(Zawgyi / Unicode)
အေမရိကန္ေရတပ္အတြက္ ႏ်ဴကလီးယား တိုက္ခိုက္ေရး ေရငုပ္သေဘၤာ USS Delaware ကို Delaware ျပည္နယ္ Wilmington ၿမိဳ႕က အခမ္းအနားမွာ သမၼတ Joe Biden တရားဝင္ တာဝန္အပ္ႏွင္းလိုက္ၿပီး အေမရိကန္ အမ်ဳိးသားလုံၿခံဳေရးအတြက္ အားျဖည့္ေပးႏိုင္မွာ ျဖစ္ေၾကာင္းလည္း ေျပာၾကားလိုက္ပါတယ္။
“ေဘးအႏၱရာယ္ေတြအၾကားကုိ ေစလႊတ္တာဝန္ေပးမယ့္ က်ေနာ္တုိ႔ တပ္ဖဲြ႔ေတြအတြက္ ျပင္ဆင္မႈေတြ၊ ပစၥည္းကိရိယာ တပ္ဆင္ေပးမႈေတြ လုပ္ရပါမယ္။ ဒါ့အျပင္ သူတုိ႔နဲ႔ သူတုိ႔ရဲ႕ မိသားစုေတြကုိလည္း ေစာင့္ေရွာက္ရပါမယ္။ ဒါဟာ တုိင္းျပည္တခုအေနနဲ႔ အေလးအျမတ္ထားၿပီး လုပ္ေဆာင္ရမယ့္ဝတၱရား ျဖစ္တယ္လို႔ က်ေနာ္ ကာကြယ္ေရးဦးစီးခ်ဳပ္တေယာက္ အေနနဲ႔ ယုံၾကည္ပါတယ္။” လို႔ စေနေန႔က အခမ္းအနားမွာ သမၼတ Biden ေျပာဆုိသြားခဲ့တာပါ။
“တုိင္းျပည္ရဲ႕ လုံၿခံဳေရးကုိ အင္အားတုိးျမႇင့္တာ၊ ဒါတင္မက ကမၻာအႏွံ႔မွာရွိတဲ့ မဟာမိတ္ေတြရဲ႕ လုံၿခဳံေရးကုိ တုိးျမႇင့္တာ၊ တုိင္းျပည္အတြက္ ဂုဏ္ယူဝင့္ႂကြားစြာ တာဝန္ထမ္းေဆာင္တာဟာ က်ေနာ္တုိ႔ရဲ႕ ရွည္လ်ားလွတဲ့ အစဥ္အလာတခု ျဖစ္ပါတယ္။” လုိ႔လည္း သမၼတ Biden က ေျပာဆုိခဲ့ပါတယ္။
ဒီအခမ္းအနားကုိ သမၼတကေတာ္ Jill Biden လည္း တက္ေရာက္ဂုဏ္ျပဳခဲ့ပါတယ္။
အရွည္ ၃၇၇ ေပရွိၿပီး တပ္ဖဲြ႔ဝင္ ၁၃၆ ဦး လုိက္ပါႏုိင္တဲ့ ႏ်ဴကလီးယားသုံး တုိက္ခုိက္ေရး ေရငုပ္သေဘၤာကုိ ၂၀၂၀ ျပည့္ႏွစ္ ဧၿပီလမွာ ေရခ်ခဲ့တာျဖစ္ေပမဲ့ တရားဝင္ တာဝန္ေပးအပ္ပဲြ အခမ္းအနားကုိ COVID-19 ကပ္ေရာဂါေဘးေၾကာင့္ ၂ ႏွစ္ၾကာ ေရႊ႕ဆုိင္းထားခဲ့တာ ျဖစ္ပါတယ္။
----------------------------
(Unicode)
နျူကလီးယား တိုက်ခိုက်ရေး ရေငုပ်သင်္ဘော တာဝန်အပ်နှင်းပွဲ သမ္မတ Biden တက်ရောက်
အမေရိကန်ရေတပ်အတွက် နျူကလီးယား တိုက်ခိုက်ရေး ရေငုပ်သင်္ဘော USS Delaware ကို Delaware ပြည်နယ် Wilmington မြို့က အခမ်းအနားမှာ သမ္မတ Joe Biden တရားဝင် တာဝန်အပ်နှင်းလိုက်ပြီး အမေရိကန် အမျိုးသားလုံခြုံရေးအတွက် အားဖြည့်ပေးနိုင်မှာ ဖြစ်ကြောင်းလည်း ပြောကြားလိုက်ပါတယ်။
“ဘေးအန္တရာယ်တွေအကြားကို စေလွှတ်တာဝန်ပေးမယ့် ကျနော်တို့ တပ်ဖွဲ့တွေအတွက် ပြင်ဆင်မှုတွေ၊ ပစ္စည်းကိရိယာ တပ်ဆင်ပေးမှုတွေ လုပ်ရပါမယ်။ ဒါ့အပြင် သူတို့နဲ့ သူတို့ရဲ့ မိသားစုတွေကိုလည်း စောင့်ရှောက်ရပါမယ်။ ဒါဟာ တိုင်းပြည်တခုအနေနဲ့ အလေးအမြတ်ထားပြီး လုပ်ဆောင်ရမယ့်ဝတ္တရား ဖြစ်တယ်လို့ ကျနော် ကာကွယ်ရေးဦးစီးချုပ်တယောက် အနေနဲ့ ယုံကြည်ပါတယ်။” လို့ စနေနေ့က အခမ်းအနားမှာ သမ္မတ Biden ပြောဆိုသွားခဲ့တာပါ။
“တိုင်းပြည်ရဲ့ လုံခြုံရေးကို အင်အားတိုးမြှင့်တာ၊ ဒါတင်မက ကမ္ဘာအနှံ့မှာရှိတဲ့ မဟာမိတ်တွေရဲ့ လုံခြုံရေးကို တိုးမြှင့်တာ၊ တိုင်းပြည်အတွက် ဂုဏ်ယူဝင့်ကြွားစွာ တာဝန်ထမ်းဆောင်တာဟာ ကျနော်တို့ရဲ့ ရှည်လျားလှတဲ့ အစဉ်အလာတခု ဖြစ်ပါတယ်။” လို့လည်း သမ္မတ Biden က ပြောဆိုခဲ့ပါတယ်။
ဒီအခမ်းအနားကို သမ္မတကတော် Jill Biden လည်း တက်ရောက်ဂုဏ်ပြုခဲ့ပါတယ်။
အရှည် ၃၇၇ ပေရှိပြီး တပ်ဖွဲ့ဝင် ၁၃၆ ဦး လိုက်ပါနိုင်တဲ့ နျူကလီးယားသုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောကို ၂၀၂၀ ပြည့်နှစ် ဧပြီလမှာ ရေချခဲ့တာဖြစ်ပေမဲ့ တရားဝင် တာဝန်ပေးအပ်ပွဲ အခမ်းအနားကို COVID-19 ကပ်ရောဂါဘေးကြောင့် ၂ နှစ်ကြာ ရွှေ့ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။