သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

တပ္တြင္း ဒီမိုကေရစီ ေထာက္ခံမႈအေပၚ စစ္ေကာင္စီရဲ႕ စိုးရိမ္မႈအတိုင္းအတာ


၇၄ ႏွစ္ေျမာက္ တပ္မေတာ္ေန႔ အခမ္းအနားမွာ ခ်ီတက္ေနတဲ့ ျမန္မာစစ္သားမ်ား။ (မတ္ ၂၇၊ ၂၀၁၉)

(Zawgyi / Unicode)

ျမန္မာစစ္ေကာင္စီ ေျပာခြင့္ရက ေအာက္ေျခအုပ္ခ်ဳပ္ေရးအဖြဲ႔တခ်ိဳ႕မွာ ဖရဲသီးေတြ ရွိေနတယ္လို႔ ေျပာအၿပီး စစ္ေကာင္စီေခါင္းေဆာင္ ကုိယ္တိုင္ကလည္း တပ္တြင္းညီၫြတ္ေရးကို အေလးထား ေျပာလာတာက တပ္တြင္း ကြဲအက္မွာ စိုးရိမ္လာတာလို႔ ေစာင့္ၾကည့္သူတခ်ိဳ႕က ဆိုပါတယ္။

မတ္လ ၂၇ ရက္ တပ္မေတာ္ေန႔မတိုင္ခင္ ၃ ရက္မွာ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အခုလိုေျပာအၿပီး တပ္မေတာ္ေန႔မွာလည္း ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က တပ္ၿဖိဳခြဲဖို႔ ျပည္တြင္းျပည္ပ လုပ္ေနတာေၾကာင့္ တပ္တြင္းမိသားစုေတြ မွန္ကန္တဲ့အသိနဲ႔ ညီၫြတ္ဖို႔ မွာလိုက္ပါတယ္။

အျပင္မွာ စစ္ေရာင္စိမ္းေပမဲ့ ရင္ထဲ NLD ေရာင္နီေနတဲ့ ဒီမိုကေရစီအေရး ႀကိတ္ေထာက္ခံသူေတြ စမ်ားလာေနၿပီလို႔ တခ်ိဳ႕ သုံးသပ္သူေတြ ေျပာေနခ်ိန္မွာ တခ်ိဳ႕ကေတာ့ တပ္ၿပိဳကြဲတဲ့အထိ ျဖစ္မွာမဟုတ္ဘူးလို႔ ဆိုပါတယ္။ အျပည့္အစုံကုိ ကိုဝင္းမင္းက ဆက္သြယ္ေမးျမန္းၿပီး တင္ျပထားပါတယ္။

စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက မတ္လ ၂၄ ရက္ေန႔ ၁၂ ႀကိမ္ေျမာက္ သတင္းစာရွင္းလင္းပြဲမွာ လက္နက္ကိုင္အဖြဲ႔ေတြထဲနဲ႔ ျပည္ပေရာက္ လူငယ္ေတြ ျပန္လာခ်င္ရင္ ဆက္သြယ္ဖို႔မွာ ေအာက္ေျခအဖြဲ႔တခ်ိဳ႕ထဲ ဖရဲသီးရွိတာ စိုးရိမ္ရင္ အထက္အဖြဲ႔ေတြကို ဆက္သြယ္ဖို႔ အခုလိုေျပာခဲ့ပါတယ္။

“တခ်ဳိ႕ေနရာေတြမွာ ခင္ဗ်ားတုိ႔ေျပာေနတဲ့ ဖရဲသီးတေြရွိတယ္။ အဲ့ဒါေၾကာင့္ သူတုိ႔သည္ မဆက္သြယ္ခ်င္ဘူး၊ တုိက္႐ိုက္ဆက္သြယ္ခ်င္တယ္ဆုိတာ တိုက္႐ိုက္ဆက္သြယ္ခ်င္တဲ့အတြက္ တုိက္႐ိုက္ဆက္သြယ္ၿပီးေတာ့ ဝင္ေရာက္လာသူေတြလည္း ရွိပါတယ္။ ခုနေျပာတဲ့ နည္းလမ္းအဆင့္ဆင့္နဲ႔ ဆက္သြယ္ရင္ ဆက္သြယ္၊ မဆက္သြယ္ဘူးဆုိရင္ တိုက္႐ိုက္ ဆက္သြယ္ႏုိင္စရာ နည္းလမ္းေတြ ရွိပါတယ္။ ဖုန္းနံပါတ္ေတြ ထုတ္ျပန္ေၾကညာထားတာရွိတယ္၊ ျပည္ထဲေရးဝန္ႀကီးဌာနမွာ တိုက္႐ိုက္ဆက္ႏုိင္တဲ့ ဖုန္းတေြရွိတယ္၊ ဒီဘက္မွာရွိတဲ့ တုိင္းစစ္ဌာနခ်ဳပ္ေတြကို တိုက္႐ိုက္ဆက္ႏုိင္တဲ့ဖုန္းေတြ ရွိတယ္။ စိတ္ခ်ရတဲ့ေနရာေတြ ရွိပါတယ္။ ေျမာက္မ်ားစြာရွိပါတယ္။”

ဒီအေပၚ ရန္ကုန္ တိုက္ႀကီးၿမိဳ႕နယ္ ေဆးတပ္ အမွတ္ ၁၄ ကေန စစ္အာဏာသိမ္းတာကို ဆန႔္က်င္ၿပီး CDM လုပ္ ထြက္လာခဲ့တဲ့ ခြဲစိတ္ပါရဂူ ဗိုလ္ႀကီး ေဒါက္တာမင္းေမာင္ေမာင္က ခုလို သုံးသပ္ျပပါတယ္။

“ဗုိလ္ခ်ဳပ္ေဇာ္မင္းထြန္း ကိုယ္၌က ဒီလုိ ဖရဲသီးရွိေနတယ္ ဆုိတာကုိ ထုတ္ေဖာ္ ေျပာဆုိလိုက္ျခင္းက တပ္တြင္းမွာ အက္ေၾကာင္းေတြ၊ အယုံအၾကည္မရွိတဲ့သူေတြ၊ တပ္ကုိ ျပန္ၿပီးေတာ့ အာခံတဲ့သူေတြ ရွိေနတယ္ဆုိတာကုိ တရားဝင္ ထုတ္ေဖာ္ ေျပာဆုိလိုက္တာပဲဗ်။ လက္ရွိတပ္တြင္းမွာ ဖရဲသီးေတြ ဘယ္ေလာက္မ်ားလဲဆုိရင္ တပ္ရင္းတုိင္းလုိလို ျပည္သူ႔ရင္ခြင္တုိ႔၊ ျပည္သူ႔ပန္းတုိင္တို႔မွာ ဆက္သြယ္လာတဲ့လူေတြ ရွိေနတယ္။ အခုဆုိရင္ ဒုတိယဗိုလ္မွဴးႀကီး အဆင့္ထိေတာင္ မကဘူးေပါ့၊ ေနာက္ပုိင္းဆုိရင္ ေရာက္လာႏိုင္တဲ့ အေနအထားေတြ ရွိတယ္ေပါ့ဗ်ာ။”

ဒါ့အျပင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ကလည္း အခု ၇၇ ႏွစ္ေျမာက္ တပ္မေတာ္ေန႔ စစ္ေရးျပပြဲမွာ တပ္တြင္းညီၫြတ္ေရးအတြက္ အခုလို ေျပာခဲ့ပါတယ္။

“တပ္တြင္းစည္းလုံးညီညြတ္မႈဟာ အလြန္အေရးႀကီးတယ္။ ျပည္ပက်ဴးေက်ာ္သူေတြနဲ႔ ကိုယ္က်ဳိးရွာ ႏုိင္ငံေရးသမား အင္အားစုေတြဟာ တုိ႔တပ္မေတာ္ကုိ ၿပိဳကြဲေအာင္ ျပည္တြင္းျပည္ပမွ နည္းလမ္းေပါင္းစုံနဲ႔ လုပ္ေဆာင္ေနၾကတာ ျဖစ္တဲ့အတြက္ က်စ္လ်စ္ခုိင္မာတဲ့ တပ္တြင္းစည္းလုံးညီညြတ္ေရး အၿမဲရွိေနဖုိ႔ လုိအပ္မွာျဖစ္တယ္။ ဒါေၾကာင့္ တပ္တြင္းစည္းလုံးညီညြတ္မႈ တည္တံ့ခုိင္ၿမဲေစဖုိ႔အတြက္ ခ်မွတ္ထားတဲ့ စစ္သည္ေတာ္ က်င့္ဝတ္မ်ားအတုိင္း တိတိက်က် လိုက္နာေဆာင္ရြက္သြားၾကၿပီး တပ္မေတာ္သားမ်ားနဲ႔ မိသားစုဝင္ေတြဟာ မွန္ကန္တဲ့ အသိ၊ အျမင္၊ ယုံၾကည္ခ်က္၊ ခံယူခ်က္ တူညီစြာနဲ႔ ရဲေဘာ္ရဲဘက္စိတ္ ထားၿပီး ညီအစ္ကိုေမာင္ႏွမသဖြယ္၊ မိသားစုသဖြယ္ အျပန္အလွန္ေလးစား အေလးထားမႈေတြနဲ႔ စည္းလုံးညီညြတ္စြာ ေနထိုင္သြားၾကဖို႔ မွာၾကားလိုတယ္။”

ဒီအေပၚ ဗိုလ္ႀကီး ေဒါက္တာမင္းေမာင္ေမာင္က အခုလို ဆက္သုံးသပ္ပါတယ္။

“ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္္လႈိင္က တရားဝင္အခမ္းအနားႀကီးမွာ တပ္တြင္း စည္းလုံးညီညြတ္ၾကပါလုိ႔ ေျပာေနၿပီ ဆုိကတည္းက က်ေနာ္တုိ႔တပ္တြင္းမွာ စည္းလုံးညီညြတ္မႈ အက္ေၾကာင္းေတြ ျဖစ္ေနၿပီဆုိတာကို ခ်ျပေနတာပဲဗ်။ က်ေနာ္တို႔ CDM ဖရဲသီးေတြ အေနနဲ႔ကလည္း တပ္ထဲမွာ ေနလို႔မရေတာ့ဘူးဆိုရင္ လြတ္ေျမာက္နယ္ေျမကို ဆြဲထုတ္ရတာေပါ့ဗ်ာ။ အခုဆုိရင္ ဒုတိယဗိုလ္မွဴးႀကီး အဆင့္ေတြေတာင္ ေရာက္ေနၿပီေပါ့။ တခ်ဳိ႕ေနရာေတြမွာဆုိရင္ တုိင္းစစ္ဌာနခ်ဳပ္ေတြတုိ႔၊ စစ္႐ုံးေတြမွာေတာင္မွပဲ ဗိုလ္ႀကီးေတြ၊ ဗုိလ္မွဴးေတြ၊ ဗိုလ္မွဴးႀကီးေတြ၊ ဗိုလ္ခ်ဳပ္ေတြ၊ ဒီ့ထက္မကတဲ့ ျမင့္တဲ့သူေတြပါ ျပည္သူ႔ဘက္ကုိ လွ်ိဳ႕ဝွက္ ရပ္တည္ေနတယ္ေပါ့ဗ်ာ။”

ဒါေပမဲ့ ေသနဂၤမဟာဗ်ဴလာေလ့လာေရးအဖြဲ႔ အမႈေဆာင္ဒါ႐ိုက္တာ တပ္အရာရွိေဟာင္း ေဒါက္တာႏိုင္ေဆြဦးကေတာ့ တဦးခ်င္းကြဲလြဲႏိုင္ေပမဲ့ တပ္ၿပိဳကြဲမွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။

“ဒါက Institution တုိင္းမွာကေတာ့ လူေတြဟာ သူ႔ရဲ႕ ခံယူခ်က္ စိတ္ဓာတ္အမ်ဳိးမ်ဳိးေတာ့ ရွိေကာင္း ရွိႏုိင္တယ္ေပါ့။ ဒါက တပ္မေတာ္မွ မဟုတ္ဘူး၊ အစိုးရ ဝန္ႀကီးဌာနေတြ၊ တျခား အရပ္ဘက္ Institution မွာလည္း ဒီလုိပါပဲ။ တေယာက္နဲ႔တေယာက္ စိတ္ဓာတ္က အနည္းနဲ႔အမ်ားေတာ့ ကြာျခားမႈ ရွိႏုိင္တယ္။ တပ္မေတာ္ဆုိတဲ့ Institution ႀကီး ျဖစ္လာဖုိ႔အတြက္ၾကေတာ့ က်နော္တုိ႔က တေသြးတည္း တသားတည္းျဖစ္ေအာင္ တည္ေဆာက္တာ ျဖစ္ပါတယ္။ သို႔ေပမယ့္လည္း လူတခ်ဳိ႕တေလမွာကေတာ့ တပ္မေတာ္ရဲ႕ စည္းကမ္းေတြကို မလုိက္နာဘဲနဲ႔ ေဖာက္ဖ်က္သြားႏုိင္တာလည္း ရွိတယ္။ လက္ေတြ႔မွာလည္း တခ်ဳိ႕ တပ္မေတာ္ကေနၿပီးေတာ့ တဖက္ ဘက္ေျပာင္းသြားတဲ့၊ ႏုိင္ငံေတာ္ကို သစၥာမရွိတဲ့ လူေတြလည္း အမ်ားႀကီးရွိတယ္ဆုိတာ က်ေနာ္တို႔ ျမင္ေနရတယ္။ ဒါေပမဲ့ တပ္မေတာ္ဆုိတဲ့ Institution ကေတာ့ ၿပိဳကြဲမွာမဟုတ္ဘူးဆုိတာ က်ေနာ့္အေနနဲ႔ ဒါ အခုိင္အမာ ေျပာရဲပါတယ္။”

ဒါေပမဲ့လည္း အခုလို ၿပိဳကြဲလာမွာကို စိုးရိမ္ေနတဲ့အတြက္ စစ္ေကာင္စီ ဒုေခါင္းေဆာင္ ဒုဗိုလ္ခ်ဳပ္မွဴးႀကီးစိုးဝင္းလည္း ေတာက္ေလွ်ာက္ တပ္ေတြလွည့္ၿပီး ဆက္စည္း႐ုံးေနရတယ္လို႔ ဗိုလ္ႀကီး ေဒါက္တာမင္းေမာင္ေမာင္က ေထာက္ျပပါတယ္။

“ဒုတိယအႀကီးဆုံး ကုိယ္တုိင္က လွည့္လည္ၿပီးေတာ့ မဲခုိးလုိ႔ အာဏာသိမ္းရတာပါ၊ တပ္တြင္း စည္းလုံးညီညြတ္ၾကပါ ဆုိၿပီးေတာ့ သူ လုိက္ၿပီးေတာ့ ေျပာေနရတယ္ဆိုတာ တပ္ထဲမွာ ျဖစ္ေနတဲ့ မိသားစုေတြရဲ႕ အဓိက ခံစားခ်က္နဲ႔ လက္ေတြ႔ အခက္အခဲေတြက က်ေနာ္တုိ႔ ေလွာင္အိမ္ထဲက ငွက္ေတြလုိပဲ၊ လြတ္လပ္မႈကလည္း မရွိေတာ့ဘူး။ အေၾကာက္တရားေတြနဲ႔လည္း မြန္းၾကပ္ေနၾကတယ္။ တပ္ျပင္ထြက္လုိက္မယ္ ဆုိရင္လည္း သားရဲတြင္းထဲ ဝင္လုိက္ရသလုိေပါ့ဗ်ာ၊ စစ္ေျမျပင္ကို ေရာက္သြားသလုိပဲ။ ကိုယ္ေရာ စိတ္ေရာ မလုံၿခံဳတာေတြ ခံစားေနရတယ္။ ျပည္သူေတြရဲ႕ အၾကည့္ဒဏ္ကလည္း သူတုိ႔ကို ေခ်ာက္ခ်ားေစတာေပါ့ဗ်ာ။ တပ္က ႐ုန္းထြက္ဖုိ႔ သူတို႔ေတြ ထြက္ခြင့္ေတြ တင္ၾကေပမယ့္လည္း မေရရာဘူးဗ်ာ။ အခုဆုိရင္ သက္ျပည့္ပင္စင္ကို ၆၂ ႏွစ္အထိ တုိးလုိက္တဲ့ အခါၾကေတာ့ တခ်ဳိ႕ ပင္စင္ယူခါနီး ရဲေဘာ္၊ အရာရွိေတြ အထိနာကုန္တယ္ဗ်။ ဗိုလ္မွဴးႀကီးေတြ၊ ဗိုလ္ခ်ဳပ္ေတြ၊ အခုဆုိရင္ စစ္တပ္ရဲ႕ ဒုေခါင္းေဆာင္ကုိယ္တိုင္က စည္း႐ုံးၿပီးေတာ့ နားၿငီးေအာင္ ေျပာဆုိ စည္း႐ုံးမႈေတြကို သူတို႔ ၿငီးေငြ႔ေနၿပီဗ်။”

ဒါ့အျပင္ တပ္တြင္းဖိႏွိပ္ အျပစ္ေပးမႈမ်ားတာေၾကာင့္ CDM မလုပ္ရဲဘဲ ကိုယ့္ဟာကို တိမ္းေရွာင္ ဇာတ္ျမႇဳပ္ေနသူေတြ၊ လွ်ဳိ႕ဝွက္ CDM လုပ္ သတင္းေပးေနသူေတြနဲ႔ တာဝန္အတိုင္း တကယ္မလုပ္သူေတြလည္း ရွိလာေနတယ္လို႔ ေဒါက္တာမင္းေမာင္ေမာင္က ဆက္ေျပာပါတယ္။

အရင္ အာဏာသိမ္းတာေတြနဲ႔မတူဘဲ အခု တပ္နဲ႔ ျပည္သူ႔မဲဆႏၵကို ဆန႔္က်င္သိမ္းခဲ့တာက သတင္းဆက္သြယ္ေရး နည္းပညာေခတ္ႀကီးမွာ ျဖစ္လာတာမို႔ အရင္လို အလြယ္တကူ သတင္းအေမွာင္ခ် အဆက္အသြယ္ျဖတ္ ႏွိမ္နင္းရ ခက္သြားၿပီလို႔ သုံးသပ္မႈေတြ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

တပ်တွင်း ဒီမိုကရေစီ ထောက်ခံမှုအပေါ် စစ်ကောင်စီရဲ့ စိုးရိမ်မှုအတိုင်းအတာ

မြန်မာစစ်ကောင်စီ ပြောခွင့်ရက အောက်ခြေအုပ်ချုပ်ရေးအဖွဲ့တချို့မှာ ဖရဲသီးတွေ ရှိနေတယ်လို့ ပြောအပြီး စစ်ကောင်စီခေါင်းဆောင် ကိုယ်တိုင်ကလည်း တပ်တွင်းညီညွတ်ရေးကို အလေးထား ပြောလာတာက တပ်တွင်း ကွဲအက်မှာ စိုးရိမ်လာတာလို့ စောင့်ကြည့်သူတချို့က ဆိုပါတယ်။

မတ်လ ၂၇ ရက် တပ်မတော်နေ့မတိုင်ခင် ၃ ရက်မှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုပြောအပြီး တပ်မတော်နေ့မှာလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်ဖြိုခွဲဖို့ ပြည်တွင်းပြည်ပ လုပ်နေတာကြောင့် တပ်တွင်းမိသားစုတွေ မှန်ကန်တဲ့အသိနဲ့ ညီညွတ်ဖို့ မှာလိုက်ပါတယ်။

အပြင်မှာ စစ်ရောင်စိမ်းပေမဲ့ ရင်ထဲ NLD ရောင်နီနေတဲ့ ဒီမိုကရေစီအရေး ကြိတ်ထောက်ခံသူတွေ စများလာနေပြီလို့ တချို့ သုံးသပ်သူတွေ ပြောနေချိန်မှာ တချို့ကတော့ တပ်ပြိုကွဲတဲ့အထိ ဖြစ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ အပြည့်အစုံကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မတ်လ ၂၄ ရက်နေ့ ၁၂ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ လက်နက်ကိုင်အဖွဲ့တွေထဲနဲ့ ပြည်ပရောက် လူငယ်တွေ ပြန်လာချင်ရင် ဆက်သွယ်ဖို့မှာ အောက်ခြေအဖွဲ့တချို့ထဲ ဖရဲသီးရှိတာ စိုးရိမ်ရင် အထက်အဖွဲ့တွေကို ဆက်သွယ်ဖို့ အခုလိုပြောခဲ့ပါတယ်။

“တချို့နေရာတွေမှာ ခင်ဗျားတို့ပြောနေတဲ့ ဖရဲသီးတွေရှိတယ်။ အဲ့ဒါကြောင့် သူတို့သည် မဆက်သွယ်ချင်ဘူး၊ တိုက်ရိုက်ဆက်သွယ်ချင်တယ်ဆိုတာ တိုက်ရိုက်ဆက်သွယ်ချင်တဲ့အတွက် တိုက်ရိုက်ဆက်သွယ်ပြီးတော့ ဝင်ရောက်လာသူတွေလည်း ရှိပါတယ်။ ခုနပြောတဲ့ နည်းလမ်းအဆင့်ဆင့်နဲ့ ဆက်သွယ်ရင် ဆက်သွယ်၊ မဆက်သွယ်ဘူးဆိုရင် တိုက်ရိုက် ဆက်သွယ်နိုင်စရာ နည်းလမ်းတွေ ရှိပါတယ်။ ဖုန်းနံပါတ်တွေ ထုတ်ပြန်ကြေညာထားတာရှိတယ်၊ ပြည်ထဲရေးဝန်ကြီးဌာနမှာ တိုက်ရိုက်ဆက်နိုင်တဲ့ ဖုန်းတွေရှိတယ်၊ ဒီဘက်မှာရှိတဲ့ တိုင်းစစ်ဌာနချုပ်တွေကို တိုက်ရိုက်ဆက်နိုင်တဲ့ဖုန်းတွေ ရှိတယ်။ စိတ်ချရတဲ့နေရာတွေ ရှိပါတယ်။ မြောက်များစွာရှိပါတယ်။”

ဒီအပေါ် ရန်ကုန် တိုက်ကြီးမြို့နယ် ဆေးတပ် အမှတ် ၁၄ ကနေ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ပြီး CDM လုပ် ထွက်လာခဲ့တဲ့ ခွဲစိတ်ပါရဂူ ဗိုလ်ကြီး ဒေါက်တာမင်းမောင်မောင်က ခုလို သုံးသပ်ပြပါတယ်။

“ဗိုလ်ချုပ်ဇော်မင်းထွန်း ကိုယ်၌က ဒီလို ဖရဲသီးရှိနေတယ် ဆိုတာကို ထုတ်ဖော် ပြောဆိုလိုက်ခြင်းက တပ်တွင်းမှာ အက်ကြောင်းတွေ၊ အယုံအကြည်မရှိတဲ့သူတွေ၊ တပ်ကို ပြန်ပြီးတော့ အာခံတဲ့သူတွေ ရှိနေတယ်ဆိုတာကို တရားဝင် ထုတ်ဖော် ပြောဆိုလိုက်တာပဲဗျ။ လက်ရှိတပ်တွင်းမှာ ဖရဲသီးတွေ ဘယ်လောက်များလဲဆိုရင် တပ်ရင်းတိုင်းလိုလို ပြည်သူ့ရင်ခွင်တို့၊ ပြည်သူ့ပန်းတိုင်တို့မှာ ဆက်သွယ်လာတဲ့လူတွေ ရှိနေတယ်။ အခုဆိုရင် ဒုတိယဗိုလ်မှူးကြီး အဆင့်ထိတောင် မကဘူးပေါ့၊ နောက်ပိုင်းဆိုရင် ရောက်လာနိုင်တဲ့ အနေအထားတွေ ရှိတယ်ပေါ့ဗျာ။”

ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း အခု ၇၇ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြပွဲမှာ တပ်တွင်းညီညွတ်ရေးအတွက် အခုလို ပြောခဲ့ပါတယ်။

“တပ်တွင်းစည်းလုံးညီညွတ်မှုဟာ အလွန်အရေးကြီးတယ်။ ပြည်ပကျူးကျော်သူတွေနဲ့ ကိုယ်ကျိုးရှာ နိုင်ငံရေးသမား အင်အားစုတွေဟာ တို့တပ်မတော်ကို ပြိုကွဲအောင် ပြည်တွင်းပြည်ပမှ နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်နေကြတာ ဖြစ်တဲ့အတွက် ကျစ်လျစ်ခိုင်မာတဲ့ တပ်တွင်းစည်းလုံးညီညွတ်ရေး အမြဲရှိနေဖို့ လိုအပ်မှာဖြစ်တယ်။ ဒါကြောင့် တပ်တွင်းစည်းလုံးညီညွတ်မှု တည်တံ့ခိုင်မြဲစေဖို့အတွက် ချမှတ်ထားတဲ့ စစ်သည်တော် ကျင့်ဝတ်များအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်သွားကြပြီး တပ်မတော်သားများနဲ့ မိသားစုဝင်တွေဟာ မှန်ကန်တဲ့ အသိ၊ အမြင်၊ ယုံကြည်ချက်၊ ခံယူချက် တူညီစွာနဲ့ ရဲဘော်ရဲဘက်စိတ် ထားပြီး ညီအစ်ကိုမောင်နှမသဖွယ်၊ မိသားစုသဖွယ် အပြန်အလှန်လေးစား အလေးထားမှုတွေနဲ့ စည်းလုံးညီညွတ်စွာ နေထိုင်သွားကြဖို့ မှာကြားလိုတယ်။”

ဒီအပေါ် ဗိုလ်ကြီး ဒေါက်တာမင်းမောင်မောင်က အခုလို ဆက်သုံးသပ်ပါတယ်။

“ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရားဝင်အခမ်းအနားကြီးမှာ တပ်တွင်း စည်းလုံးညီညွတ်ကြပါလို့ ပြောနေပြီ ဆိုကတည်းက ကျနော်တို့တပ်တွင်းမှာ စည်းလုံးညီညွတ်မှု အက်ကြောင်းတွေ ဖြစ်နေပြီဆိုတာကို ချပြနေတာပဲဗျ။ ကျနော်တို့ CDM ဖရဲသီးတွေ အနေနဲ့ကလည်း တပ်ထဲမှာ နေလို့မရတော့ဘူးဆိုရင် လွတ်မြောက်နယ်မြေကို ဆွဲထုတ်ရတာပေါ့ဗျာ။ အခုဆိုရင် ဒုတိယဗိုလ်မှူးကြီး အဆင့်တွေတောင် ရောက်နေပြီပေါ့။ တချို့နေရာတွေမှာဆိုရင် တိုင်းစစ်ဌာနချုပ်တွေတို့၊ စစ်ရုံးတွေမှာတောင်မှပဲ ဗိုလ်ကြီးတွေ၊ ဗိုလ်မှူးတွေ၊ ဗိုလ်မှူးကြီးတွေ၊ ဗိုလ်ချုပ်တွေ၊ ဒီ့ထက်မကတဲ့ မြင့်တဲ့သူတွေပါ ပြည်သူ့ဘက်ကို လျှို့ဝှက် ရပ်တည်နေတယ်ပေါ့ဗျာ။”

ဒါပေမဲ့ သေနင်္ဂမဟာဗျူလာလေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ တပ်အရာရှိဟောင်း ဒေါက်တာနိုင်ဆွေဦးကတော့ တဦးချင်းကွဲလွဲနိုင်ပေမဲ့ တပ်ပြိုကွဲမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“ဒါက Institution တိုင်းမှာကတော့ လူတွေဟာ သူ့ရဲ့ ခံယူချက် စိတ်ဓာတ်အမျိုးမျိုးတော့ ရှိကောင်း ရှိနိုင်တယ်ပေါ့။ ဒါက တပ်မတော်မှ မဟုတ်ဘူး၊ အစိုးရ ဝန်ကြီးဌာနတွေ၊ တခြား အရပ်ဘက် Institution မှာလည်း ဒီလိုပါပဲ။ တယောက်နဲ့တယောက် စိတ်ဓာတ်က အနည်းနဲ့အများတော့ ကွာခြားမှု ရှိနိုင်တယ်။ တပ်မတော်ဆိုတဲ့ Institution ကြီး ဖြစ်လာဖို့အတွက်ကြတော့ ကျနော်တို့က တသွေးတည်း တသားတည်းဖြစ်အောင် တည်ဆောက်တာ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း လူတချို့တလေမှာကတော့ တပ်မတော်ရဲ့ စည်းကမ်းတွေကို မလိုက်နာဘဲနဲ့ ဖောက်ဖျက်သွားနိုင်တာလည်း ရှိတယ်။ လက်တွေ့မှာလည်း တချို့ တပ်မတော်ကနေပြီးတော့ တဖက် ဘက်ပြောင်းသွားတဲ့၊ နိုင်ငံတော်ကို သစ္စာမရှိတဲ့ လူတွေလည်း အများကြီးရှိတယ်ဆိုတာ ကျနော်တို့ မြင်နေရတယ်။ ဒါပေမဲ့ တပ်မတော်ဆိုတဲ့ Institution ကတော့ ပြိုကွဲမှာမဟုတ်ဘူးဆိုတာ ကျနော့်အနေနဲ့ ဒါ အခိုင်အမာ ပြောရဲပါတယ်။”

ဒါပေမဲ့လည်း အခုလို ပြိုကွဲလာမှာကို စိုးရိမ်နေတဲ့အတွက် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းလည်း တောက်လျှောက် တပ်တွေလှည့်ပြီး ဆက်စည်းရုံးနေရတယ်လို့ ဗိုလ်ကြီး ဒေါက်တာမင်းမောင်မောင်က ထောက်ပြပါတယ်။

“ဒုတိယအကြီးဆုံး ကိုယ်တိုင်က လှည့်လည်ပြီးတော့ မဲခိုးလို့ အာဏာသိမ်းရတာပါ၊ တပ်တွင်း စည်းလုံးညီညွတ်ကြပါ ဆိုပြီးတော့ သူ လိုက်ပြီးတော့ ပြောနေရတယ်ဆိုတာ တပ်ထဲမှာ ဖြစ်နေတဲ့ မိသားစုတွေရဲ့ အဓိက ခံစားချက်နဲ့ လက်တွေ့ အခက်အခဲတွေက ကျနော်တို့ လှောင်အိမ်ထဲက ငှက်တွေလိုပဲ၊ လွတ်လပ်မှုကလည်း မရှိတော့ဘူး။ အကြောက်တရားတွေနဲ့လည်း မွန်းကြပ်နေကြတယ်။ တပ်ပြင်ထွက်လိုက်မယ် ဆိုရင်လည်း သားရဲတွင်းထဲ ဝင်လိုက်ရသလိုပေါ့ဗျာ၊ စစ်မြေပြင်ကို ရောက်သွားသလိုပဲ။ ကိုယ်ရော စိတ်ရော မလုံခြုံတာတွေ ခံစားနေရတယ်။ ပြည်သူတွေရဲ့ အကြည့်ဒဏ်ကလည်း သူတို့ကို ချောက်ချားစေတာပေါ့ဗျာ။ တပ်က ရုန်းထွက်ဖို့ သူတို့တွေ ထွက်ခွင့်တွေ တင်ကြပေမယ့်လည်း မရေရာဘူးဗျာ။ အခုဆိုရင် သက်ပြည့်ပင်စင်ကို ၆၂ နှစ်အထိ တိုးလိုက်တဲ့ အခါကြတော့ တချို့ ပင်စင်ယူခါနီး ရဲဘော်၊ အရာရှိတွေ အထိနာကုန်တယ်ဗျ။ ဗိုလ်မှူးကြီးတွေ၊ ဗိုလ်ချုပ်တွေ၊ အခုဆိုရင် စစ်တပ်ရဲ့ ဒုခေါင်းဆောင်ကိုယ်တိုင်က စည်းရုံးပြီးတော့ နားငြီးအောင် ပြောဆို စည်းရုံးမှုတွေကို သူတို့ ငြီးငွေ့နေပြီဗျ။”

ဒါ့အပြင် တပ်တွင်းဖိနှိပ် အပြစ်ပေးမှုများတာကြောင့် CDM မလုပ်ရဲဘဲ ကိုယ့်ဟာကို တိမ်းရှောင် ဇာတ်မြှုပ်နေသူတွေ၊ လျှို့ဝှက် CDM လုပ် သတင်းပေးနေသူတွေနဲ့ တာဝန်အတိုင်း တကယ်မလုပ်သူတွေလည်း ရှိလာနေတယ်လို့ ဒေါက်တာမင်းမောင်မောင်က ဆက်ပြောပါတယ်။

အရင် အာဏာသိမ်းတာတွေနဲ့မတူဘဲ အခု တပ်နဲ့ ပြည်သူ့မဲဆန္ဒကို ဆန့်ကျင်သိမ်းခဲ့တာက သတင်းဆက်သွယ်ရေး နည်းပညာခေတ်ကြီးမှာ ဖြစ်လာတာမို့ အရင်လို အလွယ်တကူ သတင်းအမှောင်ချ အဆက်အသွယ်ဖြတ် နှိမ်နင်းရ ခက်သွားပြီလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

XS
SM
MD
LG