာ တ႐ုတ္- ျမန္မာ ႏွစ္ႏိုင္ငံရဲ႕အႀကီးဆုံး နယ္စပ္စီးပြားေရးဇုန္ျဖစ္တဲ့ မူဆယ္ခ႐ိုင္မွာ အခုလိုတိုက္ပြဲေတြ ျဖစ္ေနတာေၾကာင့္ နယ္စပ္ကုန္သြယ္ေရး ျပန္စႏိုင္ဖို႔ မျဖစ္ႏိုင္ေသးလို႔ ကုန္သည္ေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


============

{{Unicode}}

နယ်စပ်ဘက်တိုက်ပွဲတွေကြောင့် တရုတ်ဒေသခံတွေဘေးကင်းအောင်နေဖို့ တရုတ်အာဏာပိုင်တွေသတိပေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ် ပန်ဆိုင်းမြို့အနီးတဝိုက်မှာ စစ်တပ်နဲ့ ကိုးကန့်လက်နက်ကိုင် MNDAA တို့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် နယ်စပ်မြို့တွေမှာရှိနေတဲ့ တရုတ်နိုင်ငံသားတွေ သတိထားနေကြဖို့ တရုတ်အစိုးရက သတိပေးလိုက်ပါတယ်။ တရုတ်နိုင်ငံထဲက ဝမ်တိန်မြို့ထဲအထိ ကျည်ဆံတွေ ကျလာနိုင်တယ်လို့ တရုတ်အာဏာပိုင်တွေက သတိပေးချက် ထုတ်ထားပါတယ်။ မူဆယ်ခရိုင်ထဲက ပန်ဆိုင်းဒေသနားမှာဆို တရုတ်ဘက်က ခြံစည်းရိုးကာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့တဝိုက်မှာ စစ်တပ်နဲ့ ကိုးကန့်လက်နက်ကိုင် MNDAA အဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် တရုတ်နယ်စပ်မြို့ဖြစ်တဲ့ ဝမ်တိန်မြို့က ဒေသခံတွေအနေနဲ့ သတိထားပြီး နေထိုင်ကြဖို့ တရုတ်ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲက အာဏာပိုင်တွေက အောက်တိုဘာ ၁၉ ရက်နေ့စွဲနဲ့ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ ကျူကုတ်ဒေသမှာဖြစ်နေတဲ့ လတ်တလောဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် တရုတ်ဒေသခံတွေ ထိခိုက်ဒဏ်ရာရမှုနဲ့ တရုတ်အိုးအိမ်တွေ ထိခိုက်ခဲ့တယ်လို့ ရွှေလီမြူနီစပယ်အစိုးရရဲ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် တရုတ်ဒေသခံတွေအနေနဲ့တိုက်ပွဲအခြေအနေကို အိမ်ပြင်ထွက် လေ့လာတာ၊ ခေါင်မိုးပေါ် တက်ကြည့်တာ ရှောင်ရှားကြတာမျိုး မလုပ်ဖို့ သတိပေးထားပါတယ်။ မသင်္ကာစရာလူတွေ တွေ့ရင်လည်း အာဏာပိုင်တွေကို အသိပေးပါလို့ အဲဒီထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဝမ်တိန်မြို့ထဲကို မြန်မာဘက်က ကျည်ဆံတွေ ကျရောက်ခဲ့တာကြောင့် ခုလို တရုတ် ဘက်က ထုတ်ပြန်သတ်ပေးတာလို့ ဝမ်တိန်မြို့မြန်မာကုန်သည်လုပ်ငန်းရှင်များအသင်း တာဝန်ခံ ဦးမြတ်နိုင်က ပြောပါတယ်။ ဒီထုတ်ပြန်ချက်ဟာ နောက်ထပ်ညွှန်ကြားချက် မထွက်သေးသရွှေ့ အတည်ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

“လောလောဆယ် မြန်မာနယ်စပ်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်ပေါ့ဗျာ၊ ဒီဘက် ( တရုတ်ဘက်) ကို ကျည်ကျရောက်ထားတာ ရှိတယ်။ အဲဒီအတွက် သူတို့ရဲ့ ဒေသခံတဦးကို အနည်းငယ် ထိခိုက်တယ်ပေါ့ဗျာ၊ ခေါင်းစည်းမှာ ရေးထားတယ်။ အဲဒါနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံသားတွေအနေနဲ့ တိုက်ပွဲအခြေအနေကြောင့် နယ်စပ်ခြံစည်းရိုးနားတွေ အသွားအလာမလုပ်ဖို့၊ စစ်ပွဲဖြစ်တဲ့နေရာ ပန်ဆိုင်း ဒီဘက် အထပ်မြင့်အဆောက်အဦတွေပေါ်ကနေ ဗွီဒီယို ရိုက်ထားတဲ့ဖိုင်တွေ အများကြီးတက်လာတာကို။ တရုတ် TikTok တွေမှာ အဲဒါတွေကြောင့်မို့ အထပ်အမြင့် အဆောက်အဦတွေပေါ် မတက်ဖို့၊ ဗွီဒီယို မရိုက်ကြဖို့ အိမ်ထဲ မိမိအတွက် လုံခြုံတဲ့ နေရာတွေမှာပဲ နေဖို့ပေါ့ဗျာ။”

တရုတ်- မြန်မာနယ်စပ် ပန်ဆိုင်း (ကျူကုတ်) မြို့က ရဲစခန်းကို ကိုးကန့်တပ်ဖွဲ့ MNDAA က အောက်တိုဘာ ၁၉ ရက်မှာ ဝင်ရောက် တိုက်ခိုက်ပြီးတဲ့နောက် ပန်ဆိုင်းအနီးတဝိုက်မှာ အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ ပန်ဆိုင်းနဲ့ သိပ်မဝေးတဲ့ မုံကိုးဘက်မှာလည်း နှစ်ဘက် နောက်ဆက်တွဲ တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့တာပါ။ ဒီတိုက်ပွဲတွေကြောင့် ပန်ဆိုင်းမြို့ပေါ်မှာ ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ကြောင်း ပန်းဆိုင်းလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးလှိုင်ဘွားဟန်က ပြောပါတယ်။

“ပန်ဆိုင်းရဲစခန်း ပန်ဆိုင်းမှာရှိတဲ့ တပ်စခန်းကို လာပြီးတော့ ကိုးကန့်တပ်ဖွဲ့တွေ၊ သူတို့ပူးပေါင်းတပ်ဖွဲ့တွေ ဖြစ်မှာပေါ့။ အဲဒါတိုက်ကြ ခိုက်ကြတယ်၊ ထိခိုက်တာကတော့ လူထုထိခိုက်တာပေါ့။ အဖွားကြီးတယောက်ဆိုရင် ထိမှန်ပြီးတော့ ရပ်ကွက် ၃ ပေါ့နော်။ သေဆုံးတယ်တယ်။ သွားလို့လာလို့ ခက်သွားတယ်။ ကိုဗစ်ရယ် နိုင်ငံရေး မတည်ငြိမ်တာရယ်။ နှစ်ခုကြောင့် ကုန်ဈေးနှုန်း ကြီးမြင့်တာတို့အပြင် နောက်ထပ် ထပ်ပြီးတော့ ဒီဟာတွေ ကြုံလာတဲ့အခါကျတော့ တပူပေါ် နှစ်ပူဆင့်တာပေါ့ဗျာ။”

မုံကိုးနဲ့ ပန်ဆိုင်းမြို့အနီးနားမှာ စစ်ကောင်စီတပ်တွေ၊ MNDAA နဲ့ တအောင်လက်နက်ကိုင် TNLA တို့ လှုပ် ရှား နေကြပြီး မြန်မာ စစ်ဘေးဒုက္ခသည်ကလည်း တရုတ် နယ်စပ်နားမှာ အယောက် ၂,၀၀၀ ကျော်ရှိလာတယ်လို့ လူမှုကူညီရေး အသင်းတချို့က ပြောပါတယ်။ ဒါကြောင့် တရုတ်ဘက်က မူဆယ်ခရိုင်ထဲက ပန်ဆိုင်း မြို့တဘက်ခြမ်းမှာ နယ်စပ်ခြံစည်းရိုးကာရံတာကို တရုတ်ဘက်က ဒီရက်ပိုင်းထဲမှာ အလျင်စလိုလုပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာသူတွေ အနားမကပ်ကြဖို့လည်း တရုတ်ဘက်က ခြံစည်းရိုးပေါ်မှာ လော်စပီကာတပ်ပြီး မြန်မာဘာသာနဲ့ပါ ထုတ်လွှင့် သတိပေးနေပါတယ်။

ဒီလိုအခြေအနေမှာ တရုတ်- မြန်မာ နှစ်နိုင်ငံရဲ့အကြီးဆုံး နယ်စပ်စီးပွားရေးဇုန်ဖြစ်တဲ့ မူဆယ်ခရိုင်မှာ အခုလိုတိုက်ပွဲတွေ ဖြစ်နေတာကြောင့် နယ်စပ်ကုန်သွယ်ရေး ပြန်စနိုင်ဖို့ မဖြစ်နိုင်သေးလို့ ကုန်သည်တွေက ပြောပါတယ်။

#MNDAA#TNLA#ကိုးကန့်တပ်ဖွဲ့#ပန်ဆိုင်း#ကျူကုတ်#မူဆယ်#ဝမ်တိန်#စစ်ကောင်စီ

===========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG