သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စာနာမႈအကူအညီအတြက္ NUG နဲ႔ ဆက္ဆံဖို႔ မေလးရွားအဆိ္ုျပဳခ်က္ အာဆီယံလက္ခံမလား


NUG

မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးက အာဆီယံအေနနဲ႔ NUG  အမ်ိဳးသားညီညြတ္ေရးအစိုးရနဲ႔ ဆက္ဆံလုပ္ကိုင္ဖို႔ အဆိုျပဳဖို႔ရွိတာကို စစ္ေကာင္စီဘက္က ႀကိဳကန္႔ကြက္ေပမဲ့ အာဆီယံမွာ ညိူႏႈိင္းဆံုးျဖတ္သြားႏိုင္တယ္လို႔ သံုးသပ္သူေတြက ဆိုပါတယ္။ 

{{Zawgyi/Unicode}}
မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးက အာဆီယံအေနနဲ႔ NUG အမ်ိဳးသားညီညြတ္ေရးအစိုးရနဲ႔ ဆက္ဆံလုပ္ကိုင္ဖို႔ အဆိုျပဳဖို႔ရွိတာကို စစ္ေကာင္စီဘက္က ႀကိဳကန္႔ကြက္ေပမဲ့ အာဆီယံမွာ ညိူႏႈိင္းဆံုးျဖတ္သြားႏိုင္တယ္လို႔ သံုးသပ္သူေတြက ဆိုပါတယ္။

ဒီေန႔ အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားရဲ့ အင္တာနက္ Online အစည္းအေဝးမွာ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး Saifuddin Abdullah အေနနဲ႔ အခုလို အဆိုျပဳဖို႔ မေလးရွားသတင္းေတြမွာ စေနက ေျပာထားတာကို ျမန္မာစစ္ေကာင္စီ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက တနဂၤလာေန႔မွာ ကန္႔ကြက္ထားပါတယ္။

NUG ဟာ အၾကမ္းဖက္အဖြဲ႔မို႔ မေလးရွားအဆိုျပဳမူဟာ မဆင္မျခင္ တာဝန္မဲ့မူပါလို႔ စစ္ေကာင္စီဘက္က ေျပာလာခ်ိန္မွာ၊ NUG ဘက္ကလည္း စစ္ေကာင္စီအၾကမ္းဖက္မူေၾကာင့္ လူသားခ်င္းစာနာမူဒုကၡအတြက္ ASEAN နဲ႔ ပူးေပါင္းေဆာင္ရြက္လိုတာပါလို႔ ဆိုပါတယ္။ ကိုဝင္းမင္းက ေမးထားပါတယ္။

ကိုဝင္းမင္း ။. ။ NUG နဲ႔ အထူးသျဖင့္ လူသားခ်င္း စာနမႈဆိုင္ရာ အေျခခံ တရားမဝင္ သေဘာမ်ဳိး ထိေတြ႔ဆက္ဆံဖို႔ မေလးရွား က အဆိုျပဳတာကို " ျမန္မာ မဟာဗ်ဴဟာ နဲ႔ မူဝါဒ ေလ့လာေရး အင္စတီက်ဴ႕ ISP ျမန္မာအဖြဲ႔ ညႊန္ၾကားေရးမွဴး ဦးေအာင္သူၿငိမ္း က

ဦးေအာင္သူၿငိမ္း ။. ။ အာဆီယံက ဘယ္ေတာ့မွ တႏိုင္ငံထဲ ႀကြံလုပ္တာမ်ဳိးမဟုတ္ပဲနဲ႔ အာဆီယံမွာ Consensus အားလုံးေၾကလည္ သေဘာတူမွ လုပ္တယ္ဆိုတာမ်ဳိးလည္း ရွိပါတယ္။ ေနာက္တခါ အာဆီယံရဲ႕ အေျခခံၾကတဲ့မူက သူတပါးႏိုင္ငံ ဝင္မစြက္ဖက္ေရး အေနအထားရွိတာေပါ့ေနာ္။ ရွိတဲ့အခါၾကေတာ့ တဖက္က ဒီမိုကေရစီ အေရးကို ဝိုင္းကူခ်င္တာလည္း ေကာင္းပါတယ္။ ဒါေပမယ့္ တခ်ဳိ႕ကိစၥေတြက အာဆီယံ က အားလုံးနဲ႔အတူတူ ေရွာက္မွရမယ္ သေဘာမ်ဳိးလို႔ ျမင္ပါတယ္။ လက္ရွိ ကေမၻာဒီးယားက ဦးေဆာင္မႈယူထားတယ္။ အထူးသံတမန္အေနနဲ႔ ယူထားတယ္ဆိုေတာ့ သူရဲ႕ လမ္းေၾကာင္းေပၚပဲ လုပ္ရမယ္ထင္ပါတယ္။

ကိုဝင္းမင္း ။. ။ ဒါေပမယ့္ ကေမၻာဒီးယားဦးေဆာင္ သေဘာထား တခုတည္းမဟုတ္ပဲ အာဆီယံမွာ ညိွႏိႈင္းရဖို႔ ျဖစ္လာႏိုင္တာကို NUG ဒုႏိုင္ငံျခားေရးဝန္ႀကီး ဦးမိုးေဇာ္ဦး က အခုလိုရွင္းျပပါတယ္။

ဦးမိုေဇာ္ဦး ။. ။ က်ေနာ္တို႔အေနနဲ႔က အာဆီယံႏိုင္ငံတခ်ဳိ႕နဲ႔ အဆက္သြယ္ရွိတယ္။ ပူးေပါင္းေဆာင္ရြက္မႈရွိတယ္။ အဲဒီေတာ့ တခ်ုိ႕ႏိုင္ငံေတြဆိုလုိရွိရင္ အခုလို ထုတ္ေဖာ္ေျပာဆိုတာ အခု မေလးရွားဆိုလို႔ရွိရင္ ထုတ္ေဖာ္ေျပာဆိုတာေတြရွိတယ္ေပါ့ေလ။ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးျဖစ္ျဖစ္ေပါ့။ တျခား သက္ဆိုင္ရာ မိတ္ေဆြႏိုင္ငံေတြက တဆင့္ေပးပို႔ထားတာရွိပါတယ္။ အခု ျပဳလုပ္မယ္ ့အစည္းအေဝးမွာလည္း လူသားခ်င္း စာနာမႈဆိုင္ရာနဲ႔ပတ္သက္ၿပီး က်ေနာ္တို႔ သေဘာထားေတြကို ေပးပို႔ထားတာရွိပါတယ္။ အဲဒီေတာ့ အာဆီယံအေနနဲ႔က သက္ဆိုင္ရာ State Holder ေတြေပါ့ေနာ္ အားလုံးနဲ႔ထိေတြ႔ဆက္ဆံဖို႔ လိုအပ္တယ္လို႔ က်ေနာ္တို႔ သေဘာရပါတယ္။ ဒါဟာ အာဆီယံကေန ခ်မွတ္ထားတဲ့ 5 Point Consensus ဘုံသေဘာတူညီခ်က္နဲ႔လည္း အညီျဖစ္ပါတယ္။ မေလးရွားႏိုင္ငံအေနနဲ႔က အာဆီယံမွာ ဘယ္လိုေဆာင္ရြက္သင့္တယ္ေပါ့ေနာ္။ အာဆီယံရဲ႕ Special Envoy အေနနဲ႔ေပါ့ေနာ္ ဘယ္လို ပုဂၢိဳလ္ေတြကို ထိေတြ႔ခြင့္ရွိပါတယ္။ ဒါနဲ႔ပတ္သက္ၿပီးေတာ့ အားလုံးဝိုင္းဝန္း ညိွႏိႈင္းၿပီးရင္ အမ်ားရဲ႕ ဘုံသေဘာတူညီခ်က္နဲ႔ပဲ ေဆာင္ရြက္ရမယ္လို႔ နားလည္ပါတယ္။

ကိုဝင္းမင္း ။. ။ အာဆီယံ အခက္ႀကဳံေနရပုံကိုလည္း ဦးေအာင္သူၿငိမ္း က

ကိုေအာင္သူၿငိမ္း ။. ။ တဖက္ကၾကေတာ့ ဒီ အာဆီယံက ထိပ္သီးေခါင္းေဆာင္ေတြ သေဘာတူထားတဲ့ ၅ ခ်က္က အေကာင္အထည္မေဖာ္ႏိုင္ေသးသေလာက္ရွိတယ္။ ေနာက္တခါၾကျပန္ေတာ့လည္း လူသားခ်င္း စာနာမႈ အကူအညီဆုိတာမွာလည္း ကိုဗစ္ကာကြယ္ေဆး လွဴတာေလာက္နဲ႔ပဲၿပီးသြားတယ္။ တခ်ဳိ႕လုပ္ငန္းေတြၾကေတာ့လည္း တဖက္က ျမန္မာၾကက္ေခ်နီ၊ တဖက္ကလည္း အာဆီယံ AHC လူသားခ်င္းစာနာမႈ အကူအညီေပးတဲ့ ေအဂ်င္စီေပါ့။ ဒါေတြနဲ႔ဲ႔ပဲ ၿပီးသြားတယ္ေပါ့။ ဒီထက္ပို အေရးႀကီးတဲ့ စစ္ေဘးေရွာင္ ဒုကၡသည္တို႔၊ ဒီထက္ပို က်ယ္ျပန္႔တဲ့ လူေတြ အကူအညီမေရာက္ႏိုင္တဲ့ကိစၥမ်ဳိးေပါ့ေနာ္။ အဲဒီကိစၥေတြက ဆက္ေဆြးေႏြးဖို႔၊ ဆက္အကူအညီေပးဖို႔ဆုိရင္ ေတာ္ေတာ္လည္း ခက္အုန္းမယ္။ ျပင္းျပင္းထန္ထန္ လုပ္ရမယ့္ ကိစၥေတြလို႔ျမင္ပါတယ္။

ဦးမိုးေဇာ္ဦး ။. ။ ဒီအေပၚ ဦးမိုးေဇာ္ဦး ကလည္း

ဦးမိုးေဇာ္ဦး ။. ။ က်ေနာ္တို႔ၾကားတယ္ အစည္းအေဝးလုပ္မယ့္ကိစၥ။ စစ္ေကာင္စီက အၾကမ္းဖက္အဖြဲ႔အစည္းအျဖစ္ ေၾကညာထားၿပီးျဖစ္တယ္။ ဘာလို႔လည္းဆိုေတာ့ ျပည္တြင္းမွာ အခုေလာေလာဆယ္ ခ်င္းျပည္နယ္၊ ကရင္နီျပည္နယ္လိုေနရာေတြမ်ုိးမွာ မီးေတြရိႈ႕တယ္၊ လူေတြကို သတ္ျဖတ္ႏိုပ္စက္ေနတယ္၊ အင္တာနက္ေတြဘာေတြျဖစ္ စသျဖင့္ေပါ့ေလ။ တမင္ရည္ရြယ္ခ်က္နဲ႔ ျဖတ္ေလးျဖတ္မႈအတိုင္း အၾကမ္းဖက္ၿပီး ေဆာင္ရြက္ေနခ်ိန္မွာ ဘယ္သူကိုမွ အာဆီယံပဲျဖစ္ျဖစ္ ကုလသမဂၢပဲျဖစ္ျဖစ္ ဘယ္သူကိုမွ ဒီေနရာေတြကို အကူအညီေတြ ေရာက္ရွိဖို႔ကို လက္ခံမွာမဟုတ္ပါဘူး။ အဲဒါေၾကာင့္ကို က်ေနာ္တို႔နဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ ၊ က်ေနာ္တို႔နဲ႔ ဆက္စပ္ပတ္သက္တဲ့ တိုင္းရင္းသား ေတာ္လွန္ေရးအဖြဲ႔ေတြ ၊ ေျမျပင္မွာရွိၾကတဲ့ တကယ္ေဒသခံအဖြဲ႔အစည္းေတြ ဒီလိုအဖြဲ႔အစည္းေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ၿပီးတဲ့အခါမွာ အမွန္တကယ္လိုအပ္ေနတဲ့ ဒုကၡေရာက္ေနသူေတြဆီကို ေရာက္ရွိဖို႔အတြက္ ေဆာင္ရြက္ပါ။ နယ္စပ္ကိုလည္း ျဖတ္ေက်ာ္ၿပီးေတာ့ အကူအညီေပးဖိ္ု႔ကိစၥေတြကိုလည္း စဥ္းစားပါဆိုၿပီး ဆက္တုိက္ တိုက္တြန္းေနတာျဖစ္ပါတယ္။

ကိုဝင္းမင္း ။. ။ တကယ္ေတာ့ စစ္ေကာင္စီအေနနဲ႔ ဒီလူသားခ်င္းစာနာမႈဆိုင္ရာ ကူညီေရးကိစၥမွာ ႏိုင္ငံတကာ NGO ေတြအပါအဝင္ ေဒသတြင္းဆိုင္ရာ လိုအပ္တဲ့ေနရာပို႔ေပးႏိုင္တဲ့အဖြဲ႔ေတြနဲ႔ ေပါင္းမလုပ္လိုပဲ တကုိယ္ေတာ္ သူလက္ေအာက္ခံအဖြဲ႔ေတြနဲ႔ပဲ လုပ္ခ်င္ပုံေပါက္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

...................................................

{{Zawgyi/Unicode}}
မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံအနေနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဆက်ဆံလုပ်ကိုင်ဖို့ အဆိုပြုဖို့ရှိတာကို စစ်ကောင်စီဘက်က ကြိုကန့်ကွက်ပေမဲ့ အာဆီယံမှာ ညိူနှိုင်းဆုံးဖြတ်သွားနိုင်တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။

ဒီနေ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများရဲ့ အင်တာနက် Online အစည်းအဝေးမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah အနေနဲ့ အခုလို အဆိုပြုဖို့ မလေးရှားသတင်းတွေမှာ စနေက ပြောထားတာကို မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္ဂလာနေ့မှာ ကန့်ကွက်ထားပါတယ်။

NUG ဟာ အကြမ်းဖက်အဖွဲ့မို့ မလေးရှားအဆိုပြုမူဟာ မဆင်မခြင် တာဝန်မဲ့မူပါလို့ စစ်ကောင်စီဘက်က ပြောလာချိန်မှာ၊ NUG ဘက်ကလည်း စစ်ကောင်စီအကြမ်းဖက်မူကြောင့် လူသားချင်းစာနာမူဒုက္ခအတွက် ASEAN နဲ့ ပူးပေါင်းဆောင်ရွက်လိုတာပါလို့ ဆိုပါတယ်။ ကိုဝင်းမင်းက မေးထားပါတယ်။

ကိုဝင်းမင်း ။. ။ NUG နဲ့ အထူးသဖြင့် လူသားချင်း စာနမှုဆိုင်ရာ အခြေခံ တရားမဝင် သဘောမျိုး ထိတွေ့ဆက်ဆံဖို့ မလေးရှား က အဆိုပြုတာကို " မြန်မာ မဟာဗျူဟာ နဲ့ မူဝါဒ လေ့လာရေး အင်စတီကျူ့ ISP မြန်မာအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်း က

ဦးအောင်သူငြိမ်း ။. ။ အာဆီယံက ဘယ်တော့မှ တနိုင်ငံထဲ ကြွံလုပ်တာမျိုးမဟုတ်ပဲနဲ့ အာဆီယံမှာ Consensus အားလုံးကြေလည် သဘောတူမှ လုပ်တယ်ဆိုတာမျိုးလည်း ရှိပါတယ်။ နောက်တခါ အာဆီယံရဲ့ အခြေခံကြတဲ့မူက သူတပါးနိုင်ငံ ဝင်မစွက်ဖက်ရေး အနေအထားရှိတာပေါ့နော်။ ရှိတဲ့အခါကြတော့ တဖက်က ဒီမိုကရေစီ အရေးကို ဝိုင်းကူချင်တာလည်း ကောင်းပါတယ်။ ဒါပေမယ့် တချို့ကိစ္စတွေက အာဆီယံ က အားလုံးနဲ့အတူတူ ရှောက်မှရမယ် သဘောမျိုးလို့ မြင်ပါတယ်။ လက်ရှိ ကမ္ဘောဒီးယားက ဦးဆောင်မှုယူထားတယ်။ အထူးသံတမန်အနေနဲ့ ယူထားတယ်ဆိုတော့ သူရဲ့ လမ်းကြောင်းပေါ်ပဲ လုပ်ရမယ်ထင်ပါတယ်။

ကိုဝင်းမင်း ။. ။ ဒါပေမယ့် ကမ္ဘောဒီးယားဦးဆောင် သဘောထား တခုတည်းမဟုတ်ပဲ အာဆီယံမှာ ညှိနှိုင်းရဖို့ ဖြစ်လာနိုင်တာကို NUG ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး က အခုလိုရှင်းပြပါတယ်။

ဦးမိုဇော်ဦး ။. ။ ကျနော်တို့အနေနဲ့က အာဆီယံနိုင်ငံတချို့နဲ့ အဆက်သွယ်ရှိတယ်။ ပူးပေါင်းဆောင်ရွက်မှုရှိတယ်။ အဲဒီတော့ တချို့နိုင်ငံတွေဆိုလိုရှိရင် အခုလို ထုတ်ဖော်ပြောဆိုတာ အခု မလေးရှားဆိုလို့ရှိရင် ထုတ်ဖော်ပြောဆိုတာတွေရှိတယ်ပေါ့လေ။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဖြစ်ဖြစ်ပေါ့။ တခြား သက်ဆိုင်ရာ မိတ်ဆွေနိုင်ငံတွေက တဆင့်ပေးပို့ထားတာရှိပါတယ်။ အခု ပြုလုပ်မယ့်အစည်းအဝေးမှာလည်း လူသားချင်း စာနာမှုဆိုင်ရာနဲ့ပတ်သက်ပြီး ကျနော်တို့ သဘောထားတွေကို ပေးပို့ထားတာရှိပါတယ်။ အဲဒီတော့ အာဆီယံအနေနဲ့က သက်ဆိုင်ရာ State Holder တွေပေါ့နော် အားလုံးနဲ့ထိတွေ့ဆက်ဆံဖို့ လိုအပ်တယ်လို့ ကျနော်တို့ သဘောရပါတယ်။ ဒါဟာ အာဆီယံကနေ ချမှတ်ထားတဲ့ 5 Point Consensus ဘုံသဘောတူညီချက်နဲ့လည်း အညီဖြစ်ပါတယ်။ မလေးရှားနိုင်ငံအနေနဲ့က အာဆီယံမှာ ဘယ်လိုဆောင်ရွက်သင့်တယ်ပေါ့နော်။ အာဆီယံရဲ့ Special Envoy အနေနဲ့ပေါ့နော် ဘယ်လို ပုဂ္ဂိုလ်တွေကို ထိတွေ့ခွင့်ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အားလုံးဝိုင်းဝန်း ညှိနှိုင်းပြီးရင် အများရဲ့ ဘုံသဘောတူညီချက်နဲ့ပဲ ဆောင်ရွက်ရမယ်လို့ နားလည်ပါတယ်။

ကိုဝင်းမင်း ။. ။ အာဆီယံ အခက်ကြုံနေရပုံကိုလည်း ဦးအောင်သူငြိမ်း က

ကိုအောင်သူငြိမ်း ။. ။ တဖက်ကကြတော့ ဒီ အာဆီယံက ထိပ်သီးခေါင်းဆောင်တွေ သဘောတူထားတဲ့ ၅ ချက်က အကောင်အထည်မဖော်နိုင်သေးသလောက်ရှိတယ်။ နောက်တခါကြပြန်တော့လည်း လူသားချင်း စာနာမှု အကူအညီဆိုတာမှာလည်း ကိုဗစ်ကာကွယ်ဆေး လှူတာလောက်နဲ့ပဲပြီးသွားတယ်။ တချို့လုပ်ငန်းတွေကြတော့လည်း တဖက်က မြန်မာကြက်ချေနီ၊ တဖက်ကလည်း အာဆီယံ AHC လူသားချင်းစာနာမှု အကူအညီပေးတဲ့ အေဂျင်စီပေါ့။ ဒါတွေနဲ့ဲ့ပဲ ပြီးသွားတယ်ပေါ့။ ဒီထက်ပို အရေးကြီးတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တို့၊ ဒီထက်ပို ကျယ်ပြန့်တဲ့ လူတွေ အကူအညီမရောက်နိုင်တဲ့ကိစ္စမျိုးပေါ့နော်။ အဲဒီကိစ္စတွေက ဆက်ဆွေးနွေးဖို့၊ ဆက်အကူအညီပေးဖို့ဆိုရင် တော်တော်လည်း ခက်အုန်းမယ်။ ပြင်းပြင်းထန်ထန် လုပ်ရမယ့် ကိစ္စတွေလို့မြင်ပါတယ်။

ဦးမိုးဇော်ဦး ။. ။ ဒီအပေါ် ဦးမိုးဇော်ဦး ကလည်း

ဦးမိုးဇော်ဦး ။. ။ ကျနော်တို့ကြားတယ် အစည်းအဝေးလုပ်မယ့်ကိစ္စ။ စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားပြီးဖြစ်တယ်။ ဘာလို့လည်းဆိုတော့ ပြည်တွင်းမှာ အခုလောလောဆယ် ချင်းပြည်နယ်၊ ကရင်နီပြည်နယ်လိုနေရာတွေမျိုးမှာ မီးတွေရှို့တယ်၊ လူတွေကို သတ်ဖြတ်နိုပ်စက်နေတယ်၊ အင်တာနက်တွေဘာတွေဖြစ် စသဖြင့်ပေါ့လေ။ တမင်ရည်ရွယ်ချက်နဲ့ ဖြတ်လေးဖြတ်မှုအတိုင်း အကြမ်းဖက်ပြီး ဆောင်ရွက်နေချိန်မှာ ဘယ်သူကိုမှ အာဆီယံပဲဖြစ်ဖြစ် ကုလသမဂ္ဂပဲဖြစ်ဖြစ် ဘယ်သူကိုမှ ဒီနေရာတွေကို အကူအညီတွေ ရောက်ရှိဖို့ကို လက်ခံမှာမဟုတ်ပါဘူး။ အဲဒါကြောင့်ကို ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ၊ ကျနော်တို့နဲ့ ဆက်စပ်ပတ်သက်တဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေ ၊ မြေပြင်မှာရှိကြတဲ့ တကယ်ဒေသခံအဖွဲ့အစည်းတွေ ဒီလိုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတဲ့အခါမှာ အမှန်တကယ်လိုအပ်နေတဲ့ ဒုက္ခရောက်နေသူတွေဆီကို ရောက်ရှိဖို့အတွက် ဆောင်ရွက်ပါ။ နယ်စပ်ကိုလည်း ဖြတ်ကျော်ပြီးတော့ အကူအညီပေးဖို့ကိစ္စတွေကိုလည်း စဉ်းစားပါဆိုပြီး ဆက်တိုက် တိုက်တွန်းနေတာဖြစ်ပါတယ်။

ကိုဝင်းမင်း ။. ။ တကယ်တော့ စစ်ကောင်စီအနေနဲ့ ဒီလူသားချင်းစာနာမှုဆိုင်ရာ ကူညီရေးကိစ္စမှာ နိုင်ငံတကာ NGO တွေအပါအဝင် ဒေသတွင်းဆိုင်ရာ လိုအပ်တဲ့နေရာပို့ပေးနိုင်တဲ့အဖွဲ့တွေနဲ့ ပေါင်းမလုပ်လိုပဲ တကိုယ်တော် သူလက်အောက်ခံအဖွဲ့တွေနဲ့ပဲ လုပ်ချင်ပုံပေါက်နေပါတယ်။

XS
SM
MD
LG