သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာသတင္းသမားေတြကို အျမန္ဆံုး ျပန္လႊတ္ဖို႔ CPJ ေတာင္းဆို 


Police arrest people in Yangon, Myanmar, on February 27, 2021. At least five journalists remain in detention over their coverage of anti-coup protests.

ျမန္မာ Herald သတင္းသမား ရဲမ်ိဳးထြန္းကို ခၽြင္းခ်က္မရွိ အျမန္ဆံုး ျပန္လႊတ္ဖို႔နဲ႔ သတင္းသမားေတြ သူတို႔ အလုပ္တာဝန္ သူတို႔လုပ္ေဆာင္တဲ့ အတြက္ ဖမ္းဆီး ေထာင္ခ်တာကို ရပ္ဆိုင္းဖို႔ CPJ သတင္းသမားမ်ားကာကြယ္ေရး ေကာ္မတီက ေတာင္းဆိုလိုက္ပါတယ္။

ရဲမ်ိဳးထြန္းကို ပုသိမ္အထူး တရားရံုး တရံုးက ျပစ္မႈဆိုင္ရာ ပုဒ္မ ၅၀၅ (က) ၊ လႈ႔ံေဆာ္မႈနဲ႔ သတင္းမွားျဖန္႔ခ်ီမႈ၊ ျပစ္မႈဆိုင္ရာ ဥပေဒ ပုဒ္မ ၅၀၅ (ခ) အရ ထိတ္လန္႔စရာ အခ်က္လက္ေတြကို ထုတ္ေဝျဖန္႔ခ်ီမႈ တို႔အရ ေထာင္ဒဏ္ ၂ ႏွစ္ ခ်မွတ္လိုက္တာ ျဖစ္ပါတယ္။

ရဲမ်ိဳးထြန္းဟာ ျမန္မာစစ္တပ္ရဲ႕ ရက္စက္ၾကမ္းၾကဳတ္မႈ ေတြကို သတင္းသမား ဝတၱရားအတိုင္း ေဖၚျပခဲ့တာ ျဖစ္တယ္၊ ျမန္မာစစ္ေကာင္စီ အေနနဲ႔ မွားယြင္းစြာ ဖမ္းဆီးေထာင္ခ်ထားတဲ့ ဒါဇင္နဲ႔ခ်ီတဲ့ သတင္းသမားေတြကို ျပစ္ဒဏ္ မစီရင္ပဲ ျပန္လႊတ္ေပးသင့္တယ္လို႔ CPJ ရဲ႕ အေရွ႕ေတာင္အာရွဆိုင္ရာ အႀကီးတန္းကိုယ္စားလွယ္ Shawn Crispin ကဆိုပါတယ္။ ရဲမ်ိဳးထြန္းကို ျပစ္ဒဏ္ခ်မွတ္တာဟာ တျခား သတင္းသမား ၂ ဦးျဖစ္တဲ့ ကမာ႐ြတ္မီဒီယာက ဟံသာၿငိမ္းနဲ႔ မဥၥိမသန္းထိုက္ေအာင္ တို႔ကို အမိန္႔ခ်တဲ့ ရက္သတၱပတ္ အတြင္းမွာပဲ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံဟာ CPJ ရဲ႕ စာရင္းအရ တ႐ုတ္ၿပီးရင္ ကမာၻေပၚမွာ သတင္းသမားေတြကို အျပစ္ေပးတဲ့ ဒုတိယ အမ်ားဆံုး ႏိုင္ငံ ျဖစ္ပါတယ္။

=====================

မြန်မာသတင်းသမားတွေကို အမြန်ဆုံး ပြန်လွှတ်ဖို့ CPJ တောင်းဆို

မြန်မာ Herald သတင်းသမား ရဲမျိုးထွန်းကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ဖို့နဲ့ သတင်းသမားတွေ သူတို့ အလုပ်တာဝန် သူတို့လုပ်ဆောင်တဲ့ အတွက် ဖမ်းဆီး ထောင်ချတာကို ရပ်ဆိုင်းဖို့ CPJ သတင်းသမားများကာကွယ်ရေး ကော်မတီက တောင်းဆိုလိုက်ပါတယ်။

ရဲမျိုးထွန်းကို ပုသိမ်အထူး တရားရုံး တရုံးက ပြစ်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (က) ၊ လှုံ့ဆော်မှုနဲ့ သတင်းမှားဖြန့်ချီမှု၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅ (ခ) အရ ထိတ်လန့်စရာ အချက်လက်တွေကို ထုတ်ဝေဖြန့်ချီမှု တို့အရ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ရဲမျိုးထွန်းဟာ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှု တွေကို သတင်းသမား ဝတ္တရားအတိုင်း ဖေါ်ပြခဲ့တာ ဖြစ်တယ်၊ မြန်မာစစ်ကောင်စီ အနေနဲ့ မှားယွင်းစွာ ဖမ်းဆီးထောင်ချထားတဲ့ ဒါဇင်နဲ့ချီတဲ့ သတင်းသမားတွေကို ပြစ်ဒဏ် မစီရင်ပဲ ပြန်လွှတ်ပေးသင့်တယ်လို့ CPJ ရဲ့ အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်းကိုယ်စားလှယ် Shawn Crispin ကဆိုပါတယ်။ ရဲမျိုးထွန်းကို ပြစ်ဒဏ်ချမှတ်တာဟာ တခြား သတင်းသမား ၂ ဦးဖြစ်တဲ့ ကမာရွတ်မီဒီယာက ဟံသာငြိမ်းနဲ့ မဉ္စိမသန်းထိုက်အောင် တို့ကို အမိန့်ချတဲ့ ရက်သတ္တပတ် အတွင်းမှာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ CPJ ရဲ့ စာရင်းအရ တရုတ်ပြီးရင် ကမ္ဘာပေါ်မှာ သတင်းသမားတွေကို အပြစ်ပေးတဲ့ ဒုတိယ အများဆုံး နိုင်ငံ ဖြစ်ပါတယ်။

XS
SM
MD
LG