ျမန္မာအပါအဝင္ စစ္အာဏာသိမ္းမႈေတြေၾကာင္႔ ကမ႓ာ႔ပဋိပကၡေတြ ပိုမ်ား (ကုလအတြြင္းေရးမွဴးခ်ဳပ္)
{{Zawgyi/Unicode}}
ျမန္မာႏုိင္ငံ အပါအ၀င္ ကမာၻတလႊားမွာ ဒုတိယကမာၻစစ္ေနာက္ပုိင္း ျပႆနာေတြ အမ်ားဆုံး အေျခအေနနဲ႔ ရင္ဆုိင္ေနရေၾကာင္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္က သတိေပးလုိက္ပါတယ္။
“ယီမင္ ဆီးရီးယား၊ ျမန္မာ၊ ဆူဒန္၊ ေဟတီ၊ ဆာဟဲ စတဲ့ႏုိင္ငံေတြ အပါအ၀င္ ၁၉၄၅ ခုႏွစ္ ေနာက္ပုိင္း၊ အၾကမ္းဖက္ ပဋိပကၡေတြ အေရအတြက္ အမ်ားဆုံး အေျခအေနနဲ႔ ရင္ဆုိင္ေနရပါတယ္။” လုိ႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က ကုလသမဂၢ ၿငိမ္းခ်မ္းမႈ ထိန္းသိမ္းေရး ေကာ္မရွင္ကုိ အြန္လုိင္းကေန ဗုဒၶဟူးေန႔ မိန္႔ခြန္းေျပာရာမွာ ထည့္သြင္းေျပာဆုိလုိက္တာပါ။
စစ္အာဏာသိမ္းမႈေတြ၊ အာဏာကုိ အင္အားသုံး ရယူတဲ့ လုပ္ရပ္ေတြ ကမာၻတလႊားမွာ ေတြ႔ျမင္ေနရၿပီး၊ က်ဳးလြန္ခဲ့တဲ့ ျပစ္ဒဏ္ေတြကေန လြတ္ၿငိမ္းခြင့္ ရေနတာေတြဟာလည္း စုိးရိမ္စရာအျဖစ္ ကုလသမဂၢ အႀကီးအကဲက ေထာက္ျပခဲ့ပါတယ္။
ယူကရိန္းမွာ စစ္ျဖစ္ပြားေနတာဟာလည္း ႏုိင္ငံတကာ တရားဥပေဒစုိးမုိးေရး အေျခခံေတြကုိ ျပင္းျပင္းထန္ထန္ ႐ုိက္ခတ္ေနသလုိ၊ စားေသာက္ကုန္၊ ေလာင္စာဆီနဲ႔ ဓာတ္ေျမၾသဇာ စတဲ့ကုန္ပစၥည္းေတြ အဆမတန္ ေစ်းတက္ လာတာေတြေၾကာင့္ ဖြံ႔ၿဖိဳးဆဲ ႏုိင္ငံေတြအတြက္ ဆုိးရြားတဲ့ အေျခအေနေတြနဲ႔ ရင္ဆုိင္ရလိမ့္မယ္လုိ႔လည္း သတိေပးခဲ့တာပါ။
ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္အတြင္း ပဋိပကၡေတြ၊ အၾကမ္းဖက္မႈေတြ၊ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြေၾကာင့္ ကမာၻတ၀ွမ္း လူေပါင္း ၈၄ သန္း ေနရပ္စြန္႔ခြာခဲ့ရၿပီး၊ ဒီႏွစ္ထဲမွာ လူသားခ်င္း စာနာမႈ အကူအညီ လုိအပ္သူ အေရအတြက္ဟာ အနည္းဆုံး ၂၇၄ သန္းေလာက္ ရွိမယ္လုိ႔ ခန္႔မွန္းထားေၾကာင္းလည္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္က ေျပာဆုိထားပါတယ္။
.........................................
မြန်မာအပါအဝင် စစ်အာဏာသိမ်းမှုတွေကြောင့် ကမ္ဘာ့ပဋိပက္ခတွေ ပိုများ (ကုလအတွင်းရေးမှူးချုပ်)
{{Zawgyi/Unicode}}
မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားမှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပြဿနာတွေ အများဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က သတိပေးလိုက်ပါတယ်။
“ယီမင် ဆီးရီးယား၊ မြန်မာ၊ ဆူဒန်၊ ဟေတီ၊ ဆာဟဲ စတဲ့နိုင်ငံတွေ အပါအဝင် ၁၉၄၅ ခုနှစ် နောက်ပိုင်း၊ အကြမ်းဖက် ပဋိပက္ခတွေ အရေအတွက် အများဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မရှင်ကို အွန်လိုင်းကနေ ဗုဒ္ဓဟူးနေ့ မိန့်ခွန်းပြောရာမှာ ထည့်သွင်းပြောဆိုလိုက်တာပါ။
စစ်အာဏာသိမ်းမှုတွေ၊ အာဏာကို အင်အားသုံး ရယူတဲ့ လုပ်ရပ်တွေ ကမ္ဘာတလွှားမှာ တွေ့မြင်နေရပြီး၊ ကျုးလွန်ခဲ့တဲ့ ပြစ်ဒဏ်တွေကနေ လွတ်ငြိမ်းခွင့် ရနေတာတွေဟာလည်း စိုးရိမ်စရာအဖြစ် ကုလသမဂ္ဂ အကြီးအကဲက ထောက်ပြခဲ့ပါတယ်။
ယူကရိန်းမှာ စစ်ဖြစ်ပွားနေတာဟာလည်း နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး အခြေခံတွေကို ပြင်းပြင်းထန်ထန် ရိုက်ခတ်နေသလို၊ စားသောက်ကုန်၊ လောင်စာဆီနဲ့ ဓာတ်မြေသြဇာ စတဲ့ကုန်ပစ္စည်းတွေ အဆမတန် ဈေးတက် လာတာတွေကြောင့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေအတွက် ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့လည်း သတိပေးခဲ့တာပါ။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ကမ္ဘာတဝှမ်း လူပေါင်း ၈၄ သန်း နေရပ်စွန့်ခွာခဲ့ရပြီး၊ ဒီနှစ်ထဲမှာ လူသားချင်း စာနာမှု အကူအညီ လိုအပ်သူ အရေအတွက်ဟာ အနည်းဆုံး ၂၇၄ သန်းလောက် ရှိမယ်လို့ ခန့်မှန်းထားကြောင်းလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောဆိုထားပါတယ်။