သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

"တ႐ုတ္ျမန္မာ နယ္စပ္ဂိတ္ ျပန္ဖြင္႔ဖို႔ မေသခ်ာေသး"


တ႐ုတ္-ျမန္မာနယ္စပ္ ကုန္သြယ္မႈ

Zawgyi

"တ႐ုတ္ျမန္မာ နယ္စပ္ဂိတ္ ျပန္ဖြင္႔ဖို႔ မေသခ်ာေသး"

ကိုဗစ္ေၾကာင့္ ဇူလိုင္လထဲက ပိတ္ထားတဲ့ တ႐ုတ္- ျမန္မာ နယ္စပ္ကုန္သြယ္ေရးဂိတ္ေတြ အခု ႏိုဝင္ဘာလထဲမွာ ျပန္ဖြင့္ႏိုင္မယ့္ အလားအလာ မေတြ႕ျမင္ရေသးဘူးလို႔ ျမန္မာကုန္သည္ေတြက ေျပာပါတယ္။ ျမန္မာျပည္တြင္းမွာ ကိုဗစ္ကူးစက္မႈေတြ ေလ်ာ့က်သြားၿပီလို႔ တ႐ုတ္ဘက္က ယုံၾကည္မွပဲ နယ္စပ္ကုန္သြယ္ေရး ျပန္စႏုိင္လိ္မ့္မယ္လို႔ နယ္စပ္ဘက္က ေစာင့္ၾကည့္ေနသူေတြက ခန္႔မွန္းပါတယ္။ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းကိုေတာ့ ကိုရဲမြန္ က ေျပာျပမွာပါ။

ကခ်င္ျပည္ဘက္က ကန္ပိုက္တီးနယ္စပ္ဂိတ္နဲ႔ ရွမ္းျပည္နယ္ အေရွ႕ေျမာက္ပိုင္းက ခ်င္းေ႐ႊေဟာ္နယ္စပ္ဂိတ္ကို တ႐ုတ္ဘက္က ျပန္ဖြင့္ေပးၿပီး ကုန္သြယ္ေရးျပန္စဖို႔ ျပင္ဆင္ေနတယ္လို႔ ဒီရက္ပိုင္းမွာ သတင္းေတြ ထြက္ေပၚေနေပမဲ့ တ႐ုတ္ျမန္မာ နယ္စပ္ကုန္သြယ္ေရးေတြ ျပန္စဖို႔အရိပ္အေယာင္ မရွိေသးေၾကာင္း ျမန္မာကုန္သည္ေတြက ေျပာလိုက္တာပါ။ အဓိကေတာ့ ျမန္မာဘက္က ကိုဗစ္ကူးစက္မႈေတြ လုံးဝေလ်ာ့က်သြားမွာသာ တ႐ုတ္ဘက္က ျပန္ဖြင့္ေပးမယ္လို႔ျမင္ေၾကာင္း ကန္ပိုက္တီးကုန္သည္အသင္းရဲ႕ တာဝန္ရွိသူ ေဒၚခင္ေလးက ေျပာပါတယ္။

“ ဘယ္လိုေျပာရမလဲ အခု ( တ႐ုတ္) ယူနန္ျပည္နယ္ကလည္း တေယာက္စ၊ ႏွစ္ေယာက္စ (ကိုဗစ္) ျပန္ျပန္ေတြ႕ေနေတာ့ နည္းနည္းေၾကာက္၊ မင္းတို႔ အေရာင္းအဝယ္ လုပ္ရရင္လုပ္ရ၊ မလုပ္ရ သူတို႔ ၿမိဳ႕နယ္မႉး၊ အုပ္ခ်ဳပ္ေရးမႉးေတြ မျပဳတ္ရင္ၿပီးေရာ အဲလိုအေနအထား။ ဂိတ္ဖြင့္လိုက္လို႔ ေရာဂါပိုးဝင္သြားရင္ သူတို႔ အလုပ္ျပဳတ္မွာေလ။ ဒါေၾကာင့္မို႔သူတို႔က ဗမာျပည္က ကိုဗစ္မေအးမခ်င္း ဖြင့္မယ္လို႔ မထင္ဘူး။”

ဒီရက္ပိုင္းအတြင္း တ႐ုတ္- ျမန္မာ ႏွစ္ႏိုင္ငံ နယ္စပ္ကုန္သြယ္ေရး တာဝန္ရွိသူေတြ လုပ္ခဲ့တဲ့ အစည္းအေဝးတခ်ိဳ႕မွာ နယ္စပ္ကုန္သြယ္ေရး ဂိတ္တခ်ိဳ႕ကို ျပန္ဖြင့္ တ႐ုတ္ဘက္ကလည္း ေဆြးေႏြးခဲ့တယ္လို႔ ကုန္သည္တခ်ိဳ႕က ေျပာပါတယ္။ တ႐ုတ္ေ႐ႊလီနဲ႔ က်ယ္ေဂါင္ၿမိဳ႕ တာဝန္ရွိသူေတြရဲ႕ ေတာင္းဆိုမႈနဲ႔ ျမန္မာဘက္အျခမ္း မူဆယ္ကုန္သြယ္ေရးဇုန္မွာ ကိုဗစ္စင္တာကို ကုန္သည္ေတြက ေဆာက္လုပ္ခဲ့ပါတယ္။

ဒီစင္တာၿပီးသြားရင္ မူဆယ္က နယ္စပ္ဂိတ္တခုကို ဖြင့္ေပးမယ္လို႔ တ႐ုတ္ဘက္က ေျပာထားတာ႐ွိေပမဲ့ ခုထက္ထိ နယ္စပ္ကုန္သြယ္ေရးကို ျပန္မဖြင့္ေသးတာျဖစ္ပါတယ္။ ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ကုန္သြယ္ေရးဇုန္မွာ အခုအထိ တစုံတရာထူးျခားတာ မရွိေသးေၾကာင္း မူဆယ္ ဆန္ကုန္သည္အသင္းက ဦးမင္းသိန္းက ေျပာပါတယ္။

“ ဂိတ္ေတြ ဖြင့္မယ္၊ ပိတ္မယ္ဆိုတာကေတာ့ ၁၁ လပိုင္းထဲမွာ လုံးဝမဖြင့္ႏိုင္ေသးဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ည ၁၂နာရီက စၿပီးေတာ့ ေ႐ႊလီၿမိဳ႕ကို ကိုဗစ္ပိုးေတြ႕တဲ့လူနာ ထပ္တိုးလာတယ္ဆိုၿပီး lockdown ခ်တာ အခုအထိပဲ။ ဒါေၾကာင့္ ဘာပဲေျပာေျပာ တ႐ုတ္-ျမန္မာ နယ္စပ္ဂိတ္ေတြကေတာ့ ကိုဗစ္ကို အေၾကာင္းျပၿပီးေတာ့ နည္းနည္းၾကာမယ္ထင္တယ္ ျပန္ဖြင့္ဖို႔။”

ႏွစ္ႏိုင္ငံကုန္သြယ္ေရးကို တ႐ုတ္ဘက္က ပိတ္ထားေပမဲ့ တ႐ုတ္ႏိုင္ငံဘက္အျခမ္း နယ္စပ္ဂိတ္ေတြမွာေတာ့ ကိုဗစ္စစ္ေဆးေရးဂိတ္ေတြ၊ အေဆာက္အဦး တိုးခ်ဲ႕တာေတြ စတဲ့ျပင္ဆင္မႈေတြ လုပ္ေနတယ္လို႔ ကုန္သည္ေတြက ေျပာပါတယ္။

ျမန္မာျပည္မွာ ကိုဗစ္တတိယလႈိင္း အရွိန္ရလာတဲ့ ဇူလိုင္လ ၁၀ ရက္ကစလို႔ တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္ အစိုးရက ႏွစ္ႏိုင္ငံနယ္စပ္ကုန္သြယ္ေရး အားလုံးကို ရပ္ဆိုင္းထားတာပါ။ ႏွစ္ဘက္ အျပန္အလွန္ကုန္သြယ္ေရး မရွိေတာ့ေပမဲ့ အေရးေပၚလိုအပ္ႏိုင္တဲ့ ေဆးဝါးကိုေတာ့ ႏွစ္ႏိုင္ငံညႇိႏႈိင္းၿပီး မူဆယ္ၿမိဳ႕ က်င္စန္းေက်ာ့ဂိတ္ကေန တင္သြင္းခြင့္ေပးထားပါတယ္။ တ႐ုတ္- ျမန္မာကုန္သြယ္ေရးဟာ ၿပီးခဲ့တဲ့ ၂၀၂၀ ဧၿပီလကစလို႔ က်ဆင္းသြားေၾကာင္းလည္း ကုန္သည္ေတြက ေျပာပါတယ္။

###

Unicode

"တရုတ်မြန်မာ နယ်စပ်ဂိတ် ပြန်ဖွင့်ဖို့ မသေချာသေး"

ကိုဗစ်ကြောင့် ဇူလိုင်လထဲက ပိတ်ထားတဲ့ တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ အခု နိုဝင်ဘာလထဲမှာ ပြန်ဖွင့်နိုင်မယ့် အလားအလာ မတွေ့မြင်ရသေးဘူးလို့ မြန်မာကုန်သည်တွေက ပြောပါတယ်။ မြန်မာပြည်တွင်းမှာ ကိုဗစ်ကူးစက်မှုတွေ လျော့ကျသွားပြီလို့ တရုတ်ဘက်က ယုံကြည်မှပဲ နယ်စပ်ကုန်သွယ်ရေး ပြန်စနိုင်လိမ့်မယ်လို့ နယ်စပ်ဘက်က စောင့်ကြည့်နေသူတွေက ခန့်မှန်းပါတယ်။ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကိုတော့ ကိုရဲမွန် က ပြောပြမှာပါ။

ကချင်ပြည်ဘက်က ကန်ပိုက်တီးနယ်စပ်ဂိတ်နဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းက ချင်းရွှေဟော်နယ်စပ်ဂိတ်ကို တရုတ်ဘက်က ပြန်ဖွင့်ပေးပြီး ကုန်သွယ်ရေးပြန်စဖို့ ပြင်ဆင်နေတယ်လို့ ဒီရက်ပိုင်းမှာ သတင်းတွေ ထွက်ပေါ်နေပေမဲ့ တရုတ်မြန်မာ နယ်စပ်ကုန်သွယ်ရေးတွေ ပြန်စဖို့အရိပ်အယောင် မရှိသေးကြောင်း မြန်မာကုန်သည်တွေက ပြောလိုက်တာပါ။ အဓိကတော့ မြန်မာဘက်က ကိုဗစ်ကူးစက်မှုတွေ လုံးဝလျော့ကျသွားမှာသာ တရုတ်ဘက်က ပြန်ဖွင့်ပေးမယ်လို့မြင်ကြောင်း ကန်ပိုက်တီးကုန်သည်အသင်းရဲ့ တာဝန်ရှိသူ ဒေါ်ခင်လေးက ပြောပါတယ်။

“ ဘယ်လိုပြောရမလဲ အခု ( တရုတ်) ယူနန်ပြည်နယ်ကလည်း တယောက်စ၊ နှစ်ယောက်စ (ကိုဗစ်) ပြန်ပြန်တွေ့နေတော့ နည်းနည်းကြောက်၊ မင်းတို့ အရောင်းအဝယ် လုပ်ရရင်လုပ်ရ၊ မလုပ်ရ သူတို့ မြို့နယ်မှူး၊ အုပ်ချုပ်ရေးမှူးတွေ မပြုတ်ရင်ပြီးရော အဲလိုအနေအထား။ ဂိတ်ဖွင့်လိုက်လို့ ရောဂါပိုးဝင်သွားရင် သူတို့ အလုပ်ပြုတ်မှာလေ။ ဒါကြောင့်မို့သူတို့က ဗမာပြည်က ကိုဗစ်မအေးမချင်း ဖွင့်မယ်လို့ မထင်ဘူး။”

ဒီရက်ပိုင်းအတွင်း တရုတ်- မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး တာဝန်ရှိသူတွေ လုပ်ခဲ့တဲ့ အစည်းအဝေးတချို့မှာ နယ်စပ်ကုန်သွယ်ရေး ဂိတ်တချို့ကို ပြန်ဖွင့် တရုတ်ဘက်ကလည်း ဆွေးနွေးခဲ့တယ်လို့ ကုန်သည်တချို့က ပြောပါတယ်။ တရုတ်ရွှေလီနဲ့ ကျယ်ဂေါင်မြို့ တာဝန်ရှိသူတွေရဲ့ တောင်းဆိုမှုနဲ့ မြန်မာဘက်အခြမ်း မူဆယ်ကုန်သွယ်ရေးဇုန်မှာ ကိုဗစ်စင်တာကို ကုန်သည်တွေက ဆောက်လုပ်ခဲ့ပါတယ်။

ဒီစင်တာပြီးသွားရင် မူဆယ်က နယ်စပ်ဂိတ်တခုကို ဖွင့်ပေးမယ်လို့ တရုတ်ဘက်က ပြောထားတာရှိပေမဲ့ ခုထက်ထိ နယ်စပ်ကုန်သွယ်ရေးကို ပြန်မဖွင့်သေးတာဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ကုန်သွယ်ရေးဇုန်မှာ အခုအထိ တစုံတရာထူးခြားတာ မရှိသေးကြောင်း မူဆယ် ဆန်ကုန်သည်အသင်းက ဦးမင်းသိန်းက ပြောပါတယ်။

“ ဂိတ်တွေ ဖွင့်မယ်၊ ပိတ်မယ်ဆိုတာကတော့ ၁၁ လပိုင်းထဲမှာ လုံးဝမဖွင့်နိုင်သေးဘူး။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ည ၁၂နာရီက စပြီးတော့ ရွှေလီမြို့ကို ကိုဗစ်ပိုးတွေ့တဲ့လူနာ ထပ်တိုးလာတယ်ဆိုပြီး lockdown ချတာ အခုအထိပဲ။ ဒါကြောင့် ဘာပဲပြောပြော တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကတော့ ကိုဗစ်ကို အကြောင်းပြပြီးတော့ နည်းနည်းကြာမယ်ထင်တယ် ပြန်ဖွင့်ဖို့။”

နှစ်နိုင်ငံကုန်သွယ်ရေးကို တရုတ်ဘက်က ပိတ်ထားပေမဲ့ တရုတ်နိုင်ငံဘက်အခြမ်း နယ်စပ်ဂိတ်တွေမှာတော့ ကိုဗစ်စစ်ဆေးရေးဂိတ်တွေ၊ အဆောက်အဦး တိုးချဲ့တာတွေ စတဲ့ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

မြန်မာပြည်မှာ ကိုဗစ်တတိယလှိုင်း အရှိန်ရလာတဲ့ ဇူလိုင်လ ၁၀ ရက်ကစလို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် အစိုးရက နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး အားလုံးကို ရပ်ဆိုင်းထားတာပါ။ နှစ်ဘက် အပြန်အလှန်ကုန်သွယ်ရေး မရှိတော့ပေမဲ့ အရေးပေါ်လိုအပ်နိုင်တဲ့ ဆေးဝါးကိုတော့ နှစ်နိုင်ငံညှိနှိုင်းပြီး မူဆယ်မြို့ ကျင်စန်းကျော့ဂိတ်ကနေ တင်သွင်းခွင့်ပေးထားပါတယ်။ တရုတ်- မြန်မာကုန်သွယ်ရေးဟာ ပြီးခဲ့တဲ့ ၂၀၂၀ ဧပြီလကစလို့ ကျဆင်းသွားကြောင်းလည်း ကုန်သည်တွေက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG