သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မေကြးတိုင္း စစ္ေကာင္စီနဲ႔ PDF တိုက္ပဲြ ရြာေတြမီးရိႈ႕ခံရဆဲ


မေကြးတိုင္း ေပါက္ၿမိဳ႕နယ္ တပတ္ေက်ာ္ၾကာ စစ္ေကာင္စီတပ္ နယ္ေျမရွင္းလင္းမႈ အတြင္း ေက်း႐ြာေနအိမ္ ၃၆၄ လုံး မီးေလာင္ကြၽမ္းခဲ့ ( Photo : CJ )


(Zawgyi)

မေကြးတိုင္းေဒသႀကီး ပခုကၠဴခ႐ိုင္ထဲမွာ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတပ္ေတြ တိုက္ပြဲေတြ ဆက္ရွိေနပါတယ္။ ေပါက္ၿမိဳ႕နယ္ ေတာင္ပိုင္းမွာ႐ွိတဲ့ ကင္းမေက်း႐ြာနားမွာ ဧၿပီ ၁၈ ရက္ေန႔က တိုက္ပြဲျဖစ္ပြားခဲ့ၿပီး၊ ရြာလံုးကြ်တ္နီးပါး ေနအိမ္ေတြမီးေလာင္ထားတဲ့ ကင္းမရြာက က်န္ေနတဲ့ ေနအိမ္ေတြကို စစ္ေကာင္စီက မီးရိႈ႕သြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ရန္ကုန္ကေပးပို႔လာတဲ့သတင္း ကိုရဲမြန္ ကေျပာျပပါမယ္။
မေကြးတိုင္း ပခုကၠဴခ႐ိုင္ထဲမွာ ဧၿပီ ၇ ရက္ကေန႔က စၿပီးစစ္ေကာင္စီက နယ္ေျမ႐ွင္းလင္းမႈေတြလုပ္ေနတာမွာ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔ တနလၤာေန႔အထိ ေပါက္ၿမိဳ႕နယ္ ေတာင္ပိုင္းဘက္မွာ ေန႔စဥ္ဆိုသလုိ တိုက္ပြဲေတြျဖစ္ေနပါတယ္။ ေက်ာက္အိုးေက်း႐ြာမွာ တပ္စဲြခဲ့တဲ့ စစ္ေကာင္စီတပ္ေတြ ဧၿပီ ၁၈ ရက္ တနလၤာေန႔က ကင္းမေက်း႐ြာဘက္ သြားစဥ္မွာ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔ တိုက္ပြဲေတြ ျဖစ္ပြားခဲ့ပါတယ္။ တိုက္ပြဲအေျခအေနနဲ႔ ပတ္သက္လို႔ ေပါက္ၿမိဳ႕နယ္ေဒသခံကာကြယ္ေရး တပ္ဖြဲ႕၀င္တဦးက အခုလိုေျပာပါတယ္။

“အရင္ေက်ာက္အိုးမွာ တပ္ထိုင္ထားတဲ့ေကာင္ေတြေလ၊ ေက်ာက္အိုးမွာ တပ္ထိုင္ထားတဲ့ေကာင္ေတြက တပ္ဆုတ္လာတာ။ ကင္းမမွာ ကြ်န္ေတာ္တို႔နဲ႔ နာရီ၀က္ေလာက္ ေဒသခံ PDF ေတြနဲ႔ ထိေတြ႕မႈျဖစ္ၿပီးေတာ့ နာရီ၀က္ေလာက္ထိေတြ႕မႈျဖစ္ၿပီး လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ အကုန္ပစ္တယ္။”

စစ္ေကာင္စီတပ္ေတြ စစ္ေၾကာင္းသြားစဥ္ လမ္းမွာေတြ႔တဲ့ ေဒသခံအခ်ိဳ႕ကို ဖမ္းဆီးေခၚေဆာင္သြားၿပီး အခ်ိဳ႕ကို ရိုက္ႏွက္ကာ ျပန္လႊတ္ေပးခဲ့တယ္လို႔ PDF ဘက္ကေကာ ေဒသခံေတြကပါ အခိုင္အမာေျပာဆိုပါတယ္။ ကင္းမေက်း႐ြာနားမွာ တိုက္ပြဲျဖစ္ခဲ့ၿပီးေနာက္ စစ္ေကာင္စီတပ္နဲ႔ စစ္ေကာင္စီကို ေထာက္ခံအားေပးတဲ့ ပ်ဴေစာထီးေတြဟာ ကင္းမရြာထဲက ေနအိမ္ေတြကိုမီးရိႈ႕ဖ်က္ဆီးခဲ့လို႔ ေနအိမ္ ၂၀ နီးပါး မီးေလာင္ကြ်မ္းခဲ့တယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

“ေနအိမ္က ၂၀ ေလာက္ေလာင္တယ္။ ၂၀ ေလာက္ဆိုတာ ဒီလိုဗ်။ ေတာထဲမွာ ေနရတာ သူမ်ားယာတဲမွာ ေနရတာ ၿငီးေငြ႕လို႔ ကိုယ့္အိမ္၀င္းထဲကို ျပန္ေဆာက္ေနမယ္ဆိုတဲ့ အိမ္ရွင္ေတြလည္းပါတယ္ခင္ဗ်။ အဲ့ဒါက ၄ ဦးေလာက္ရွိတယ္။ အဲ့ဒါေတြက ၂ ခါရိႈ႕ျဖစ္တာေပါ့။ သူတို႔က အသစ္ေဆာက္တဲ့ အိမ္ေလးေတြကိုပါ ထပ္ရိႈ႕တာ အရင္ရိႈ႕ၿပီးလို႔ ေတာထဲမွာေနရတယ္။ ေတာထဲမွာ သူမ်ားယာထဲမွာ ေဆာက္ေနရတာဆိုေတာ့ ကိုယ့္အိမ္၀င္းနဲ႔ကိုယ္ေဆာက္ေနမယ္ဆိုၿပီး ေဆာက္ထားတဲ့ အိမ္အသစ္ေလးေတြ ေဆာက္ကာစ ၀ါးအိမ္ေလးေတြေပါ့ဗ်ာ။ အဲ့ဒါေလးေတြကို ထပ္ရိႈ႕သြားတာခင္ဗ်။ အဲ့လူေတြကေတာ့ ၂ ထပ္ေပါ့။”

ကင္းမရြာကိုမီးရိႈ႕ၿပီး ဧၿပီ ၁၈ ရက္၊ ည ၈ နာရီခန္႔မွာ ေပါက္ၿမိဳ႕နယ္ေတာင္ပိုင္းနဲ႔ ဆိပ္ျဖဴၿမိဳ႕နယ္ၾကားက ေခ်ာင္းဇံုရြာက ေနအိမ္ေတြကိုလည္း မီးရိႈ႕ေနတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ေခ်ာင္းဇံု ေက်းရြာက ေနအိမ္ေတြ မီးေလာင္ကြ်မ္းေနတဲ့ မီးေတာက္ေတြကို အေ၀းကေန ျမင္ေနရတယ္လို႔လည္း ေျပာပါတယ္။ ည ၈ နာရီခြဲေက်ာ္တဲ့အထိ မီးမၿငိမ္းေသးဘူးလို႔ ေဒသခံေတြက ေျပာျပပါတယ္။

၂၀၂၁ ဇြန္လ ၁၅ ရက္ေန႔တုန္းက ကင္းမေက်း႐ြာမွာ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔ စစ္တပ္တိုက္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ ႐ြာထဲက ေနအိမ္ေတြ မီး႐ႈိ႕ခံရတဲ့အတြက္ ေနအိမ္ ၁၅၀ နီးပါး မီးေလာင္ကြ်မ္းခဲ့ပါတယ္။ မီး႐ႈိ႕မႈနဲ႔ပါတ္သက္လို႔ စစ္ေကာင္စီနဲ႔ ေဒသခံ ကာကြယ္ေရး တပ္ဖြဲ႔ေတြ အျပန္အလွန္ စြပ္စြဲခဲ့ၾကပါတယ္။ အဲဒီအခ်ိန္ထဲက ကင္းမေက်း႐ြာက ျပည္သူအမ်ားစု ေတာေတာင္ေတြထဲ ေနထိုင္ေနရပါတယ္။

ဧၿပီ ၁၈ ရက္ တနလၤာေန႔က ေပါက္ၿမိဳ႕နယ္ ေတာင္ပိုင္းမွာ မိုးသည္းထန္စြာရြာသြန္းၿပီး မိုးသီးေတြပါ ေၾကြတဲ့အတြက္ စစ္ေဘးဒုကၡသည္ေတြ ဒုကၡေရာက္ေနတယ္လို႔ အဆိုပါ ေဒသခံက ဆက္ေျပာပါတယ္။

“၁၂ နာရီခြဲေလာက္မွာ မီးရိႈ႕ၿပီးလို႔ ၂ နာရီခြဲေလာက္မွာ ျပန္သြားၿပီးေတာ့ ၃ နာရီေက်ာ္ေက်ာ္ေလာက္မွာ မိုးေရာေလေရာလာတယ္။ မိုးသီးေတြေကာက်တယ္ ကြ်န္ေတာ္တို႔ဆီမွာ ေလေတြေကာတိုက္ အဲ့လိုေတြျဖစ္လို႔ ဒုကၡေရာက္တာေပါ့ဗ်ာ။ ေတာတဲမွာ ေဆာက္ေနရာကေန စစ္သားေတြ ပစ္ခတ္တယ္ဆိုလို႔ လ်ိဳေျမာင္ေတာၾကားထဲ လွည္းေတြြ ႏြားေတြေကာ အကုန္ထြက္ေျပး ေျပးေနတဲ့အခ်ိန္မွာ တခ်ိဳ႕က ေ၀းေ၀းေျပးတဲ့သူက ကိုယ့္တဲကိုယ္ ျပန္မေရာက္ခဲ့ဖူး လမ္းမွာ မိုးေတြေလေတြ မိုးသီးေတြ မိတယ္ဗ်။ အနားနီးတဲေတြက ကိုယ့္တဲကိုယ္ျပန္ေရာက္ေတာ့ လြတ္တာေပါ့။အဲ့လိုေတြလည္းရွိတယ္။”

ဧၿပီ ၇ ရက္ကစလို႔ ေပါက္ၿမိဳ႕နယ္ေတာင္ပိုင္းမွာ စစ္ေကာင္စီတပ္ေတြ နယ္ေျမရွင္းလင္းေနတဲ့အတြက္ ေနအိမ္ ၄၀၀ နီးပါး မီးေလာင္ကြ်မ္းခဲ့သလို ေဒသခံ ၁ ေသာင္း ၁ ေထာင္ေက်ာ္ဟာ စစ္ေဘးဒုကၡသည္အျဖစ္ ေတာေတာင္ေတြထဲ ခိုလံႈေနၾကရတယ္။

(Unicode)


မကွေးတိုင်း စစ်ကောင်စီနဲ့ PDF တိုက်ပွဲ ရွာတွေမီးရှို့ခံရဆဲ

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်ထဲမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။ ပေါက်မြို့နယ် တောင်ပိုင်းမှာရှိတဲ့ ကင်းမကျေးရွာနားမှာ ဧပြီ ၁၈ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ရွာလုံးကျွတ်နီးပါး နေအိမ်တွေမီးလောင်ထားတဲ့ ကင်းမရွာက ကျန်နေတဲ့ နေအိမ်တွေကို စစ်ကောင်စီက မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့သတင်း ကိုရဲမြန္ ကပြောပြပါမယ်။


မကွေးတိုင်း ပခုက္ကူခရိုင်ထဲမှာ ဧပြီ ၇ ရက်ကနေ့က စပြီးစစ်ကောင်စီက နယ်မြေရှင်းလင်းမှုတွေလုပ်နေတာမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တနင်္လာနေ့အထိ ပေါက်မြို့နယ် တောင်ပိုင်းဘက်မှာ နေ့စဉ်ဆိုသလို တိုက်ပွဲတွေဖြစ်နေပါတယ်။ ကျောက်အိုးကျေးရွာမှာ တပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်တွေ ဧပြီ ၁၈ ရက် တနင်္လာနေ့က ကင်းမကျေးရွာဘက် သွားစဉ်မှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ပေါက်မြို့နယ်ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက အခုလိုပြောပါတယ်။

“အရင်ကျောက်အိုးမှာ တပ်ထိုင်ထားတဲ့ကောင်တွေလေ၊ ကျောက်အိုးမှာ တပ်ထိုင်ထားတဲ့ကောင်တွေက တပ်ဆုတ်လာတာ။ ကင်းမမှာ ကျွန်တော်တို့နဲ့ နာရီဝက်လောက် ဒေသခံ PDF တွေနဲ့ ထိတွေ့မှုဖြစ်ပြီးတော့ နာရီဝက်လောက်ထိတွေ့မှုဖြစ်ပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အကုန်ပစ်တယ်။”

စစ်ကောင်စီတပ်တွေ စစ်ကြောင်းသွားစဉ် လမ်းမှာတွေ့တဲ့ ဒေသခံအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး အချို့ကို ရိုက်နှက်ကာ ပြန်လွှတ်ပေးခဲ့တယ်လို့ PDF ဘက်ကကော ဒေသခံတွေကပါ အခိုင်အမာပြောဆိုပါတယ်။ ကင်းမကျေးရွာနားမှာ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ ပျူစောထီးတွေဟာ ကင်းမရွာထဲက နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၂၀ နီးပါး မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“နေအိမ်က ၂၀ လောက်လောင်တယ်။ ၂၀ လောက်ဆိုတာ ဒီလိုဗျ။ တောထဲမှာ နေရတာ သူများယာတဲမှာ နေရတာ ငြီးငွေ့လို့ ကိုယ့်အိမ်ဝင်းထဲကို ပြန်ဆောက်နေမယ်ဆိုတဲ့ အိမ်ရှင်တွေလည်းပါတယ်ခင်ဗျ။ အဲ့ဒါက ၄ ဦးလောက်ရှိတယ်။ အဲ့ဒါတွေက ၂ ခါရှို့ဖြစ်တာပေါ့။ သူတို့က အသစ်ဆောက်တဲ့ အိမ်လေးတွေကိုပါ ထပ်ရှို့တာ အရင်ရှို့ပြီးလို့ တောထဲမှာနေရတယ်။ တောထဲမှာ သူများယာထဲမှာ ဆောက်နေရတာဆိုတော့ ကိုယ့်အိမ်ဝင်းနဲ့ကိုယ်ဆောက်နေမယ်ဆိုပြီး ဆောက်ထားတဲ့ အိမ်အသစ်လေးတွေ ဆောက်ကာစ ဝါးအိမ်လေးတွေပေါ့ဗျာ။ အဲ့ဒါလေးတွေကို ထပ်ရှို့သွားတာခင်ဗျ။ အဲ့လူတွေကတော့ ၂ ထပ်ပေါ့။”

ကင်းမရွာကိုမီးရှို့ပြီး ဧပြီ ၁၈ ရက်၊ ည ၈ နာရီခန့်မှာ ပေါက်မြို့နယ်တောင်ပိုင်းနဲ့ ဆိပ်ဖြူမြို့နယ်ကြားက ချောင်းဇုံရွာက နေအိမ်တွေကိုလည်း မီးရှို့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ချောင်းဇုံ ကျေးရွာက နေအိမ်တွေ မီးလောင်ကျွမ်းနေတဲ့ မီးတောက်တွေကို အဝေးကနေ မြင်နေရတယ်လို့လည်း ပြောပါတယ်။ ည ၈ နာရီခွဲကျော်တဲ့အထိ မီးမငြိမ်းသေးဘူးလို့ ဒေသခံတွေက ပြောပြပါတယ်။

၂၀၂၁ ဇွန်လ ၁၅ ရက်နေ့တုန်းက ကင်းမကျေးရွာမှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်တပ်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာထဲက နေအိမ်တွေ မီးရှို့ခံရတဲ့အတွက် နေအိမ် ၁၅၀ နီးပါး မီးလောင်ကျွမ်းခဲ့ပါတယ်။ မီးရှို့မှုနဲ့ပါတ်သက်လို့ စစ်ကောင်စီနဲ့ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေ အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။ အဲဒီအချိန်ထဲက ကင်းမကျေးရွာက ပြည်သူအများစု တောတောင်တွေထဲ နေထိုင်နေရပါတယ်။

ဧပြီ ၁၈ ရက် တနင်္လာနေ့က ပေါက်မြို့နယ် တောင်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးတွေပါ ကြွေတဲ့အတွက် စစ်ဘေးဒုက္ခသည်တွေ ဒုက္ခရောက်နေတယ်လို့ အဆိုပါ ဒေသခံက ဆက်ပြောပါတယ်။

“၁၂ နာရီခွဲလောက်မှာ မီးရှို့ပြီးလို့ ၂ နာရီခွဲလောက်မှာ ပြန်သွားပြီးတော့ ၃ နာရီကျော်ကျော်လောက်မှာ မိုးရောလေရောလာတယ်။ မိုးသီးတွေကောကျတယ် ကျွန်တော်တို့ဆီမှာ လေတွေကောတိုက် အဲ့လိုတွေဖြစ်လို့ ဒုက္ခရောက်တာပေါ့ဗျာ။ တောတဲမှာ ဆောက်နေရာကနေ စစ်သားတွေ ပစ်ခတ်တယ်ဆိုလို့ လျိုမြောင်တောကြားထဲ လှည်းတွေ နွားတွေကော အကုန်ထွက်ပြေး ပြေးနေတဲ့အချိန်မှာ တချို့က ဝေးဝေးပြေးတဲ့သူက ကိုယ့်တဲကိုယ် ပြန်မရောက်ခဲ့ဖူး လမ်းမှာ မိုးတွေလေတွေ မိုးသီးတွေ မိတယ်ဗျ။ အနားနီးတဲတွေက ကိုယ့်တဲကိုယ်ပြန်ရောက်တော့ လွတ်တာပေါ့။အဲ့လိုတွေလည်းရှိတယ်။”

ဧပြီ ၇ ရက်ကစလို့ ပေါက်မြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းနေတဲ့အတွက် နေအိမ် ၄၀၀ နီးပါး မီးလောင်ကျွမ်းခဲ့သလို ဒေသခံ ၁ သောင်း ၁ ထောင်ကျော်ဟာ စစ်ဘေးဒုက္ခသည်အဖြစ် တောတောင်တွေထဲ ခိုလှုံနေကြရတယ်။

XS
SM
MD
LG