သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

တပ္မေတာ္ေန႔ အခမ္းအနား တက္ေရာက္ဖုိ႔ ဖိတ္ၾကားခ်က္အေပၚ တုိင္းရင္းသားအဖဲြ႔ေတြ တုံ႔ျပန္


၂၀၁၉ ခုႏွစ္က က်င္းပခဲ့တဲ့ တပ္မေတာ္ေန႔ စစ္ေရးျပအခမ္းအနား။ (မတ္ ၂၇၊ ၂၀၁၉)

(Zawgyi / Unicode)

ဒီကေန႔က်ေရာက္တဲ့ တပ္မေတာ္ေန႔အတြက္ ေနျပည္ေတာ္မွာ က်င္းပမယ့္ အခမ္းအနားကုိ တက္ေရာက္ဖုိ႔ တုိင္းရင္းသား လက္နက္ကုိင္အဖဲြ႔ေတြကုိ စစ္ေကာင္စီက ဖိတ္ၾကားထားေပမဲ့ KNU ကရင္အမ်ဳိးသားအစည္းအ႐ုံး အပါအဝင္ တခ်ဳိ႕အဖဲြ႔ေတြကေတာ့ တက္မွာမဟုတ္ဘူးလုိ႔ ေျပာပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ထဲ စစ္တပ္က အာဏာသိမ္းလုိက္ၿပီးေနာက္ ႏုိင္ငံေရးအက်ပ္အတည္းေတြနဲ႔ လက္နက္ကုိင္ ပဋိပကၡေတြ ေပၚေပါက္ေနခ်ိန္မွာ စစ္ေကာင္စီက က်င္းပမယ့္ တပ္မေတာ္ေန႔အေပၚ တုိင္းရင္းသား အဖဲြ႔အစည္းတခ်ဳိ႕ရဲ႕ သေဘာထားေတြကုိ ကုိဝင္းမင္းက ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

စစ္အာဏာသိမ္းအၿပီး ဒုတိယအႀကိမ္ က်င္းပတဲ့ ၇၇ ႏွစ္ေျမာက္ တပ္မေတာ္ေန႔ အခမ္းအနားကို ဖိတ္ၾကားမႈ ဒီတေခါက္ ထူးျခားပုံကုိ KNU ေျပာခြင့္ရ ဖဒိုေစာေတာနီးက အခုလိုေျပာပါတယ္။

“ဖိတ္စာေတာ့ ရပါတယ္။ ထူးျခားတာကေတာ့ ဥကၠ႒၊ ဥကၠ႒မဟုတ္ဘူးဆုိ ဒုဥကၠ႒ေပါ့၊ ဒါမွမဟုတ္ အတြင္းေရးမွဴးေပါ့၊ အတြင္းေရးမွဴးဆုိလည္း အတြင္းေရးမွဴးတေယာက္၊ ေနာက္ထပ္ ဗဟိုေကာ္မတီထဲက တေယာက္ေယာက္ေပါ့၊ ဆိုေတာ့ ၂ ေယာက္ေပါ့၊ အဲ့လိုမ်ဳိး ဖိတ္တာေတာ့ရွိတယ္။ အရင္တုန္းကလိုမ်ဳိး ဘယ္ႏွစ္ေယာက္တက္ရမယ္၊ ဒီလို ရာထူးနဲ႔ သြားတက္ရမယ္ ဆုိတာမ်ဳိး မေဖာ္ျပဘူး။ ဒီ စစ္အာဏာရွင္ ဖိတ္ထားတဲ့ တပ္မေတာ္ေန႔ ဆုိတဲ့ ေန႔ႀကီး ရက္ႀကီး ဆုိတာမ်ဳိးကုိ က်ေနာ္တုိ႔ တက္ဖုိ႔ လုံးဝ မသင့္ေတာ္ပါဘူး။ အဲ့ဒါအျပင္ က်ေနာ္တုိ႔ နယ္ေျမထဲမွာလည္း ေန႔တုိင္း ေန႔စဥ္ရက္ဆက္သလို တုိက္ပြဲေတြက အႀကီးအက်ယ္ ျဖစ္ေနတဲ့ အခါၾကေတာ့ ဒုကၡေရာက္ေနတယ္။ သူဖိတ္တဲ့ပြဲကို သြားတက္တယ္ဆုိကတည္းက အဲဒါႀကီးကလည္း ဘယ္လိုမွ မအပ္စပ္ဘူးေလ။”

အဲဒီေတာ့ တျခား ဘယ္အဖြဲ႔ေတြ တက္ႏုိင္ဖုိ႔ရွိပါလဲလို႔ ေမးရာမွာ KNU ႏုိင္ငံျခားေရး အႀကီးအကဲလည္း ျဖစ္တဲ့ ဖဒိုေစာေတာနီးက အခုလို ဆက္ေျပာျပပါတယ္။

“ဘယ္သူတက္မယ္ဆုိတာေတာ့ မသိဘူးေလ။ ဒါေပမယ့္ တက္မယ့္အဖြဲ႔ ရွိမွာကေတာ့ ေသခ်ာပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ၿပီးခဲ့တဲ့ႏွစ္တုန္းကလည္း ဒီလိုပြဲမ်ဳိး တက္ခဲ့တာပဲ။ တပ္မေတာ္ေန႔ ဟိုကဖိတ္တယ္ဆုိရင္ သြားေနတာပဲ။ အဲဒီေန႔တုန္းကလည္း ဒီတိုင္းျပည္မွာ စစ္အာဏာရွင္ ဆန္႔က်င္ေရးအတြက္ လူထုေတြက အုန္းအုန္းကၽြက္ကၽြက္ ျဖစ္ၿပီးေတာ့ တခါတည္း အႀကီးအက်ယ္ ပစ္သတ္တဲ့ေန႔ပဲေလ။ ၿပီးခဲ့တဲ့ႏွစ္ အဲဒီၾကားထဲကမွ သြားတက္ရတာပဲ။ က်ေနာ္တုိ႔ဘက္ကေတာ့ ဘာမွ တက္စရာအေၾကာင္းမရွိဘူး။ က်ေနာ္တုိ႔ မူဝါဒက လုံးဝဆန္႔က်င္တယ္။ အကယ္၍မ်ား တေယာက္တေလက ဒီလို သြားတက္မယ္ဆိုရင္လည္း ဒါ က်ေနာ္တုိ႔ကို လုံးဝ ကိုယ္စားျပဳတာ မဟုတ္ဘူးေလ။”

ဒီေနရာမွာ တက္ႏုိင္တဲ့ ေနာက္အဖြဲ႔ေတြကို ေမးရာမွာ PNLO ဦးေဆာင္နာယက ဦးခြန္ဥကၠာက အခုလိုေျပာပါတယ္။

“က်ေနာ္တုိ႔ဆီကေတာ့ တြဲဘက္အတြင္းေရးမွဴး ခြန္ထြန္းတင္နဲ႔ ဗုိလ္မွဴးႀကီးကၽြဲထုိေလ ႏွစ္ေယာက္သြားတယ္လို႔ က်ေနာ့္ကို တေန႔က သတင္းပို႔လို႔ က်ေနာ္ သိလုိက္တယ္။ ပုံမွန္ကေတာ့ သြားေတာ့ သြားၾကတာပဲ။ DKBA နဲ႔ PC ကေတာ့ သြားေနၾကပဲေလ ပုံမွန္။ ၿပီးေတာ့ ALP ကလည္း သြားမယ္ထင္တယ္၊ သုံးဖြဲ႔၊ မြန္လည္း သြားမယ္ထင္တယ္။ သူတို႔လည္း သြားေနၾကပဲ။ အားလုံး ၅ ဖြဲ႔၊ ၆ ဖြဲ႔ေလာက္ေတာ့ သြားႏုိင္တယ္။”

အဲဒီေတာ့ ေရွ႕ဆက္ အက်ဳိးဆက္ ျဖစ္လာႏိုင္တာကို ေမးရာမွာ ဖဒုိေစာေတာနီးက ဆက္ၿပီး …

“လက္ရွိကာလမွာေတာ့ စစ္ေကာင္စီကေနၿပီး တဖက္ကေန အပစ္အခတ္ ရပ္စဲေရးေတြ မုိးမႊန္ေအာင္ ေျပာၿပီးေတာ့ တဖက္ကေန အႀကီးအက်ယ္ စစ္ဆင္တာေတြ၊ ေနာက္ ျပည္သူလူထုအေပၚမွာ ရမ္းကားၿပီးေတာ့ သတ္တာျဖတ္တာေတြ အခုထက္ထိကုိ မဆုံးဘူး။ အဲဒီကေနၿပီးေတာ့မွ စစ္ဆင္ေရးနဲ႔ လုံးဝမပတ္သက္တဲ့ အရပ္သား ပစ္မွတ္သက္သက္ကို ပစ္ခတ္ေနတာလည္း အခုထက္ထိ မရပ္ေသးဘူး။ အဲဒါေတြကေတာ့ က်ေနာ္တုိ႔က ဘယ္လိုမွ လက္ခံလုိ႔ မရဘူးေလ။ ဒါေတြက က်ေနာ္တုိ႔ ျပတ္ျပတ္သားသား ရပ္တည္ၿပီးေတာ့ ဆန္႔က်င္ တုိက္ခုိက္သြားရမွာပဲ ျဖစ္တယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီအခက္အခဲ ကာလမွာေတာ့ က်ေနာ္တို႔ကေတာ့ လူထုနဲ႔ပဲ တသားတည္း ရပ္တည္ၿပီးေတာ့ ဒီခရီးကို ဆုံးခန္းတုိင္ေအာင္ ဆက္သြားမယ္လို႔ ဒါပဲ ေျပာခ်င္ပါတယ္။” လုိ႔ ဆိုပါတယ္။

အခု အခမ္းအနားကို တက္ရာကေန ဘယ္လုိအက်ဳိးဆက္ကုိ ေမွ်ာ္လင့္ထားပါသလဲလို႔ ေမးရာမွာ ဦးခြန္ဥကၠာက အခုလိုေျပာပါတယ္။

“တပ္မေတာ္ေန႔ ညပုိင္းမွာ ထမင္းစားပြဲရွိမယ္။ ၂၈ မွာေတာ့ သြားတဲ့အဖြဲ႔ေတြကို ဗိုလ္ခ်ဳပ္ရာျပည့္တို႔က မိတ္ဆက္တာေလးေပါ့ဗ်ာ၊ ခါတုိင္းလုပ္ေနၾကေပါ့ လက္ဖက္ရည္ၾကမ္းဝုိင္းနဲ႔ ႏႈတ္ဆက္စကားဝုိင္းေလးေတာ့ ရွိမယ္ထင္တယ္။ ၿငိမ္းခ်မ္းေရးကေတာ့ သူတို႔ မိတ္ဆက္မယ္ထင္တယ္၊ အခုဖြဲ႔ေနတဲ့ ေကာ္မတီရယ္၊ ဖက္ဒရယ္ေလ့လာေရး ေကာ္မတီတို႔၊ ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ အစိတ္အပုိင္း ၃ ေကာ္မတီတို႔ ဖြဲ႔ေနတာကိုး။ ဗိုလ္ခ်ဳပ္ဝင္းဘုိရွိန္ ဦးေဆာင္တာတခု၊ ဗုိလ္ခ်ဳပ္ေအးဝင္း ဦးေဆာင္တာတခု၊ အဲဒီေကာ္မရွင္ေတြ ကိစၥလည္း နည္းနည္းရွင္းျပမလား မသိဘူး။ က်ေနာ္တို႔ အဲဒီက ျပန္လာရင္ေတာ့ တျခား အလြတ္သေလာ ေဆြးေႏြးႏိုင္ဖို႔ လမ္းေၾကာင္း နည္းနည္းပြင့္မယ္လို႔ေတာ့ ထင္တာပဲ။ အစ္႐ွဴးေဘ့စ္ေလးေတြ ေပၚလာႏုိင္မယ္လုိ႔ ထင္တယ္။ အာဆီယံ အထူးကိုယ္စားလွယ္လည္း ခပ္စိတ္စိတ္ ထပ္လာႏုိင္တယ္လို႔ တြက္တယ္ဗ်။”

တကယ္ေတာ့ စစ္အာဏာသိမ္းၿပီး ၂ ႏွစ္ေျမာက္မွာ ျဖစ္လာတဲ့ ဒီတပ္မေတာ္ေန႔ အခမ္းအနားကေန ေရွ႕ဆက္ၿပီး ႏုိင္ငံေရး၊ စီးပြားေရး အေျပာင္းအလဲတခု ျဖစ္လာမလားလို႔ တခ်ဳိ႕ကေတာ့ ေစာင့္ၾကည့္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

တပ်မတော်နေ့ အခမ်းအနား တက်ရောက်ဖို့ ဖိတ်ကြားချက်အပေါ် တိုင်းရင်းသားအဖွဲ့တွေ တုံ့ပြန်

ဒီကနေ့ကျရောက်တဲ့ တပ်မတော်နေ့အတွက် နေပြည်တော်မှာ ကျင်းပမယ့် အခမ်းအနားကို တက်ရောက်ဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို စစ်ကောင်စီက ဖိတ်ကြားထားပေမဲ့ KNU ကရင်အမျိုးသားအစည်းအရုံး အပါအဝင် တချို့အဖွဲ့တွေကတော့ တက်မှာမဟုတ်ဘူးလို့ ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် နိုင်ငံရေးအကျပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေချိန်မှာ စစ်ကောင်စီက ကျင်းပမယ့် တပ်မတော်နေ့အပေါ် တိုင်းရင်းသား အဖွဲ့အစည်းတချို့ရဲ့ သဘောထားတွေကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

စစ်အာဏာသိမ်းအပြီး ဒုတိယအကြိမ် ကျင်းပတဲ့ ၇၇ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို ဖိတ်ကြားမှု ဒီတခေါက် ထူးခြားပုံကို KNU ပြောခွင့်ရ ဖဒိုစောတောနီးက အခုလိုပြောပါတယ်။

“ဖိတ်စာတော့ ရပါတယ်။ ထူးခြားတာကတော့ ဥက္ကဋ္ဌ၊ ဥက္ကဋ္ဌမဟုတ်ဘူးဆို ဒုဥက္ကဋ္ဌပေါ့၊ ဒါမှမဟုတ် အတွင်းရေးမှူးပေါ့၊ အတွင်းရေးမှူးဆိုလည်း အတွင်းရေးမှူးတယောက်၊ နောက်ထပ် ဗဟိုကော်မတီထဲက တယောက်ယောက်ပေါ့၊ ဆိုတော့ ၂ ယောက်ပေါ့၊ အဲ့လိုမျိုး ဖိတ်တာတော့ရှိတယ်။ အရင်တုန်းကလိုမျိုး ဘယ်နှစ်ယောက်တက်ရမယ်၊ ဒီလို ရာထူးနဲ့ သွားတက်ရမယ် ဆိုတာမျိုး မဖော်ပြဘူး။ ဒီ စစ်အာဏာရှင် ဖိတ်ထားတဲ့ တပ်မတော်နေ့ ဆိုတဲ့ နေ့ကြီး ရက်ကြီး ဆိုတာမျိုးကို ကျနော်တို့ တက်ဖို့ လုံးဝ မသင့်တော်ပါဘူး။ အဲ့ဒါအပြင် ကျနော်တို့ နယ်မြေထဲမှာလည်း နေ့တိုင်း နေ့စဉ်ရက်ဆက်သလို တိုက်ပွဲတွေက အကြီးအကျယ် ဖြစ်နေတဲ့ အခါကြတော့ ဒုက္ခရောက်နေတယ်။ သူဖိတ်တဲ့ပွဲကို သွားတက်တယ်ဆိုကတည်းက အဲဒါကြီးကလည်း ဘယ်လိုမှ မအပ်စပ်ဘူးလေ။”

အဲဒီတော့ တခြား ဘယ်အဖွဲ့တွေ တက်နိုင်ဖို့ရှိပါလဲလို့ မေးရာမှာ KNU နိုင်ငံခြားရေး အကြီးအကဲလည်း ဖြစ်တဲ့ ဖဒိုစောတောနီးက အခုလို ဆက်ပြောပြပါတယ်။

“ဘယ်သူတက်မယ်ဆိုတာတော့ မသိဘူးလေ။ ဒါပေမယ့် တက်မယ့်အဖွဲ့ ရှိမှာကတော့ သေချာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ဒီလိုပွဲမျိုး တက်ခဲ့တာပဲ။ တပ်မတော်နေ့ ဟိုကဖိတ်တယ်ဆိုရင် သွားနေတာပဲ။ အဲဒီနေ့တုန်းကလည်း ဒီတိုင်းပြည်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် လူထုတွေက အုန်းအုန်းကျွက်ကျွက် ဖြစ်ပြီးတော့ တခါတည်း အကြီးအကျယ် ပစ်သတ်တဲ့နေ့ပဲလေ။ ပြီးခဲ့တဲ့နှစ် အဲဒီကြားထဲကမှ သွားတက်ရတာပဲ။ ကျနော်တို့ဘက်ကတော့ ဘာမှ တက်စရာအကြောင်းမရှိဘူး။ ကျနော်တို့ မူဝါဒက လုံးဝဆန့်ကျင်တယ်။ အကယ်၍များ တယောက်တလေက ဒီလို သွားတက်မယ်ဆိုရင်လည်း ဒါ ကျနော်တို့ကို လုံးဝ ကိုယ်စားပြုတာ မဟုတ်ဘူးလေ။”

ဒီနေရာမှာ တက်နိုင်တဲ့ နောက်အဖွဲ့တွေကို မေးရာမှာ PNLO ဦးဆောင်နာယက ဦးခွန်ဥက္ကာက အခုလိုပြောပါတယ်။

“ကျနော်တို့ဆီကတော့ တွဲဘက်အတွင်းရေးမှူး ခွန်ထွန်းတင်နဲ့ ဗိုလ်မှူးကြီးကျွဲထိုလေ နှစ်ယောက်သွားတယ်လို့ ကျနော့်ကို တနေ့က သတင်းပို့လို့ ကျနော် သိလိုက်တယ်။ ပုံမှန်ကတော့ သွားတော့ သွားကြတာပဲ။ DKBA နဲ့ PC ကတော့ သွားနေကြပဲလေ ပုံမှန်။ ပြီးတော့ ALP ကလည်း သွားမယ်ထင်တယ်၊ သုံးဖွဲ့၊ မွန်လည်း သွားမယ်ထင်တယ်။ သူတို့လည်း သွားနေကြပဲ။ အားလုံး ၅ ဖွဲ့၊ ၆ ဖွဲ့လောက်တော့ သွားနိုင်တယ်။”

အဲဒီတော့ ရှေ့ဆက် အကျိုးဆက် ဖြစ်လာနိုင်တာကို မေးရာမှာ ဖဒိုစောတောနီးက ဆက်ပြီး …

“လက်ရှိကာလမှာတော့ စစ်ကောင်စီကနေပြီး တဖက်ကနေ အပစ်အခတ် ရပ်စဲရေးတွေ မိုးမွှန်အောင် ပြောပြီးတော့ တဖက်ကနေ အကြီးအကျယ် စစ်ဆင်တာတွေ၊ နောက် ပြည်သူလူထုအပေါ်မှာ ရမ်းကားပြီးတော့ သတ်တာဖြတ်တာတွေ အခုထက်ထိကို မဆုံးဘူး။ အဲဒီကနေပြီးတော့မှ စစ်ဆင်ရေးနဲ့ လုံးဝမပတ်သက်တဲ့ အရပ်သား ပစ်မှတ်သက်သက်ကို ပစ်ခတ်နေတာလည်း အခုထက်ထိ မရပ်သေးဘူး။ အဲဒါတွေကတော့ ကျနော်တို့က ဘယ်လိုမှ လက်ခံလို့ မရဘူးလေ။ ဒါတွေက ကျနော်တို့ ပြတ်ပြတ်သားသား ရပ်တည်ပြီးတော့ ဆန့်ကျင် တိုက်ခိုက်သွားရမှာပဲ ဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအခက်အခဲ ကာလမှာတော့ ကျနော်တို့ကတော့ လူထုနဲ့ပဲ တသားတည်း ရပ်တည်ပြီးတော့ ဒီခရီးကို ဆုံးခန်းတိုင်အောင် ဆက်သွားမယ်လို့ ဒါပဲ ပြောချင်ပါတယ်။” လို့ ဆိုပါတယ်။

အခု အခမ်းအနားကို တက်ရာကနေ ဘယ်လိုအကျိုးဆက်ကို မျှော်လင့်ထားပါသလဲလို့ မေးရာမှာ ဦးခွန်ဥက္ကာက အခုလိုပြောပါတယ်။

“တပ်မတော်နေ့ ညပိုင်းမှာ ထမင်းစားပွဲရှိမယ်။ ၂၈ မှာတော့ သွားတဲ့အဖွဲ့တွေကို ဗိုလ်ချုပ်ရာပြည့်တို့က မိတ်ဆက်တာလေးပေါ့ဗျာ၊ ခါတိုင်းလုပ်နေကြပေါ့ လက်ဖက်ရည်ကြမ်းဝိုင်းနဲ့ နှုတ်ဆက်စကားဝိုင်းလေးတော့ ရှိမယ်ထင်တယ်။ ငြိမ်းချမ်းရေးကတော့ သူတို့ မိတ်ဆက်မယ်ထင်တယ်၊ အခုဖွဲ့နေတဲ့ ကော်မတီရယ်၊ ဖက်ဒရယ်လေ့လာရေး ကော်မတီတို့၊ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ ကော်မတီတို့ ဖွဲ့နေတာကိုး။ ဗိုလ်ချုပ်ဝင်းဘိုရှိန် ဦးဆောင်တာတခု၊ ဗိုလ်ချုပ်အေးဝင်း ဦးဆောင်တာတခု၊ အဲဒီကော်မရှင်တွေ ကိစ္စလည်း နည်းနည်းရှင်းပြမလား မသိဘူး။ ကျနော်တို့ အဲဒီက ပြန်လာရင်တော့ တခြား အလွတ်သလော ဆွေးနွေးနိုင်ဖို့ လမ်းကြောင်း နည်းနည်းပွင့်မယ်လို့တော့ ထင်တာပဲ။ အစ်ရှူးဘေ့စ်လေးတွေ ပေါ်လာနိုင်မယ်လို့ ထင်တယ်။ အာဆီယံ အထူးကိုယ်စားလှယ်လည်း ခပ်စိတ်စိတ် ထပ်လာနိုင်တယ်လို့ တွက်တယ်ဗျ။”

တကယ်တော့ စစ်အာဏာသိမ်းပြီး ၂ နှစ်မြောက်မှာ ဖြစ်လာတဲ့ ဒီတပ်မတော်နေ့ အခမ်းအနားကနေ ရှေ့ဆက်ပြီး နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲတခု ဖြစ်လာမလားလို့ တချို့ကတော့ စောင့်ကြည့်နေကြပါတယ်။

XS
SM
MD
LG