သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီအေပၚ ႏိုင္ငံတကာမွာ တရားစြဲဆိုဖို႔ ျပင္ဆင္လုပ္ေဆာင္မႈမ်ား


ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းမႈ ဆန္႔က်င္တဲ့ ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြကို အၾကမ္းဖက္ ၿဖဳိခြင္းေနတဲ့ စစ္ေကာင္စီတပ္ဖြဲ႔ဝင္မ်ား။ (မတ္ ၁၁၊ ၂၀၂၁)

(Zawgyi / Unicode)

စစ္အာဏာသိမ္းခံထားရတဲ့ ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြနဲ႔ ညႇဥ္းပန္းႏွိပ္စက္ သတ္ျဖတ္မႈေတြအတြက္ အာဏာသိမ္း စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ကေန ေအာက္ေျခအဆင့္ တပ္မွဴးေတြအထိ ၾသစေၾတးလ်မွာ တရားစြဲဆိုႏိုင္ေရး NUG ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရ အေနနဲ႔ ႀကိဳးပမ္းေနသလို စစ္ေကာင္စီကို စစ္ရာဇဝတ္မႈနဲ႔ တရားစြဲဆိုႏိုင္ေရး တူရကီႏိုင္ငံမွာ တရားရံုးတင္ႏိုင္ဖို႔ ျပင္ဆင္ေနၾကပါတယ္။ ျပည္ပႏိုင္ငံတခ်ိဳ႕မွာ အခုလို စစ္ေကာင္စီကို တရားစြဲဆိုဖို႔ ျပင္ဆင္ေနတဲ့အေပၚ ကိုယ္တိုင္ႀကံဳေတြ႔ ခံစားခဲ့ရတဲ့ ျမန္မာျပည္သူတခ်ိဳ႕နဲ႔ ျပည္တြင္းဥပေဒေရးရာပညာရွင္၊ NUG ရဲ႕ လူ႔အခြင့္အေရးဆိုင္ရာ ဝန္ႀကီးတို႔ကို မဆုမြန္က ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

ဒီႏွစ္ မတ္လလယ္ေလာက္ကပဲ စစ္အာဏာသိမ္းခံထားရတဲ့ ျမန္မာႏိုင္ငံက အာဏာသိမ္း စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးကေန တပ္မွဴးေတြအထိ စစ္ရာဇဝတ္မႈနဲ႔ ၾသစေၾတးလ်ႏိုင္ငံမွာ တရားစြဲဆိုဖို႔ ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) က ျပင္ဆင္ေနတာ ျဖစ္ပါတယ္။ ၾသစေၾတးလ် ႏိုင္ငံဆိုင္ရာ NUG ကိုယ္စားလွယ္ ေဒါက္တာထြန္းေအာင္ေရႊကေန တရားလိုအျဖစ္ ၾသစေၾတးလ် တရားဥပေဒေအာက္မွာ စြဲဆိုမွာျဖစ္ၿပီး ၾသစေၾတးလ်အစိုးရရဲ႕ ေရွ႕ေနခ်ဳပ္႐ုံးက ေထာက္ခံရမွာျဖစ္သလို အဲဒီအမႈကို စုံစမ္းစစ္ေဆးရမယ့္ အဖြဲ႔က ၾသစေၾတးလ် ဖက္ဒရယ္ရဲတပ္ဖြဲ႔ ျဖစ္ပါတယ္။

မေရွးမေႏွာင္းမွာပဲ စစ္ေကာင္စီကို ရာဇဝတ္မႈနဲ႔ တူရကီႏိုင္ငံ အစၥတန္ဘူလ္ၿမိဳ႕က အစိုးရေရွ႕ေန႐ုံးမွာ အမႈတင္ဖို႔ “ျမန္မာႏိုင္ငံ တာဝန္ခံမႈစီမံခ်က္” လို႔ အဓိပၸါယ္ရတဲ့ Myanmar Accountability Project - MAP အဖြဲ႔ကလည္း ျပင္ဆင္ေနပါတယ္။ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ အာဏာစသိမ္းခ်ိန္ကတည္းက စလို႔ တိုင္းျပည္အတြင္းမွာ က်ဴးလြန္ခဲ့တဲ့ ရာဇဝတ္မႈေတြ အထူးသျဖင့္ ေရၾကည္အိုင္လို စစ္ေၾကာေရးစခန္းေတြမွာ အာဏာသိမ္းမႈ ဆန္႔က်င္တဲ့ ဒီမိုကေရစီ အင္အားစုေတြနဲ႔ ျပည္သူလူထုကို အသက္ေသတဲ့အထိ ညႇဥ္းပန္းႏွိပ္စက္ခဲ့တဲ့ အမႈေတြနဲ႔ ပတ္သက္လို႔ ႏိုင္ငံျပင္ပ တရား႐ုံးမွာ တင္တဲ့ ပထမဆုံးအမႈ ျဖစ္ပါတယ္လို႔ MAP အဖြဲ႔ ၫႊန္ၾကားေရးမွဴး Chris Gunness က ဗြီအိုေအကို ေျပာထားပါတယ္။ ညႇဥ္းပန္းႏွိပ္စက္ခဲ့သူေတြရဲ႕ အမည္ရာထူး စာရင္းကို တူရကီတရား႐ုံးကို ပို႔ေပးမွာျဖစ္ၿပီး ႏိုင္ငံတကာရဲတပ္ဖြဲ႔က သူတို႔ကို ဖမ္းဆီးေပးဖို႔လည္း ေတာင္းဆိုထားတာ ျဖစ္ပါတယ္။

အခုလို စစ္အာဏာသိမ္းခံထားရခ်ိန္ ျပည္သူေတြအေပၚ တရားလက္လြတ္ ညႇဥ္းပန္းႏွိပ္စက္ သတ္ျဖတ္မႈေတြအေပၚ ႏိုင္ငံတကာမွာ စစ္ရာဇဝတ္မႈနဲ႔ ႏိုင္ငံအလိုက္ တရားစီရင္မႈ လုပ္ထံုးလုပ္နည္းနဲ႔အညီ စစ္ေကာင္စီကို တရားစြဲဆိုႏိုင္ေရး ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) အေနနဲ႔ တရားစြဲဆိုႏိုင္ေရး ပါဝင္ ေဆာင္ရြက္ေပးေနပါတယ္။ ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရ အေနနဲ႔ တရားစြဲဆိုႏိုင္ေရး လိုအပ္တဲ့ အခ်က္အလက္ မွတ္တမ္းေတြကို တရားခြင္မွာ တင္ျပႏိုင္ဖို႔ ပ့ံပိုးေပးႏိုင္ေရး အပါအဝင္ သက္ေသလိုက္ေပးဖို႔လည္း ျပင္ဆင္ထားတယ္လို႔ NUG ရဲ႕ လူ႔အခြင့္အေရးဝန္ႀကီး ဦးေအာင္မ်ိဳးမင္းက ဗြီအိုေအျမန္မာပိုင္းကို အခုလို ေျပာျပပါတယ္။

“Universal jurisdiction သူ႔ႏုိင္ငံအလိုက္ ခြင့္ျပဳထားတဲ့ လုပ္ထုံးလုပ္နည္းအရ စစ္ေကာင္စီရဲ႕ အၾကမ္းဖက္လုပ္ရပ္ကို တရားစြဲဖို႔ ျပင္ဆင္ေနတာ အေျခအေနအမ်ိဳးမ်ိဳး ရွိပါတယ္။ ဥပမာ ၾသစေၾတးလ်မွာဆိုရင္ NUG ကိုယ္စားလွယ္ေတြကပဲ ဦးေဆာင္ၿပီး တရားစြဲဆိုဖို႔ ျပင္ဆင္ေနတာ ရွိပါတယ္။ အခုလို ႏိုင္ငံအလိုက္ တရားစြဲဆိုဖို႔ လုပ္ေနတာေတြကိုလည္း က်ေနာ္တို႔ ေထာက္ခံပါတယ္။ တရားစြဲဆိုဖို႔ လိုအပ္တဲ့ အခ်က္အလက္ေတြ က်ေနာ္တို႔ကို ေတာင္းခံလာတာကိုလည္း က်ေနာ္တို႔က စုေဆာင္းထားတဲ့ဟာေတြကို ေပးတာရွိပါတယ္။ ထပ္ၿပီး ႀကိဳးစားေနတဲ့ ၾသစေၾတးလ်ကိစၥမွာဆိုရင္ အဲ့ႏိုင္ငံမွာရွိတဲ့ NUG ကိုယ္စားလွယ္ကေန ဦးေဆာင္ၿပီးေတာ့ ဥပေဒပညာရွင္ေတြကလည္း နည္းလမ္းရွာမယ္၊ အဲ့ေတာ့ လုပ္ထုံးလုပ္နည္းအရ ကိုယ္တိုင္ႀကဳံေတြ႔ ခံစားခဲ့ရသူ သူတို႔က တရားစြဲမလား၊ ဒါမွမဟုတ္ သူတို႔ကိုယ္တိုင္ တရားစြဲခြင့္ရွိလားဆိုတဲ့ လုပ္ထုံးလုပ္နည္းကိုေတာ့ သူ႔ႏိုင္ငံမွာ တည္ရွိထားတဲ့ ဥပေဒ လုပ္ထံုးလုပ္နည္းအတိုင္း က်ေနာ္တို႔ လုပ္ေဆာင္မွာပါ။ အဲ့ေတာ့ တကယ္လို႔မ်ား ကိုယ္တိုင္စြဲလို႔ရမယ္၊ သို႔မဟုတ္ အဲဒီႏိုင္ငံသားတဦးဦးက စြဲမယ္၊ NUG က ေထာက္ပံ့ေပးဆိုလည္း ရတဲ့ သတင္းအခ်က္အလက္ေတြ အကုန္ေထာက္ပံ့ေပးပါမယ္။ ဒါမွမဟုတ္ က်ဴးလြန္မႈေတြကို သက္ေသလိုက္ေပးပါ၊ ထြက္ဆိုခ်က္ေတြ ထြက္ဆိုေပးပါဆိုလည္း ဒါမ်ိဳးေတြကို လုပ္ေဆာင္သြားဖို႔ အဆင္သင့္ရွိပါတယ္ခင္ဗ်။”

စစ္အာဏာသိမ္းထားတဲ့ ျမန္မာႏုိင္ငံထဲ အထူးသျဖင့္ ခ်င္းျပည္နယ္၊ ကယားျပည္နယ္၊ စစ္ကိုင္းတုိင္းနဲ႔ မေကြးတိုင္း စတဲ့ေဒသေတြက အိုးအိမ္ေတြ မီးရွိႈ႕ဖ်က္ဆီးခံရမႈ၊ လူတခ်ိဳ႕ အသတ္ျဖတ္ခံရမႈေတြနဲ႔ ပတ္သက္ၿပီး ႏိုင္ငံတခ်ိဳ႕မွာ စစ္ေကာင္စီကို တရားစြဲဆိုႏုိင္ဖို႔ ျပင္ဆင္ေနတာပါ။ ဒီအေပၚ ရြာမီးရွိႈ႕ခံခဲ့ရတဲ့ စစ္ကိုင္းတုိင္း ပုလဲၿမိဳ႕နယ္ ေနွာရိုးရြာက ျပည္သူတဦးက နစ္နာခဲ့ရသူ ျပည္သူေတြအတြက္ တရားမွ်တမႈ ရခ်င္ပါတယ္လို႔ ဗီြအိုေအကို အခုလိုေျပာပါတယ္။

“အိုးအိမ္ေလးတလုံး ေနထိုင္ႏုိင္ဖို႔ရာ အမ်ားႀကီး တည္ေဆာက္ခဲ့ရပါတယ္။ အဲ့ဒါေတြ ဆုံးရႈံးမႈေတြ အတြက္လည္း တရားဥပေဒအရ ေျဖရွင္းေပးေစခ်င္တယ္။ ေနာက္ၿပီးေတာ့ က်ေနာ္တို႔ ေနွာ႐ုိးဆိုတာက ရြာသာႀကီးတာ၊ PDF ဆုိတာလည္း မရွိသေလာက္ပဲ၊ အဲ့ဒါကို ဘာမွမလုပ္တဲ့ ရြာကိုလည္း သူတို႔က အလဟႆ မီးရွိႈ႕တာပဲ။ အဲ့ဒါမ်ိဳးေတြကို သူတို႔ကို တရားဥပေဒေၾကာင္းအရ ထိုက္တန္တဲ့အျပစ္ရဖို႔၊ ေနာက္ဆုံးက်ရင္ အေနအထားတခုေရာက္ရင္ လုပ္ေပးေစခ်င္တယ္ဗ်။ က်ေနာ္တို႔ ရြာေတြကလည္း ခံထားရတာဆိုေတာ့ ေနာက္ရြာေတြကိုလည္း ဆက္မျဖစ္ေစခ်င္ဘူး။ အခုဆိုရင္ ၾကားေနရတယ္၊ ဘယ္ရြာေတြ ဘယ္ရြာေတြကို ထပ္မီးရွိႈ႕မယ္၊ က်န္တဲ့အိမ္ေတြ မီးရွိႈ႕မယ္ဆိုၿပီး လူေတြကလည္း မေနရဲၾကေတာ့ဘူးေလ။ သူတို႔ရဲ႕ စီမံကိန္းေတြ ပလမ္ေတြဆိုေတာ့ အဲ့ဒါမ်ိဳးေတြ ထပ္မျဖစ္ေအာင္ ႏိုင္ငံတကာအေနနဲ႔ တားေပးေစခ်င္တယ္ေပါ့ဗ်ာ။ ထိုက္တန္တဲ့ျပစ္ဒဏ္၊ ထိုက္တန္တဲ့ နစ္နာေၾကးေတြ ခံခဲ့ရတဲ့ရြာေတြကို လုပ္ေပးေစခ်င္တယ္ က်ေနာ္ကေတာ့။ ဒီလို လူမဆန္တဲ့ လုပ္ရပ္ေတြကို လုပ္ထားတဲ့သူေတြ ျပစ္မႈက်ဴးလြန္ထားတဲ့ သူေတြကို တာဝန္ယူမႈ တာဝန္ခံမႈ ျပန္လုပ္ေပးဖို႔ ေတာင္းဆိုခ်င္တယ္ခင္ဗ်။”

စစ္ကိုင္းတိုင္းဘက္မွာ စစ္ေကာင္စီတပ္ရဲ႕ တိုက္ခိုက္မႈေတြေၾကာင့္ ေက်းရြာေတြမွာ ေနအိမ္ေတြ မီးရွိႈ႕ဖ်က္ဆီးခံရလို႔ အသက္လုေျပးခဲ့ရတဲ့ စစ္ေရွာင္ျပည္သူေတြထဲက ျပည္သူတဦးကေတာ့ အခုလိုေျပာပါတယ္။

“စစ္ခုံ႐ုံးေတြ ဘာေတြ တင္တာေတြ နားမလည္ပါဘူး။ အစ္မတို႔ကေတာ့ ေအးေအးခ်မ္းခ်မ္းပဲ ေနခ်င္တာေပါ့ သမီးရယ္။ နားလည္းမလည္ေတာ့ ကိုယ့္အလုပ္ေလးပဲ ကိုယ္လုပ္၊ ကိုယ့္စိုက္ပ်ိဳးေရးပဲ ကိုယ္လုပ္၊ ကိုယ့္ႏြားေလးေတြ ရွိတာနဲ႔ ထြန္ယက္စားေသာက္ ဒီလိုပဲ ေနခ်င္တာပါပဲ။”

ျပည္သူေတြထဲ ေအးခ်မ္းတည္ၿငိမ္စြာ ေနလိုသူေတြ ရွိသလို စစ္အာဏာရွင္ အျမစ္ျပတ္ေခ်မႈန္းေရး ျပည္သူေတြက ရရာလက္နက္စြဲကိုင္ တိုက္ပြဲဝင္သြားဖို႔လည္း ဆႏၵရွိသူေတြက ရွိပါတယ္။

“ဘယ္လိုေျပာရမလဲဗ်ာ က်ေနာ္တို႔မွာလည္း ေနထိုင္္စရာေတြလည္း မရွိေတာ့တဲ့ အေနအထားဆိုေတာ့ ကာကြယ္ေရးတပ္ေတြနဲ႔ ပူးေပါင္းၿပီး သူတို႔မက်မခ်င္း တိုက္မယ္ဆိုတဲ့ စိတ္ဓာတ္မ်ိဳးပဲ ေမြးသြားေတာ့တာပဲဗ်။”

ႏိုင္ငံတကာမွာ တရားစြဲသလို ျမန္မာႏိုင္ငံထဲမွာေရာ စစ္တပ္နဲ႔ လုံၿခံဳေရးတပ္ဖြဲ႔ဝင္ေတြရဲ႕ ညႇဥ္းပန္းႏွိပ္စက္မႈကို ခံခဲ့ရတဲ့ ျပည္သူလူထုဘက္က စစ္ေကာင္စီကို တရားစြဲဆိုႏိုင္ခြင့္ ရွိပါသလား။ ျပည္သူေတြကို မတရားပုဒ္မမ်ိဳးစုံနဲ႔ တရားစြဲဆို ေထာင္ခ်ေနတဲ့ စစ္အုပ္ခ်ဳပ္ေရးကာလမွာ စစ္ေကာင္စီကို တရားစြဲဆိုဖို႔က လမ္းစမျမင္ေသးဘူးလို႔ ျမန္မာႏိုင္ငံ ေရွ႕ေနမ်ားကြန္ရက္ ဥကၠ႒ ေရွ႕ေနႀကီး ဦးႀကီးျမင့္က ဆိုပါတယ္။

“ေလာေလာဆယ္မွာ လမ္းစ လုံးဝပိတ္ေနတယ္။ တရားဥပေဒဆိုတဲ့ စကားလုံးကို ျမန္မာျပည္မွာ အခုအခ်ိန္မွာ ေျပာဖို႔ အခ်ိန္အခါ မသင့္ေသးဘူး။ ဘယ္လိုေျပာရမလဲဆိုေတာ့ တရားဥပေဒဆိုတဲ့ စကားလုံးက သူတို႔အတြက္ ရယ္စရာျပက္လုံးလို ျဖစ္ေနတာေပါ့ေနာ္။ အခု အမႈေတြ စီရင္ေနတာ ဆုံးျဖတ္ေနတာေတြကို က်ေနာ္တို႔ ဥပေဒသမားေတြ အျမင္အရ ၾကည့္မယ္ဆိုရင္ လုံးဝ သုညပဲေပါ့ေနာ္။ ႏိုင္ငံေတာ္မွာ ခိုးမႈေတြ၊ လုယက္မႈေတြ၊ မုဒိမ္းမႈေတြ၊ လူသတ္မႈေတြ ပိုၿပီးေတာ့ မ်ားလာစရာရွိတယ္။ ထိထိေရာက္ေရာက္ အေရးယူမွာလည္း မဟုတ္ေတာ့ဘူး။ တရားရံုးေတြကလည္း အခုလို ႏိုင္ငံေတာ္အစိုးရက လုပ္လိုက္လို႔ နစ္နာခဲ့ရတဲ့ သူေတြက လုပ္မယ္ဆိုရင္လည္း တရားသူႀကီးက အမ္မေလး အမ္မေလး ဆိုၿပီး တခါတည္း တန္းပယ္ခ်မွာ။ အခုအခ်ိန္မွာ အခါအခြင့္ မသင့္ေသးဘူး။ အျဖစ္အပ်က္ေတြကို အန္ဂ်ီအိုေတြ စီအက္စ္အိုေတြဆီပို႔ထား၊ ကိုယ့္ဆီလည္း သိမ္းထား၊ အဲ့သိမ္းထားလည္း ေတာ္ၾကာ အဖမ္းခံေနရဦးမယ္။ လုံလုံၿခဳံၿခဳံထား မိတၱဴေတြကိုေတာ့ ပို႔ထားေပါ့ဗ်ာ။ ပို႔ထားတယ္ဆိုရင္ ႏိုင္ငံတကာခုံ႐ုံးေတြမွာ အေထာက္အကူ ရတာေပါ့ဗ်ာ။ ႏိုင္ငံတကာအဖြဲ႕အစည္းေတြ အတြက္ေရာ NUG အစိုးရအတြက္လည္း အေထာက္အကူရတာေပါ့။”

ဒါေၾကာင့္ စစ္ေကာင္စီရဲ႕လက္ခ်က္နဲ႔ အသတ္ျဖတ္ခံထားရသူေတြ၊ ဖမ္းဆီးခံရခ်ိန္အတြင္း မတရား ညွဥ္းပန္းႏွိပ္စက္ခံရမႈေတြ အပါအဝင္ အိုးအိမ္ေတြ မီးရွႈိ႕ဖ်က္ဆီးခံခဲ့ရတာ၊ အၾကမ္းဖက္ဥပေဒနဲ႔ အဓမၼ သိမ္းဆည္းခံရမႈေတြ စသျဖင့္ ျပည္သူေတြအေနနဲ႔ မိမိတို႔အေပၚ က်ဴးလြန္ခံရမႈေတြကို အခ်ိန္ ေနရာ သက္ေသ အေထာက္အထား အျပည့္အစုံနဲ႔ NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရထံ တိုင္ၾကားေပးပို႔ႏိုင္တယ္လို႔လည္း NUG လူ႔အခြင့္အေရးဝန္ႀကီးက တိုက္တြန္းပါတယ္။

“တဦးတေယာက္ခ်င္း ႀကံဳေတြ႔ရတဲ့ အျဖစ္အပ်က္ေတြကို လူ႔အခြင့္အေရးဝန္ႀကီးဌာနရဲ႕ ေပ့ခ်္မွာ ေဖ့စ္ဘြတ္ခ္အေကာင့္မွာ က်ေနာ္တို႔ကို ေပးပို႔လို႔ရပါတယ္။ ေနာက္တခုက တိုင္ၾကားမႈအရ ဆက္သြယ္ေရးလမ္းေၾကာင္းေတြ ဖြင့္ေပးထားပါတယ္။ NUG ကိုလည္း တိုက္႐ိုက္ တုိင္ၾကားလို႔ရပါတယ္။ လိုအပ္ရင္ လိုအပ္သလို က်ေနာ္တု႔ိဘက္က ျပန္ၿပီးေတာ့ ေမးျမန္းတာ၊ ေနာက္ ကုလသမဂၢရဲ႕ ျမန္မာႏုိင္ငံဆိုင္ရာ လြတ္လပ္တဲ့ စုံစမ္းစစ္ေဆးေရး ယႏၲရား IIMM လို႔ေခၚတဲ့ ယႏၲရားကို ေပးပို႔တာလည္း ရွိတယ္။ ဒီလို ေပးပို႔လာတဲ့ အခ်က္ေတြကို သက္ေသအေထာက္အထားအျဖစ္ စုေဆာင္းထားတာလည္း ရွိပါတယ္။”

စစ္အာဏာသိမ္းခံထားရတဲ့ ျမန္မာႏုိင္ငံတဝန္း အခုခ်ိန္အထိ ေဘးလြတ္ရာကို ထြက္ေျပး တိမ္းေရွာင္ေနရတဲ့ စစ္ေျပးဒုကၡသည္ေတြ၊ ျပည္သူေတြ အခက္အခဲ စိန္ေခၚမႈမ်ိဳးစုံနဲ႔ ရင္ဆိုင္ေနရခ်ိန္လည္း ျဖစ္ပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္တခ်ိဳ႕မွာ အၾကမ္းဖက္ အဖြဲ႔အစည္းလို႔ စစ္ေကာင္စီဘက္က ေျပာဆိုထားတဲ့ အဖြဲ႔ေတြဘက္က ေနအိမ္ေတြကို မီးရွိႈ႕တာ၊ စစ္တပ္အားေပး အစိုးရသတင္းေပး ဆိုၿပီး ျပည္သူတခ်ိဳ႕ အသတ္ျဖတ္ခံထားရတာေတြ ရွိေနေၾကာင္း တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ကေန ေန႔စဥ္လို သတင္းဓာတ္ပုံေတြနဲ႔တကြ သတင္းထုတ္ျပန္ေနပါတယ္။ အခုလို တုိင္းျပည္မွာ တရားဥပေဒစိုးမိုးမႈ၊ နယ္ေျမတည္ၿငိမ္ေအးခ်မ္းေရးနဲ႔ အမ်ားျပည္သူ အသက္အိုးအိမ္စည္းစိမ္ လုံၿခံဳမႈဟာ စစ္အာဏာသိမ္းကာလမွာ အလြန္အမင္း အႏၱရာယ္ႀကီးတဲ့ အေနအထား ေရာက္ေနၿပီ ဆိုတာကိုလည္း ႏုိင္ငံတကာနဲ႔ အကူအညီေပးေရး အဖြဲ႔အစည္းေတြနဲ႔ ႏိုင္ငံေရးပါတီတခ်ိဳ႕ ဘက္ကလည္း စိုးရိမ္ေၾကာင္း ေၾကညာခ်က္ေတြ ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

စစ်ကောင်စီအပေါ် နိုင်ငံတကာမှာ တရားစွဲဆိုဖို့ ပြင်ဆင်လုပ်ဆောင်မှုများ

စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကနေ အောက်ခြေအဆင့် တပ်မှူးတွေအထိ သြစတြေးလျမှာ တရားစွဲဆိုနိုင်ရေး NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ ကြိုးပမ်းနေသလို စစ်ကောင်စီကို စစ်ရာဇဝတ်မှုနဲ့ တရားစွဲဆိုနိုင်ရေး တူရကီနိုင်ငံမှာ တရားရုံးတင်နိုင်ဖို့ ပြင်ဆင်နေကြပါတယ်။ ပြည်ပနိုင်ငံတချို့မှာ အခုလို စစ်ကောင်စီကို တရားစွဲဆိုဖို့ ပြင်ဆင်နေတဲ့အပေါ် ကိုယ်တိုင်ကြုံတွေ့ ခံစားခဲ့ရတဲ့ မြန်မာပြည်သူတချို့နဲ့ ပြည်တွင်းဥပဒေရေးရာပညာရှင်၊ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးတို့ကို မဆုမွန်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဒီနှစ် မတ်လလယ်လောက်ကပဲ စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံက အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးကနေ တပ်မှူးတွေအထိ စစ်ရာဇဝတ်မှုနဲ့ သြစတြေးလျနိုင်ငံမှာ တရားစွဲဆိုဖို့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြင်ဆင်နေတာ ဖြစ်ပါတယ်။ သြစတြေးလျ နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေကနေ တရားလိုအဖြစ် သြစတြေးလျ တရားဥပဒေအောက်မှာ စွဲဆိုမှာဖြစ်ပြီး သြစတြေးလျအစိုးရရဲ့ ရှေ့နေချုပ်ရုံးက ထောက်ခံရမှာဖြစ်သလို အဲဒီအမှုကို စုံစမ်းစစ်ဆေးရမယ့် အဖွဲ့က သြစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့ ဖြစ်ပါတယ်။

မရှေးမနှောင်းမှာပဲ စစ်ကောင်စီကို ရာဇဝတ်မှုနဲ့ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့က အစိုးရရှေ့နေရုံးမှာ အမှုတင်ဖို့ “မြန်မာနိုင်ငံ တာဝန်ခံမှုစီမံချက်” လို့ အဓိပ္ပါယ်ရတဲ့ Myanmar Accountability Project - MAP အဖွဲ့ကလည်း ပြင်ဆင်နေပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာစသိမ်းချိန်ကတည်းက စလို့ တိုင်းပြည်အတွင်းမှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ အထူးသဖြင့် ရေကြည်အိုင်လို စစ်ကြောရေးစခန်းတွေမှာ အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ ပြည်သူလူထုကို အသက်သေတဲ့အထိ ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ အမှုတွေနဲ့ ပတ်သက်လို့ နိုင်ငံပြင်ပ တရားရုံးမှာ တင်တဲ့ ပထမဆုံးအမှု ဖြစ်ပါတယ်လို့ MAP အဖွဲ့ ညွှန်ကြားရေးမှူး Chris Gunness က ဗွီအိုအေကို ပြောထားပါတယ်။ ညှဉ်းပန်းနှိပ်စက်ခဲ့သူတွေရဲ့ အမည်ရာထူး စာရင်းကို တူရကီတရားရုံးကို ပို့ပေးမှာဖြစ်ပြီး နိုင်ငံတကာရဲတပ်ဖွဲ့က သူတို့ကို ဖမ်းဆီးပေးဖို့လည်း တောင်းဆိုထားတာ ဖြစ်ပါတယ်။

အခုလို စစ်အာဏာသိမ်းခံထားရချိန် ပြည်သူတွေအပေါ် တရားလက်လွတ် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအပေါ် နိုင်ငံတကာမှာ စစ်ရာဇဝတ်မှုနဲ့ နိုင်ငံအလိုက် တရားစီရင်မှု လုပ်ထုံးလုပ်နည်းနဲ့အညီ စစ်ကောင်စီကို တရားစွဲဆိုနိုင်ရေး ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ တရားစွဲဆိုနိုင်ရေး ပါဝင် ဆောင်ရွက်ပေးနေပါတယ်။ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ တရားစွဲဆိုနိုင်ရေး လိုအပ်တဲ့ အချက်အလက် မှတ်တမ်းတွေကို တရားခွင်မှာ တင်ပြနိုင်ဖို့ ပံ့ပိုးပေးနိုင်ရေး အပါအဝင် သက်သေလိုက်ပေးဖို့လည်း ပြင်ဆင်ထားတယ်လို့ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဗွီအိုအေမြန်မာပိုင်းကို အခုလို ပြောပြပါတယ်။

“Universal jurisdiction သူ့နိုင်ငံအလိုက် ခွင့်ပြုထားတဲ့ လုပ်ထုံးလုပ်နည်းအရ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်ကို တရားစွဲဖို့ ပြင်ဆင်နေတာ အခြေအနေအမျိုးမျိုး ရှိပါတယ်။ ဥပမာ သြစတြေးလျမှာဆိုရင် NUG ကိုယ်စားလှယ်တွေကပဲ ဦးဆောင်ပြီး တရားစွဲဆိုဖို့ ပြင်ဆင်နေတာ ရှိပါတယ်။ အခုလို နိုင်ငံအလိုက် တရားစွဲဆိုဖို့ လုပ်နေတာတွေကိုလည်း ကျနော်တို့ ထောက်ခံပါတယ်။ တရားစွဲဆိုဖို့ လိုအပ်တဲ့ အချက်အလက်တွေ ကျနော်တို့ကို တောင်းခံလာတာကိုလည်း ကျနော်တို့က စုဆောင်းထားတဲ့ဟာတွေကို ပေးတာရှိပါတယ်။ ထပ်ပြီး ကြိုးစားနေတဲ့ သြစတြေးလျကိစ္စမှာဆိုရင် အဲ့နိုင်ငံမှာရှိတဲ့ NUG ကိုယ်စားလှယ်ကနေ ဦးဆောင်ပြီးတော့ ဥပဒေပညာရှင်တွေကလည်း နည်းလမ်းရှာမယ်၊ အဲ့တော့ လုပ်ထုံးလုပ်နည်းအရ ကိုယ်တိုင်ကြုံတွေ့ ခံစားခဲ့ရသူ သူတို့က တရားစွဲမလား၊ ဒါမှမဟုတ် သူတို့ကိုယ်တိုင် တရားစွဲခွင့်ရှိလားဆိုတဲ့ လုပ်ထုံးလုပ်နည်းကိုတော့ သူ့နိုင်ငံမှာ တည်ရှိထားတဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းအတိုင်း ကျနော်တို့ လုပ်ဆောင်မှာပါ။ အဲ့တော့ တကယ်လို့များ ကိုယ်တိုင်စွဲလို့ရမယ်၊ သို့မဟုတ် အဲဒီနိုင်ငံသားတဦးဦးက စွဲမယ်၊ NUG က ထောက်ပံ့ပေးဆိုလည်း ရတဲ့ သတင်းအချက်အလက်တွေ အကုန်ထောက်ပံ့ပေးပါမယ်။ ဒါမှမဟုတ် ကျူးလွန်မှုတွေကို သက်သေလိုက်ပေးပါ၊ ထွက်ဆိုချက်တွေ ထွက်ဆိုပေးပါဆိုလည်း ဒါမျိုးတွေကို လုပ်ဆောင်သွားဖို့ အဆင်သင့်ရှိပါတယ်ခင်ဗျ။”

စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံထဲ အထူးသဖြင့် ချင်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း စတဲ့ဒေသတွေက အိုးအိမ်တွေ မီးရှှို့ဖျက်ဆီးခံရမှု၊ လူတချို့ အသတ်ဖြတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတချို့မှာ စစ်ကောင်စီကို တရားစွဲဆိုနိုင်ဖို့ ပြင်ဆင်နေတာပါ။ ဒီအပေါ် ရွာမီးရှှို့ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် နှောရိုးရွာက ပြည်သူတဦးက နစ်နာခဲ့ရသူ ပြည်သူတွေအတွက် တရားမျှတမှု ရချင်ပါတယ်လို့ ဗွီအိုအေကို အခုလိုပြောပါတယ်။

“အိုးအိမ်လေးတလုံး နေထိုင်နိုင်ဖို့ရာ အများကြီး တည်ဆောက်ခဲ့ရပါတယ်။ အဲ့ဒါတွေ ဆုံးရှုံးမှုတွေ အတွက်လည်း တရားဥပဒေအရ ဖြေရှင်းပေးစေချင်တယ်။ နောက်ပြီးတော့ ကျနော်တို့ နှောရိုးဆိုတာက ရွာသာကြီးတာ၊ PDF ဆိုတာလည်း မရှိသလောက်ပဲ၊ အဲ့ဒါကို ဘာမှမလုပ်တဲ့ ရွာကိုလည်း သူတို့က အလဟဿ မီးရှှို့တာပဲ။ အဲ့ဒါမျိုးတွေကို သူတို့ကို တရားဥပဒေကြောင်းအရ ထိုက်တန်တဲ့အပြစ်ရဖို့၊ နောက်ဆုံးကျရင် အနေအထားတခုရောက်ရင် လုပ်ပေးစေချင်တယ်ဗျ။ ကျနော်တို့ ရွာတွေကလည်း ခံထားရတာဆိုတော့ နောက်ရွာတွေကိုလည်း ဆက်မဖြစ်စေချင်ဘူး။ အခုဆိုရင် ကြားနေရတယ်၊ ဘယ်ရွာတွေ ဘယ်ရွာတွေကို ထပ်မီးရှှို့မယ်၊ ကျန်တဲ့အိမ်တွေ မီးရှှို့မယ်ဆိုပြီး လူတွေကလည်း မနေရဲကြတော့ဘူးလေ။ သူတို့ရဲ့ စီမံကိန်းတွေ ပလမ်တွေဆိုတော့ အဲ့ဒါမျိုးတွေ ထပ်မဖြစ်အောင် နိုင်ငံတကာအနေနဲ့ တားပေးစေချင်တယ်ပေါ့ဗျာ။ ထိုက်တန်တဲ့ပြစ်ဒဏ်၊ ထိုက်တန်တဲ့ နစ်နာကြေးတွေ ခံခဲ့ရတဲ့ရွာတွေကို လုပ်ပေးစေချင်တယ် ကျနော်ကတော့။ ဒီလို လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်ထားတဲ့သူတွေ ပြစ်မှုကျူးလွန်ထားတဲ့ သူတွေကို တာဝန်ယူမှု တာဝန်ခံမှု ပြန်လုပ်ပေးဖို့ တောင်းဆိုချင်တယ်ခင်ဗျ။”

စစ်ကိုင်းတိုင်းဘက်မှာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ကျေးရွာတွေမှာ နေအိမ်တွေ မီးရှှို့ဖျက်ဆီးခံရလို့ အသက်လုပြေးခဲ့ရတဲ့ စစ်ရှောင်ပြည်သူတွေထဲက ပြည်သူတဦးကတော့ အခုလိုပြောပါတယ်။

“စစ်ခုံရုံးတွေ ဘာတွေ တင်တာတွေ နားမလည်ပါဘူး။ အစ်မတို့ကတော့ အေးအေးချမ်းချမ်းပဲ နေချင်တာပေါ့ သမီးရယ်။ နားလည်းမလည်တော့ ကိုယ့်အလုပ်လေးပဲ ကိုယ်လုပ်၊ ကိုယ့်စိုက်ပျိုးရေးပဲ ကိုယ်လုပ်၊ ကိုယ့်နွားလေးတွေ ရှိတာနဲ့ ထွန်ယက်စားသောက် ဒီလိုပဲ နေချင်တာပါပဲ။”

ပြည်သူတွေထဲ အေးချမ်းတည်ငြိမ်စွာ နေလိုသူတွေ ရှိသလို စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး ပြည်သူတွေက ရရာလက်နက်စွဲကိုင် တိုက်ပွဲဝင်သွားဖို့လည်း ဆန္ဒရှိသူတွေက ရှိပါတယ်။

“ဘယ်လိုပြောရမလဲဗျာ ကျနော်တို့မှာလည်း နေထိုင်စရာတွေလည်း မရှိတော့တဲ့ အနေအထားဆိုတော့ ကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်းပြီး သူတို့မကျမချင်း တိုက်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးပဲ မွေးသွားတော့တာပဲဗျ။”

နိုင်ငံတကာမှာ တရားစွဲသလို မြန်မာနိုင်ငံထဲမှာရော စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ခံခဲ့ရတဲ့ ပြည်သူလူထုဘက်က စစ်ကောင်စီကို တရားစွဲဆိုနိုင်ခွင့် ရှိပါသလား။ ပြည်သူတွေကို မတရားပုဒ်မမျိုးစုံနဲ့ တရားစွဲဆို ထောင်ချနေတဲ့ စစ်အုပ်ချုပ်ရေးကာလမှာ စစ်ကောင်စီကို တရားစွဲဆိုဖို့က လမ်းစမမြင်သေးဘူးလို့ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက် ဥက္ကဋ္ဌ ရှေ့နေကြီး ဦးကြီးမြင့်က ဆိုပါတယ်။

“လောလောဆယ်မှာ လမ်းစ လုံးဝပိတ်နေတယ်။ တရားဥပဒေဆိုတဲ့ စကားလုံးကို မြန်မာပြည်မှာ အခုအချိန်မှာ ပြောဖို့ အချိန်အခါ မသင့်သေးဘူး။ ဘယ်လိုပြောရမလဲဆိုတော့ တရားဥပဒေဆိုတဲ့ စကားလုံးက သူတို့အတွက် ရယ်စရာပြက်လုံးလို ဖြစ်နေတာပေါ့နော်။ အခု အမှုတွေ စီရင်နေတာ ဆုံးဖြတ်နေတာတွေကို ကျနော်တို့ ဥပဒေသမားတွေ အမြင်အရ ကြည့်မယ်ဆိုရင် လုံးဝ သုညပဲပေါ့နော်။ နိုင်ငံတော်မှာ ခိုးမှုတွေ၊ လုယက်မှုတွေ၊ မုဒိမ်းမှုတွေ၊ လူသတ်မှုတွေ ပိုပြီးတော့ များလာစရာရှိတယ်။ ထိထိရောက်ရောက် အရေးယူမှာလည်း မဟုတ်တော့ဘူး။ တရားရုံးတွေကလည်း အခုလို နိုင်ငံတော်အစိုးရက လုပ်လိုက်လို့ နစ်နာခဲ့ရတဲ့ သူတွေက လုပ်မယ်ဆိုရင်လည်း တရားသူကြီးက အမ်မလေး အမ်မလေး ဆိုပြီး တခါတည်း တန်းပယ်ချမှာ။ အခုအချိန်မှာ အခါအခွင့် မသင့်သေးဘူး။ အဖြစ်အပျက်တွေကို အန်ဂျီအိုတွေ စီအက်စ်အိုတွေဆီပို့ထား၊ ကိုယ့်ဆီလည်း သိမ်းထား၊ အဲ့သိမ်းထားလည်း တော်ကြာ အဖမ်းခံနေရဦးမယ်။ လုံလုံခြုံခြုံထား မိတ္တူတွေကိုတော့ ပို့ထားပေါ့ဗျာ။ ပို့ထားတယ်ဆိုရင် နိုင်ငံတကာခုံရုံးတွေမှာ အထောက်အကူ ရတာပေါ့ဗျာ။ နိုင်ငံတကာအဖွဲ့အစည်းတွေ အတွက်ရော NUG အစိုးရအတွက်လည်း အထောက်အကူရတာပေါ့။”

ဒါကြောင့် စစ်ကောင်စီရဲ့လက်ချက်နဲ့ အသတ်ဖြတ်ခံထားရသူတွေ၊ ဖမ်းဆီးခံရချိန်အတွင်း မတရား ညှဉ်းပန်းနှိပ်စက်ခံရမှုတွေ အပါအဝင် အိုးအိမ်တွေ မီးရှှို့ဖျက်ဆီးခံခဲ့ရတာ၊ အကြမ်းဖက်ဥပဒေနဲ့ အဓမ္မ သိမ်းဆည်းခံရမှုတွေ စသဖြင့် ပြည်သူတွေအနေနဲ့ မိမိတို့အပေါ် ကျူးလွန်ခံရမှုတွေကို အချိန် နေရာ သက်သေ အထောက်အထား အပြည့်အစုံနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရထံ တိုင်ကြားပေးပို့နိုင်တယ်လို့လည်း NUG လူ့အခွင့်အရေးဝန်ကြီးက တိုက်တွန်းပါတယ်။

“တဦးတယောက်ချင်း ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကို လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ပေ့ချ်မှာ ဖေ့စ်ဘွတ်ခ်အကောင့်မှာ ကျနော်တို့ကို ပေးပို့လို့ရပါတယ်။ နောက်တခုက တိုင်ကြားမှုအရ ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖွင့်ပေးထားပါတယ်။ NUG ကိုလည်း တိုက်ရိုက် တိုင်ကြားလို့ရပါတယ်။ လိုအပ်ရင် လိုအပ်သလို ကျနော်တု့ိဘက်က ပြန်ပြီးတော့ မေးမြန်းတာ၊ နောက် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ယန္တရား IIMM လို့ခေါ်တဲ့ ယန္တရားကို ပေးပို့တာလည်း ရှိတယ်။ ဒီလို ပေးပို့လာတဲ့ အချက်တွေကို သက်သေအထောက်အထားအဖြစ် စုဆောင်းထားတာလည်း ရှိပါတယ်။”

စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံတဝန်း အခုချိန်အထိ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည်တွေ၊ ပြည်သူတွေ အခက်အခဲ စိန်ခေါ်မှုမျိုးစုံနဲ့ ရင်ဆိုင်နေရချိန်လည်း ဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့မှာ အကြမ်းဖက် အဖွဲ့အစည်းလို့ စစ်ကောင်စီဘက်က ပြောဆိုထားတဲ့ အဖွဲ့တွေဘက်က နေအိမ်တွေကို မီးရှှို့တာ၊ စစ်တပ်အားပေး အစိုးရသတင်းပေး ဆိုပြီး ပြည်သူတချို့ အသတ်ဖြတ်ခံထားရတာတွေ ရှိနေကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကနေ နေ့စဉ်လို သတင်းဓာတ်ပုံတွေနဲ့တကွ သတင်းထုတ်ပြန်နေပါတယ်။ အခုလို တိုင်းပြည်မှာ တရားဥပဒေစိုးမိုးမှု၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ အများပြည်သူ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုဟာ စစ်အာဏာသိမ်းကာလမှာ အလွန်အမင်း အန္တရာယ်ကြီးတဲ့ အနေအထား ရောက်နေပြီ ဆိုတာကိုလည်း နိုင်ငံတကာနဲ့ အကူအညီပေးရေး အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတချို့ ဘက်ကလည်း စိုးရိမ်ကြောင်း ကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG