သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးရဲ့ ကုလအတွင်းရေးမှုးချုပ်နဲ့ တွေ့ဆုံမှု အပေါ် အမြင်တချို့ 


ကုလအတွင်းရေးမှူးချုပ် Antonio Guterres နဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S Jaishankar
ကုလအတွင်းရေးမှူးချုပ် Antonio Guterres နဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S Jaishankar

စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေးနဲ့ ပတ်သက်လာရင် အိန္ဒိယအစိုးရရဲ့ ရပ်တည်ချက်ဟာ အားရစရာကောင်းတဲ့ အနေအထားမှာ မရှိဘူးလို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတချို့နဲ့ စစ်ပြေးဒုက္ခသည်အရေး ကူညီဆောင်ရွက်နေသူတွေက ပြောကြားလိုက်ပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးရဲ့ ကုလအတွင်းရေးမှုးချုပ်နဲ့ တွေ့ဆုံမှု အပေါ် အမြင်တချို့ {{ Zawgyi/ Unicode}}


စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေးနဲ့ ပတ်သက်လာရင် အိန္ဒိယအစိုးရရဲ့ ရပ်တည်ချက်ဟာ အားရစရာကောင်းတဲ့ အနေအထားမှာ မရှိဘူးလို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတချို့နဲ့ စစ်ပြေးဒုက္ခသည်အရေး ကူညီဆောင်ရွက်နေသူတွေက ပြောကြားလိုက်ပါတယ်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး S Jaishankar နဲ့ ကာကွယ်ရေးဝန်ကြီး Rajnath Singh တို့ နှစ်ဦးရဲ့ လတ်တလော အမေရိကန်ခရီးစဉ်အတွင်း မြန်မာနိုင်ငံရဲ့ နောက်ဆုံး ဖြစ်ထွန်းမှု အခြေအနေတွေကို အမေရိကန်အစိုးရ တာဝန်ရှိသူတွေနဲ့ရော ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ပါ ပြောဆို ဆွေးနွေးခဲ့ကြပြီးနောက် မှတ်ချက်ပေး ပြောဆိုလိုက်ကြတာပါ။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres နဲ့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး S Jaishankar တို့ ဧပြီ(၁၄)ရက်နေ့က တွေ့ဆုံချိန်မှာ ယူကရိန်းပဋိပက္ခကြောင့် ကမ္ဘာနိုင်ငံတွေအပေါ် သက်ရောက်မှုအပြင်၊ အာဖဂန်နစ္စတန်နဲ့ မြန်မာနိုင်ငံက အခြေအနေတွေကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Jaishankar က သူ့ Twitter မှာ ကြာသပတေးနေ့က ရေးပါတယ်။

ဒါ့အပြင် အိန္ဒိယနဲ့ မြန်မာတို့ရဲ့ နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုတွေကိုလည်း ပြောခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အသေးစိတ်ကိုတော့ ရေးမထားပါဘူး။

ကုလအတွင်းရေးမှူးချုပ် Guterres နဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Jaishankar တို့ နယူးယောက်မှာ ဆွေးနွေးကြတဲ့အခါ အိန္ဒိယနိုင်ငံထဲ ဝင်ရောက်ခိုလှုံတဲ့ မြန်မာစစ်ပြေးဒုက္ခသည်တွေ အရေးလည်း ပါဝင်နိုင်တယ်လို့ မေရီလန်းပြည်နယ် ချင်းတိုင်းရင်းသားများအသင်း (Chin Association of Maryland) ရဲ့အမှုဆောင်ဒါရိုက်တာ ဦးဇိုသုန်းမှုန်က သုံးသပ်ပါတယ်။ ဒါပေမဲ့ မြန်မာ့ဒုက္ခသည်အရေးမှာ အိန္ဒိယဗဟိုအစိုးရရဲ့ ရပ်တည်ချက်ဟာ အားရစရာ မရှိဘူးလို့ သူက ဝေဖန်လိုက်ပါတယ်။

" မီဇိုရမ်းမှာပဲဖြစ်ဖြစ် မဏီပူမှာပဲဖြစ်ဖြစ် ရောက်ရှိနေကြတဲ့ ချင်းဒုက္ခသည်ရော ၊ လွှတ်တော်အမတ်တွေရော အိန္ဒိယဗဟိုအစိုးရ နယူးဒေလီအစိုးရကနေ စောင့်ရှောက်တဲ့ဟာက သိပ်ပြီးတော့ အားမရဘူး။ မီဇိုးရမ်းပြည်နယ်ဝန်ကြီးချုပ် ဇိုရမ်းထန်ငါ ကနေ ကူညီနေတယ်။ ကျေးဇူးတင်တယ်။ မီဇိုရမ်းပြည်သူတွေ ကူညီနေတယ်။ ဒါပေမယ့်အခုထိ နယူးဒေလီကနေ အကူအညီရတဲ့ဟာမရှိဘူး။ ဒါကြောင့် နယူးဒေလီကနေ ပိုပြီးတော့ ကူညီစေချင်တယ်။ "

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး S Jaishankar နဲ့ ကာကွယ်ရေးဝန်ကြီး Rajnath Singh တို့ နှစ်ဦးဟာ နယူးယောက်ကို မသွားခင် ဝါရှင်တန်ဒီစီမှာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Antony Blinken ၊ ကာကွယ်ရေးဝန်ကြီး Lloyd J Austin တို့နဲ့လည်း တွေ့ဆုံစဉ်မှာလည်း မြန်မာပြည်နဲ့ ပတ်သက်လို့ ပြောဆိုခဲ့ကြတာပါ။

ပြီးခဲ့တဲ့နှစ် ဖေဖေါ်ဝါရီလ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယအစိုးရရဲ့မြန်မာပြည်ဆိုင်ရာ ရပ်တည်ချက်တွေဟာ မြန်မာပြည်သူလူထု အများစုရဲ့ သဘောထားတဲ့ အလှမ်းကွာဝေးနေတယ်လို့ အိန္ဒိယနိုင်ငံမှာ နှစ်ပေါင်းကြာရှည်နေထိုင်ခဲ့ပြီး လက်ရှိ အမေရိကန် အင်ဒီယားနားပြည်နယ်မှာ နေတဲ့ မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဒေါက်တာ တင့်ဆွေက မြင်ပါတယ်။

" ကုလသမဂ္ဂစင်မြင့်မှာ မဲပေးတဲ့ပုံစံတွေကို ကြည့်ကြည့်၊ စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းထောက်ပံပေးတာပဲဖြစ်ဖြစ် ဒါတွေကို ကြည့်လို့ရှိရင် သူဟာ မြန်မာနိုင်ငံမှာ အာဏာမတရားသိမ်းခံရတဲ့ ကိစ္စကို ထောက်ပြခြင်းမရှိပဲနဲ့ တဖက်သတ် စစ်ကောင်စီဖက်ကို လိုက်တဲ့ ပေါ်လစီကို ကျင့်သုံးခြင်းဟာ ပြည်သူလူထုက စိတ်ဆိုးစေတဲ့ အပြုအမှုပဲဖြစ်တယ်လို့မြင်ပါတယ်။ တနေ့ကပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးတွေချင်းတို့ကော တွေ့တုံးကတော့ မြန်မာပြည်မှာ သူတို့အသုံးအနှုန်းကဆိုရင် အကြမ်းဖက်မှု ရပ်တန့်မှု သဘောမျိုး ပြောတာကတော့ ကောင်းပါတယ်။ အိန္ဒိယ၊ အမေရိကန်၊ တရုတ်၊ ရုရှား နိုင်ငံကြီး ၄ ခုက သူတို့နိုင်ငံရေး အားပြိုင်မှုတွေလုပ်တဲ့အထဲမှာ မြန်မာနိုင်ငံက အသေးစားပါဝင်မှုလေးတခုပဲဖြစ်တော့ကာ အမေရိကန် ကိုရောက်နေတဲ့အချိန်မှာ အမေရိကက လက်ရှိအစိုးရရဲ့ မြန်မာပြည်အပေါ်ထားတဲ့ သဘောထားလည်းသိတော့ လိုက်လျှောမှုတစုံတရာကို ပြတဲ့အနေနဲ့ ပြောတဲ့အပြောမျိုးဖြစ်တယ်လို့ ယူဆပါတယ် "

လက်ရှိ အိန္ဒိယအစိုးရဟာ ၁၉၈၈ ခုနှစ်တုန်းကလို မြန်မာ့ဒီမိုကရေစီရေးဖက်ကနေ ပြတ်ပြတ်သားသား ရပ်တည်ပြတာမျိုး မရှိပေမယ့်၊ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့နှစ်ထဲ အာဆီယံအဖွဲ့က ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် (၅)ရပ်ကို အကောင်အထည်ဖေါ်ရေးကို တိုက်တွန်းကြောင်းနဲ့ မြန်မာနိုင်ငံက အခြေအနေတွေအပေါ် စိုးရိမ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီက ဂျပန်ဝန်ကြီးချုပ် ခီရှီးဒါ-ဖုမိအိုနဲ့ပူးတွဲပြီး မတ်လကုန်ပိုင်းမှာ ကြေညာခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

......................................














XS
SM
MD
LG