သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

က်ယ္ေဂါင္မွာ ပိတ္မိေနတဲ႔ ကုန္စည္ေတြ ျမန္မာဘက္ကိုသယ္ခြင္႔ ရေတာ႔မည္


တ႐ုတ္ ျမန္မာနယ္စပ္ ကုန္သြယ္မႈ

ျမန္မာႏိုင္ငံ မူဆယ္ၿမိဳ႕နဲ႔ ထိဆက္ေနတဲ့ တ႐ုတ္နယ္စပ္ က်ယ္ေဂါင္ၿမိဳ႕ထဲမွာ ရာနဲ႔ခ်ီ ကုန္တင္ကားေတြနဲ႔ကုန္ပစၥည္းေတြ ကိုဗစ္ကန္႔သတ္ခ်က္ေတြေၾကာင့္ ပိတ္မိေနတာ လနဲ႔ခ်ီၾကာေနပါၿပီ။

Zawgyi / Unicode

Zawgyi

တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္ က်ယ္ေဂါင္ၿမိဳ႕ထဲမွာ ၆ လေက်ာ္ေလာက္ ျမန္မာႏိုင္ငံဘက္ မသယ္ႏိုင္ဘဲ ပိတ္မိေနတဲ့ ကုန္ပစၥည္းေတြကို ဒီရက္ပိုင္းမွာ ျမန္မာျပည္ထဲကို ျပန္ သယ္ယူခြင့္ေပးမယ္လို႔ ယူနန္အစိုးရက ေၾကညာခဲ့ပါတယ္။ ကုန္ကားအစီးေပါင္း ၆၀၀ ေက်ာ္စာေလာက္ရွိတဲ့ ဒီပစၥည္းေတြဟာ ျမန္မာ တ႐ုတ္ နယ္စပ္ကုန္သြယ္ေရးကို ပိတ္လိုက္ၿပီးတဲ့ေနာက္ သယ္ယူခြင့္မရေတာ့ဘဲ က်ယ္ေဂါင္ၿမိဳ႕မွာ ေသာင္တင္ေနခဲ့တာပါ။ ရန္ကုန္က ေပးပို႔တဲ့ ဒီသတင္းကိုေတာ့ ကိုရဲမြန္ က တင္ျပပါမယ္။

ျမန္မာႏိုင္ငံ မူဆယ္ၿမိဳ႕နဲ႔ ထိဆက္ေနတဲ့ နယ္စပ္ၿမိဳ႕ျဖစ္တဲ့ က်ယ္ေဂါင္ၿမိဳ႕ထဲမွာ ရာနဲ႔ခ်ီ ကုန္တင္ကားေတြနဲ႔ကုန္ပစၥည္းေတြ ကိုဗစ္ကန္႔သတ္ခ်က္ေတြေၾကာင့္ ပိတ္မိေနတာ လနဲ႔ခ်ီၾကာေနပါၿပီ။ အခုေတာ့ ျမန္မာႏိုင္ငံသားပိုင္ ကုန္ကားေတြနဲ႔၊ ဂိုေထာင္ေတြထဲက ကုန္ပစၥည္းေတြကို သတ္မွတ္ လုပ္ထုံးလုပ္နည္းေတြအတိုင္း မၾကာခင္မွာ ျမန္မာႏိုင္ငံထဲကို သယ္ခြင့္ေပးေတာ့မယ္လို႔ တ႐ုတ္တာဝန္ရွိသူေတြက ေအာက္တိုဘာ ၃ ရက္က ထုတ္ျပန္ခဲ့ပါတယ္
ျမန္မာႏိုင္ငံ ကိုဗစ္တတိယလႈိင္းကုိ စိုးရိမ္ၿပီး ယူနန္ျပည္နယ္အစိုးရက ႏွစ္ႏိုင္ငံ နယ္စပ္ဂိတ္အားလုံးကို ဧၿပီလ ၁ ရက္ကစလို႔ ပိတ္ထားခဲ့ၿပီး ကုန္သြယ္ေရးကိုလည္း လုံးဝရပ္ဆိုင္းထားခဲ့ပါတယ္။ တ႐ုတ္ျပည္ထဲမွာ ပိတ္မိေနတဲ့ ကုန္ေတြကို သယ္ခြင့္ရဖို႔ ျမန္မာကုန္သည္ေတြက အႀကိမ္ႀကိမ္ ညႇိႏႈိင္းခဲ့ၿပီးတဲ့ေနာက္ အခုေတာ့ တ႐ုတ္အာဏာပိုင္ေတြ ခြင့္ျပဳလိုက္တာျဖစ္ပါတယ္။

တ႐ုတ္ဂိုေထာင္ေတြထဲမွာ ပိတ္မိေနတဲ့ ပစၥည္းေတြက ကုန္ကားအစီးေပါင္း ရာနဲ႔ခ်ီစာရွိတယ္လို႔ မူဆယ္ နမ့္ခမ္း နယ္စပ္ကုန္သြယ္ေရး အသင္းဝင္တဦးျဖစ္တဲ့ ဦးမင္းသိမ္းက ဗြီအိုေအကို ေျပာပါတယ္။ ရက္အတိအက် မသိရေသးေပမဲ့ ဒီရက္ပိုင္း အတြင္းမွာ ျမန္မာျပည္ထဲကို သယ္ခြင့္ရမယ္လို႔ သူကေျပာတာပါ။

“ တြဲကားအစီး ၆၀၀ စာေလာက္ရွိတဲ့ တ႐ုတ္ျပည္က ထြက္တဲ့ပစၥည္းေတြဟာ က်ယ္ေဂါင္ ဂိုေထာင္ေတြထဲမွာ ေသာင္တင္ေနတယ္၊ အဲဒါေတြက။ တအားလည္း ထိခိုက္ နစ္နာမႈေတြရွိတယ္။ အဲဒီကုန္ပစၥည္းေတြက ဗမာေတြ ဝယ္ထားတဲ့ ကုန္ပစၥည္းေတြ။ ေနာက္ ေလးငါးရက္ ေနရင္ေတာ့ ကုန္လုံးဝမပါတဲ့ ခါလီကားေတြ က်ယ္ေဂါင္ထဲကို ဝင္မယ္၊ ၿပီးရင္ က်ယ္ေဂါင္ထဲမွာ ကားအစီး ၆၀၀ စာေလာက္ရွိတဲ့ ကုန္ပစၥည္းေတြကို တင္ၿပီးေတာ့ ဗမာျပည္ထဲကိုလာမယ္၊ မူဆယ္ကိုလာမယ္။”

မူဆယ္ၿမိဳ႕ မန္ဝိန္းနယ္စပ္ဂိတ္ကေန ျမန္မာဘက္ကို ကုန္ေတြ ျပန္သယ္ဖုိ႔ စီစဥ္ေနၾကတာျဖစ္ပါတယ္။ သက္ဆိုင္ရာ ကုန္သည္ေတြနဲ႔ လုပ္ငန္းရွင္ေတြက ဒီရက္ပိုင္းအတြင္းမွာ ေအာက္ေျခအဆင့္ ေဆာင္႐ြက္ရမဲ့ ကိစၥေတြကို ႀကိဳတင္ညႇိႏႈိင္း ထားၾကဖို႔ မူဆယ္- နမ့္ခမ္း နယ္စပ္ကုန္သြယ္ေရးအသင္း အလုပ္အမႈေဆာင္အဖြဲ႕က တိုက္တြန္းထားပါတယ္။ အဓိက ကုန္ေတြကေတာ့ လုပ္ငန္းသုံး ပစၥည္းေတြ ျဖစ္တယ္လို႔ ဦးမင္းသိန္းက ေျပာပါတယ္။

“ နံပတ္ (၁) ေဆာက္လုပ္ေရး ပစၥည္းေတြပါတယ္၊ ၿပီးရင္ ေဆးဝါးပစၥည္ေတြပါတယ္၊ ၿပီးရင္ လွ်ပ္စစ္ပစၥည္းေတြပါတယ္၊ စားကုန္ ေသာက္ကုန္ ပစၥည္းေတြ ပါတယ္။ စက္မႈပစၥည္းေတြပါတယ္ ဆိုင္ကယ္တို႔ ဘာတို႔ေပါ့ေနာ္"

ဒီပစၥည္းေတြအားလုံးကို ျမန္မာႏိုင္ငံထဲကို ျပန္သယ္ၿပီးၿပီ ဆိုရင္ေတာ့ မူဆယ္ၿမိဳ႕က မန္ဝိန္းနယ္စပ္ဂိတ္ကို အရင္အတိုင္းပဲ အဝင္ေရာ၊ အထြက္ေရာ တ႐ုတ္ဘက္က ျပန္ပိတ္ထားဦးမယ္လို႔ ကုန္သည္ေတြက ေျပာပါတယ္။ မူဆယ္ၿမိဳ႕မွာ ကိုဗစ္စင္တာတခုကို တ႐ုတ္- ျမန္မာ ႏွစ္ႏိုင္ငံ ပူးေပါင္းၿပီး ၿပီးခဲ့တဲ့ရက္ပိုင္းက ဖြင့္လွစ္ခဲ့ေပမဲ့ ကုန္သြယ္ေရးက ျပန္ စႏိုင္ဖို႔ကေတာ့ မေရရာေသးပါဘူး။ လက္ရွိမွာေတာ့ မူဆယ္နဲ႔ အနည္းငယ္လွမ္းတဲ့ က်င္စန္းေက်ာ့ဂိတ္တခုကိုပဲ တ႐ုတ္ဘက္က ဖြင့္ေပးထားၿပီး ေဆးပစၥည္းတမ်ိဳးကိုပဲ ျမန္မာႏိုင္ငံထဲကို တင္သြင္းခြင့္ ျပဳထားပါတယ္။

Unicode

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကျယ်ဂေါင်မြို့ထဲမှာ ၆ လကျော်လောက် မြန်မာနိုင်ငံဘက် မသယ်နိုင်ဘဲ ပိတ်မိနေတဲ့ ကုန်ပစ္စည်းတွေကို ဒီရက်ပိုင်းမှာ မြန်မာပြည်ထဲကို ပြန် သယ်ယူခွင့်ပေးမယ်လို့ ယူနန်အစိုးရက ကြေညာခဲ့ပါတယ်။ ကုန်ကားအစီးပေါင်း ၆၀၀ ကျော်စာလောက်ရှိတဲ့ ဒီပစ္စည်းတွေဟာ မြန်မာ တရုတ် နယ်စပ်ကုန်သွယ်ရေးကို ပိတ်လိုက်ပြီးတဲ့နောက် သယ်ယူခွင့်မရတော့ဘဲ ကျယ်ဂေါင်မြို့မှာ သောင်တင်နေခဲ့တာပါ။ ရန်ကုန်က ပေးပို့တဲ့ ဒီသတင်းကိုတော့ ကိုရဲမွန် က တင်ပြပါမယ်။

မြန်မာနိုင်ငံ မူဆယ်မြို့နဲ့ ထိဆက်နေတဲ့ နယ်စပ်မြို့ဖြစ်တဲ့ ကျယ်ဂေါင်မြို့ထဲမှာ ရာနဲ့ချီ ကုန်တင်ကားတွေနဲ့ကုန်ပစ္စည်းတွေ ကိုဗစ်ကန့်သတ်ချက်တွေကြောင့် ပိတ်မိနေတာ လနဲ့ချီကြာနေပါပြီ။ အခုတော့ မြန်မာနိုင်ငံသားပိုင် ကုန်ကားတွေနဲ့၊ ဂိုထောင်တွေထဲက ကုန်ပစ္စည်းတွေကို သတ်မှတ် လုပ်ထုံးလုပ်နည်းတွေအတိုင်း မကြာခင်မှာ မြန်မာနိုင်ငံထဲကို သယ်ခွင့်ပေးတော့မယ်လို့ တရုတ်တာဝန်ရှိသူတွေက အောက်တိုဘာ ၃ ရက်က ထုတ်ပြန်ခဲ့ပါတယ်
မြန်မာနိုင်ငံ ကိုဗစ်တတိယလှိုင်းကို စိုးရိမ်ပြီး ယူနန်ပြည်နယ်အစိုးရက နှစ်နိုင်ငံ နယ်စပ်ဂိတ်အားလုံးကို ဧပြီလ ၁ ရက်ကစလို့ ပိတ်ထားခဲ့ပြီး ကုန်သွယ်ရေးကိုလည်း လုံးဝရပ်ဆိုင်းထားခဲ့ပါတယ်။ တရုတ်ပြည်ထဲမှာ ပိတ်မိနေတဲ့ ကုန်တွေကို သယ်ခွင့်ရဖို့ မြန်မာကုန်သည်တွေက အကြိမ်ကြိမ် ညှိနှိုင်းခဲ့ပြီးတဲ့နောက် အခုတော့ တရုတ်အာဏာပိုင်တွေ ခွင့်ပြုလိုက်တာဖြစ်ပါတယ်။

တရုတ်ဂိုထောင်တွေထဲမှာ ပိတ်မိနေတဲ့ ပစ္စည်းတွေက ကုန်ကားအစီးပေါင်း ရာနဲ့ချီစာရှိတယ်လို့ မူဆယ် နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး အသင်းဝင်တဦးဖြစ်တဲ့ ဦးမင်းသိမ်းက ဗွီအိုအေကို ပြောပါတယ်။ ရက်အတိအကျ မသိရသေးပေမဲ့ ဒီရက်ပိုင်း အတွင်းမှာ မြန်မာပြည်ထဲကို သယ်ခွင့်ရမယ်လို့ သူကပြောတာပါ။

“ တွဲကားအစီး ၆၀၀ စာလောက်ရှိတဲ့ တရုတ်ပြည်က ထွက်တဲ့ပစ္စည်းတွေဟာ ကျယ်ဂေါင် ဂိုထောင်တွေထဲမှာ သောင်တင်နေတယ်၊ အဲဒါတွေက။ တအားလည်း ထိခိုက် နစ်နာမှုတွေရှိတယ်။ အဲဒီကုန်ပစ္စည်းတွေက ဗမာတွေ ဝယ်ထားတဲ့ ကုန်ပစ္စည်းတွေ။ နောက် လေးငါးရက် နေရင်တော့ ကုန်လုံးဝမပါတဲ့ ခါလီကားတွေ ကျယ်ဂေါင်ထဲကို ဝင်မယ်၊ ပြီးရင် ကျယ်ဂေါင်ထဲမှာ ကားအစီး ၆၀၀ စာလောက်ရှိတဲ့ ကုန်ပစ္စည်းတွေကို တင်ပြီးတော့ ဗမာပြည်ထဲကိုလာမယ်၊ မူဆယ်ကိုလာမယ်။”

မူဆယ်မြို့ မန်ဝိန်းနယ်စပ်ဂိတ်ကနေ မြန်မာဘက်ကို ကုန်တွေ ပြန်သယ်ဖို့ စီစဉ်နေကြတာဖြစ်ပါတယ်။ သက်ဆိုင်ရာ ကုန်သည်တွေနဲ့ လုပ်ငန်းရှင်တွေက ဒီရက်ပိုင်းအတွင်းမှာ အောက်ခြေအဆင့် ဆောင်ရွက်ရမဲ့ ကိစ္စတွေကို ကြိုတင်ညှိနှိုင်း ထားကြဖို့ မူဆယ်- နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေးအသင်း အလုပ်အမှုဆောင်အဖွဲ့က တိုက်တွန်းထားပါတယ်။ အဓိက ကုန်တွေကတော့ လုပ်ငန်းသုံး ပစ္စည်းတွေ ဖြစ်တယ်လို့ ဦးမင်းသိန်းက ပြောပါတယ်။

“ နံပတ် (၁) ဆောက်လုပ်ရေး ပစ္စည်းတွေပါတယ်၊ ပြီးရင် ဆေးဝါးပစ္စည်တွေပါတယ်၊ ပြီးရင် လျှပ်စစ်ပစ္စည်းတွေပါတယ်၊ စားကုန် သောက်ကုန် ပစ္စည်းတွေ ပါတယ်။ စက်မှုပစ္စည်းတွေပါတယ် ဆိုင်ကယ်တို့ ဘာတို့ပေါ့နော်"

ဒီပစ္စည်းတွေအားလုံးကို မြန်မာနိုင်ငံထဲကို ပြန်သယ်ပြီးပြီ ဆိုရင်တော့ မူဆယ်မြို့က မန်ဝိန်းနယ်စပ်ဂိတ်ကို အရင်အတိုင်းပဲ အဝင်ရော၊ အထွက်ရော တရုတ်ဘက်က ပြန်ပိတ်ထားဦးမယ်လို့ ကုန်သည်တွေက ပြောပါတယ်။ မူဆယ်မြို့မှာ ကိုဗစ်စင်တာတခုကို တရုတ်- မြန်မာ နှစ်နိုင်ငံ ပူးပေါင်းပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ဖွင့်လှစ်ခဲ့ပေမဲ့ ကုန်သွယ်ရေးက ပြန် စနိုင်ဖို့ကတော့ မရေရာသေးပါဘူး။ လက်ရှိမှာတော့ မူဆယ်နဲ့ အနည်းငယ်လှမ်းတဲ့ ကျင်စန်းကျော့ဂိတ်တခုကိုပဲ တရုတ်ဘက်က ဖွင့်ပေးထားပြီး ဆေးပစ္စည်းတမျိုးကိုပဲ မြန်မာနိုင်ငံထဲကို တင်သွင်းခွင့် ပြုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG