သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

“စစ္ေကာင္စီဟာ တိုင္းျပည္တခုလုံးကိုမထိန္းခ်ဳပ္ႏိုင္” - NUG ယာယီသမၼတ


NUG ယာယီသမၼတ ဒူဝါလရွီးလ။ (Screenshot - NUG Facebook)

(Zawgyi / Unicode)

အာဏာသိမ္းစစ္ေကာင္စီဟာ တိုင္းျပည္တခုလံုးကို ထိန္းခ်ဳပ္ႏိုင္ျခင္း မရွိေသးဘဲ ျပည္သူ႔ကာကြယ္ေရးတပ္ေတြနဲ႔ မဟာမိတ္ တုိင္းရင္းသား လက္နက္ကိုင္ေတြဟာ ေက်းလက္ေဒသ အေတာ္မ်ားမ်ားကို ထိန္းခ်ဳပ္ထားႏိုင္တယ္လို႔ NUG ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရရဲ႕ ယာယီသမၼတ ဒူဝါလရွီးလက ေျပာလိုက္ပါတယ္။ NUG အစိုးရဖြဲ႔စည္းမႈ တႏွစ္ေျမာက္ေန႔အျဖစ္ ႏိုင္ငံေတာ္အေျချပဳမိန္႔ခြန္းထဲမွာ ထည့္သြင္းေျပာဆိုသြားတာပါ။

“Gen Z ေတြရဲ႕ ၿငိမ္းခ်မ္းစြာ ဆႏၵျပလႈပ္ရွားမႈနဲ႔ ျပည္သူ႔ဝန္ထမ္းမ်ားရဲ႕ CDM လႈပ္ရွားမႈနဲ႔ စတင္ခဲ့တဲ့ ေႏြဦးေတာ္လွန္ေရးဟာ စစ္အာဏာရွင္ေတြရဲ႕ အုပ္ခ်ဳပ္ေရးယႏၲရားကို အသက္မဝင္ေအာင္ ရပ္တန႔္ႏိုင္ခဲ့ပါတယ္။ လူထုရဲ႕ ဆန႔္က်င္ေတာ္လွန္မႈေၾကာင့္ စစ္ေကာင္စီရဲ႕ အာဏာသိမ္းမႈဟာ မေအာင္ျမင္ခဲ့သလို တိုင္းျပည္တခုလုံးကို ထိန္းခ်ဳပ္ႏိုင္ျခင္း မရွိတာကို ေတြ႔ရပါတယ္။ ယေန႔ ႏွစ္သစ္ကူး မဂၤလာႏွင့္အတူ ျပည္သူလူထုကို အသိေပးလိုတာကေတာ့ NUG ဦးေဆာင္တဲ့ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔မ်ားႏွင့္ မဟာမိတ္ တိုင္းရင္းသားလက္နက္ကိုင္မ်ားဟာ ႏိုင္ငံရဲ႕ ေနရာေတာ္ေတာ္မ်ား (အထူးသျဖင့္ ေက်းလက္ေဒသမ်ား) ကို ထိန္းခ်ဳပ္ထားၿပီ ျဖစ္ၿပီး ၿမိဳ႕ျပတခ်ိဳ႕ကိုလည္း ဝိုင္းပတ္ စိုးမိုးထားၿပီ ျဖစ္ပါတယ္။ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔ဝင္မ်ားနဲ႔ တိုင္းရင္းသားလက္နက္ကိုင္မ်ားဟာ နယ္ေျမေတာ္ေတာ္မ်ားမ်ားမွာ လႈပ္ရွားထိန္းခ်ဳပ္လာႏိုင္တာ၊ စစ္ေကာင္စီေတြနဲ႔ ရင္ဆိုင္ရတဲ့ တိုက္ပြဲတိုင္း ရဲစြမ္းသတၱိအျပည့္နဲ႔ ဆင္ႏႊဲႏိုင္ၾကတာဟာ ေဒသခံျပည္သူေတြနဲ႔ ျပည္ပေရာက္ ႏိုင္ငံသားေတြရဲ႕ ေထာက္ခံအားေပးမႈေတြနဲ႔ ေထာက္ပံ့ေပးမႈေၾကာင့္ပဲ ျဖစ္ပါတယ္။ မ်ားမၾကာမီ နယ္ေျမေတာ္ေတာ္မ်ားမ်ားကို လြတ္ေျမာက္နယ္ေျမအျဖစ္ ဖန္တီးႏိုင္ေတာ့မွာ ျဖစ္ပါတယ္။”

NUG တႏွစ္ျပည့္ သတင္းစာရွင္းလင္းပြဲ အတြင္းမွာလည္း စစ္ေရးပဋိပကၡေတြေၾကာင့္ လူမႈစီးပြား အခက္အခဲျဖစ္ေနတဲ့ ျမန္မာျပည္သူေတြအတြက္ ႏိုင္ငံတကာရဲ႕ နယ္စပ္ျဖတ္ေက်ာ္ အကူအညီေတြ ေပးႏိုင္ဖို႔ ေဆာင္ရြက္ေနတယ္လို႔ NUG ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဆာဆာက ေျပာပါတယ္။

NUG အေနနဲ႔ ကခ်င္၊ ကရင္၊ ကယားျပည္နယ္နဲ႔ ခ်င္းျပည္နယ္ေတြအတြင္း သက္ဆိုင္ရာ တိုင္းရင္းသား လက္နက္ကိုင္အဖဲြ႔အစည္းေတြနဲ႔ ပူးေပါင္းေဆာင္ရြက္မႈေတြ ရွိေနတာပါ။ တႏွစ္အတြင္း PDF တပ္ရင္းေပါင္း ၁၀၀ ေက်ာ္နဲ႔ ေဒသအလိုက္ ကာကြယ္ေရးအဖြဲ႔ေပါင္း ၃၀၀ ေက်ာ္ ဖြဲ႔စည္းႏိုင္ခဲ့တယ္လို႔လည္း NUG ေခါင္းေဆာင္ေတြက ေျပာပါတယ္။

လက္ရွိအားျဖင့္ေတာ့ ျပည္သူ႔ကာကြယ္ေရးတပ္ေတြနဲ႔ ျမန္မာစစ္ေကာင္စီအၾကား စစ္ကိုင္းတိုင္းနဲ႔ မေကြးတိုင္းအတြင္း တိုက္ပြဲေတြရွိေနသလို ကခ်င္နဲ႔ ကရင္ေဒသေတြမွာလည္း ေဒသခံ တိုင္းရင္းသားတပ္ေတြနဲ႔ PDF တပ္ေတြ ပူးတြဲၿပီး စစ္ေကာင္စီတပ္နဲ႔ စစ္ေရးအရ ထိပ္တိုက္ျဖစ္ေနပါတယ္။

၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ ေရြးေကာက္ပြဲအႏိုင္ရ NLD ပါတီက ဦးေဆာင္ၿပီး ၂၀၂၀ ခုႏွစ္ ေရြးေကာက္ခံအမတ္ေတြနဲ႔ CRPH ျပည္ေထာင္စုလႊတ္ေတာ္ ကုိယ္စားျပဳေကာ္မတီကို ဖြဲ႔စည္းခဲ့ပါတယ္။ အဲဒီေနာက္ တိုင္းရင္းသားပါတီေတြ၊ တိုင္းရင္းသားအစုအဖြဲ႔ေတြပါတဲ့ NUG ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရကို ဖြဲ႔စည္းခဲ့တာပါ။

ျမန္မာစစ္ေကာင္စီဘက္ကေတာ့ NUG၊ CRPH နဲ႔ PDF ျပည္သူ႔ကာကြယ္ေရးတပ္ေတြကို အၾကမ္းဖက္ အဖြဲ႔အစည္းေတြအျဖစ္ ေၾကညာ သတ္မွတ္ထားတာပါ။ NUG/PDF ေတြနဲ႔ ဆက္စပ္သူ၊ ပံ့ပိုးကူညီသူေတြကို ဖမ္းဆီးတာ၊ အိမ္ၿခံေျမ သိမ္းဆည္းတာ စသျဖင့္ စစ္ေကာင္စီဘက္က ျပင္းျပင္းထန္ထန္ ႏွိပ္ကြပ္ေနပါတယ္။ CRPH ဘက္ကလည္း ျမန္မာစစ္ေကာင္စီကို အၾကမ္းဖက္ အဖြဲ႔အစည္းအျဖစ္ ေၾကညာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------

(Unicode)

“စစ်ကောင်စီဟာ တိုင်းပြည်တခုလုံးကိုမထိန်းချုပ်နိုင်” - NUG ယာယီသမ္မတ

အာဏာသိမ်းစစ်ကောင်စီဟာ တိုင်းပြည်တခုလုံးကို ထိန်းချုပ်နိုင်ခြင်းမရှိသေးပဲ၊ ပြည်သူ့ကာကွယ်ရေးတပ်တေါနဲ့ မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်တွေဟာ ကျေးလက်ဒေသအတော်များများကို ထိန်းချုပ်ထားနိုင်တယ်လို့ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောလိုက်ပါတယ်။ NUG အစိုးရဖွဲ့စည်းမှု တနှစ်မြောက်နေ့အဖြစ် နိုင်ငံတော်အခြေပြုမိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုသွားတာပါ။

“Gen Z တွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြလှုပ်ရှားမှုနဲ့ ပြည်သူ့ဝန်ထမ်းများရဲ့ CDMလှုပ်ရှားမှုနဲ့စတင်ခဲ့တဲ့ နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်တွေရဲ့ အုပ်ချုပ်ရေးယန္တရားကို အသက်မဝင်အောင် ရပ်တန့်နိုင်ခဲ့ပါတယ်။ လူထုရဲ့ ဆန့်ကျင်တော်လှန်မှုကြောင့် စစ်ကောင်စီရဲ့ အာဏာသိမ်းမှုဟာ မအောင်မြင်ခဲ့သလို တိုင်းပြည်တခုလုံးကို ထိန်းချုပ်နိုင်ခြင်းမရှိတာကို တွေ့ရပါတယ်။ ယနေ့ နှစ်သစ်ကူးမင်္ဂလာနှင့်အတူ ပြည်သူလူထုကို အသိပေးလိုတာကတော့ NUGဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်များဟာ နိုင်ငံရဲ့ နေရာတော်တော်များ (အထူးသဖြင့်ကျေးလက်ဒေသများ) ကိုထိန်းချုပ်ထားပြီ ဖြစ်ပြီး မြို့ပြတချို့ကိုလည်း ဝိုင်းပတ် စိုးမိုးထားပြီဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနဲ့ တိုင်းရင်းသားလက်နက်ကိုင်များဟာ နယ်မြေတော်တော် များများမှာ လှုပ်ရှားထိန်းချုပ်လာနိုင်တာ၊ စစ်ကောင်စီတွေနဲ့ ရင်ဆိုင်ရတဲ့ တိုက်ပွဲတိုင်း ရဲစွမ်းသတ္တိအပြည့်နဲ့ ဆင်နွှဲနိုင်ကြတာဟာ ဒေသခံပြည်သူတွေနဲ့ ပြည်ပရောက် နိုင်ငံသားတွေရဲ့ ထောက်ခံအားပေးမှုတွေနဲ့ ထောက်ပံ့ပေးမှုကြောင့်ဘဲ ဖြစ်ပါတယ်။ များမကြာမီ နယ်မြေတော်တော်များများကို လွတ်မြောက်နယ်မြေ အဖြစ်ဖန်တီးနိုင်တော့မှာဖြစ်ပါတယ်။”

NUG တနှစ်ပြည့် သတင်းစာရှင်းလင်းပွဲအတွင်းမှာလည်း စစ်ရေးပဋိပက္ခတွေကြောင့် လူမှုစီးပွားအခက်အခဲဖြစ်နေတဲ့ မြန်မာပြည်သူအတွက် နိုင်ငံတကာရဲ့ နယ်စပ်ဖြတ်ကျော်အကူအညီတွေပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ပြောပါတယ်။ NUG အနေနဲ့ ကချင် ကရင် ကယားပြည်နယ်နဲ့ ချင်းပြည်နယ်တွေအတွင်း သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိနေတာပါ။ တနှစ်အတွင်း PDF တပ်ရင်းပေါင်း တရာကျော်နဲ ဒေသအလိုက်ကာကွယ်ရေးအဖွဲ့ပေါင်းသုံးရာကျော် ဖွဲ့စည်းနိုင်ခဲ့တယ်လို့လည်း NUG ခေါင်းဆောင်တွေက ပြောပါတယ်။ လက်ရှိအားဖြင့်တော့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ မြန်မာစစ်ကောင်စီအကြား စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်း တိုက်ပွဲတွေရှိနေသလို၊ ကချင်နဲ့ ကရင်ဒေသတွေမှာလည်း ဒေသခံတိုင်းရင်းသားတပ်တွေနဲ့ PDF တပ်တွေ ပူးတွဲပြီး စစ်ကောင်စီတပ်နဲ့ စစ်ရေးအရထိပ်တိုက်ဖြစ်နေပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်၊ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီက ဦးဆောင်ပြီး၂၀၂၀ ခုနှစ်ရွေးကောက်ခံအမတ်တွေနဲ့ CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီနောက် တိုင်းရင်းသားပါတီတွေ တိုင်းရင်းသားအစုအဖွဲ့တွေပါတဲ့ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းခဲ့တာပါ။

မြန်မာစစ်ကောင်စီဖက်ကတော့ NUG၊ CRPH နဲ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေကို အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် ကြေညာသတ်မှတ်ထားတာပါ။ NUG/PDF တွေနဲ့ ဆက်စပ်သူ ပံ့ပိုးကူညီသူတွေကို ဖမ်းဆီးတာ အိမ်ခြံမြေသိမ်းဆည်းတာ စသဖြင့် စစ်ကောင်စီဖက်က ပြင်းပြင်းထန်ထန်နှိပ်ကွပ်နေပါတယ်။ CRPH ဖက်ကလည်း မြန်မာစစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားပါတယ်။

XS
SM
MD
LG