သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်၊ အာဆီယံ ထိပ်သီးဆွေးနွေးပွဲက မြန်မာ့အရေး မျှော်လင့်ချက်


In this image released by Brunei ASEAN Summit, U.S. President Joe Biden speaks at the virtual meeting of ASEAN-East Asia Summit participants held on on the sidelines of the ASEAN summit, Oct. 27, 2021.(ယခင်မှတ်တမ်းဓါတ်ပုံ)
In this image released by Brunei ASEAN Summit, U.S. President Joe Biden speaks at the virtual meeting of ASEAN-East Asia Summit participants held on on the sidelines of the ASEAN summit, Oct. 27, 2021.(ယခင်မှတ်တမ်းဓါတ်ပုံ)

ရှေ့သီတင်းပတ်ထဲ ဝါရှင်တန် ဒီစီမှာ ကျင်းပမယ့် အမေရိကန်၊ အာဆီယံ ထိပ်သီး အစည်းအဝေးမှာ မြန်မာ့အရေး ဆွေးနွေးဖို့ မျှော်လင့်ထားကြပေမဲ့ ထူးခြားတဲ့ ရလဒ်တွေ ထွက်ပေါ်နိုင်ပါ့မလား ဆိုတာကိုတော့ အကဲခတ်တွေ သံသယ ရှိနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

အမေရိကန်၊ အာဆီယံ ထိပ်သီးဆွေးနွေးပွဲက မြန်မာ့အရေး မျှော်လင့်ချက်

{{Zawgyi/Unicode}}
ရှေ့သီတင်းပတ်ထဲ ဝါရှင်တန် ဒီစီမှာ ကျင်းပမယ့် အမေရိကန်၊ အာဆီယံ ထိပ်သီး အစည်းအဝေးမှာ မြန်မာ့အရေး ဆွေးနွေးဖို့ မျှော်လင့်ထားကြပေမဲ့ ထူးခြားတဲ့ ရလဒ်တွေ ထွက်ပေါ်နိုင်ပါ့မလား ဆိုတာကိုတော့ အကဲခတ်တွေ သံသယ ရှိနေကြပါတယ်။ ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ ရောက်ရှိလာမယ့် အာဆီယံ ခေါင်းဆောင်တွေကို မေလ ၁၂ ရက်နေ့ ကြာသပတေးနေ့မှာ သမ္မတဂျိုးဘိုင်ဒင်က အိမ်ဖြူတော်မှာ ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံမှာဖြစ်ပြီး၊ နောက်တနေ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ကျင်းပမယ့် ထိပ်သီး အစည်းအဝေးကိုလည်း တက်ရောက်မှာဖြစ်ကြောင်း အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် Jen Psaki က သောကြာနေ့မှာပြောဆိုပါတယ်။

ထိပ်သီးအစည်းအဝေးအတွင်း ဒေသတွင်းပြဿနာတွေကို ဆွေးနွေးရာမှာ ပြီးခဲ့တဲ့နှစ်က စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေ ပေါ်ပေါက်နေတဲ့ မြန်မာ့အရေး ပါဝင်လိမ့်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ ဒါပေမဲ့လည်း ထူးခြားတဲ့ ရလဒ်တွေ ထွက်ပေါ်မယ့် အလားအလာ သိပ်မရှိဘူးလို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။

“ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တိုးတက်မှုတွေ ရလိမ့်မယ်လို့ မထင်ပါဘူး။ ပြီးခဲ့တဲ့နှစ်ထဲ ချမှတ်ခဲ့ပြီး၊ အာဆီယံက တိုးတက်မှု မယ်မယ်ရရ မလုပ်နိုင်ခဲ့တဲ့ ဝေဝါးလွန်းတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ထက် ကျော်လွန်ပြီး မြန်မာနိုင်ငံမှာ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတွေမှာ အာဆီယံ အဖွဲ့ဝင် တော်တော်များများနဲ့ အမေရိကန်ကြား သဘောထား သိပ်တိုက်ဆိုင်ကြမယ် မထင်ပါဘူး။” လို့ ဝါရှင်တန် ဒီစီအခြေစိုက် နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးဌာန IISS က အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူ Arron Connelly က သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ အရပ်သား အစိုးရကို ဖယ်ရှားပြီး စစ်အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင်တွေကိုတော့ အမေရိကန်နဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးကို တက်ခွင့်မပေးဘဲ၊ အရပ်သားကိုယ်စားလှယ် တယောက်ယောက်ကိုသာ တက်ခွင့်ပြုထားပါတယ်။

.................................................


{{Zawgyi/Unicode}}




XS
SM
MD
LG