သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီလက္ခ်က္နဲ႔ ေသဆုံးသူ ၁,၇၀၀ ေက်ာ္ၿပီလို႔ AAPP ထုတ္ျပန္


စစ္အာဏာသိမ္းမႈ ဆန္႔က်င္ ဆႏၵျပသူေတြကို အၾကမ္းဖက္ႏွိမ္နင္းေနတဲ့ ရဲတပ္ဖြဲ႔ဝင္မ်ား။ (မတ္ ၁၁၊ ၂၀၁၁)

(Zawgyi /Unicode)

စစ္အာဏာသိမ္းယူခဲ့တဲ့ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကေန ၂၀၂၂ ခုႏွစ္ မတ္လ ၂၄ ရက္ေန႔အထိဆိုရင္ စစ္အာဏာသိမ္းမႈ ဆန္႔က်င္သူေတြ စစ္ေကာင္စီ လက္ခ်က္ေၾကာင့္ အေၾကာင္းအမ်ဳိးမ်ဳိးနဲ႔ ေသဆံုးရသူေပါင္း ၁,၇၀၄ ေယာက္ရွိၿပီလို႔ ေစာင့္ၾကည့္မွတ္တမ္းတင္ေနတဲ့ ႏုိင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) က ထုတ္ျပန္ထားပါတယ္။

စစ္ေကာင္စီဘက္ကေတာ့ ဒီအေရအတြက္ကို ပယ္ခ်ထားၿပီး ဆန္႔က်င္သူေတြ ေသဆံုးတာကို ပံုမွန္ သတင္းထုတ္ျပန္ေလ့ မရွိပါဘူး။ ဒါေပမယ့္ စစ္တပ္ေထာက္ခံသူေတြလို႔ စြပ္စြဲခံရသူေတြ၊ စစ္ေကာင္စီကို သတင္းေပးတဲ့ ဒလန္လို႔ စြပ္စြဲခံရသူေတြ၊ ပ်ဴေစာထီးဆိုတဲ့ စစ္တပ္လိုလားသူလို႔ ဆိုသူေတြ သတ္ျဖတ္ခံရရင္ေတာ့ သတင္းထုတ္ျပန္ေလ့ ရွိပါတယ္။ အဲဒီလုိ သတင္းထုတ္ျပန္တဲ့ အခါမွာလည္း သာမန္ အရပ္သားျပည္သူေတြအျဖစ္ ေဖာ္ျပၿပီး ထုတ္ျပန္တာျဖစ္ပါတယ္။

ျပည္ေထာင္စုႀကံ့ခုိင္ေရးနဲ႔ ဖြံ႔ၿဖိ်ဳးေရးပါတီ (USDP) ကလည္း သူတို႔ပါတီဝင္ ေထာင္နဲ႔ခ်ီၿပီး အသတ္ခံခဲ့ရၿပီလို႔ ထုတ္ျပန္ထားပါတယ္။ ဒါေပမယ့္ ျမန္မာ့မဟာဗ်ဴဟာနဲ႔ မူဝါဒေလ့လာေရး အင္စတီက်ဳ (ISP-Myanmar) သုေတသနအဖြဲ႔က ထုတ္ျပန္ထားတဲ့ အခ်က္အလက္ေတြမွာေတာ့ ၂၅၀ ေက်ာ္လို႔ ေဖာ္ျပထားပါတယ္။

စစ္ေကာင္စီက အျပင္းအထန္ အင္အားသံုး ႏွိ္မ္နင္းေနတဲ့ၾကားမွာပဲ အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ ဆႏၵျပပြဲေတြ ႏုိင္ငံတြင္း ေဒသတခ်ဳိ႕မွာ ဆက္ရွိေနဆဲျဖစ္ၿပီး ရန္ကုန္ၿမိဳ႕က ဒီကေန႔ ဆႏၵျပပြဲတခုမွာဆိုရင္ ယူကရိန္းလူထုနဲ႔ အတူတကြ ရပ္တည္ေၾကာင္း ျပသတဲ့ အေနနဲ႔ ယူကရိန္းအလံကို ကိုင္ၿပီး လူငယ္တခ်ဳိ႕ ဆႏၵျပခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

စစ်ကောင်စီလက်ချက်နဲ့ သေဆုံးသူ ၁,၇၀၀ ကျော်ပြီလို့ AAPP ထုတ်ပြန်

စစ်အာဏာသိမ်းယူခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် မတ်လ ၂၄ ရက်နေ့အထိဆိုရင် စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေ စစ်ကောင်စီ လက်ချက်ကြောင့် အကြောင်းအမျိုးမျိုးနဲ့ သေဆုံးရသူပေါင်း ၁,၇၀၄ ယောက်ရှိပြီလို့ စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီအရေအတွက်ကို ပယ်ချထားပြီး ဆန့်ကျင်သူတွေ သေဆုံးတာကို ပုံမှန် သတင်းထုတ်ပြန်လေ့ မရှိပါဘူး။ ဒါပေမယ့် စစ်တပ်ထောက်ခံသူတွေလို့ စွပ်စွဲခံရသူတွေ၊ စစ်ကောင်စီကို သတင်းပေးတဲ့ ဒလန်လို့ စွပ်စွဲခံရသူတွေ၊ ပျူစောထီးဆိုတဲ့ စစ်တပ်လိုလားသူလို့ ဆိုသူတွေ သတ်ဖြတ်ခံရရင်တော့ သတင်းထုတ်ပြန်လေ့ ရှိပါတယ်။ အဲဒီလို သတင်းထုတ်ပြန်တဲ့ အခါမှာလည်း သာမန် အရပ်သားပြည်သူတွေအဖြစ် ဖော်ပြပြီး ထုတ်ပြန်တာဖြစ်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြျိုးရေးပါတီ (USDP) ကလည်း သူတို့ပါတီဝင် ထောင်နဲ့ချီပြီး အသတ်ခံခဲ့ရပြီလို့ ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သုတေသနအဖွဲ့က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေမှာတော့ ၂၅၀ ကျော်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီက အပြင်းအထန် အင်အားသုံး နှိမ်နင်းနေတဲ့ကြားမှာပဲ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နိုင်ငံတွင်း ဒေသတချို့မှာ ဆက်ရှိနေဆဲဖြစ်ပြီး ရန်ကုန်မြို့က ဒီကနေ့ ဆန္ဒပြပွဲတခုမှာဆိုရင် ယူကရိန်းလူထုနဲ့ အတူတကွ ရပ်တည်ကြောင်း ပြသတဲ့ အနေနဲ့ ယူကရိန်းအလံကို ကိုင်ပြီး လူငယ်တချို့ ဆန္ဒပြခဲ့ကြပါတယ်။

XS
SM
MD
LG