သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

NUG ယာယီသမၼတရဲ႕ ႏိုင္ငံေတာ္အေျချပ မိန္႔ခြန္းအေပၚ အျမင္တခ်ိဳ႕


NUG ယာယီသမၼတ ဒူဝါလရွီးလ။ (ဓာတ္ပုံ - NUG Facebook)

(Zawgyi / Unicode)

NUG အမ်ိဳးသားညီညႊတ္ေရးအစိုးရရဲ႕ တႏွစ္ျပည့္ ႏွစ္ပတ္လည္မိန္႔ခြန္းမွာ စစ္ေကာင္စီက တႏိုင္ငံလံုးကို မထိန္းခ်ဳပ္ႏိုင္ေတာ့ဘဲ NUG ဦးေဆာင္တဲ့ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔ေတြနဲ႔ တိုင္းရင္းသားလက္နက္ကိုင္ေတြက ႏိုင္ငံ့ ေနရာေတာ္ေတာ္မ်ားကို ထိန္းခ်ဳပ္ထားၿပီလို႔ ယာယီသမၼတ ဒူဝါလရွီးလက ေျပာၾကားခဲ့ပါတယ္။ ဒီေျပာၾကားခ်က္နဲ႔ ပတ္သက္ၿပီး ျမန္မာ့အေရး သံုးသပ္သူေတြရဲ႕ အျမင္က ဘယ္လိုရွိပါသလဲ။ ဆက္သြယ္ေမးျမန္းထားတဲ့ ကိုဝင္းမင္း တင္ျပေပးထားပါတယ္။

ျမန္မာ့အေရးေလ့လာသူ ဦးသန္းစိုးႏုိင္က စစ္ေကာင္စီ မထိန္းခ်ဳပ္ႏုိင္ဘူးလို႔ ေျပာခဲ့တဲ့အေပၚ အခုလို စရွင္းျပပါတယ္။

“အခု ျပည္သူ႔ခုခံေရးစစ္ပြဲကေနၿပီးေတာ့ ျပည္သူ႔ေတာ္လွန္ေရးအဆင့္ ကူးေျပာင္းတဲ့ေနရာမွာ အေျခခံအားျဖင့္ ေက်းလက္အေျခခံ ၿမိဳ႕ကုိဝုိင္းဆုိတဲ့ ေသနဂၤဗ်ဴဟာနဲ႔ လုပ္ၾကရတာပါ။ အခုကေတာ့ ခ်င္းျပည္နယ္၊ ကရင္နီျပည္နယ္၊ ကရင္ျပည္နယ္၊ ကခ်င္ျပည္နယ္နဲ႔ အထူးသျဖင့္ စစ္ကိုင္းတုိင္းနဲ႔ မေကြးတုိင္းေတြမွာ ျပည္သူ႔ခုခံေတာ္လွန္ေရး လႈပ္ရွားမႈေတြရဲ႕ အရွိန္အဟုန္ေတြ ျပင္းထန္လာတာနဲ႔အမွ် သိသာထင္ရွားတာက သူ႔စစ္အင္အား မလုံေလာက္မႈေၾကာင့္ ေဒသအလုိက္ အုပ္ခ်ဳပ္ေရး မစုိးမုိးႏုိင္တဲ့ အေနအထားေတြ ရွိပါတယ္။”

ဒီအေပၚ ေသနဂၤမဟာဗ်ဴဟာ ေလ့လာေရးအဖြဲ႔ အမႈေဆာင္ဒါ႐ုိက္တာ ေဒါက္တာႏုိင္ေဆြဦးကေတာ့ ဆန္႔က်င္ဘက္ ျမင္ပါတယ္။

“ႏုိင္ငံတႏုိင္ငံကို က်ေနာ္တို႔က သတ္မွတ္မယ္ဆုိရင္ ႏုိင္ငံရဲ႕ အုပ္ခ်ဳပ္သူ အစုိးရရွိမယ္၊ ႏုိင္ငံရဲ႕ သတ္မွတ္တဲ့ ေရထု ေျမထုဆုိတဲ့ ပုိင္ဆုိင္တဲ့ဧရိယာရွိမယ္၊ ဒီႏုိင္ငံမွာ ေနထုိင္တဲ့ ျပည္သူေတြရွိမယ္၊ ဆုိေတာ့ လက္ရွိမွာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ အစုိးရသည္ ဒီသုံးခ်က္လုံးနဲ႔ ကိုက္ညီေနတာ ျဖစ္တဲ့အတြက္ လက္ရွိအစိုးရျဖစ္ေနတယ္ဆုိတာ ရွင္းရွင္းလင္းလင္း သိသာတယ္။ ႏုိင္ငံတကာကလည္း ဒါကိုသိတယ္။ အာဆီယံတို႔ ကုလသမဂၢတို႔ ဆုိတာလည္း လက္ရွိအစိုးရသည္ ဘယ္သူလဲဆုိတာ ထင္ထင္ရွားရွား ရွိတယ္လို႔ က်ေနာ္ျမင္ပါတယ္။ ေနာက္တခုကေတာ့ လက္ရွိအစုိးရကို ဆန္႔က်င္ေနတဲ့ အဖြဲ႔ေတြ ရွိတယ္။ ဥပမာ PDF လို အဖြဲ႔မ်ဳိးက စစ္ကိုင္းတုိင္း ေျမာက္ပုိင္းလုိ ေဒသမ်ဳိး၊ ဥပမာ ကယားျပည္နယ္လို ေဒသမ်ဳိး၊ ကရင္ျပည္နယ္က တခ်ဳိ႕ေဒသေတြမွာ သူတုိ႔ အၾကမ္းဖက္ လုပ္ငန္းေတြ လုပ္ေနတာ ရွိေကာင္း ရွိေပမယ့္လုိ႔ လက္ရွိ ႏုိင္ငံေတာ္ကုိ အုပ္ခ်ဳပ္ေနတဲ့ အစိုးရအေနနဲ႔ ထိန္းခ်ဳပ္ထားႏုိင္တယ္ဆုိတာ ေတြ႔ရမွာျဖစ္ပါတယ္။”

ဒါေပမယ့္ ေနာက္ ျမန္မာ့အေရးေလ့လာသူ ဦးရဲထြန္းကေတာ့ တခ်ဳိ႕တဝက္ေတာ့ မွန္တယ္လို႔ ဆုိပါတယ္။

“သူေျပာတဲ့ အေျခအေနက လက္ေတြ႔မွာ မွန္သင့္သေလာက္ မွန္ပါတယ္။ တုိင္းရင္းသား လက္နက္ကုိင္ အဖြဲ႔အစည္းေတြ အထူးသျဖင့္ေတာ့ NUG နဲ႔ ပူးေပါင္းတဲ့ KNU တုိ႔၊ KIA တို႔ ကယားျပည္နယ္က တခ်ဳိ႕ေနရာေတြမွာ တုိင္းရင္းသား လက္နက္ကုိင္ အဖြဲ႔အစည္းေတြနဲ႔ ပူးတြဲၿပီးေတာ့ PDF ေတြက အားေကာင္းၿပီးေတာ့ နယ္ေျမ၊ အထူးသျဖင့္ေတာ့ ေက်းလက္ေဒသေတြ စုိးမုိးလာႏုိင္တာေပါ့။ သိသိသာသာ ထူးျခားတာက စစ္ကုိင္းတုိင္းထဲမွာေပါ့၊ အဲဒီလုိေနရာမ်ဳိးေတြမွာ ၿမိဳ႕ေတြကို မသိမ္းႏုိင္ေသာ္လည္း ေက်းလက္ေတြမွာ သူတုိ႔ အားေကာင္းေနတယ္ဆုိတာ ေျမျပင္သတင္းေတြအရ သိရတယ္။ အထူးသျဖင့္ေတာ့ ကုန္းလမ္းေတြမွာ တပ္မေတာ္ကလည္း စစ္ေၾကာင္းေတြကို ကုန္းလမ္းအတုိင္း သြားလုိ႔မရဘူး။ စစ္ဆင္ေရး လုပ္မယ္ဆုိရင္ ေလေၾကာင္းကေနၿပီးေတာ့ပဲ အျမန္ခ်ီတက္ ထုိးေဖာက္ၿပီးေတာ့ အျမန္ဆုတ္၊ အဲဒီနည္းစနစ္ က်င့္သုံးေနရတာေပါ့။ အစိုးရတပ္က သတ္မွတ္ထားခ်က္အရ ဆုိရင္ေတာ့ ဒါေတြက အညိဳေရာင္နယ္ေျမေပါ့၊ သူဝင္လုိက္ ကုိယ္ဝင္လုိက္ေပ့ါ၊ သူဝင္ ကုိယ္ထြက္ဆုိတဲ့ ေနရာမ်ဳိးေတြ၊ က်ေနာ္တို႔ အရင္ဗကပ အဖြဲ႔ေတြကေတာ့ ဒါ ေျပာက္က်ားေဒသလို႔ ေခၚတာေပါ့။”

NUG ယာယီသမၼတ ဒူဝါလရွီးလက ေဒသခံေတြ အကူအညီနဲ႔ တခ်ဳိ႕အုပ္ခ်ဳပ္ေရး ဆက္ခ်ၿပီး လူထုကို စစ္ေကာင္စီထိန္းခ်ဳပ္မႈေအာက္က လြတ္ေျမာက္ေအာင္ လုပ္ေပးမယ္လို႔ ေျပာခဲ့ပါတယ္။ ဒီအေပၚမွာ ျမန္မာစစ္တပ္ အရာရွိေဟာင္းလည္း ျဖစ္တဲ့ ေဒါက္တာႏုိင္ေဆြဦးက အခုလုိတုံ႔ျပန္ပါတယ္။

“တခ်ဳိ႕ကေတာ့ တူမီးေသနတ္ေတြ ကိုင္ေဆာင္ထားတဲ့ သမား႐ုိးက်မဟုတ္တဲ့ တပ္ဖြဲ႔ဝင္ေတြဟာ ေဒသေတြကို တစိတ္တပုိင္း ထိန္းခ်ဳပ္ေကာင္း ထိန္းခ်ဳပ္ရႏုိင္လိမ့္မယ္လို႔ အိပ္မက္ေတြ မက္ေကာင္း မက္ေနႏုိင္ပါတယ္။ ႏုိင္ငံတႏုိင္ငံမွာကေတာ့ ေခတ္မီလက္နက္ တပ္ဆင္ထားတဲ့ အၿမဲတမ္း တပ္မေတာ္ဆုိတာ ရွိၿပီးသား ျဖစ္ပါတယ္။ သူတို႔မွာ အျမတ္ထုတ္ေကာင္း ထုတ္ရမယ့္ ေအာင္ပြဲေတြ ရွိေကာင္း ရွိႏုိင္ေပမယ့္လည္း ႏုိင္ငံတႏုိင္ငံရဲ႕ အၿမဲတမ္းတပ္မေတာ္တရပ္ကုိ ယွဥ္ႏုိင္ဖုိ႔ဆုိတာ ၂၁ ရာစုေခတ္မွာ ဘယ္လုိမွ မျဖစ္ႏုိင္ဘူးဆုိတာ က်ေနာ္ျမင္ပါတယ္။”

အခုလုိ NUG က လြတ္ေျမာက္ေဒသေတြမွာ ဒီအုပ္ခ်ဳပ္ေရး ဆက္ခ်ေနၿပီလို႔ ေျပာတဲ့အေပၚ ဦးရဲထြန္းကလည္း သူ႔အျမင္ကို အခုလိုေျပာပါတယ္။

“အခုေလာေလာဆယ္ေတာ့ အုပ္ခ်ဳပ္ေရးေတြ သက္ဝင္လႈပ္ရွားေနၿပီ ဆုိတဲ့ဟာမ်ဳိး မၾကားမိေသးဘူး။ ႏႈိင္းယွဥ္ၿပီး ေျပာမယ္ဆုိရင္ AA ေတာင္မွ သူတို႔ ရခုိင္ျပည္နယ္မွာ အုပ္ခ်ဳပ္ေရး၊ တရားစီရင္ေရး ကိစၥေတြ စတင္ေဆာင္ရြက္ေနပါၿပီ ဆုိၿပီးေတာ့ ျပည္သူလူထုထဲမွာျဖစ္တဲ့ အမႈအခင္းေတြကို တုိင္တန္းတာေတြကို သူတို႔ စတင္ၿပီး ေျဖရွင္းေပးေနတဲ့အေၾကာင္းေတြ၊ ေနာက္ ျပည္သူလူထုက သူတုိ႔အမိန္႔ေတြဆုိရင္ လိုက္နာၾကတယ္ဆုိတဲ့ သတင္းေတြ ၾကားရတာေပါ့ေနာ္။ ဆုိေတာ့ NUG PDF ေတြနဲ႔ ပတ္သက္လို႔ အဲဒီလုိသတင္းမ်ဳိးေတာ့ အခုထိ က်ေနာ္ေတာ့ မေတြ႔ရေသးဘူး။ အုပ္ခ်ဳပ္ေရးတုိ႔ တရားစီရင္ေရးတုိ႔ လုပ္ႏုိင္တယ္ ဆုိတာကလည္း စစ္ေရးအရ ေတာ္ေတာ္ေလး လုံၿခံဳမႈရွိမွ ေဆာင္ရြက္ႏုိင္လိမ့္မယ္လို႔ ထင္ပါတယ္။”

NUG ယာယီသမၼတရဲ႕ အခုမိန္႔ခြန္းထဲမွာပဲ အရင္တႏွစ္တုန္းကေတာ့ ႏုိင္ငံတကာ ပညာရွင္ေတြက ေတာ္လွန္ေရး အင္အားစုေတြဘက္က ျမန္မာစစ္တပ္ကို မႏုိင္ဘူးလို႔ ေျပာခဲ့ေပမယ့္ အခုေတာ့ စစ္တပ္ဟာ ေတာ္လွန္ေရး အင္အားစုေတြကို မႏုိင္ဘူးလို႔ ေျပာလာတဲ့အေပၚ သူမႏုိင္ ကုိယ္မႏုိင္ ျဖစ္ေနတာကို ျပတယ္လို႔ သုံးသပ္သူေတြက ဆုိပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

NUG ယာယီသမ္မတရဲ့ နိုင်ငံတော်အခြေပြ မိန့်ခွန်းအပေါ် အမြင်တချို့

NUG အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ တနှစ်ပြည့် နှစ်ပတ်လည်မိန့်ခွန်းမှာ စစ်ကောင်စီက တနိုင်ငံလုံးကို မထိန်းချုပ်နိုင်တော့ဘဲ NUG ဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက နိုင်ငံ့ နေရာတော်တော်များကို ထိန်းချုပ်ထားပြီလို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ပါတယ်။ ဒီပြောကြားချက်နဲ့ ပတ်သက်ပြီး မြန်မာ့အရေး သုံးသပ်သူတွေရဲ့ အမြင်က ဘယ်လိုရှိပါသလဲ။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဝင်းမင်း တင်ပြပေးထားပါတယ်။

မြန်မာ့အရေးလေ့လာသူ ဦးသန်းစိုးနိုင်က စစ်ကောင်စီ မထိန်းချုပ်နိုင်ဘူးလို့ ပြောခဲ့တဲ့အပေါ် အခုလို စရှင်းပြပါတယ်။

“အခု ပြည်သူ့ခုခံရေးစစ်ပွဲကနေပြီးတော့ ပြည်သူ့တော်လှန်ရေးအဆင့် ကူးပြောင်းတဲ့နေရာမှာ အခြေခံအားဖြင့် ကျေးလက်အခြေခံ မြို့ကိုဝိုင်းဆိုတဲ့ သေနင်္ဂဗျူဟာနဲ့ လုပ်ကြရတာပါ။ အခုကတော့ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ အထူးသဖြင့် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာ ပြည်သူ့ခုခံတော်လှန်ရေး လှုပ်ရှားမှုတွေရဲ့ အရှိန်အဟုန်တွေ ပြင်းထန်လာတာနဲ့အမျှ သိသာထင်ရှားတာက သူ့စစ်အင်အား မလုံလောက်မှုကြောင့် ဒေသအလိုက် အုပ်ချုပ်ရေး မစိုးမိုးနိုင်တဲ့ အနေအထားတွေ ရှိပါတယ်။”

ဒီအပေါ် သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးကတော့ ဆန့်ကျင်ဘက် မြင်ပါတယ်။

“နိုင်ငံတနိုင်ငံကို ကျနော်တို့က သတ်မှတ်မယ်ဆိုရင် နိုင်ငံရဲ့ အုပ်ချုပ်သူ အစိုးရရှိမယ်၊ နိုင်ငံရဲ့ သတ်မှတ်တဲ့ ရေထု မြေထုဆိုတဲ့ ပိုင်ဆိုင်တဲ့ဧရိယာရှိမယ်၊ ဒီနိုင်ငံမှာ နေထိုင်တဲ့ ပြည်သူတွေရှိမယ်၊ ဆိုတော့ လက်ရှိမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရသည် ဒီသုံးချက်လုံးနဲ့ ကိုက်ညီနေတာ ဖြစ်တဲ့အတွက် လက်ရှိအစိုးရဖြစ်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိသာတယ်။ နိုင်ငံတကာကလည်း ဒါကိုသိတယ်။ အာဆီယံတို့ ကုလသမဂ္ဂတို့ ဆိုတာလည်း လက်ရှိအစိုးရသည် ဘယ်သူလဲဆိုတာ ထင်ထင်ရှားရှား ရှိတယ်လို့ ကျနော်မြင်ပါတယ်။ နောက်တခုကတော့ လက်ရှိအစိုးရကို ဆန့်ကျင်နေတဲ့ အဖွဲ့တွေ ရှိတယ်။ ဥပမာ PDF လို အဖွဲ့မျိုးက စစ်ကိုင်းတိုင်း မြောက်ပိုင်းလို ဒေသမျိုး၊ ဥပမာ ကယားပြည်နယ်လို ဒေသမျိုး၊ ကရင်ပြည်နယ်က တချို့ဒေသတွေမှာ သူတို့ အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတာ ရှိကောင်း ရှိပေမယ့်လို့ လက်ရှိ နိုင်ငံတော်ကို အုပ်ချုပ်နေတဲ့ အစိုးရအနေနဲ့ ထိန်းချုပ်ထားနိုင်တယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။”

ဒါပေမယ့် နောက် မြန်မာ့အရေးလေ့လာသူ ဦးရဲထွန်းကတော့ တချို့တဝက်တော့ မှန်တယ်လို့ ဆိုပါတယ်။

“သူပြောတဲ့ အခြေအနေက လက်တွေ့မှာ မှန်သင့်သလောက် မှန်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အထူးသဖြင့်တော့ NUG နဲ့ ပူးပေါင်းတဲ့ KNU တို့၊ KIA တို့ ကယားပြည်နယ်က တချို့နေရာတွေမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပူးတွဲပြီးတော့ PDF တွေက အားကောင်းပြီးတော့ နယ်မြေ၊ အထူးသဖြင့်တော့ ကျေးလက်ဒေသတွေ စိုးမိုးလာနိုင်တာပေါ့။ သိသိသာသာ ထူးခြားတာက စစ်ကိုင်းတိုင်းထဲမှာပေါ့၊ အဲဒီလိုနေရာမျိုးတွေမှာ မြို့တွေကို မသိမ်းနိုင်သော်လည်း ကျေးလက်တွေမှာ သူတို့ အားကောင်းနေတယ်ဆိုတာ မြေပြင်သတင်းတွေအရ သိရတယ်။ အထူးသဖြင့်တော့ ကုန်းလမ်းတွေမှာ တပ်မတော်ကလည်း စစ်ကြောင်းတွေကို ကုန်းလမ်းအတိုင်း သွားလို့မရဘူး။ စစ်ဆင်ရေး လုပ်မယ်ဆိုရင် လေကြောင်းကနေပြီးတော့ပဲ အမြန်ချီတက် ထိုးဖောက်ပြီးတော့ အမြန်ဆုတ်၊ အဲဒီနည်းစနစ် ကျင့်သုံးနေရတာပေါ့။ အစိုးရတပ်က သတ်မှတ်ထားချက်အရ ဆိုရင်တော့ ဒါတွေက အညိုရောင်နယ်မြေပေါ့၊ သူဝင်လိုက် ကိုယ်ဝင်လိုက်ပေ့ါ၊ သူဝင် ကိုယ်ထွက်ဆိုတဲ့ နေရာမျိုးတွေ၊ ကျနော်တို့ အရင်ဗကပ အဖွဲ့တွေကတော့ ဒါ ပြောက်ကျားဒေသလို့ ခေါ်တာပေါ့။”

NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒေသခံတွေ အကူအညီနဲ့ တချို့အုပ်ချုပ်ရေး ဆက်ချပြီး လူထုကို စစ်ကောင်စီထိန်းချုပ်မှုအောက်က လွတ်မြောက်အောင် လုပ်ပေးမယ်လို့ ပြောခဲ့ပါတယ်။ ဒီအပေါ်မှာ မြန်မာစစ်တပ် အရာရှိဟောင်းလည်း ဖြစ်တဲ့ ဒေါက်တာနိုင်ဆွေဦးက အခုလိုတုံ့ပြန်ပါတယ်။

“တချို့ကတော့ တူမီးသေနတ်တွေ ကိုင်ဆောင်ထားတဲ့ သမားရိုးကျမဟုတ်တဲ့ တပ်ဖွဲ့ဝင်တွေဟာ ဒေသတွေကို တစိတ်တပိုင်း ထိန်းချုပ်ကောင်း ထိန်းချုပ်ရနိုင်လိမ့်မယ်လို့ အိပ်မက်တွေ မက်ကောင်း မက်နေနိုင်ပါတယ်။ နိုင်ငံတနိုင်ငံမှာကတော့ ခေတ်မီလက်နက် တပ်ဆင်ထားတဲ့ အမြဲတမ်း တပ်မတော်ဆိုတာ ရှိပြီးသား ဖြစ်ပါတယ်။ သူတို့မှာ အမြတ်ထုတ်ကောင်း ထုတ်ရမယ့် အောင်ပွဲတွေ ရှိကောင်း ရှိနိုင်ပေမယ့်လည်း နိုင်ငံတနိုင်ငံရဲ့ အမြဲတမ်းတပ်မတော်တရပ်ကို ယှဉ်နိုင်ဖို့ဆိုတာ ၂၁ ရာစုခေတ်မှာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ ကျနော်မြင်ပါတယ်။”

အခုလို NUG က လွတ်မြောက်ဒေသတွေမှာ ဒီအုပ်ချုပ်ရေး ဆက်ချနေပြီလို့ ပြောတဲ့အပေါ် ဦးရဲထွန်းကလည်း သူ့အမြင်ကို အခုလိုပြောပါတယ်။

“အခုလောလောဆယ်တော့ အုပ်ချုပ်ရေးတွေ သက်ဝင်လှုပ်ရှားနေပြီ ဆိုတဲ့ဟာမျိုး မကြားမိသေးဘူး။ နှိုင်းယှဉ်ပြီး ပြောမယ်ဆိုရင် AA တောင်မှ သူတို့ ရခိုင်ပြည်နယ်မှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကိစ္စတွေ စတင်ဆောင်ရွက်နေပါပြီ ဆိုပြီးတော့ ပြည်သူလူထုထဲမှာဖြစ်တဲ့ အမှုအခင်းတွေကို တိုင်တန်းတာတွေကို သူတို့ စတင်ပြီး ဖြေရှင်းပေးနေတဲ့အကြောင်းတွေ၊ နောက် ပြည်သူလူထုက သူတို့အမိန့်တွေဆိုရင် လိုက်နာကြတယ်ဆိုတဲ့ သတင်းတွေ ကြားရတာပေါ့နော်။ ဆိုတော့ NUG PDF တွေနဲ့ ပတ်သက်လို့ အဲဒီလိုသတင်းမျိုးတော့ အခုထိ ကျနော်တော့ မတွေ့ရသေးဘူး။ အုပ်ချုပ်ရေးတို့ တရားစီရင်ရေးတို့ လုပ်နိုင်တယ် ဆိုတာကလည်း စစ်ရေးအရ တော်တော်လေး လုံခြုံမှုရှိမှ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။”

NUG ယာယီသမ္မတရဲ့ အခုမိန့်ခွန်းထဲမှာပဲ အရင်တနှစ်တုန်းကတော့ နိုင်ငံတကာ ပညာရှင်တွေက တော်လှန်ရေး အင်အားစုတွေဘက်က မြန်မာစစ်တပ်ကို မနိုင်ဘူးလို့ ပြောခဲ့ပေမယ့် အခုတော့ စစ်တပ်ဟာ တော်လှန်ရေး အင်အားစုတွေကို မနိုင်ဘူးလို့ ပြောလာတဲ့အပေါ် သူမနိုင် ကိုယ်မနိုင် ဖြစ်နေတာကို ပြတယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။

XS
SM
MD
LG