(Zawgyi / Unicode)
ျမန္မာစစ္ေကာင္စီအေနနဲ႔ အၾကမ္းဖက္မႈေတြကို ရပ္ဆိုင္းၿပီး ဒီမိုကေရစီလမ္းေၾကာင္း ျပန္လည္ေဖာ္ေဆာင္ဖို႔ အေမရိကန္ အပါအဝင္ ႏိုင္ငံေပါင္း ၂၀ က ဒီကေန႔က်ေရာက္တဲ့ တပ္မေတာ္ေန႔မွာ တိုက္တြန္း ေတာင္းဆိုလိုက္ၾကပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ျမန္မာစစ္တပ္ရဲ႕ အၾကမ္းဖက္မႈေတြေၾကာင့္ သတ္ျဖတ္ခံရသူေတြကို ဒီကေန႔မွာ ေအာက္ေမ့သတိရေၾကာင္းလည္း ေဖာ္ျပတဲ့ အဲဒီ ပူးတြဲေၾကညာခ်က္မွာ အေမရိကန္၊ ၿဗိတိန္၊ ကေနဒါ၊ ဩစေၾတးလ်၊ နယူးဇီလန္၊ ေတာင္ကိုရီးယား၊ ယူကရိန္း အပါအဝင္ တိုင္းျပည္ ၂၀ နဲ႔ ဥေရာပသမဂၢတို႔ ပါဝင္ၾကပါတယ္။
ဒီေၾကညာခ်က္ကို အာရွႏိုင္ငံေတြထဲက ေတာင္ကိုရီးယားႏိုင္ငံ ပါဝင္ လက္မွတ္ေရးထိုးထားပါတယ္။
လြန္ခဲ့တဲ့ႏွစ္ ဒီရက္မွာပဲ အနည္းဆုံး လူ ၁၀၀ ကို စစ္တပ္က သတ္ခဲ့တယ္လို႔ ေၾကညာခ်က္က သတိတရ ေျပာထားပါတယ္။ တခ်ိဳ႕ႏိုင္ငံေတြက ခုလို အၾကမ္းဖက္၊ ဖိႏွိပ္ႏိုင္ေအာင္ ျမန္မာစစ္တပ္ကို လက္နက္ေတြ ေရာင္းခ်ခဲ့ၾကတယ္လို႔ ေၾကညာခ်က္က ဆိုပါတယ္။
ကုလသမဂၢ အေထြေထြညီလာခံရဲ႕ ဆုံးျဖတ္ခ်က္နဲ႔အညီ ျမန္မာစစ္တပ္ကို လက္နက္ပစၥည္းေတြ မေရာင္းၾကဖို႔၊ နည္းပညာဆိုင္ရာ အကူအညီ မေပးၾကဖို႔ ေၾကညာခ်က္က ေတာင္းဆိုလိုက္ပါတယ္။
------------------------------
(Unicode)
အကြမ်းဖက်မှုတွေရပ်ဖို့ မြန်မာစစ်တပ်ကို နိုင်ငံ ၂၀ ကျော် တိုက်တွန်း
မြန်မာစစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေကို ရပ်ဆိုင်းပြီး ဒီမိုကရေစီလမ်းကြောင်း ပြန်လည်ဖော်ဆောင်ဖို့ အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၂၀ က ဒီကနေ့ကျရောက်တဲ့ တပ်မတော်နေ့မှာ တိုက်တွန်း တောင်းဆိုလိုက်ကြပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် သတ်ဖြတ်ခံရသူတွေကို ဒီကနေ့မှာ အောက်မေ့သတိရကြောင်းလည်း ဖော်ပြတဲ့ အဲဒီ ပူးတွဲကြေညာချက်မှာ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဩစတြေးလျ၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ယူကရိန်း အပါအဝင် တိုင်းပြည် ၂၀ နဲ့ ဥရောပသမဂ္ဂတို့ ပါဝင်ကြပါတယ်။
ဒီကြေညာချက်ကို အာရှနိုင်ငံတွေထဲက တောင်ကိုရီးယားနိုင်ငံ ပါဝင် လက်မှတ်ရေးထိုးထားပါတယ်။
လွန်ခဲ့တဲ့နှစ် ဒီရက်မှာပဲ အနည်းဆုံး လူ ၁၀၀ ကို စစ်တပ်က သတ်ခဲ့တယ်လို့ ကြေညာချက်က သတိတရ ပြောထားပါတယ်။ တချို့နိုင်ငံတွေက ခုလို အကြမ်းဖက်၊ ဖိနှိပ်နိုင်အောင် မြန်မာစစ်တပ်ကို လက်နက်တွေ ရောင်းချခဲ့ကြတယ်လို့ ကြေညာချက်က ဆိုပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်နဲ့အညီ မြန်မာစစ်တပ်ကို လက်နက်ပစ္စည်းတွေ မရောင်းကြဖို့၊ နည်းပညာဆိုင်ရာ အကူအညီ မပေးကြဖို့ ကြေညာချက်က တောင်းဆိုလိုက်ပါတယ်။