သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

 ျပည္သူေတြ သပိတ္ေမွာက္တဲ႔ ျမန္မာဘီယာ ေရာင္းအားက်


ျမန္မာဘီယာေစ်းကြက္

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈ ေနာက္ပိုင္း စစ္တပ္ပိုင္၊ ေနာက္ စစ္တပ္နဲ႔ ဆက္စပ္တဲ႔ လုပ္ငန္းႀကီးေတြရဲ႕ ထုတ္ကုန္ေတြ အေပၚ လူထုၾကား သပိတ္ေမွာက္လာၾကခ်ိန္မွာ ျမန္မာဘီယာ အေရာင္းလည္း က်ဆင္းလာပါတယ္။ AFP သတင္းေဆာင္းပါးကို မသိဂၤ ီထိုက္ ေျပာျပမွာပါ။

ျပည္သူေတြ သပိတ္ေမွာက္တဲ႔ ျမန္မာဘီယာ ေရာင္းအားက်

{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈ ေနာက္ပိုင္း စစ္တပ္ပိုင္၊ ေနာက္ စစ္တပ္နဲ႔ ဆက္စပ္တဲ႔ လုပ္ငန္းႀကီးေတြရဲ႕ ထုတ္ကုန္ေတြ အေပၚ လူထုၾကား သပိတ္ေမွာက္လာၾကခ်ိန္မွာ ျမန္မာဘီယာ အေရာင္းလည္း က်ဆင္းလာပါတယ္။ AFP သတင္းေဆာင္းပါးကို မသိဂၤ ီထိုက္ ေျပာျပမွာပါ။

ျမန္မာႏိုင္ငံတြင္း လုပ္ငန္းေတြ ရပ္ဆိုင္းမယ့္ အေၾကာင္း ဂ်ပန္ အေဖ်ာ္ယမကာ လုပ္ငန္းႀကီး Kirin ရဲ႕ ၿပီးခဲ႔တဲ႔ လက ေၾကညာခ်က္ဟာဆိုရင္ ျမန္မာ စစ္တပ္လုပ္ငန္းႀကီးက ထုတ္လုပ္တဲ႔ ဘီယာကို သပိတ္ေမွာက္ထားၾကတဲ႔ ကိုေက်ာ္ႀကီးတို႔လို လူေတြ အတြက္ေတာ့ ဘာမွ ထူးထူးျခားျခား မျဖစ္ပါဘူး။ ၿပီးခဲ႔တဲ႔ ႏွစ္ေပါင္းမ်ားစြာ အတြင္းမွာေတာ့ အေဖ်ာ္ယမကာ ဆိုင္ေတြနဲ႔ ေစ်းဆိုင္ေတြမွာ ျမန္မာဘီယာက တြင္တြင္က်ယ္က်ယ္ ေနရာရခဲ႔ၿပီး ဂ်ပန္ လုပ္ငန္းႀကီးေၾကာင့္လည္း ၂၀၁၁ ခုႏွစ္ အတြင္း အာဏာခ်ဳပ္ကိုင္မႈကို စစ္တပ္က ေျဖေလွ်ာ့လိုက္ၿပီးေနာက္ စီးပြားေရး လြတ္လပ္မႈ သေကၤတလည္း ျဖစ္ေစခဲ႔ပါတယ္။

ဒါေပမယ့္လည္း ၿပီးခဲ႔တဲ႔ႏွစ္ ေဖေဖာ္ဝါရီလက ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အရပ္သား အစိုးရကို စစ္ဗိုလ္ခ်ဳပ္ႀကီးေတြက ျဖဳတ္ခ်ၿပီးေနာက္မွာေတာ့ ျမန္မာဘီယာ အပါအ၀င္ စစ္တပ္နဲ႔ ပတ္သက္ ဆက္ႏြယ္တဲ႔ ကုမၸဏီေတြက ထုတ္လုပ္တဲ႔ ဆပ္ျပာ ကေန ေကာ္ဖီ တို႔လို ပစၥည္းေတြကို လူထုတြင္း အမ်ားအျပားက ေက်ာခိုင္းခဲ႔ၾကပါတယ္။ ဒီထဲမွာ ကိုေက်ာ္ႀကီးလည္း ပါပါတယ္။

“ တျခား ဘီယာ ေသာက္ေတာ့လည္း တျခား ကုမၸဏီေတြက အစိုးရကို အခြန္ေဆာင္ရတယ္ ဆိုေသာ္ညားလည္း အလံုးအရင္းလိုက္ မေရာက္ေစခ်င္လို႔ဗ်။ ဆိုေတာ့ အတတ္ႏိုင္ဆံုးေတာ့ ေရွာင္တယ္ဗ်ာ။ ေနာက္ဆံုး မရွိရင္ မေသာက္တဲ႔ ပံုစံမ်ိဳးေလာက္ကို ေနပစ္လိုက္တာ။”

နာမည္ အရင္းကို မသံုးဖို႔ ေျပာတဲ႔ ရန္ကုန္ၿမိဳ႕လယ္က စားေသာက္ဆိုင္ မန္ေနဂ်ာ တဦးကေတာ့ ၿပီးခဲ႔တဲ႔ႏွစ္ ဧၿပီလ ကတည္းက ဘီယာ မေရာင္းေတာ့တာ ျဖစ္ေၾကာင္း ေျပာပါတယ္။ ဘီယာ မမွာေတာ့တဲ႔ အျပင္ ဘီယာ တံဆိပ္ပါတဲ႔ ထိုင္ခံုေတြ၊ စားပြဲေတြ၊ ထီးေတြကိုပါ ျပန္ေပးခဲ႔ၾကတာပါ။ ျမန္မာ ဘီယာ တံဆိပ္ ေတြ႕ရင္ ေဖာက္သည္ေတြ လာေတာ့မွာ မဟုတ္ဘူးလို႔လည္း သူက ေျပာပါတယ္။ နာမည္ရင္းကို မသံုဘဲ ကိုမိုးစက္လို႔ဘဲ သံုးဖို႔ ေျပာတဲ႔ ရန္ကုန္ၿမိဳ႕ခံ ကေတာ့ ၁၉ လမ္းတေလွ်ာက္ ျမန္မာဘီယာ ေရာင္းတာ မေတြ႕သေလာက္ဘဲလို႔ ေျပာပါတယ္။ တျခားဘီယာေတြကို ေျပာင္းေသာက္ေနၾကေၾကာင္းလည္း ေျပာပါတယ္။

“ စစ္တပ္ထုတ္ ျဖစ္တဲ႔ ျမန္မာဘီယာကို ဆိုင္ေတြလည္း သိပ္မေရာင္းၾကေတာ့ဘူးေပါ့ေနာ္။ က်ေနာ္တို႔ ေသာက္ေနၾကသူေတြလည္း ျမန္မာဘီယာကို သိပ္မေသာက္ၾကေတာ့ဘူးေပါ့။ ေရာင္းတာလည္း သိပ္မေတြ႕ရေတာ့ဘူး။ Tiger တို႔ တျခား အမ်ိဳးအမည္ေတြကို ေျပာင္းေသာက္ၾကပါတယ္။”

ျမန္မာဘီယာ ေသာက္သံုးေနၾကသူတိုင္းေတာ့ ဒီလို လုပ္ၾကတာ မဟုတ္ပါဘူး။ ရခိုင္ျပည္နယ္က အစိုးရ ၀န္ထမ္း တဦး ျဖစ္တဲ႔ ကိုထြန္းထြန္းကေတာ့

မ်ားေသာအားျဖင့္ေတာ့ သပိတ္ေမွာက္တာေတြေတာ့ မေတြ႕ရဘူး။ ပံုမွန္ အတိုင္း ျမန္မာ ရယ္လို႔ေတာ့ မဟုတ္ဘူးေပါ့ေလ။ တခ်ိဳ႕ ဆိုရင္ ဘီယာ ဆိုရင္ ၿပီးေရာ ဆိုတဲ႔ သေဘာနဲ႔ ေသာက္ၾကတာမ်ိဳးလည္း ေတြ႕ရတယ္။

ဒီ အစိုးရ ၀န္ထမ္းက သူ႔နာမည္ရင္းကို မသံုးဘဲ ကိုထြန္းထြန္းလို႔သာ သံုးဖို႔ ေျပာပါတယ္။ နာမည္ရင္း မသံုးဘဲ ကိုညီညီလို႔ဘဲ သံုးဖို႔ ေျပာတဲ႔ စစ္ေတြၿမိဳ႕ခံကေတာ့ အခုလို ေျပာပါတယ္။

"ဒီဘက္မွာ စစ္တပ္နဲ႔ ဘာမွ မျဖစ္ဘူးဆိုေတာ့ ဒီ ျမန္မာဘီယာဘဲ ကိုယ္ေသာက္ေနက် အရက္ဘဲ ေသာက္တာပါ။ တျခား ဘာေတြမွ မရွိပါဘူး"

ျမန္မာ ဘီယာ အပါအ၀င္ အေဖ်ာ္ယမကာေတြ ထုတ္တဲ႔ ျမန္မာ ဘ႐ူဝါရီ လုပ္ငန္းႀကီးကို စစ္တပ္ရဲ႕ လုပ္ငန္းႀကီး ျဖစ္တဲ႔ ျမန္မာ႔ စီးပြားေရး ဦးပိုင္ လီမိတက္နဲ႔ ဂ်ပန္ အေဖ်ာ္ယမကာ လုပ္ငန္းႀကီး Kirin တို႔ ဖက္စပ္ လုပ္ကိုင္ခဲ႔ၾကတာ ျဖစ္ၿပီး Kirin လုပ္ငန္းႀကီးရဲ႕ ၂၀၁၈ ခုႏွစ္ထုတ္ စာရင္းမွာေတာ့ ေစ်းကြက္ ေ၀စု ၈၀ ရာခိုင္ႏႈန္း နီးပါး ရရွိေၾကာင္း ေဖာ္ျပခဲ႔တာပါ။

ဒါေပမယ့္လည္း ျမန္မာႏိုင္ငံမွာ Covid ကပ္ေဘးေရာဂါ လနဲ႔ခ်ီ ျဖစ္ပြားခဲ႔ၿပီးေနာက္ ၂၀၂၁ ခုႏွစ္ အတြင္း စစ္အာဏာသိမ္းမႈေၾကာင့္ အဟန္႔အတားေတြ ျဖစ္ခဲ႔ရၿပီး အဲဒီႏွစ္ကုန္ပိုင္း အက်ိဳးအျမတ္ဟာ ဂ်ပန္ယန္း ၆ ဒသမ ၆ ဘီလ်ံသာ ရရွိခဲ႔ပါတယ္။

ဒီမတိုင္ခင္ႏွစ္က အက်ိဳးအျမတ္ ဂ်ပန္ယန္း ၁၃ ဒသမ ၈ ဘီလ်ံထိ ရခဲ႔တာပါ။ စစ္တပ္ လုပ္ငန္းႀကီးနဲ႔ ဖက္စပ္လုပ္တာကို ဖ်က္သိမ္းဖို႔ လနဲ႔ခ်ီ ႀကိဳးစားခဲ႔ၿပီး၊ အခြင့္အေရး လႈပ္ရွားမႈ အဖြဲ႔ေတြကလည္း ဖိအားေပးၾကတာနဲ႔ အတူဘဲ ၿပီးခဲ႔တဲ႔ ေဖေဖာ္ဝါရီ လမွာေတာ့ ဂ်ပန္ လုပ္ငန္းႀကီးက ျမန္မာႏိုင္ငံကေန ထြက္ခြာမယ့္ အေၾကာင္း ေၾကညာခဲ႔ပါတယ္။

ဒီေၾကညာခ်က္ေၾကာင့္ေရာ၊ ေနာက္ ျမန္မာ ဘီယာ အေပၚ သပိတ္ေမွာက္မႈေတြေၾကာင့္ေရာ ၿပိဳင္ဘက္ေတြ ျဖစ္တဲ႔ Heineken ၊ Carlsberg နဲ႔ ထိုင္းႏိုင္ငံထုတ္ ဘီယာ Chang တို႔က လစ္ဟာသြားမယ့္ ေစ်းကြက္ထဲကို ၀င္ေရာက္ဖို႔ စိုင္းျပင္းေနၾကပါတယ္။

အထူးသျဖင့္ ၿမိဳ႕ႀကီးေတြရဲ႕ ျမန္မာဘီယာရဲ႕ ေစ်းကြက္ ေ၀စုကို ဒီ ဘီယာ အမွတ္တံဆိပ္ သံုးခုက ရလာေနတယ္လို႔လည္း ရန္ကုန္ အေျခစိုက္ ေစ်းကြက္ ေလ႔လာသူ တဦးက ေျပာပါတယ္။ သူ႔နာမည္ရင္းကိုေတာ့ မသံုးေစခ်င္ေၾကာင္းလည္း ေျပာပါတယ္။

Carlsberg ဘီယာဘက္က မွတ္ခ်က္ ရဖို႔ AFP က ဆက္သြယ္ခဲ႔သလိုဘဲ Heineken ဘီယာ ရဲ႕ အမည္မေဖာ္တဲ႔ တာ၀န္ရွိသူ တဦးကေတာ့ စားသံုးသူေတြရဲ႕ ၀ယ္ယူမႈ အေလ႔အက်င့္နဲ႔ ပတ္သက္လို႔ သံုးသပ္ ေျပာဆိုဖို႔ ေစာလြန္းေနေသးေၾကာင္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

..............................................

ပြည်သူတွေ သပိတ်မှောက်တဲ့ မြန်မာဘီယာ ရောင်းအားကျ

{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု နောက်ပိုင်း စစ်တပ်ပိုင်၊ နောက် စစ်တပ်နဲ့ ဆက်စပ်တဲ့ လုပ်ငန်းကြီးတွေရဲ့ ထုတ်ကုန်တွေ အပေါ် လူထုကြား သပိတ်မှောက်လာကြချိန်မှာ မြန်မာဘီယာ အရောင်းလည်း ကျဆင်းလာပါတယ်။ AFP သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြမှာပါ။

မြန်မာနိုင်ငံတွင်း လုပ်ငန်းတွေ ရပ်ဆိုင်းမယ့် အကြောင်း ဂျပန် အဖျော်ယမကာ လုပ်ငန်းကြီး Kirin ရဲ့ ပြီးခဲ့တဲ့ လက ကြေညာချက်ဟာဆိုရင် မြန်မာ စစ်တပ်လုပ်ငန်းကြီးက ထုတ်လုပ်တဲ့ ဘီယာကို သပိတ်မှောက်ထားကြတဲ့ ကိုကျော်ကြီးတို့လို လူတွေ အတွက်တော့ ဘာမှ ထူးထူးခြားခြား မဖြစ်ပါဘူး။ ပြီးခဲ့တဲ့ နှစ်ပေါင်းများစွာ အတွင်းမှာတော့ အဖျော်ယမကာ ဆိုင်တွေနဲ့ ဈေးဆိုင်တွေမှာ မြန်မာဘီယာက တွင်တွင်ကျယ်ကျယ် နေရာရခဲ့ပြီး ဂျပန် လုပ်ငန်းကြီးကြောင့်လည်း ၂၀၁၁ ခုနှစ် အတွင်း အာဏာချုပ်ကိုင်မှုကို စစ်တပ်က ဖြေလျှော့လိုက်ပြီးနောက် စီးပွားရေး လွတ်လပ်မှု သင်္ကေတလည်း ဖြစ်စေခဲ့ပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရပ်သား အစိုးရကို စစ်ဗိုလ်ချုပ်ကြီးတွေက ဖြုတ်ချပြီးနောက်မှာတော့ မြန်မာဘီယာ အပါအဝင် စစ်တပ်နဲ့ ပတ်သက် ဆက်နွယ်တဲ့ ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ဆပ်ပြာ ကနေ ကော်ဖီ တို့လို ပစ္စည်းတွေကို လူထုတွင်း အများအပြားက ကျောခိုင်းခဲ့ကြပါတယ်။ ဒီထဲမှာ ကိုကျော်ကြီးလည်း ပါပါတယ်။

“ တခြား ဘီယာ သောက်တော့လည်း တခြား ကုမ္ပဏီတွေက အစိုးရကို အခွန်ဆောင်ရတယ် ဆိုသော်ညားလည်း အလုံးအရင်းလိုက် မရောက်စေချင်လို့ဗျ။ ဆိုတော့ အတတ်နိုင်ဆုံးတော့ ရှောင်တယ်ဗျာ။ နောက်ဆုံး မရှိရင် မသောက်တဲ့ ပုံစံမျိုးလောက်ကို နေပစ်လိုက်တာ။”

နာမည် အရင်းကို မသုံးဖို့ ပြောတဲ့ ရန်ကုန်မြို့လယ်က စားသောက်ဆိုင် မန်နေဂျာ တဦးကတော့ ပြီးခဲ့တဲ့နှစ် ဧပြီလ ကတည်းက ဘီယာ မရောင်းတော့တာ ဖြစ်ကြောင်း ပြောပါတယ်။ ဘီယာ မမှာတော့တဲ့ အပြင် ဘီယာ တံဆိပ်ပါတဲ့ ထိုင်ခုံတွေ၊ စားပွဲတွေ၊ ထီးတွေကိုပါ ပြန်ပေးခဲ့ကြတာပါ။ မြန်မာ ဘီယာ တံဆိပ် တွေ့ရင် ဖောက်သည်တွေ လာတော့မှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။ နာမည်ရင်းကို မသုံဘဲ ကိုမိုးစက်လို့ဘဲ သုံးဖို့ ပြောတဲ့ ရန်ကုန်မြို့ခံ ကတော့ ၁၉ လမ်းတလျှောက် မြန်မာဘီယာ ရောင်းတာ မတွေ့သလောက်ဘဲလို့ ပြောပါတယ်။ တခြားဘီယာတွေကို ပြောင်းသောက်နေကြကြောင်းလည်း ပြောပါတယ်။

“ စစ်တပ်ထုတ် ဖြစ်တဲ့ မြန်မာဘီယာကို ဆိုင်တွေလည်း သိပ်မရောင်းကြတော့ဘူးပေါ့နော်။ ကျနော်တို့ သောက်နေကြသူတွေလည်း မြန်မာဘီယာကို သိပ်မသောက်ကြတော့ဘူးပေါ့။ ရောင်းတာလည်း သိပ်မတွေ့ရတော့ဘူး။ Tiger တို့ တခြား အမျိုးအမည်တွေကို ပြောင်းသောက်ကြပါတယ်။”

မြန်မာဘီယာ သောက်သုံးနေကြသူတိုင်းတော့ ဒီလို လုပ်ကြတာ မဟုတ်ပါဘူး။ ရခိုင်ပြည်နယ်က အစိုးရ ဝန်ထမ်း တဦး ဖြစ်တဲ့ ကိုထွန်းထွန်းကတော့

များသောအားဖြင့်တော့ သပိတ်မှောက်တာတွေတော့ မတွေ့ရဘူး။ ပုံမှန် အတိုင်း မြန်မာ ရယ်လို့တော့ မဟုတ်ဘူးပေါ့လေ။ တချို့ ဆိုရင် ဘီယာ ဆိုရင် ပြီးရော ဆိုတဲ့ သဘောနဲ့ သောက်ကြတာမျိုးလည်း တွေ့ရတယ်။

ဒီ အစိုးရ ဝန်ထမ်းက သူ့နာမည်ရင်းကို မသုံးဘဲ ကိုထွန်းထွန်းလို့သာ သုံးဖို့ ပြောပါတယ်။ နာမည်ရင်း မသုံးဘဲ ကိုညီညီလို့ဘဲ သုံးဖို့ ပြောတဲ့ စစ်တွေမြို့ခံကတော့ အခုလို ပြောပါတယ်။

"ဒီဘက်မှာ စစ်တပ်နဲ့ ဘာမှ မဖြစ်ဘူးဆိုတော့ ဒီ မြန်မာဘီယာဘဲ ကိုယ်သောက်နေကျ အရက်ဘဲ သောက်တာပါ။ တခြား ဘာတွေမှ မရှိပါဘူး"

မြန်မာ ဘီယာ အပါအဝင် အဖျော်ယမကာတွေ ထုတ်တဲ့ မြန်မာ ဘရူဝါရီ လုပ်ငန်းကြီးကို စစ်တပ်ရဲ့ လုပ်ငန်းကြီး ဖြစ်တဲ့ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်နဲ့ ဂျပန် အဖျော်ယမကာ လုပ်ငန်းကြီး Kirin တို့ ဖက်စပ် လုပ်ကိုင်ခဲ့ကြတာ ဖြစ်ပြီး Kirin လုပ်ငန်းကြီးရဲ့ ၂၀၁၈ ခုနှစ်ထုတ် စာရင်းမှာတော့ ဈေးကွက် ဝေစု ၈၀ ရာခိုင်နှုန်း နီးပါး ရရှိကြောင်း ဖော်ပြခဲ့တာပါ။

ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ Covid ကပ်ဘေးရောဂါ လနဲ့ချီ ဖြစ်ပွားခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် အတွင်း စစ်အာဏာသိမ်းမှုကြောင့် အဟန့်အတားတွေ ဖြစ်ခဲ့ရပြီး အဲဒီနှစ်ကုန်ပိုင်း အကျိုးအမြတ်ဟာ ဂျပန်ယန်း ၆ ဒသမ ၆ ဘီလျံသာ ရရှိခဲ့ပါတယ်။

ဒီမတိုင်ခင်နှစ်က အကျိုးအမြတ် ဂျပန်ယန်း ၁၃ ဒသမ ၈ ဘီလျံထိ ရခဲ့တာပါ။ စစ်တပ် လုပ်ငန်းကြီးနဲ့ ဖက်စပ်လုပ်တာကို ဖျက်သိမ်းဖို့ လနဲ့ချီ ကြိုးစားခဲ့ပြီး၊ အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေကလည်း ဖိအားပေးကြတာနဲ့ အတူဘဲ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လမှာတော့ ဂျပန် လုပ်ငန်းကြီးက မြန်မာနိုင်ငံကနေ ထွက်ခွာမယ့် အကြောင်း ကြေညာခဲ့ပါတယ်။

ဒီကြေညာချက်ကြောင့်ရော၊ နောက် မြန်မာ ဘီယာ အပေါ် သပိတ်မှောက်မှုတွေကြောင့်ရော ပြိုင်ဘက်တွေ ဖြစ်တဲ့ Heineken ၊ Carlsberg နဲ့ ထိုင်းနိုင်ငံထုတ် ဘီယာ Chang တို့က လစ်ဟာသွားမယ့် ဈေးကွက်ထဲကို ဝင်ရောက်ဖို့ စိုင်းပြင်းနေကြပါတယ်။

အထူးသဖြင့် မြို့ကြီးတွေရဲ့ မြန်မာဘီယာရဲ့ ဈေးကွက် ဝေစုကို ဒီ ဘီယာ အမှတ်တံဆိပ် သုံးခုက ရလာနေတယ်လို့လည်း ရန်ကုန် အခြေစိုက် ဈေးကွက် လေ့လာသူ တဦးက ပြောပါတယ်။ သူ့နာမည်ရင်းကိုတော့ မသုံးစေချင်ကြောင်းလည်း ပြောပါတယ်။

Carlsberg ဘီယာဘက်က မှတ်ချက် ရဖို့ AFP က ဆက်သွယ်ခဲ့သလိုဘဲ Heineken ဘီယာ ရဲ့ အမည်မဖော်တဲ့ တာဝန်ရှိသူ တဦးကတော့ စားသုံးသူတွေရဲ့ ဝယ်ယူမှု အလေ့အကျင့်နဲ့ ပတ်သက်လို့ သုံးသပ် ပြောဆိုဖို့ စောလွန်းနေသေးကြောင်း ပြောပါတယ်။

XS
SM
MD
LG