သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

မူဆယ္ ကုန္သြယ္ဂိတ္ ယြမ္ေငြ နဲ႔ အခြန္ေဆာင္ဖို႔ တရုတ္သတ္မွတ္


Chinese-Myanmar border gate

မူဆယ္ ကုန္သြယ္ဂိတ္ ယြမ္ေငြ နဲ႔ အခြန္ေဆာင္ဖို႔ တရုတ္သတ္မွတ္

{{Zawgyi/Unicode}}

တ႐ုတ္- ျမန္မာနယ္စပ္ မူဆယ္ၿမိဳ႕ က်င္စန္းေက်ာ့ ကုန္သြယ္ေရးဂိတ္ကေန ကုန္တင္မယ့္ ျမန္မာကုန္သည္ေတြအားလုံးကို ေဖေဖာ္ဝါရီ ၁ရက္ကစၿပီး ယြမ္ေငြနဲ႔ အခြန္ေဆာင္ရမယ္လို႔ တ႐ုတ္အေကာက္ခြန္ဘက္က သတ္မွတ္လိုက္ပါတယ္။ ယြမ္ေငြနဲ႔ အခြန္ေဆာင္မယ္ဆိုရင္ မည္သည့္ ကုန္ပစၥည္းမဆို တ႐ုတ္ဘက္ကို တင္ပို႔ခြင့္ရေပးထားၿပီလို႔လည္း ျမန္မာကုန္သည္ေတြ ေျပာပါတယ္။ ျပည္တြင္းက ေပးပို႔တဲ့ ဒီသတင္းကိုေတာ့ ကိုရဲမြန္ က ေျပာျပေပးမွာပါ။

ယခင္က အေမရိကန္ေဒၚလာနဲ႔ သတ္မွတ္ၿပီး ျမန္မာက်ပ္ေငြနဲ႔ အခြန္ေဆာင္ရတဲ့ ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ က်င္စန္းေက်ာ့ဂိတ္မွာ တ႐ုတ္ယြမ္ေငြနဲ႔ စၿပီးအခြန္ေဆာင္ရမယ္လို႔ ယူနန္ျပည္နယ္ အေကာက္ခြန္ဘက္က သတ္မွတ္လိုက္တယ္။ ဒီလိုယြမ္ေငြနဲ႔ အခြန္ေဆာင္မယ္ဆိုရင္ ျမန္မာျပည္တြင္းက မည္သည့္ကုန္ပစၥည္းမဆို က်င္စန္းေက်ာ့ဂိတ္ကေန တ႐ုတ္ျပည္ထဲ သြင္းခြင့္ရမယ္လို႔ မူဆယ္ဆန္ကုန္သည္အသင္း ဥကၠ႒ ဦးမင္းသိန္းက ေျပာပါတယ္။ ဒီအေျပာင္းအလဲက အခုမွစတင္တာျဖစ္လို႔ အဆင္ေျပတယ္၊ မေျပဘူးဆိုတာ ႀကိဳတင္ခန႔္မွန္းလို႔ မရေသးေၾကာင္း သူကေျပာပါတယ္။

“ ၁၀၅မိုင္ကို ဆန္၊ ဆန္ကြဲ၊ ေရာ္ဘာ အားလုံးပစၥည္းမ်ိဳးစုံ တ႐ုတ္ျပည္ကို သြားဖို႔အတြက္ ခြင့္ျပဳလိုက္ၿပီ။ ဒါေပသိ အခြန္ဂ်ဴတီေဆာင္တဲ့ေနရာမွာ ယြမ္ေငြနဲ႔ေဆာင္ရမယ္။ ျမန္မာ့စီးပြားေရးဘဏ္မွာ ယြမ္အေကာင့္ေငြဖြင့္ရတယ္။ တဖက္ဘဏ္က ဘာလဲဆိုေတာ့ BOC လို႔ေခၚတယ္ Bank of China ရယ္ ICDC (Industrial & Commercial Bank of China) ရယ္၊ အဲဒီဘဏ္ေတြမွာ အေကာင့္ဖြင့္ရတယ္။”

ကုန္သည္ေတြက တ႐ုတ္ဘဏ္ေတြမွာ ေငြစာရင္းဖြင့္ဖို႔အတြက္ ျမန္မာ့စီးပြားေရးဘဏ္မွာ တ႐ုတ္ယြမ္ေငြ ၃၀ သြင္းၿပီး ဖြင့္ၾကရတယ္လို႔ ေျပာပါတယ္။
ယခင္က အေမရိကန္ေဒၚလာနဲ႔ သတ္မွတ္ထားေပမဲ့ ျမန္မာႏိုင္ငံ ဗဟိုဘဏ္က သတ္မွတ္ထားတဲ့ ေငြလဲတန္ဖိုးအတိုင္း က်ပ္ေငြနဲ႔ေပးေဆာင္ရတာပါ။

မၾကာေသးခင္က တ႐ုတ္ဘက္က ျပန္ဖြင့္လိုက္တဲ့ ကခ်င္ျပည္နယ္က လြယ္ဂ်ယ္နယ္စပ္ဂိတ္နဲ႔ ရွမ္းျပည္နယ္အေရွ႕ေျမာက္ပိုင္း ကိုးကန႔္ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသက ခ်င္းေ႐ႊေဟာ္ဂိတ္ေတြမွာေတာ့ ယခင္လိုပဲ အေမရိကန္ေဒၚလာနဲ႔ပဲ အခြန္ေဆာင္ရမွာ။ ဒီဂိတ္ေတြမွာေတာ့ ကုန္ပစၥည္းတခ်ိဳ႕ပဲ အျပန္အလွန္ ကုန္သြယ္ႏိုင္ေသးတယ္လို႔ ကုန္သည္ေတြက ေျပာပါတယ္။

နယ္စပ္ကုန္သြယ္ေရးဂိတ္တခ်ိဳ႕ကို တ႐ုတ္ဘက္က ျပန္ဖြင့္ေပးတယ္ဆိုေပမဲ့ ကပ္ေရာဂါ ကန႔္သတ္ခ်က္ေတြကိုေတာ့ ပိုၿပီးလုပ္ေဆာင္ေနတာပါ။ ဒါေၾကာင့္လည္း ကုန္သြယ္ေရးမွာ ျမန္မာကုန္သည္ေတြဘက္က အခ်ိန္ေစာင့္ဆိုင္းရတာ၊ ေငြေၾကးကုန္က်စရိတ္ပိုလာတာ ဒီလိုအခက္အခဲေတြနဲ႔ ရွိေနတုန္း ျဖစ္ပါတယ္။

..........................................................

တိုက္႐ိုက္ လင့္ခ္

မူဆယ် ကုန်သွယ်ဂိတ် ယွမ်ငွေ နဲ့ အခွန်ဆောင်ဖို့ တရုတ်သတ်မှတ်

{{Unicode}}

တရုတ်- မြန်မာနယ်စပ် မူဆယ်မြို့ ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ်ကနေ ကုန်တင်မယ့် မြန်မာကုန်သည်တွေအားလုံးကို ဖေဖော်ဝါရီ ၁ရက်ကစပြီး ယွမ်ငွေနဲ့ အခွန်ဆောင်ရမယ်လို့ တရုတ်အကောက်ခွန်ဘက်က သတ်မှတ်လိုက်ပါတယ်။ ယွမ်ငွေနဲ့ အခွန်ဆောင်မယ်ဆိုရင် မည်သည့် ကုန်ပစ္စည်းမဆို တရုတ်ဘက်ကို တင်ပို့ခွင့်ရပေးထားပြီလို့လည်း မြန်မာကုန်သည်တွေ ပြောပါတယ်။ ပြည်တွင်းက ပေးပို့တဲ့ ဒီသတင်းကိုတော့ ကိုရဲမွန် က ပြောပြပေးမှာပါ။

ယခင်က အမေရိကန်ဒေါ်လာနဲ့ သတ်မှတ်ပြီး မြန်မာကျပ်ငွေနဲ့ အခွန်ဆောင်ရတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ကျင်စန်းကျော့ဂိတ်မှာ တရုတ်ယွမ်ငွေနဲ့ စပြီးအခွန်ဆောင်ရမယ်လို့ ယူနန်ပြည်နယ် အကောက်ခွန်ဘက်က သတ်မှတ်လိုက်တယ်။ ဒီလိုယွမ်ငွေနဲ့ အခွန်ဆောင်မယ်ဆိုရင် မြန်မာပြည်တွင်းက မည်သည့်ကုန်ပစ္စည်းမဆို ကျင်စန်းကျော့ဂိတ်ကနေ တရုတ်ပြည်ထဲ သွင်းခွင့်ရမယ်လို့ မူဆယ်ဆန်ကုန်သည်အသင်း ဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပါတယ်။ ဒီအပြောင်းအလဲက အခုမှစတင်တာဖြစ်လို့ အဆင်ပြေတယ်၊ မပြေဘူးဆိုတာ ကြိုတင်ခန့်မှန်းလို့ မရသေးကြောင်း သူကပြောပါတယ်။

“ ၁၀၅မိုင်ကို ဆန်၊ ဆန်ကွဲ၊ ရော်ဘာ အားလုံးပစ္စည်းမျိုးစုံ တရုတ်ပြည်ကို သွားဖို့အတွက် ခွင့်ပြုလိုက်ပြီ။ ဒါပေသိ အခွန်ဂျူတီဆောင်တဲ့နေရာမှာ ယွမ်ငွေနဲ့ဆောင်ရမယ်။ မြန်မာ့စီးပွားရေးဘဏ်မှာ ယွမ်အကောင့်ငွေဖွင့်ရတယ်။ တဖက်ဘဏ်က ဘာလဲဆိုတော့ BOC လို့ခေါ်တယ် Bank of China ရယ် ICDC (Industrial & Commercial Bank of China) ရယ်၊ အဲဒီဘဏ်တွေမှာ အကောင့်ဖွင့်ရတယ်။”

ကုန်သည်တွေက တရုတ်ဘဏ်တွေမှာ ငွေစာရင်းဖွင့်ဖို့အတွက် မြန်မာ့စီးပွားရေးဘဏ်မှာ တရုတ်ယွမ်ငွေ ၃၀ သွင်းပြီး ဖွင့်ကြရတယ်လို့ ပြောပါတယ်။
ယခင်က အမေရိကန်ဒေါ်လာနဲ့ သတ်မှတ်ထားပေမဲ့ မြန်မာနိုင်ငံ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ ငွေလဲတန်ဖိုးအတိုင်း ကျပ်ငွေနဲ့ပေးဆောင်ရတာပါ။

မကြာသေးခင်က တရုတ်ဘက်က ပြန်ဖွင့်လိုက်တဲ့ ကချင်ပြည်နယ်က လွယ်ဂျယ်နယ်စပ်ဂိတ်နဲ့ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသက ချင်းရွှေဟော်ဂိတ်တွေမှာတော့ ယခင်လိုပဲ အမေရိကန်ဒေါ်လာနဲ့ပဲ အခွန်ဆောင်ရမှာ။ ဒီဂိတ်တွေမှာတော့ ကုန်ပစ္စည်းတချို့ပဲ အပြန်အလှန် ကုန်သွယ်နိုင်သေးတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

နယ်စပ်ကုန်သွယ်ရေးဂိတ်တချို့ကို တရုတ်ဘက်က ပြန်ဖွင့်ပေးတယ်ဆိုပေမဲ့ ကပ်ရောဂါ ကန့်သတ်ချက်တွေကိုတော့ ပိုပြီးလုပ်ဆောင်နေတာပါ။ ဒါကြောင့်လည်း ကုန်သွယ်ရေးမှာ မြန်မာကုန်သည်တွေဘက်က အချိန်စောင့်ဆိုင်းရတာ၊ ငွေကြေးကုန်ကျစရိတ်ပိုလာတာ ဒီလိုအခက်အခဲတွေနဲ့ ရှိနေတုန်း ဖြစ်ပါတယ်။

XS
SM
MD
LG