သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သမၼတ Biden အိႏၵိယဝန္ႀကီးခ်ဳပ္နဲ႔ အြန္လိုင္းမွာေတြ႔မည္


မႏွစ္က အိမ္ျဖဴေတာ္မွာ ေတြ႔ဆုံခဲ့တဲ့ အေမရိကန္သမၼတ Joe Biden နဲ႔ အိႏၵိယဝန္ႀကီးခ်ဳပ္ Narendra Modi. (စက္တင္ဘာ ၂၄၊ ၂၀၂၁)

(Zawgyi / Unicode)

အေမရိကန္သမၼတ Joe Biden ဟာ အိႏၵိယဝန္ႀကီးခ်ဳပ္ Narendra Modi နဲ႔ တနလၤာေန႔မွာ အြန္လိုင္းကေန ေတြ႔ဆံုမွာျဖစ္ၿပီး အိႏၵိယအေနနဲ႔ ႐ုရွားဆီက ေလာင္စာစြမ္းအင္ တိုးျမႇင့္ဝယ္ယူတာေတြ မလုပ္ဖို႔ ရွင္းရွင္းလင္းလင္း ေျပာၾကားမွာျဖစ္ေၾကာင္း သမၼတအိမ္ျဖဴက ေျပာပါတယ္။

ယူကရိန္းမွာ ႐ုရွားဆင္ႏႊဲေနတဲ့ ရက္စက္တဲ့စစ္ပြဲရဲ႕ ေနာက္ဆက္တြဲ အက်ိဳးဆက္ေတြအျပင္ စစ္ပြဲေၾကာင့္ ကမၻာ့စားနပ္ရိကၡာ ျဖည့္စြမ္းမႈနဲ႔ လူသံုးကုန္ပစၥည္းေစ်း မတည္မၿငိမ္ျဖစ္လာမႈ ေလ်ာ့ပါးေရးနဲ႔ ပတ္သက္ၿပီး အိႏၵိယနဲ႔ အနီးကပ္ တုိင္ပင္ေဆြးေႏြးမႈကို သမၼတ Biden က ဆက္လက္လုပ္ေဆာင္မွာ ျဖစ္ေၾကာင္း သမၼတအိမ္ျဖဴေျပာခြင့္ရ Jen Psaki က တနဂၤေႏြေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ ေျပာဆိုပါတယ္။

မၾကာေသးခင္ကမွ အိႏၵိယကို သြားေရာက္ခဲ့တဲ့ ႏိုင္ငံတကာ စီးပြားေရးဆိုင္ရာ အေမရိကန္ အမ်ိဳးသားလံုၿခံဳေရး ဒုတိယအႀကံေပး Daleep Singh ကလည္း အိႏၵိယက ႐ုရွားဆီကေန စြမ္းအင္တင္သြင္းတာနဲ႔ ပတ္သက္ၿပီး အေမရိကန္ဘက္က သတ္မွတ္မႈ တစံုတရာ ခ်ထားမွာ မဟုတ္ေပမယ့္ အလွ်င္အျမန္ တိုးျမႇင့္ဝယ္ယူတာမ်ိဳးေတာ့ မျဖစ္ေစခ်င္ဘူးလို႔ ေျပာပါတယ္။

ယူကရိန္းကို ႐ုရွားဝင္တိုက္တဲ့ ေဖေဖာ္ဝါရီလကုန္ပိုင္းကစၿပီး အေနာက္ႏိုင္ငံေတြက ႐ုရွားကုမၸဏီေတြအေပၚ အေရးယူဒဏ္ခတ္ခဲ့တဲ့ေနာက္မွာ ႐ုရွားက သူ႔ေရနံေရာင္းေစ်း အႀကီးအက်ယ္ ခ်ေပးခဲ့တာေၾကာင့္ အိႏၵိယက ေရနံစိမ္းစည္ေပါင္း ၁၃ သန္းထက္မနည္း ဝယ္ယူခဲ့တာပါ။ ဒါေပမဲ့ ၿပီးခဲ့တဲ့ႏွစ္ကေတာ့ တႏွစ္လံုးမွာမွ ေရနံစိမ္းစည္ေပါင္း ၁၆ သန္းေလာက္ပဲ ဝယ္ယူခဲ့တာျဖစ္ေၾကာင္း ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။

အေမရိကန္၊ ဂ်ပန္၊ ၾသစေၾတးလ်နဲ႔ အိႏၵိယ ၄ ႏိုင္ငံပါဝင္တဲ့ Quad အဖြဲ႔ထဲမွာ အိႏၵိယ တႏိုင္ငံတည္းကသာ ယူကရိန္းကို က်ဴးေက်ာ္တဲ့ ႐ုရွားအေပၚ ျပတ္ျပတ္သားသား တုံ႔ျပန္မႈ မရွိဘူးလို႔ သမၼတ Biden က အရင္က ေဝဖန္ထားတာပါ။ အိႏၵိယဟာ ႐ုရွားအေပၚ အေရးယူဒဏ္ခတ္မႈေတြ လုပ္ေနတဲ့ တျခား Quad အဖြဲ႔ဝင္ ႏိုင္ငံေတြလို မဟုတ္ဘဲ ႐ုရွားနဲ႔ အေနာက္ႏိုင္ငံေတြၾကား ခ်ိန္ခြင္လွ်ာညႇိဖို႔ ႀကိဳးစားေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

သမ္မတ Biden အိန္ဒိယဝန်ကြီးချုပ်နဲ့ အွန်လိုင်းမှာတွေ့မည်

အမေရိကန်သမ္မတ Joe Biden ဟာ အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ တနင်္လာနေ့မှာ အွန်လိုင်းကနေ တွေ့ဆုံမှာဖြစ်ပြီး အိန္ဒိယအနေနဲ့ ရုရှားဆီက လောင်စာစွမ်းအင် တိုးမြှင့်ဝယ်ယူတာတွေ မလုပ်ဖို့ ရှင်းရှင်းလင်းလင်း ပြောကြားမှာဖြစ်ကြောင်း သမ္မတအိမ်ဖြူက ပြောပါတယ်။

ယူကရိန်းမှာ ရုရှားဆင်နွှဲနေတဲ့ ရက်စက်တဲ့စစ်ပွဲရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေအပြင် စစ်ပွဲကြောင့် ကမ္ဘာ့စားနပ်ရိက္ခာ ဖြည့်စွမ်းမှုနဲ့ လူသုံးကုန်ပစ္စည်းဈေး မတည်မငြိမ်ဖြစ်လာမှု လျော့ပါးရေးနဲ့ ပတ်သက်ပြီး အိန္ဒိယနဲ့ အနီးကပ် တိုင်ပင်ဆွေးနွေးမှုကို သမ္မတ Biden က ဆက်လက်လုပ်ဆောင်မှာ ဖြစ်ကြောင်း သမ္မတအိမ်ဖြူပြောခွင့်ရ Jen Psaki က တနင်္ဂနွေနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။

မကြာသေးခင်ကမှ အိန္ဒိယကို သွားရောက်ခဲ့တဲ့ နိုင်ငံတကာ စီးပွားရေးဆိုင်ရာ အမေရိကန် အမျိုးသားလုံခြုံရေး ဒုတိယအကြံပေး Daleep Singh ကလည်း အိန္ဒိယက ရုရှားဆီကနေ စွမ်းအင်တင်သွင်းတာနဲ့ ပတ်သက်ပြီး အမေရိကန်ဘက်က သတ်မှတ်မှု တစုံတရာ ချထားမှာ မဟုတ်ပေမယ့် အလျှင်အမြန် တိုးမြှင့်ဝယ်ယူတာမျိုးတော့ မဖြစ်စေချင်ဘူးလို့ ပြောပါတယ်။

ယူကရိန်းကို ရုရှားဝင်တိုက်တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းကစပြီး အနောက်နိုင်ငံတွေက ရုရှားကုမ္ပဏီတွေအပေါ် အရေးယူဒဏ်ခတ်ခဲ့တဲ့နောက်မှာ ရုရှားက သူ့ရေနံရောင်းဈေး အကြီးအကျယ် ချပေးခဲ့တာကြောင့် အိန္ဒိယက ရေနံစိမ်းစည်ပေါင်း ၁၃ သန်းထက်မနည်း ဝယ်ယူခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်ကတော့ တနှစ်လုံးမှာမှ ရေနံစိမ်းစည်ပေါင်း ၁၆ သန်းလောက်ပဲ ဝယ်ယူခဲ့တာဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

အမေရိကန်၊ ဂျပန်၊ သြစတြေးလျနဲ့ အိန္ဒိယ ၄ နိုင်ငံပါဝင်တဲ့ Quad အဖွဲ့ထဲမှာ အိန္ဒိယ တနိုင်ငံတည်းကသာ ယူကရိန်းကို ကျူးကျော်တဲ့ ရုရှားအပေါ် ပြတ်ပြတ်သားသား တုံ့ပြန်မှု မရှိဘူးလို့ သမ္မတ Biden က အရင်က ဝေဖန်ထားတာပါ။ အိန္ဒိယဟာ ရုရှားအပေါ် အရေးယူဒဏ်ခတ်မှုတွေ လုပ်နေတဲ့ တခြား Quad အဖွဲ့ဝင် နိုင်ငံတွေလို မဟုတ်ဘဲ ရုရှားနဲ့ အနောက်နိုင်ငံတွေကြား ချိန်ခွင်လျှာညှိဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG