သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NUG လူ့အခွင့်အရေးဝန်ကြီး USAID ဒုတိယအကြီးအကဲနဲ့ မြန်မာ့အရေးဆွေးနွေး


NUG လူ့အခွင့်အရေးဝန်ကြီး USAID ဒုတိယအကြီးအကဲနဲ့ မြန်မာ့အရေးဆွေးနွေး
NUG လူ့အခွင့်အရေးဝန်ကြီး USAID ဒုတိယအကြီးအကဲနဲ့ မြန်မာ့အရေးဆွေးနွေး

NUG အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ USAID ဒုတိယ အုပ်ချုပ်ရေးအရာရှိ Isobel Coleman တို့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့ USAID ကထုတ်ပြန်ကြေငြာခဲ့ပါတယ်။


NUG လူ့အခွင့်အရေးဝန်ကြီး USAID ဒုတိယအကြီးအကဲနဲ့ မြန်မာ့အရေးဆွေးနွေး

{{Zawgyi/Unicode}}
NUG အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ USAID ဒုတိယ အုပ်ချုပ်ရေးအရာရှိ Isobel Coleman တို့ သောကြာနေ့က အမေရိကန် ပြည်ထောင်စုမှာတွေ့ဆုံခဲ့ကြပြီး၊ မြန်မာနိုင်ငံက လက်ရှိပဋိပက္ခတွေ ဖြေရှင်းနိုင်ရေးနဲ့ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့ USAID ကထုတ်ပြန်ကြေငြာခဲ့ပါတယ်။

USAID ဒုတိယအကြီးအကဲက NUG အပါအဝင်၊ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံအားပေးကြောင်းနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပါကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေနဲ့ ငြိမ်းချမ်းစွာဆန္ဒပြခဲ့တဲ့ ဒီမိုကရေစီလိုလားသူတွေအပေါ်မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ဆိုးရွားတဲ့အကြမ်းဖက် တိုက်ခိုက်မှုတွေအတွက် အရေးယူသွားဖို့ ကိုလည်းရပ်တည်ပါကြောင်း ပြောဆိုခဲ့ပါတယ်။

အမေရိကန်အစိုးရနဲ့ NUG အစိုးရတို့ အကြားဆက်ဆံရေးဟာ လူ့အခွင့်အရေးအပေါ် အခြေခံကြောင်းနဲ့ မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးအားလုံးနဲ့ ဘာသာပေါင်းစုံပါဝင်တဲ့ မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးအတွက် ကြိုးပမ်းမှုတွေကိုလည်း ချီးကြူးပါကြောင်း USAID ဒုတိယအကြီးအကဲ အမျိုးသမီး Isobel Coleman ကပြောဆိုခဲ့ကြောင်း ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။

NUG အစိုးရအပါအဝင် မြန်မာ့ဒီမိုကရေစီအရေး ကျိုးပန်းတဲ့အဖွဲ့အစည်းတွေကို ဆက်လက် ကူညီရေးဆွေးနွေးခဲ့တယ်လို့လည်း ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ဖွဲ့စည်းထားတဲ့ NUG ကိုတော့ စစ်ကောင်စီက အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပါတယ်။ ဒါပေမဲ့လည်း အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေနဲ့ နိုင်ငံတော်တော်များများကတော့ မြန်မာ့အရေး ဖြေရှင်းနိုင်ဖို့ NUG နဲ့ တွေ့ဆုံဆွေးနွေးတာတွေ လုပ်လေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

..............................



{{Zawgyi/Unicode}}





XS
SM
MD
LG