သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းကိုကူညီသလို ျမန္မာကိုကူညီၾကဖို႔ ကုလဆိုင္ရာ ျမန္မာသံအမတ္ႀကီးပန္ၾကား


kyaw moe htun un

ကုလသမဂၢဆုိင္ရာ ျမန္မာအၿမဲတမ္း ကုိယ္စားလွယ္ ဦးေက်ာ္မိုးထြန္းကလည္း ဆုံးျဖတ္ခ်က္ကုိ ေထာက္ခံေၾကာင္းနဲ႔ ျမန္မာ့အေရးမွာလည္း အလားတူ ႏုိင္ငံတကာ အသုိင္းအ၀ုိင္းက အားေပးကူညီဖုိ႔ ပန္ၾကားခဲ့ပါတယ္။

ယူကရိန္းကိုကူညီသလို ျမန္မာကိုကူညီၾကဖို႔ ကုလဆိုင္ရာ ျမန္မာသံအမတ္ႀကီးပန္ၾကား

{{Zawgyi/Unicode}}
ယူကရိန္းအေပၚ ႐ုရွားရဲ႕ တုိက္ခုိက္မႈေတြကုိ အျမန္ဆုံးရပ္ဖုိ႔ ကုလသမဂၢ အေထြေထြညီလာခံမွာ ၾကာသပေတးေန႔က တခဲနက္ မဲခဲြဆုံးျဖတ္လုိက္တာေၾကာင့္ ႐ုရွားအတြက္ ႏုိင္ငံတကာ အသုိင္းအ၀ုိင္းမွာ ပုိမုိအထီးက်န္စရာ ျဖစ္ခဲ့ရပါတယ္။

ႏုိင္ငံေပါင္း ၈၀ ေက်ာ္ရဲ႕ ေထာက္ခံမႈနဲ႔ ယူကရိန္းက တင္သြင္းခဲ့တဲ့ ဆုံးျဖတ္ခ်က္ကုိေတာ့ ျမန္မာႏုိင္ငံ အပါအ၀င္ ႏုိင္ငံေပါင္း ၁၄၀ က ေထာက္ခံခဲ့ၿပီး၊ ကန္႔ကြက္တဲ့ ႏုိင္ငံ ၅ ႏုိင္ငံနဲ႔ တ႐ုတ္၊ အိႏၵိယ အပါအ၀င္ မဲမေပးတဲ့ႏုိင္ငံ ၃၈ ႏုိင္ငံ ရွိခဲ့တာပါ။

ကုလသမဂၢဆုိင္ရာ ျမန္မာအၿမဲတမ္း ကုိယ္စားလွယ္ ဦးေက်ာ္မိုးထြန္းကလည္း ဆုံးျဖတ္ခ်က္ကုိ ေထာက္ခံေၾကာင္းနဲ႔ ျမန္မာ့အေရးမွာလည္း အလားတူ ႏုိင္ငံတကာ အသုိင္းအ၀ုိင္းက အားေပးကူညီဖုိ႔ ပန္ၾကားခဲ့ပါတယ္။

“ယူကရိန္း ျပည္သူေတြနဲ႔အတူ အခုိင္အမာ၊ တသားတည္း ရပ္တည္ေနပါတယ္။ ျမန္မာျပည္သူေတြဟာလည္း စစ္အာဏာပုိင္ေတြရဲ႕ ရက္စက္တဲ့ လုပ္ရပ္ေတြ၊ လူသားထုအေပၚ က်ဳးလြန္တဲ့ ရာဇ၀တ္မႈေတြ၊ ကုိယ့္ျပည္သူအေပၚ သိမ္းက်ဳံးၿပီး အျပင္းအထန္ တုိက္ခုိက္မႈေတြေၾကာင့္ အလားတူ လူဖန္တီးလုိ႔ ျဖစ္ရတဲ့ ေၾကကဲြစရာ အျဖစ္ေတြနဲ႔ လူသားခ်င္း စာနာမႈဆုိင္ရာ အက်ပ္အတည္းနဲ႔ ရင္ဆုိင္ေနရပါတယ္။” လုိ႔ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မုိးထြန္းက နယူးေယာက္ ကုလသမဂၢ ႐ုံးခ်ဳပ္က ၾကာပသေတးေန႔ အေထြေထြညီလာခံ အေရးေပၚ အစည္းအေ၀းမွာ ေျပာၾကားသြားတာပါ။

ယူကရိန္းအေရး အေထြေထြညီလာခံ ဆုံးျဖတ္ခ်က္မွာေတာ့ အရပ္သားေတြနဲ႔ အရပ္ဖက္ အေျခခံအေဆာက္အအုံေတြအျပင္၊ လူသားခ်င္းစာနာမႈ အကူအညီေပးသူေတြ၊ ေဆးဖက္ဆုိင္ရာ ၀န္ထမ္းေတြ၊ သတင္းသမားေတြကုိ ကာကြယ္ဖုိ႔လည္း ေတာင္းဆုိထားပါတယ္။

ဆုံးျဖတ္ခ်က္ကုိေတာ့ ႐ုရွား၊ ဘဲလာ႐ုစ္၊ အီရီထရီးယား၊ ေျမာက္ကုိရီးနဲ႔ ဆီးရီးယား ၅ ႏုိင္ငံက ကန္႔ကြက္ခဲ့ၾကၿပီး ႐ုရွားကုိယ္စားလွယ္ကေတာ့ ဆုံးျဖတ္ခ်က္အတြက္ ေထာက္ခံမႈရေအာင္ အေနာက္ႏုိင္ငံေတြက ဖိအားေပးခဲ့ေၾကာင္း စြပ္စဲြခဲ့တာပါ။

ကုလသမဂၢဆုိင္ရာ အေမရိကန္သံအမတ္ႀကီး Linda Thomas-Greenfield ကေတာ့ ယူကရိန္းကုိ တုိက္ခုိက္မႈမွာ ႐ုရွားဟာ လုံး၀တာ၀န္ရွိေၾကာင္း ကုလသမဂၢ အဖဲြ႔၀င္ႏုိင္ငံ အမ်ားစုက အခုိင္အမာ ျပသလုိက္တဲ့ ဆုံးျဖတ္ခ်က္အျဖစ္ ေျပာဆုိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

................................................

ယူကရိန်းကိုကူညီသလို မြန်မာကိုကူညီကြဖို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးပန်ကြား

{{Zawgyi/Unicode}}
ယူကရိန်းအပေါ် ရုရှားရဲ့ တိုက်ခိုက်မှုတွေကို အမြန်ဆုံးရပ်ဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကြာသပတေးနေ့က တခဲနက် မဲခွဲဆုံးဖြတ်လိုက်တာကြောင့် ရုရှားအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ပိုမိုအထီးကျန်စရာ ဖြစ်ခဲ့ရပါတယ်။

နိုင်ငံပေါင်း ၈၀ ကျော်ရဲ့ ထောက်ခံမှုနဲ့ ယူကရိန်းက တင်သွင်းခဲ့တဲ့ ဆုံးဖြတ်ချက်ကိုတော့ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၄၀ က ထောက်ခံခဲ့ပြီး၊ ကန့်ကွက်တဲ့ နိုင်ငံ ၅ နိုင်ငံနဲ့ တရုတ်၊ အိန္ဒိယ အပါအဝင် မဲမပေးတဲ့နိုင်ငံ ၃၈ နိုင်ငံ ရှိခဲ့တာပါ။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကလည်း ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်းနဲ့ မြန်မာ့အရေးမှာလည်း အလားတူ နိုင်ငံတကာ အသိုင်းအဝိုင်းက အားပေးကူညီဖို့ ပန်ကြားခဲ့ပါတယ်။

“ယူကရိန်း ပြည်သူတွေနဲ့အတူ အခိုင်အမာ၊ တသားတည်း ရပ်တည်နေပါတယ်။ မြန်မာပြည်သူတွေဟာလည်း စစ်အာဏာပိုင်တွေရဲ့ ရက်စက်တဲ့ လုပ်ရပ်တွေ၊ လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုတွေ၊ ကိုယ့်ပြည်သူအပေါ် သိမ်းကျုံးပြီး အပြင်းအထန် တိုက်ခိုက်မှုတွေကြောင့် အလားတူ လူဖန်တီးလို့ ဖြစ်ရတဲ့ ကြေကွဲစရာ အဖြစ်တွေနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။” လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်က ကြာပသတေးနေ့ အထွေထွေညီလာခံ အရေးပေါ် အစည်းအဝေးမှာ ပြောကြားသွားတာပါ။

ယူကရိန်းအရေး အထွေထွေညီလာခံ ဆုံးဖြတ်ချက်မှာတော့ အရပ်သားတွေနဲ့ အရပ်ဖက် အခြေခံအဆောက်အအုံတွေအပြင်၊ လူသားချင်းစာနာမှု အကူအညီပေးသူတွေ၊ ဆေးဖက်ဆိုင်ရာ ဝန်ထမ်းတွေ၊ သတင်းသမားတွေကို ကာကွယ်ဖို့လည်း တောင်းဆိုထားပါတယ်။

ဆုံးဖြတ်ချက်ကိုတော့ ရုရှား၊ ဘဲလာရုစ်၊ အီရီထရီးယား၊ မြောက်ကိုရီးနဲ့ ဆီးရီးယား ၅ နိုင်ငံက ကန့်ကွက်ခဲ့ကြပြီး ရုရှားကိုယ်စားလှယ်ကတော့ ဆုံးဖြတ်ချက်အတွက် ထောက်ခံမှုရအောင် အနောက်နိုင်ငံတွေက ဖိအားပေးခဲ့ကြောင်း စွပ်စွဲခဲ့တာပါ။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ကတော့ ယူကရိန်းကို တိုက်ခိုက်မှုမှာ ရုရှားဟာ လုံးဝတာဝန်ရှိကြောင်း ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ အများစုက အခိုင်အမာ ပြသလိုက်တဲ့ ဆုံးဖြတ်ချက်အဖြစ် ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG