သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့ေရးရာ တရုတ္သေဘာထား


Yunnan China - Myanmar border gate

ဦးေအာင္ခင္ရဲ႕ ျမန္မာ့အေရး သုံးသပ္ခ်က္

တရုတ္-ျမန္မာ ဖက္စပ္ကုမၸဏီပိုင္ တေကာင္းနီကယ္စက္ရံုကို ဓါတ္အားေပးေနတဲ့ လွ်ပ္စစ္တာဝါတိုင္ သတၱဳကုမၸဏီက ေဒၚလာသန္း (၈၀၀) ေက်ာ္ ရင္းႏီွးထားၿပီး နီကယ္တန္ခ်ိန္ (၉) သန္းနီးပါး ႏွစ္စဥ္ထုတ္ယူေနတဲ့လုပ္ငန္း ျဖစ္ပါတယ္။ ဒါေၾကာင့္ ရန္ကုန္ရိွ တရုတ္သံရံုး လန္႔ဖ်ပ္သြားၿပီး NUG အမ်ဳိးသားညီညႊတ္ေရးအစိုးရ ကာကြယ္ေရးဝန္ႀကီး ဦးရည္မြန္္ကို ဆက္သြယ္လာတယ္လို႔ ဇန္နဝါရီ (၂၁) ရက္ေန႔ထုတ္ ဧရာဝတီက ဆိုပါတယ္။ NUG အစိုးရကို အကူအညီေတာင္းတဲ့ သေဘာမ်ဳိး ျဖစ္ေနပါတယ္။

ႏုိင္ငံျခားရင္းႏီွးမႈ ရိွရာေနရာေတြမွာ အေျခခ်ထားတဲ့ စစ္ေကာင္စီတပ္က ေဒသခံအရပ္သားေတြကို တိုက္ခိုက္တဲ့အတြက္ ေဒသခံ PDF က လက္တံု႔ျပန္တာမ်ဳိး ျဖစ္ႏုိင္တာမို႔ စစ္ေကာင္စီတပ္နဲ႔ ကင္းကင္းရွင္းရွင္းေနဖို႔ ဦးရည္မြန္က သတိေပးလိုက္ပါတယ္။ ရက္အနည္းငယ္ၾကာေတာ့ နယ္စပ္တိုက္ပြဲေတြကို ရပ္ထားေပးဖို႔ တရုတ္အစိုးရက အြန္လိုင္းကေန တိုက္တြန္းေၾကာင္း KIO ကခ်င္လြတ္လပ္ေရးအဖြဲ႔က ဇန္နဝါရီ (၂၆) ရက္ေန႔က ေၾကညာပါတယ္။ ေဖေဖၚဝါရီ (၄) ရက္က မတ္လ (၁) ရက္ေန႔အထိ ေဆာင္းရာသီ အိုလံပစ္ပြဲေတာ္ ေဘဂ်င္းမွာ က်င္းပတုန္း၊ နယ္စပ္က တုိက္ပြဲေတြကို ရပ္ထားဖုိ႔ ေျပာတာပါ။

ျမန္မာ့လက္နက္ကိုင္တိုက္ပြဲ သက္ဆိုးရွည္မွာကို တရုတ္က ျမင္တဲ့အတြက္ အခုလို စစ္ေကာင္စီရဲ ႔ ရန္ဘက္ေတြကို စတင္ေဆြးေႏြးလာတာ ျဖစ္ႏုိင္ပါတယ္။ စစ္ေကာင္စီကိုခ်ည္း အားကိုးေနလို႔ မရေတာ့ဘူးဆိုတာကို တရုတ္ သေဘာေပါက္လာပံု ရပါတယ္။ နယ္စပ္တုိက္ပြဲဟာ ေဒသတည္ၿငိမ္ေရးအတြက္ အေလးေပးရမယ့္အခ်က္ ျဖစ္ေပမယ့္၊ စစ္အာဏာရွင္ အျမစ္ျပတ္ တုိက္ဖ်က္ေရးကို ဆက္လုပ္ရမယ္လို႔ KIO ျပန္ၾကားေရးဌာနက ေျပာပါတယ္။ ၁၉၈၈ ကတည္းက လူထုအံုႀကြမႈနဲ႔ ရင္ဆိုင္လာတဲ့ စစ္ေခါင္းေဆာင္ပိုင္းဟာ တရုတ္ကို မီွခိုအားထားလာပါတယ္။ တရုတ္ကလည္း သူလိုခ်င္တာရေအာင္ လုပ္တတ္ပါတယ္။ အဲဒီအခ်ိန္ကစၿပီး ျပည္သူေတြမွာ တရုတ္ဆန္႔က်င္ေရးစိတ္ဓါတ္္ ရိွလာတာပါ။ အရပ္သားတပိုင္း အစိုးရေတြလက္ထက္မွာ ျမန္မာျပည္သူကို စည္းရံုးသိမ္းသြင္းတဲ့ စီမံကိန္းအမ်ားအျပား တရုတ္က လုပ္ျပပါတယ္။ ဒါေပမဲ့ တရုတ္ကို ယံုၾကည္သူဦးေရ တုိးပြားလာပံု မရပါဘူး။

စစ္တပ္နဲ႔ စီးပြားေရး ဖက္စပ္လုပ္ထားတဲ့အတြက္ တရုတ္ကို မယံုၾကည္ၾကတာ ျဖစ္ပံုရပါတယ္။ ျပည္သူေတြ တအံုေႏြးေႏြး ျဖစ္ေနတဲ့ တရုတ္ဆန္႔က်င္ေရးစိတ္ဓါတ္ဟာ ေႏြဦးေတာ္လွန္ေရး ျဖစ္ပြားတဲ့အခါ ေရခ်ိန္ျမင့္လာပါတယ္။ ရန္ကုန္ရိွ တရုတ္သံရံုးေရွ ႔မွာ ေန႔စဥ္ရက္ဆက္ ဆႏၵျပသူေတြ ရိွလာၿပီး၊ တရုတ္စီမံကိန္းေတြကို ဆန္႔က်င္ဖို႔ ေၾကြးေၾကာ္လာၾကပါတယ္။ ဒါေပမဲ့ တိုင္းရင္းသားလက္နက္ကိုင္ထဲမွာ ရွမ္းျပည္တိုးတက္ေရးအဖြဲ႔ SSPP, တအာင္းပေလာင္တပ္ဖြဲ႔ TNLA နဲ႔ ဝတပ္ဖြဲ႔ UWSA ေတြဟာ တရုတ္နဲ႔ နီးစပ္ၿပီး သူတုိ႔ခ်ဳပ္ကိုင္ထားတဲ့ နယ္ေျမေတြမွာ တရုတ္ရင္းႏီွးျမဳပ္ႏံွမႈေတြ တိုးပြားဖို႔ အလားအလာ ရိွတယ္လို႔ (၂၀၂၁) ဒီဇင္ဘာ (၃၁) ရက္ေန႔ထုတ္ ISP-Myanmar စာေစာင္မွာ ေဖာ္ျပထားပါတယ္။

တရုတ္-ျမန္မာ စီးပြားေရးစႀကၤန္တေလွ်ာက္မွာ တရုတ္နဲ႔ နီးစပ္တဲ့ တိုင္းရင္းသားလက္နက္ကိုင္ေတြ လႈပ္ရွားၿပီး၊ နယ္ေျမႀကီးစိုးေရးနဲ႔ စစ္ေရး အသာရေရးအတြက္ ႀကိဳးပမ္းေနတာကိုၾကည့္ရင္ တရုတ္အက်ဳိးစီးပြားကို အကာအကြယ္ေပးဖို႔ ရည္ရြယ္တာမ်ား ျဖစ္ေနသလားလို႔ ISP-Myanmar က ေမးခြန္းထုတ္ထားပါတယ္။ သံလြင္ျမစ္ အေရွ ႔ဘက္ျခမ္းကို လႊမ္းမိုးဖို႔ တရုတ္က ျပင္ဆင္ေနတာလား။ ဒါမွမဟုတ္လဲ တရုတ္အက်ဳိးစီးပြားကို ဘက္စံုအာမခံခ်က္ေပးႏိုင္ေအာင္ စီစဥ္ေနတာလား ဆိုတာေတြကို ေစာင့္ၾကည့္ရမယ္လို႔ ဆိုပါတယ္။ ဗမာစစ္အုပ္စုနဲ႔ တိုင္းရင္းသားလက္နက္ကိုင္အခ်ဳိ ႔ဟာ တရုတ္ဆီက လက္နက္ပစၥည္း ရပါတယ္။ ဒီလို 'ေလွနံႏွစ္ဘက္နင္း' လမ္းစဥ္က်င့္သံုးေနတာ ေမာ္စီတုန္းေခတ္ကတည္းက ျဖစ္ပါတယ္။ ျမန္မာျပည္ ေရရွည္စစ္ပြဲမွာ ဒီလမ္းစဥ္ဟာ တရုတ္အတြက္ အသံုးဝင္ပံု ရပါတယ္။

ေႏြဦးေတာ္လွန္ေရးေၾကာင့္ PDF ျပည္သူ႔ကာကြယ္ေရးတပ္ေတြ ေပၚထြက္လာတဲ့အခါမွာ အာဏာသိမ္းတပ္ဟာ အဆံုးအျဖတ္ေပးႏုိင္တဲ့ အေနအထားမွာ မရိွေတာ့ပါဘူး။ အပစ္ရပ္သေဘာတူညီခ်က္ေတြလုပ္ၿပီး တုိင္းရင္းသားလက္နက္ကိုင္ေတြကို ေခြထားတဲ့ စစ္ပရိယာရ္ဟာလည္း မထိေရာက္ေတာ့ပါဘူး။ ျပည္သူ႔ခုခံစစ္ အခ်ိန္ၾကာလာေလေလ တရုတ္အစိုးရ စိုးရိမ္ပူပန္ေလေလ ျဖစ္လာပံုရပါတယ္။ စစ္ေကာင္စီဟာ ျဖစ္ႏုိင္သေရြ ႔ တရုတ္ႏွားေခါင္းေပါက္နဲ႔ အသက္ရွဴဖို႔ ေမွ်ာ္လင့္ေနပံု ရပါတယ္။ ဒါေပမဲ့ တရုတ္ဘက္ကေတာ့ အေတြးအျမင္ ေျပာင္းလဲလာပံု ရပါတယ္။

ပ်က္ဆီးဆံုးရွံဳးတဲ့ႏုိင္ငံ Failed State ဘဝကို အသြင္ကူးေျပာင္းေနတဲ့ ျမန္မာျပည္မွာ တရုတ္ရဲ ႔ အက်ဳိးစီးပြားကို အကာအကြယ္ေပးမယ့္သူ လိုအပ္လာပါတယ္။ ဒါေၾကာင့္ စစ္ေကာင္စီကိုေရာ လက္နက္ကိုင္တိုင္းရင္းသားေတြကိုေရာ စစ္လက္နက္ပစၥည္း ေထာက္ပံ့ၿပီး 'ေလွနံႏွစ္ဘက္နင္း' တာဟာ မိမိအက်ဳိးစီးပြားကို ကာကြယ္ရာ ေရာက္တယ္လို႔ တရုတ္က ယူဆေနပံု ရပါတယ္။ ေရရွည္မတည္ၿငိမ္တဲ့ လိပ္ခဲတည္းလည္း အေျခအေနကို တရုတ္က လက္ခံထားတာမို႔ လက္နက္ကိုင္အားလံုးကို စည္းရံုးသိမ္းသြင္းၿပီး မိမိလိုအင္ဆႏၵကို ျဖည့္ဆည္းဖို႔သာ ဦးစားေပးမယ့္ပံု ေပၚေနပါတယ္။

==Unicode==

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

တရုတ်-မြန်မာ ဖက်စပ်ကုမ္ပဏီပိုင် တကောင်းနီကယ်စက်ရုံကို ဓါတ်အားပေးနေတဲ့ လျှပ်စစ်တာဝါတိုင် သတ္တုကုမ္ပဏီက ဒေါ်လာသန်း (၈၀၀) ကျော် ရင်းနှီးထားပြီး နီကယ်တန်ချိန် (၉) သန်းနီးပါး နှစ်စဉ်ထုတ်ယူနေတဲ့လုပ်ငန်း ဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်ရှိ တရုတ်သံရုံး လန့်ဖျပ်သွားပြီး NUG အမျိုးသားညီညွှတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကို ဆက်သွယ်လာတယ်လို့ ဇန်နဝါရီ (၂၁) ရက်နေ့ထုတ် ဧရာဝတီက ဆိုပါတယ်။ NUG အစိုးရကို အကူအညီတောင်းတဲ့ သဘောမျိုး ဖြစ်နေပါတယ်။

နိုင်ငံခြားရင်းနှီးမှု ရှိရာနေရာတွေမှာ အခြေချထားတဲ့ စစ်ကောင်စီတပ်က ဒေသခံအရပ်သားတွေကို တိုက်ခိုက်တဲ့အတွက် ဒေသခံ PDF က လက်တုံ့ပြန်တာမျိုး ဖြစ်နိုင်တာမို့ စစ်ကောင်စီတပ်နဲ့ ကင်းကင်းရှင်းရှင်းနေဖို့ ဦးရည်မွန်က သတိပေးလိုက်ပါတယ်။ ရက်အနည်းငယ်ကြာတော့ နယ်စပ်တိုက်ပွဲတွေကို ရပ်ထားပေးဖို့ တရုတ်အစိုးရက အွန်လိုင်းကနေ တိုက်တွန်းကြောင်း KIO ကချင်လွတ်လပ်ရေးအဖွဲ့က ဇန်နဝါရီ (၂၆) ရက်နေ့က ကြေညာပါတယ်။ ဖေဖေါ်ဝါရီ (၄) ရက်က မတ်လ (၁) ရက်နေ့အထိ ဆောင်းရာသီ အိုလံပစ်ပွဲတော် ဘေဂျင်းမှာ ကျင်းပတုန်း၊ နယ်စပ်က တိုက်ပွဲတွေကို ရပ်ထားဖို့ ပြောတာပါ။

မြန်မာ့လက်နက်ကိုင်တိုက်ပွဲ သက်ဆိုးရှည်မှာကို တရုတ်က မြင်တဲ့အတွက် အခုလို စစ်ကောင်စီရဲ့ ရန်ဘက်တွေကို စတင်ဆွေးနွေးလာတာ ဖြစ်နိုင်ပါတယ်။ စစ်ကောင်စီကိုချည်း အားကိုးနေလို့ မရတော့ဘူးဆိုတာကို တရုတ် သဘောပေါက်လာပုံ ရပါတယ်။ နယ်စပ်တိုက်ပွဲဟာ ဒေသတည်ငြိမ်ရေးအတွက် အလေးပေးရမယ့်အချက် ဖြစ်ပေမယ့်၊ စစ်အာဏာရှင် အမြစ်ပြတ် တိုက်ဖျက်ရေးကို ဆက်လုပ်ရမယ်လို့ KIO ပြန်ကြားရေးဌာနက ပြောပါတယ်။ ၁၉၈၈ ကတည်းက လူထုအုံကြွမှုနဲ့ ရင်ဆိုင်လာတဲ့ စစ်ခေါင်းဆောင်ပိုင်းဟာ တရုတ်ကို မှီခိုအားထားလာပါတယ်။ တရုတ်ကလည်း သူလိုချင်တာရအောင် လုပ်တတ်ပါတယ်။ အဲဒီအချိန်ကစပြီး ပြည်သူတွေမှာ တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ် ရှိလာတာပါ။ အရပ်သားတပိုင်း အစိုးရတွေလက်ထက်မှာ မြန်မာပြည်သူကို စည်းရုံးသိမ်းသွင်းတဲ့ စီမံကိန်းအများအပြား တရုတ်က လုပ်ပြပါတယ်။ ဒါပေမဲ့ တရုတ်ကို ယုံကြည်သူဦးရေ တိုးပွားလာပုံ မရပါဘူး။

စစ်တပ်နဲ့ စီးပွားရေး ဖက်စပ်လုပ်ထားတဲ့အတွက် တရုတ်ကို မယုံကြည်ကြတာ ဖြစ်ပုံရပါတယ်။ ပြည်သူတွေ တအုံနွေးနွေး ဖြစ်နေတဲ့ တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်ဟာ နွေဦးတော်လှန်ရေး ဖြစ်ပွားတဲ့အခါ ရေချိန်မြင့်လာပါတယ်။ ရန်ကုန်ရှိ တရုတ်သံရုံးရှေ့မှာ နေ့စဉ်ရက်ဆက် ဆန္ဒပြသူတွေ ရှိလာပြီး၊ တရုတ်စီမံကိန်းတွေကို ဆန့်ကျင်ဖို့ ကြွေးကြော်လာကြပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်ထဲမှာ ရှမ်းပြည်တိုးတက်ရေးအဖွဲ့ SSPP, တအာင်းပလောင်တပ်ဖွဲ့ TNLA နဲ့ ဝတပ်ဖွဲ့ UWSA တွေဟာ တရုတ်နဲ့ နီးစပ်ပြီး သူတို့ချုပ်ကိုင်ထားတဲ့ နယ်မြေတွေမှာ တရုတ်ရင်းနှီးမြုပ်နံှမှုတွေ တိုးပွားဖို့ အလားအလာ ရှိတယ်လို့ (၂၀၂၁) ဒီဇင်ဘာ (၃၁) ရက်နေ့ထုတ် ISP-Myanmar စာစောင်မှာ ဖော်ပြထားပါတယ်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်တလျှောက်မှာ တရုတ်နဲ့ နီးစပ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ လှုပ်ရှားပြီး၊ နယ်မြေကြီးစိုးရေးနဲ့ စစ်ရေး အသာရရေးအတွက် ကြိုးပမ်းနေတာကိုကြည့်ရင် တရုတ်အကျိုးစီးပွားကို အကာအကွယ်ပေးဖို့ ရည်ရွယ်တာများ ဖြစ်နေသလားလို့ ISP-Myanmar က မေးခွန်းထုတ်ထားပါတယ်။ သံလွင်မြစ် အရှေ့ဘက်ခြမ်းကို လွှမ်းမိုးဖို့ တရုတ်က ပြင်ဆင်နေတာလား။ ဒါမှမဟုတ်လဲ တရုတ်အကျိုးစီးပွားကို ဘက်စုံအာမခံချက်ပေးနိုင်အောင် စီစဉ်နေတာလား ဆိုတာတွေကို စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။ ဗမာစစ်အုပ်စုနဲ့ တိုင်းရင်းသားလက်နက်ကိုင်အချို့ဟာ တရုတ်ဆီက လက်နက်ပစ္စည်း ရပါတယ်။ ဒီလို 'လှေနံနှစ်ဘက်နင်း' လမ်းစဉ်ကျင့်သုံးနေတာ မော်စီတုန်းခေတ်ကတည်းက ဖြစ်ပါတယ်။ မြန်မာပြည် ရေရှည်စစ်ပွဲမှာ ဒီလမ်းစဉ်ဟာ တရုတ်အတွက် အသုံးဝင်ပုံ ရပါတယ်။

နွေဦးတော်လှန်ရေးကြောင့် PDF ပြည်သူ့ကာကွယ်ရေးတပ်တွေ ပေါ်ထွက်လာတဲ့အခါမှာ အာဏာသိမ်းတပ်ဟာ အဆုံးအဖြတ်ပေးနိုင်တဲ့ အနေအထားမှာ မရှိတော့ပါဘူး။ အပစ်ရပ်သဘောတူညီချက်တွေလုပ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို ခွေထားတဲ့ စစ်ပရိယာရ်ဟာလည်း မထိရောက်တော့ပါဘူး။ ပြည်သူ့ခုခံစစ် အချိန်ကြာလာလေလေ တရုတ်အစိုးရ စိုးရိမ်ပူပန်လေလေ ဖြစ်လာပုံရပါတယ်။ စစ်ကောင်စီဟာ ဖြစ်နိုင်သရွေ့ တရုတ်နှားခေါင်းပေါက်နဲ့ အသက်ရှူဖို့ မျှော်လင့်နေပုံ ရပါတယ်။ ဒါပေမဲ့ တရုတ်ဘက်ကတော့ အတွေးအမြင် ပြောင်းလဲလာပုံ ရပါတယ်။

ပျက်ဆီးဆုံးရှုံးတဲ့နိုင်ငံ Failed State ဘဝကို အသွင်ကူးပြောင်းနေတဲ့ မြန်မာပြည်မှာ တရုတ်ရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးမယ့်သူ လိုအပ်လာပါတယ်။ ဒါကြောင့် စစ်ကောင်စီကိုရော လက်နက်ကိုင်တိုင်းရင်းသားတွေကိုရော စစ်လက်နက်ပစ္စည်း ထောက်ပံ့ပြီး 'လှေနံနှစ်ဘက်နင်း' တာဟာ မိမိအကျိုးစီးပွားကို ကာကွယ်ရာ ရောက်တယ်လို့ တရုတ်က ယူဆနေပုံ ရပါတယ်။ ရေရှည်မတည်ငြိမ်တဲ့ လိပ်ခဲတည်းလည်း အခြေအနေကို တရုတ်က လက်ခံထားတာမို့ လက်နက်ကိုင်အားလုံးကို စည်းရုံးသိမ်းသွင်းပြီး မိမိလိုအင်ဆန္ဒကို ဖြည့်ဆည်းဖို့သာ ဦးစားပေးမယ့်ပုံ ပေါ်နေပါတယ်။

XS
SM
MD
LG