သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပည္ပေရာက္ျမန္မာေတြ ေတာ္လွန္ေရးအဖြဲ႔အစည္းေတြ မကူညီဖို႔ စစ္ေကာင္စီ သတိေပး


ထုိင္းႏုိင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ုံး။

(Zawgyi / Unicode)

ျပည္ပႏိုင္ငံအသီးသီးမွာ ေနထိုင္ အလုပ္လုပ္ကိုင္ေနတဲ့ ျမန္မာႏိုင္ငံသားေတြ ေတာ္လွန္ေရးအတြက္ ေငြေၾကးေထာက္ပံ့မႈနဲ႔ လႈပ္ရွားမႈေတြ မျပဳလုပ္ၾကဖို႔ တားျမစ္ၿပီး ဆက္လုပ္ရင္ အၾကမ္းဖက္မႈဥပေဒနဲ႔ ၿငိစြန္းမႈရွိမယ္လို႔ ထိုင္းအေျခစိုက္ ျမန္မာသံ႐ုံးက ဧၿပီလထဲမွာ သတိေပး ေၾကညာခ်က္ထုတ္ပါတယ္။ ဒီအေပၚ ထိုင္းႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားေတြဘက္က ျမန္မာျပည္ စစ္အာဏာရွင္လက္ေအာက္က လြတ္ေျမာက္ေရး မိမိတို႔ရဲ႕ လုပ္အား ကိုယ္ပိုင္ေငြေၾကးနဲ႔ တတ္အားသေရြ႕ ဆက္ကူသြားၾကမွာျဖစ္တယ္လို႔ တုံ႔ျပန္ပါတယ္။ စစ္ေကာင္စီဘက္က ဦးႏုလက္ထက္ကစ ေခတ္အဆက္ဆက္က ျပည္ပေရာက္ အဖြဲ႔အစည္းေတြကို ပ့ံပိုးေပးခဲ့တာမ်ိဳး အစဥ္အဆက္ရွိခဲ့ေၾကာင္း ေျပာပါတယ္။ အေသးစိတ္ကုိ မဆုမြန္ စုစည္းတင္ျပထားပါတယ္။

ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕က ျမန္မာသံ႐ုံးက ျပည္ပေရာက္ ျမန္မာႏိုင္ငံသားေတြ လိုက္နာရန္ဆိုၿပီး သတိေပးေၾကညာခ်က္ ဧၿပီလ ၈ ရက္ေန႔က ထုတ္ျပန္ပါတယ္။ အဓိကကေတာ့ ျပည္ပႏိုင္ငံ အသီးသီးမွာ ေနထိုင္ အလုပ္လုပ္ကိုင္ေနတဲ့ ျမန္မာႏိုင္ငံသားေတြ အေနနဲ႔ ျမန္မာႏိုင္ငံရဲ႕ တည္ၿငိမ္ေအးခ်မ္းေရးကို အေႏွာင့္အယွက္ေပးေနတဲ့ အဖြဲ႔အစည္းေတြနဲ႔ ဆက္သြယ္ေဆာင္ရြက္တာ၊ အဲဒီအဖြဲ႔အစည္းေတြကို ေထာက္ခံပံ့ပိုးႏိုင္ေရး ရန္ပုံေငြရွာေဖြတာေတြကို မျပဳလုပ္ၾကဖို႔နဲ႔ တကယ္လို႔ ဆက္လုပ္သြားမယ္ဆိုရင္ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးဥပေဒ ၂၃/၂၀၁၄ အခန္း ၁၂ ပါ အၾကမ္းဖက္မႈကို ေငြေၾကးေထာက္ပံ့မႈဆိုင္ရာ ျပစ္မႈမ်ားအား တားဆီးႏွိမ္နင္းေရး ဥပေဒနဲ႔ ၿငိစြန္းမယ္ဆိုတာ အသိေပးေၾကာင္း ဘန္ေကာက္သံ႐ုံးက ထုတ္ျပန္ခဲ့တာပါ။

အဲဒီလို ဘန္ေကာက္ ျမန္မာသံ႐ုံးက ေၾကညာခ်က္ထုတ္ျပန္ၿပီး ေနာက္မွာပဲ ခၽြန္ဘူရီ၊ မဟာခ်ိဳင္နဲ႔ ဘန္ေကာက္အပါအဝင္ ထိုင္းႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားတခ်ိဳ႕က ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕က ျမန္မာသံ႐ုံးေရွ႕ကို သြားေရာက္စုေဝးၾကၿပီး အဲဒီထုတ္ျပန္ခ်က္အေပၚ ကန္႔ကြက္ေၾကာင္း ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။ ျပည္ပေရာက္ေတြ မဲေပးခဲ့တဲ့ ျပည္သူ႔အစိုးရဆီကေန မတရား အာဏာသိမ္းမႈကို လက္မခံေၾကာင္း၊ ေျခာက္တိုင္းေၾကာက္မွာမဟုတ္၊ ဖိႏွိပ္မႈကို ၿဖိဳခြဲၾက စတဲ့ စာေတြေရးထားတဲ့ စာရြက္ေတြကို သံ႐ုံးဆိုင္းဘုတ္နဲ႔ ဝင္းနံရံေတြေပၚ ကပ္ၿပီး ဆႏၵထုတ္ေဖာ္ခဲ့ၾကတဲ့အေၾကာင္း ထိုင္းႏိုင္ငံက ျမန္မာ့အေရးနဲ႔ အလုပ္သမားေရး လႈပ္ရွားေနသူတဦးက ဗြီအိုေအကို ေျပာျပပါတယ္။

“၁၀ ရက္ေန႔မွာ သံ႐ုံးကို သြားၾကၿပီးေတာ့ မနက္ ၁၀ နာရီအေရာက္ မေက်နပ္ေၾကာင္းေပါ့၊ ဒီအမိန္႔ေၾကညာခ်က္အရဆိုရင္ ကိုယ့္ဘာသာ အလုပ္လုပ္လို႔ရတဲ့ေငြေပါ့၊ ကိုယ့္လုပ္အားနဲ႔ကိုယ္ ရတဲ့ေငြ ကိုယ့္ဘာသာကိုယ္ လွဴခ်င္တဲ့ေနရာ လွဴမွာေပါ့၊ အလုပ္သမားအမ်ားစုက အဲ့လိုပဲေတြးတယ္။ တခ်ိဳ႕အလုပ္သမားက်ေတာ့လည္း ဘာမွ မေခ်ပေတာ့ဘူး။ နင္တို႔ဘာသာ ထုတ္ခ်င္တာထုတ္ ငါတို႔လည္း လုပ္ခ်င္တာလုပ္မယ္ေပါ့။ အဲ့လိုမ်ိဳးလည္း ေျပာၾကတယ္။ ဒါေပမဲ့ ထိုင္းေရာက္ ျမန္မာအင္အားစုေတြ က်မတို႔ ရန္ပုံေငြေတြ စုတဲ့အဖြဲ႔ရွိတယ္။ လတိုင္း လတိုင္း လွဴေနတဲ့အဖြဲ႔ရွိတယ္။ အဲ့အဖြဲ႔ကလူေတြက ၿငိမ္ခံမေနနဲ႔တဲ့၊ ၿငိမ္လုိက္ရင္ ၿငိမ္သြားတယ္ ျဖစ္သြားဦးမယ္တဲ့၊ ငါတို႔မၿငိမ္ဘူး၊ ငါတို႔ ဒါကို မခံဘူးဆိုတာကို စာသြားကပ္ၾကရင္ ေကာင္းမယ္ဆိုၿပီး သံ႐ုံးမွာ အလုပ္သမားေတြ ကိုယ့္ရင္ထဲမွာ ရွိတဲ့ဟာေတြ ေရးၿပီး အဲဒီစာရြက္ A4 ေတြေပၚမွာ ကိုယ့္လုပ္အားခနဲ႔ ကိုယ္လုပ္ခ်င္တာလုပ္မယ္၊ လွဴခ်င္တာလွဴမယ္၊ စစ္အစိုးရရဲ႕ လက္ပါးေစ ျမန္မာသံ႐ုံး က်ဆုံးပါေစေပါ့၊ အဲ့လိုမ်ိဳးေတြ သူတို႔ေတြ စာေတြသြားကပ္ၾကတာ။”

ဘန္ေကာက္ ျမန္မာသံ႐ုံး ဆုိင္းဘုတ္မွာ စစ္အာဏာသိမ္းမႈကုိ မေက်နပ္တဲ့စာေတြ ကပ္ေနတဲ့ ထုိင္းႏုိင္ငံေရာက္ ျမန္မာႏုိင္ငံသားအခ်ဳိ႕။
ဘန္ေကာက္ ျမန္မာသံ႐ုံး ဆုိင္းဘုတ္မွာ စစ္အာဏာသိမ္းမႈကုိ မေက်နပ္တဲ့စာေတြ ကပ္ေနတဲ့ ထုိင္းႏုိင္ငံေရာက္ ျမန္မာႏုိင္ငံသားအခ်ဳိ႕။

အခုလို ျပည္ပေရာက္ ျမန္မာေတြဘက္က ေတာ္လွန္ေရးလုပ္ေနတဲ့ အဖြဲ႔အစည္းေတြကို ကူညီပ့ံပိုး ေထာက္ပံ့ေပးေနတဲ့ လုပ္ငန္းေတြက ဒီစစ္ေကာင္စီလက္ထက္မွာမွ မဟုတ္ဘဲ ဦးႏုအစိုးရ လက္ထက္ကတည္းက ရွိခဲ့ေၾကာင္းနဲ႔ ျပည္တြင္းအင္အားက ျပည္တြင္းမွာသာ ရွိပါတယ္လို႔ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗြီအိုေအကို ေျပာပါတယ္။

“ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီးေတာ့ က်ေနာ္တို႔ ျပည္ပမွာ ရန္ပုံေငြရွာတာ ျပည္ပမွာ ေဆာင္ရြက္တာတို႔ ဒါေတြရွိေနတာက အခုေခတ္မွ ရွိတာမဟုတ္ဘူး။ ဦးႏုလက္ထက္ကတည္းက ရွိခဲ့တာပဲျဖစ္တယ္။ ဝန္ႀကီးခ်ဳပ္ဦးႏုဆီက ၁၉၆၂ ခုႏွစ္ စစ္အာဏာသိမ္းတဲ့အခါမွာ ျပည္ပမွာ အဖြဲ႔အစည္း တည္ေထာင္ခဲ့တာရွိတယ္။ အခုမွျဖစ္တာ မဟုတ္ပါဘူး။ ျပည္ပမွာ အဖြဲ႔ေထာင္ ရန္ပုံေငြရွာတာ လက္နက္ေထာက္ပံ့မႈေတြလည္း ျပည္ပကေန ေထာက္ပ့ံခဲ့ၾကတာပဲ။ သူတို႔ရဲ႕ တပ္မေတာ္ဆိုတဲ့ အသုံးအႏႈန္းနဲ႔ စင္ၿပိဳင္အစိုးရေတြ ေထာင္ခဲ့တာပဲ။ ဒါ့အျပင္ ျပည္ပမွာ တရားဝင္ေထာက္ပ့ံမႈေတြ ဝင္ေငြေထာက္ပံ့မႈေတြ ျပဳခဲ့ၾကတာပဲ။ ဒါေတြနဲ႔ ပတ္သက္ၿပီးက် က်ေနာ္ေျပာခ်င္တာကေတာ့ က်ေနာ္တို႔ယူဆတာက ျပည္တြင္းအင္အားသည္ ျပည္တြင္းမွာသာ ရွိပါတယ္။ ျပည္တြင္းအင္အားသည္ ျပည္တြင္းမွာသာ ရွိတဲ့အတြက္ ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္တဲ့ လက္နက္ကုိင္ပဋိပကၡေတြ ခ်ဳပ္ၿငိမ္းေရးနဲ႔ ပတ္သက္တဲ့ လုပ္ငန္းစဥ္ေတြကိုသာ ဦးတည္ၿပီး ၂၀၂၂ ခုႏွစ္မွာ လုပ္ေဆာင္သြားမွာ ျဖစ္တယ္။ သူတို႔လုပ္ရပ္ေတြနဲ႔ ပတ္သက္ၿပီးေတာ့က် က်ေနာ္တို႔အေနနဲ႔ သြားၿပီးေတာ့ ေဝဖန္စရာလည္း မရွိဘူး။ ျပည္ဖ်က္လုပ္ငန္း လုပ္ေနတဲ့ သူေတြကေတာ့ ျပည္ဖ်က္လုပ္ငန္းပဲ လုပ္ေနမွာပဲ။ ဒါေတြနဲ႔ ပတ္သက္ၿပီးေတာ့က် က်ေနာ္တို႔အေနနဲ႔ သြားၿပီးေတာ့ ေျပာေနစရာ အေၾကာင္းလည္း မရွိဘူး။ က်ေနာ္တို႔သည္ က်ေနာ္တို႔ရဲ႕ လုပ္ငန္းကိုပဲ က်ေနာ္တို႔ ဆက္လက္လုပ္ေဆာင္သြားမယ္။ က်ေနာ္တို႔ရဲ႕ ဦးတည္ခ်က္၊ ရည္မွန္းခ်က္အတိုင္း ဆက္လက္လုပ္ေဆာင္သြားမွာ ျဖစ္တယ္လို႔ပဲ က်ေနာ္ေျပာခ်င္ပါတယ္။”

တကယ္ေတာ့ ထိုင္းႏိုင္ငံထဲ သိန္းခ်ီေရာက္ရွိ အလုပ္လုပ္ကိုင္ေနတဲ့ ျမန္မာႏိုင္ငံသားေတြဟာ ျပည္ပမွာ အလုပ္မ်ိဳးစုံ လုပ္ကိုင္ေနၾကရေပမဲ့ အမိျမန္မာျပည္အတြက္ ကိုဗစ္ကာကြယ္ေဆးထိုး လုပ္ငန္းကစလို႔ သဘာဝေဘးအႏၲရာယ္ ႀကဳံေနရတဲ့ အခ်ိန္ေတြမွာေတာင္ မိမိတို႔ရဲ႕ ေခၽြးနည္းစာ လုပ္အားခ လစာေတြထဲကေန တတ္ႏိုင္သေလာက္ ပံ့ပိုးကူညီ လွဴဒါန္းေပးခဲ့ၾကတယ္လို႔ ျပည္ပေရာက္ ျမန္မာေတြက ေျပာပါတယ္။ အခုလက္ရွိ စစ္အာဏာသိမ္းခံထားရတဲ့ ျမန္မာႏိုင္ငံထဲမွာ အတိဒုကၡေရာက္ေနၾကရတဲ့ ျမန္မာျပည္သူေတြအတြက္ လူသားခ်င္းစာနာမႈ အကူအညီ စားနပ္ရိကၡာ၊ အဝတ္အစား၊ ေဆးဝါးကအစ လိုအပ္တဲ့ေနရာေတြမွာ သုံးဖို႔ ကူညီေပးၾကသလို ေခတ္ေျပာင္း စနစ္ေျပာင္း ေတာ္လွန္တိုက္ပြဲဝင္ေပးေနၾကတဲ့ ဒီမိုကေရစီ အင္အားစုေတြနဲ႔ ျပည္သူ႔ကာကြယ္ေရး တပ္သားေတြအတြက္လည္း လိုအပ္တဲ့ အေထာက္အပံ့ေတြ ရေအာင္ ဒီအတိုင္း ၿငိမ္မေနႏိုင္ၾကဘဲ ဝိုင္းဝန္းကူညီေပးေနၾကတာ ျဖစ္တယ္လို႔လည္း အလုပ္သမားေရး လႈပ္ရွားေနသူတဦးက ဗြီအိုေအကို ေျပာျပပါတယ္။

“စစ္အာဏာသိမ္းလိုက္ခ်ိန္မွာ ထိုင္းမွာ ကိုယ့္အလုပ္သမားေတြအတြက္ မားမားမတ္မတ္ ရပ္တည္ေပးမယ့္ အလုပ္သမား သံအရာရွိေတြကအစ ကိုယ့္အခက္အခဲ သြားေျပာခ်င္တယ္။ ထိေတြ႔မႈမရွိေတာ့ဘဲ လက္ခံပါ့မလားဆိုတဲ့ စိုးရိမ္စိတ္ေတြလည္း သူတို႔မွာ ျဖစ္လာေနရေတာ့ ဟယ္ ဒီလိုဆို မျဖစ္ေတာ့ဘူး၊ ဒီအတိုင္းေနလို႔ေတာ့ မရေတာ့ဘူး၊ အခုဆို အစစအရာရာ ျမန္မာႏိုင္ငံထဲမွာလည္း ခ်ိဳ႕ယြင္းတယ္၊ ငါတို႔ ထိုင္းႏိုင္ငံထဲမွာလည္း အလုပ္သမားေရးေတြမွာ ခ်ိဳ႕ယြင္းခ်က္ေတြ ရွိလာေနတယ္ဆိုေတာ့ ေကာင္းတဲ့အစိုးရ ငါတို႔အတြက္ အစိုးရပဲ ျဖစ္လိုက္ရင္ ေကာင္းမယ္ဆိုတဲ့ စိတ္ေတြနဲ႔ အရင္တုန္းက ငါတို႔ ပါးစပ္ေတြကေန လြတ္လြတ္လပ္လပ္ ေျပာခြင့္ဆိုခြင့္ေတြ ရွိခဲ့တယ္။ အခုဆိုရင္ လြတ္လြတ္လပ္လပ္ ေျပာခြင့္ဆိုခြင့္ေတြလည္း မရွိေတာ့ဘူးဆိုေတာ့ သူတို႔က အဲ့ဒါႀကီးကို မလိုခ်င္ေတာ့ဘူး။ အဲ့ဒါေၾကာင့္ စစ္မွန္တဲ့ အစိုးရမ်ိဳးကိုပဲ လိုခ်င္တယ္။ ဒါေၾကာင့္ အလုပ္သမားေတြက လစဥ္ကို တလ ၃၀၀ ဘတ္ဆိုလည္း လွဴၾကတာပဲ။ ဟင္းေတြ ဗာလေခ်ာင္ေၾကာ္၊ ငါးပိေၾကာ္တို႔ ေၾကာ္တဲ့အဖြဲ႔ဆိုလည္း အဲ့ဘက္ကိုလည္း သူတို႔ ဝိုင္းလွဴၾကတယ္။ တလ ၃၀၀ တရက္ ၁၀ ဘတ္ႏႈန္းနဲ႔ လွဴပါဆိုလည္း သူတို႔ မပ်က္မကြက္ကို ပုံမွန္ထည့္ေပးၾကတယ္။ ဘြန္းေရာင္းေနတယ္၊ လွဴၾကပါဆိုလည္း ေဒၚလာ ၁၀၀၊ ဘတ္ ၃,၀၀၀ ေက်ာ္လည္း ဝယ္ၿပီးေတာ့ကို ထည့္ေနၾကတာပါပဲ။”

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးခ်ိန္ကစလို႔ ကမၻာ့ႏိုင္ငံ အသီးသီးမွာ ရွိေနၾကတဲ့ ျပည္ပေရာက္ ျမန္မာႏိုင္ငံသားေတြက စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေၾကာင္း မၾကာခဏ စုေဝး ဆႏၵထုတ္ေဖာ္ၾကသလို အခက္အခဲ ဒုကၡမ်ိဳးစုံနဲ႔ ရင္ဆိုင္ေနၾကရတဲ့ ျမန္မာႏိုင္ငံသားေတြအတြက္ လူသားခ်င္းစာနာမႈ အကူအညီေပးေရး အပါအဝင္ အာဏာသိမ္းဆန္႔က်င္ ေတာ္လွန္ေရးအတြက္ ရန္ပုံေငြ ရွာေဖြေပးၾကတာ၊ ကူညီေထာက္ပံ့ေပးၾကတာေတြကို အင္တိုက္အားတိုက္ လုပ္ေဆာင္ေနၾကတာ ျဖစ္ပါတယ္။

တခ်ိန္တည္းမွာပဲ စစ္အာဏာသိမ္း စစ္ေကာင္စီဘက္ကေတာ့ ျပည္ပေရာက္ ျမန္မာႏိုင္ငံသားေတြထဲက CDM သံအမတ္ႀကီးေတြ၊ သံ႐ုံးအတြင္းဝန္ေတြနဲ႔ သံဝန္ထမ္းတခ်ိဳ႕နဲ႔ ျပည္ပကို တိမ္းေရွာင္ေျပးသြားၾကတဲ့ ျမန္မာႏိုင္ငံသားတခ်ိဳ႕ကို ႏိုင္ငံသားအျဖစ္က ရပ္စဲတာေတြ၊ ေနာက္ သံ႐ုံးေတြကေန တဆင့္လည္း ျပည္ပေရာက္ ျမန္မာႏိုင္ငံသားေတြအေပၚ အေရးယူမႈေတြ ေဆာင္ရြက္မယ့္အေၾကာင္း သတိေပး ေၾကညာခ်က္ ထုတ္ျပန္ေနတာ ျဖစ္ပါတယ္။

-----------------------------

(Unicode)

ပြည်ပရောက်မြန်မာတွေ တော်လှန်ရေးအဖွဲ့အစည်းတွေ မကူညီဖို့ စစ်ကောင်စီ သတိပေး

ပြည်ပနိုင်ငံအသီးသီးမှာ နေထိုင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ တော်လှန်ရေးအတွက် ငွေကြေးထောက်ပံ့မှုနဲ့ လှုပ်ရှားမှုတွေ မပြုလုပ်ကြဖို့ တားမြစ်ပြီး ဆက်လုပ်ရင် အကြမ်းဖက်မှုဥပဒေနဲ့ ငြိစွန်းမှုရှိမယ်လို့ ထိုင်းအခြေစိုက် မြန်မာသံရုံးက ဧပြီလထဲမှာ သတိပေး ကြေညာချက်ထုတ်ပါတယ်။ ဒီအပေါ် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေဘက်က မြန်မာပြည် စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေး မိမိတို့ရဲ့ လုပ်အား ကိုယ်ပိုင်ငွေကြေးနဲ့ တတ်အားသရွေ့ ဆက်ကူသွားကြမှာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။ စစ်ကောင်စီဘက်က ဦးနုလက်ထက်ကစ ခေတ်အဆက်ဆက်က ပြည်ပရောက် အဖွဲ့အစည်းတွေကို ပံ့ပိုးပေးခဲ့တာမျိုး အစဉ်အဆက်ရှိခဲ့ကြောင်း ပြောပါတယ်။ အသေးစိတ်ကို မဆုမွန် စုစည်းတင်ပြထားပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံးက ပြည်ပရောက် မြန်မာနိုင်ငံသားတွေ လိုက်နာရန်ဆိုပြီး သတိပေးကြေညာချက် ဧပြီလ ၈ ရက်နေ့က ထုတ်ပြန်ပါတယ်။ အဓိကကတော့ ပြည်ပနိုင်ငံ အသီးသီးမှာ နေထိုင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေးကို အနှောင့်အယှက်ပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်တာ၊ အဲဒီအဖွဲ့အစည်းတွေကို ထောက်ခံပံ့ပိုးနိုင်ရေး ရန်ပုံငွေရှာဖွေတာတွေကို မပြုလုပ်ကြဖို့နဲ့ တကယ်လို့ ဆက်လုပ်သွားမယ်ဆိုရင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ၂၃/၂၀၁၄ အခန်း ၁၂ ပါ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများအား တားဆီးနှိမ်နင်းရေး ဥပဒေနဲ့ ငြိစွန်းမယ်ဆိုတာ အသိပေးကြောင်း ဘန်ကောက်သံရုံးက ထုတ်ပြန်ခဲ့တာပါ။

အဲဒီလို ဘန်ကောက် မြန်မာသံရုံးက ကြေညာချက်ထုတ်ပြန်ပြီး နောက်မှာပဲ ချွန်ဘူရီ၊ မဟာချိုင်နဲ့ ဘန်ကောက်အပါအဝင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတချို့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံးရှေ့ကို သွားရောက်စုဝေးကြပြီး အဲဒီထုတ်ပြန်ချက်အပေါ် ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ပြည်ပရောက်တွေ မဲပေးခဲ့တဲ့ ပြည်သူ့အစိုးရဆီကနေ မတရား အာဏာသိမ်းမှုကို လက်မခံကြောင်း၊ ခြောက်တိုင်းကြောက်မှာမဟုတ်၊ ဖိနှိပ်မှုကို ဖြိုခွဲကြ စတဲ့ စာတွေရေးထားတဲ့ စာရွက်တွေကို သံရုံးဆိုင်းဘုတ်နဲ့ ဝင်းနံရံတွေပေါ် ကပ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့အကြောင်း ထိုင်းနိုင်ငံက မြန်မာ့အရေးနဲ့ အလုပ်သမားရေး လှုပ်ရှားနေသူတဦးက ဗွီအိုအေကို ပြောပြပါတယ်။

“၁၀ ရက်နေ့မှာ သံရုံးကို သွားကြပြီးတော့ မနက် ၁၀ နာရီအရောက် မကျေနပ်ကြောင်းပေါ့၊ ဒီအမိန့်ကြေညာချက်အရဆိုရင် ကိုယ့်ဘာသာ အလုပ်လုပ်လို့ရတဲ့ငွေပေါ့၊ ကိုယ့်လုပ်အားနဲ့ကိုယ် ရတဲ့ငွေ ကိုယ့်ဘာသာကိုယ် လှူချင်တဲ့နေရာ လှူမှာပေါ့၊ အလုပ်သမားအများစုက အဲ့လိုပဲတွေးတယ်။ တချို့အလုပ်သမားကျတော့လည်း ဘာမှ မချေပတော့ဘူး။ နင်တို့ဘာသာ ထုတ်ချင်တာထုတ် ငါတို့လည်း လုပ်ချင်တာလုပ်မယ်ပေါ့။ အဲ့လိုမျိုးလည်း ပြောကြတယ်။ ဒါပေမဲ့ ထိုင်းရောက် မြန်မာအင်အားစုတွေ ကျမတို့ ရန်ပုံငွေတွေ စုတဲ့အဖွဲ့ရှိတယ်။ လတိုင်း လတိုင်း လှူနေတဲ့အဖွဲ့ရှိတယ်။ အဲ့အဖွဲ့ကလူတွေက ငြိမ်ခံမနေနဲ့တဲ့၊ ငြိမ်လိုက်ရင် ငြိမ်သွားတယ် ဖြစ်သွားဦးမယ်တဲ့၊ ငါတို့မငြိမ်ဘူး၊ ငါတို့ ဒါကို မခံဘူးဆိုတာကို စာသွားကပ်ကြရင် ကောင်းမယ်ဆိုပြီး သံရုံးမှာ အလုပ်သမားတွေ ကိုယ့်ရင်ထဲမှာ ရှိတဲ့ဟာတွေ ရေးပြီး အဲဒီစာရွက် A4 တွေပေါ်မှာ ကိုယ့်လုပ်အားခနဲ့ ကိုယ်လုပ်ချင်တာလုပ်မယ်၊ လှူချင်တာလှူမယ်၊ စစ်အစိုးရရဲ့ လက်ပါးစေ မြန်မာသံရုံး ကျဆုံးပါစေပေါ့၊ အဲ့လိုမျိုးတွေ သူတို့တွေ စာတွေသွားကပ်ကြတာ။”

ဘန္ေကာက္ ျမန္မာသံ႐ုံး ဆုိင္းဘုတ္မွာ စစ္အာဏာသိမ္းမႈကုိ မေက်နပ္တဲ့စာေတြ ကပ္ေနတဲ့ ထုိင္းႏုိင္ငံေရာက္ ျမန္မာႏုိင္ငံသားအခ်ဳိ႕။
ဘန္ေကာက္ ျမန္မာသံ႐ုံး ဆုိင္းဘုတ္မွာ စစ္အာဏာသိမ္းမႈကုိ မေက်နပ္တဲ့စာေတြ ကပ္ေနတဲ့ ထုိင္းႏုိင္ငံေရာက္ ျမန္မာႏုိင္ငံသားအခ်ဳိ႕။

အခုလို ပြည်ပရောက် မြန်မာတွေဘက်က တော်လှန်ရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေကို ကူညီပံ့ပိုး ထောက်ပံ့ပေးနေတဲ့ လုပ်ငန်းတွေက ဒီစစ်ကောင်စီလက်ထက်မှာမှ မဟုတ်ဘဲ ဦးနုအစိုးရ လက်ထက်ကတည်းက ရှိခဲ့ကြောင်းနဲ့ ပြည်တွင်းအင်အားက ပြည်တွင်းမှာသာ ရှိပါတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ပြည်ပမှာ ရန်ပုံငွေရှာတာ ပြည်ပမှာ ဆောင်ရွက်တာတို့ ဒါတွေရှိနေတာက အခုခေတ်မှ ရှိတာမဟုတ်ဘူး။ ဦးနုလက်ထက်ကတည်းက ရှိခဲ့တာပဲဖြစ်တယ်။ ဝန်ကြီးချုပ်ဦးနုဆီက ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းတဲ့အခါမှာ ပြည်ပမှာ အဖွဲ့အစည်း တည်ထောင်ခဲ့တာရှိတယ်။ အခုမှဖြစ်တာ မဟုတ်ပါဘူး။ ပြည်ပမှာ အဖွဲ့ထောင် ရန်ပုံငွေရှာတာ လက်နက်ထောက်ပံ့မှုတွေလည်း ပြည်ပကနေ ထောက်ပံ့ခဲ့ကြတာပဲ။ သူတို့ရဲ့ တပ်မတော်ဆိုတဲ့ အသုံးအနှုန်းနဲ့ စင်ပြိုင်အစိုးရတွေ ထောင်ခဲ့တာပဲ။ ဒါ့အပြင် ပြည်ပမှာ တရားဝင်ထောက်ပံ့မှုတွေ ဝင်ငွေထောက်ပံ့မှုတွေ ပြုခဲ့ကြတာပဲ။ ဒါတွေနဲ့ ပတ်သက်ပြီးကျ ကျနော်ပြောချင်တာကတော့ ကျနော်တို့ယူဆတာက ပြည်တွင်းအင်အားသည် ပြည်တွင်းမှာသာ ရှိပါတယ်။ ပြည်တွင်းအင်အားသည် ပြည်တွင်းမှာသာ ရှိတဲ့အတွက် ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကိုသာ ဦးတည်ပြီး ၂၀၂၂ ခုနှစ်မှာ လုပ်ဆောင်သွားမှာ ဖြစ်တယ်။ သူတို့လုပ်ရပ်တွေနဲ့ ပတ်သက်ပြီးတော့ကျ ကျနော်တို့အနေနဲ့ သွားပြီးတော့ ဝေဖန်စရာလည်း မရှိဘူး။ ပြည်ဖျက်လုပ်ငန်း လုပ်နေတဲ့ သူတွေကတော့ ပြည်ဖျက်လုပ်ငန်းပဲ လုပ်နေမှာပဲ။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ကျ ကျနော်တို့အနေနဲ့ သွားပြီးတော့ ပြောနေစရာ အကြောင်းလည်း မရှိဘူး။ ကျနော်တို့သည် ကျနော်တို့ရဲ့ လုပ်ငန်းကိုပဲ ကျနော်တို့ ဆက်လက်လုပ်ဆောင်သွားမယ်။ ကျနော်တို့ရဲ့ ဦးတည်ချက်၊ ရည်မှန်းချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ပဲ ကျနော်ပြောချင်ပါတယ်။”

တကယ်တော့ ထိုင်းနိုင်ငံထဲ သိန်းချီရောက်ရှိ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေဟာ ပြည်ပမှာ အလုပ်မျိုးစုံ လုပ်ကိုင်နေကြရပေမဲ့ အမိမြန်မာပြည်အတွက် ကိုဗစ်ကာကွယ်ဆေးထိုး လုပ်ငန်းကစလို့ သဘာဝဘေးအန္တရာယ် ကြုံနေရတဲ့ အချိန်တွေမှာတောင် မိမိတို့ရဲ့ ချွေးနည်းစာ လုပ်အားခ လစာတွေထဲကနေ တတ်နိုင်သလောက် ပံ့ပိုးကူညီ လှူဒါန်းပေးခဲ့ကြတယ်လို့ ပြည်ပရောက် မြန်မာတွေက ပြောပါတယ်။ အခုလက်ရှိ စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံထဲမှာ အတိဒုက္ခရောက်နေကြရတဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီ စားနပ်ရိက္ခာ၊ အဝတ်အစား၊ ဆေးဝါးကအစ လိုအပ်တဲ့နေရာတွေမှာ သုံးဖို့ ကူညီပေးကြသလို ခေတ်ပြောင်း စနစ်ပြောင်း တော်လှန်တိုက်ပွဲဝင်ပေးနေကြတဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်သားတွေအတွက်လည်း လိုအပ်တဲ့ အထောက်အပံ့တွေ ရအောင် ဒီအတိုင်း ငြိမ်မနေနိုင်ကြဘဲ ဝိုင်းဝန်းကူညီပေးနေကြတာ ဖြစ်တယ်လို့လည်း အလုပ်သမားရေး လှုပ်ရှားနေသူတဦးက ဗွီအိုအေကို ပြောပြပါတယ်။

“စစ်အာဏာသိမ်းလိုက်ချိန်မှာ ထိုင်းမှာ ကိုယ့်အလုပ်သမားတွေအတွက် မားမားမတ်မတ် ရပ်တည်ပေးမယ့် အလုပ်သမား သံအရာရှိတွေကအစ ကိုယ့်အခက်အခဲ သွားပြောချင်တယ်။ ထိတွေ့မှုမရှိတော့ဘဲ လက်ခံပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေလည်း သူတို့မှာ ဖြစ်လာနေရတော့ ဟယ် ဒီလိုဆို မဖြစ်တော့ဘူး၊ ဒီအတိုင်းနေလို့တော့ မရတော့ဘူး၊ အခုဆို အစစအရာရာ မြန်မာနိုင်ငံထဲမှာလည်း ချို့ယွင်းတယ်၊ ငါတို့ ထိုင်းနိုင်ငံထဲမှာလည်း အလုပ်သမားရေးတွေမှာ ချို့ယွင်းချက်တွေ ရှိလာနေတယ်ဆိုတော့ ကောင်းတဲ့အစိုးရ ငါတို့အတွက် အစိုးရပဲ ဖြစ်လိုက်ရင် ကောင်းမယ်ဆိုတဲ့ စိတ်တွေနဲ့ အရင်တုန်းက ငါတို့ ပါးစပ်တွေကနေ လွတ်လွတ်လပ်လပ် ပြောခွင့်ဆိုခွင့်တွေ ရှိခဲ့တယ်။ အခုဆိုရင် လွတ်လွတ်လပ်လပ် ပြောခွင့်ဆိုခွင့်တွေလည်း မရှိတော့ဘူးဆိုတော့ သူတို့က အဲ့ဒါကြီးကို မလိုချင်တော့ဘူး။ အဲ့ဒါကြောင့် စစ်မှန်တဲ့ အစိုးရမျိုးကိုပဲ လိုချင်တယ်။ ဒါကြောင့် အလုပ်သမားတွေက လစဉ်ကို တလ ၃၀၀ ဘတ်ဆိုလည်း လှူကြတာပဲ။ ဟင်းတွေ ဗာလချောင်ကြော်၊ ငါးပိကြော်တို့ ကြော်တဲ့အဖွဲ့ဆိုလည်း အဲ့ဘက်ကိုလည်း သူတို့ ဝိုင်းလှူကြတယ်။ တလ ၃၀၀ တရက် ၁၀ ဘတ်နှုန်းနဲ့ လှူပါဆိုလည်း သူတို့ မပျက်မကွက်ကို ပုံမှန်ထည့်ပေးကြတယ်။ ဘွန်းရောင်းနေတယ်၊ လှူကြပါဆိုလည်း ဒေါ်လာ ၁၀၀၊ ဘတ် ၃,၀၀၀ ကျော်လည်း ဝယ်ပြီးတော့ကို ထည့်နေကြတာပါပဲ။”

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးချိန်ကစလို့ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ရှိနေကြတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေက စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း မကြာခဏ စုဝေး ဆန္ဒထုတ်ဖော်ကြသလို အခက်အခဲ ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေကြရတဲ့ မြန်မာနိုင်ငံသားတွေအတွက် လူသားချင်းစာနာမှု အကူအညီပေးရေး အပါအဝင် အာဏာသိမ်းဆန့်ကျင် တော်လှန်ရေးအတွက် ရန်ပုံငွေ ရှာဖွေပေးကြတာ၊ ကူညီထောက်ပံ့ပေးကြတာတွေကို အင်တိုက်အားတိုက် လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ စစ်အာဏာသိမ်း စစ်ကောင်စီဘက်ကတော့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေထဲက CDM သံအမတ်ကြီးတွေ၊ သံရုံးအတွင်းဝန်တွေနဲ့ သံဝန်ထမ်းတချို့နဲ့ ပြည်ပကို တိမ်းရှောင်ပြေးသွားကြတဲ့ မြန်မာနိုင်ငံသားတချို့ကို နိုင်ငံသားအဖြစ်က ရပ်စဲတာတွေ၊ နောက် သံရုံးတွေကနေ တဆင့်လည်း ပြည်ပရောက် မြန်မာနိုင်ငံသားတွေအပေါ် အရေးယူမှုတွေ ဆောင်ရွက်မယ့်အကြောင်း သတိပေး ကြေညာချက် ထုတ်ပြန်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG