သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ေလာင္စာဆီေစ်းေလ်ာ႔က်ေရး အရန္ေလာင္စာဆီ တေန႔ေပပါတသန္းထုတ္ေပးဖို႔ သမၼတ Biden ေျပာၾကား


Biden

အေမရိကန္မွာ ေလာင္စာဆီေစ်း ျမင့္တက္ေနတာကို ေလွ်ာ့ခ်ႏိုင္ဖို႔ ေန႔စဥ္ အရန္ေလာင္စာေပပါ ၁ သန္းႏႈန္းနဲ႔ ၆ လၾကာ ထုတ္လုပ္ဖို႔ သမၼတ Joe Biden ေၾကညာဖို႔ ရွိေနပါတယ္။ တရား၀င္ ၫႊန္ၾကားခ်က္ကိုေတာ့ ၾကာသပေတးေန႔ေႏွာင္းပိုင္းမွာ ထုတ္ျပန္လိမ့္မယ္လို႔ ခန္႔မွန္းရပါတယ္။

ေလာင္စာဆီေစ်းေလ်ာ႔က်ေရး အရန္ေလာင္စာဆီ တေန႔ေပပါတသန္းထုတ္ေပးဖို႔ သမၼတ Biden ေျပာၾကား

{{Zawgyi/Unicode}}
အေမရိကန္မွာ ေလာင္စာဆီေစ်း ျမင့္တက္ေနတာကို ေလွ်ာ့ခ်ႏိုင္ဖို႔ ေန႔စဥ္ အရန္ေလာင္စာေပပါ ၁ သန္းႏႈန္းနဲ႔ ၆ လၾကာ ထုတ္လုပ္ဖို႔ သမၼတ Joe Biden ေၾကညာဖို႔ ရွိေနပါတယ္။ တရား၀င္ ၫႊန္ၾကားခ်က္ကိုေတာ့ ၾကာသပေတးေန႔ေႏွာင္းပိုင္းမွာ ထုတ္ျပန္လိမ့္မယ္လို႔ ခန္႔မွန္းရပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ကစ ေလာင္စာဆီေစ်းေတြ ျမင့္တက္လာေနရာမွာ၊ လြန္ခဲ့တဲ့ ၁ လေလာက္က ယူကရိန္းကို ႐ုရွားက က်ဳးေက်ာ္တိုက္ခိုက္ခ်ိန္မွာ ႐ုတ္တရက္ ထိုးတက္သြားခဲ့တာပါ။

အေမရိကန္မွာ မဟာဗ်ဳဟာအရ ထားရွိတဲ့ အရန္ေလာင္စာေတြ ထုတ္သုံးတဲ့အထဲမွာ ဒီတႀကိမ္ဟာ ႏွစ္ေပါင္း ၅၀ အတြင္း အမ်ားဆုံးလည္း ျဖစ္လာပါလိမ့္မယ္။

သမၼတဘိုင္ဒင္ဟာ အရင္ကလည္း အရန္ေလာင္စာေတြကို ၂ ႀကိမ္ ထုတ္သုံးခဲ့ဖူးေပမဲ့ ဆီေစ်းတက္ေနတဲ့ အေပၚမွာေတာ့ ႀကီးႀကီးမားမား သက္ေရာက္မႈ မရွိခဲ့ပါဘူး။

အရန္ေလာင္စာေတြ ထုတ္သုံးမယ့္ သတင္းေၾကာင့္ ဆီေစ်း ၃ ရာခိုင္ႏႈန္း က်သြားၿပီး တေပပါကို ၁၀၄ ေဒၚလာေလာက္ ျဖစ္သြားပါတယ္။ လြန္ခဲ့တဲ့ တႏွစ္ေလာက္တုန္းကေတာ့ တေပပါကို ေဒၚလာ ၆၀ ေလာက္သာ ရွိခဲ့တာပါ။

၁၉၇၃ ခုႏွစ္က ေရနံျပႆနာနဲ႔ ၾကံဳခဲ့ရၿပီးေနာက္၊ အေမရိကန္မွာ သဘာ၀ေဘးအႏၲရာယ္ ဒါမွမဟုတ္ အမ်ဳိးသားလုံျခံဳေရး အေရးေပၚ အေျခအေနေတြအတြက္ အရန္ေလာင္စာထားတဲ့ မဟာဗ်ဳဟာတရပ္ ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။

အရန္ေလာင္စာ စည္ေပပါ သန္း ၆၀၀ ေလာက္ကိုေတာ့ Texas နဲ႔ Louisiana ကမ္း႐ိုးတန္းေဒသေတြမွာ သိုေလွာင္ထားတာပါ။ ျပည္သူပိုင္ေျမေတြကို ငွားရမ္းထားၿပီး ေလာင္စာထုတ္လုပ္ဖို႔ ပ်က္ကြက္တဲ့ ေရနံကုမၸဏီေတြကို အေရးယူဖို႔ ကြန္ဂရက္လႊတ္ေတာ္ကို သမၼတဘိုင္ဒင္ တိုက္တြန္းလိမ့္မယ္လို႔လည္း ခန္႔မွန္းေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

................................................

လောင်စာဆီဈေးလျော့ကျရေး အရန်လောင်စာဆီ တနေ့ပေပါတသန်းထုတ်ပေးဖို့ သမ္မတ Biden ပြောကြား

{{Zawgyi/Unicode}}
အမေရိကန်မှာ လောင်စာဆီဈေး မြင့်တက်နေတာကို လျှော့ချနိုင်ဖို့ နေ့စဉ် အရန်လောင်စာပေပါ ၁ သန်းနှုန်းနဲ့ ၆ လကြာ ထုတ်လုပ်ဖို့ သမ္မတ Joe Biden ကြေညာဖို့ ရှိနေပါတယ်။ တရားဝင် ညွှန်ကြားချက်ကိုတော့ ကြာသပတေးနေ့နှောင်းပိုင်းမှာ ထုတ်ပြန်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

ပြီးခဲ့တဲ့နှစ်ကစ လောင်စာဆီဈေးတွေ မြင့်တက်လာနေရာမှာ၊ လွန်ခဲ့တဲ့ ၁ လလောက်က ယူကရိန်းကို ရုရှားက ကျုးကျော်တိုက်ခိုက်ချိန်မှာ ရုတ်တရက် ထိုးတက်သွားခဲ့တာပါ။

အမေရိကန်မှာ မဟာဗျုဟာအရ ထားရှိတဲ့ အရန်လောင်စာတွေ ထုတ်သုံးတဲ့အထဲမှာ ဒီတကြိမ်ဟာ နှစ်ပေါင်း ၅၀ အတွင်း အများဆုံးလည်း ဖြစ်လာပါလိမ့်မယ်။

သမ္မတဘိုင်ဒင်ဟာ အရင်ကလည်း အရန်လောင်စာတွေကို ၂ ကြိမ် ထုတ်သုံးခဲ့ဖူးပေမဲ့ ဆီဈေးတက်နေတဲ့ အပေါ်မှာတော့ ကြီးကြီးမားမား သက်ရောက်မှု မရှိခဲ့ပါဘူး။

အရန်လောင်စာတွေ ထုတ်သုံးမယ့် သတင်းကြောင့် ဆီဈေး ၃ ရာခိုင်နှုန်း ကျသွားပြီး တပေပါကို ၁၀၄ ဒေါ်လာလောက် ဖြစ်သွားပါတယ်။ လွန်ခဲ့တဲ့ တနှစ်လောက်တုန်းကတော့ တပေပါကို ဒေါ်လာ ၆၀ လောက်သာ ရှိခဲ့တာပါ။

၁၉၇၃ ခုနှစ်က ရေနံပြဿနာနဲ့ ကြုံခဲ့ရပြီးနောက်၊ အမေရိကန်မှာ သဘာဝဘေးအန္တရာယ် ဒါမှမဟုတ် အမျိုးသားလုံခြုံရေး အရေးပေါ် အခြေအနေတွေအတွက် အရန်လောင်စာထားတဲ့ မဟာဗျုဟာတရပ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အရန်လောင်စာ စည်ပေပါ သန်း ၆၀၀ လောက်ကိုတော့ Texas နဲ့ Louisiana ကမ်းရိုးတန်းဒေသတွေမှာ သိုလှောင်ထားတာပါ။ ပြည်သူပိုင်မြေတွေကို ငှားရမ်းထားပြီး လောင်စာထုတ်လုပ်ဖို့ ပျက်ကွက်တဲ့ ရေနံကုမ္ပဏီတွေကို အရေးယူဖို့ ကွန်ဂရက်လွှတ်တော်ကို သမ္မတဘိုင်ဒင် တိုက်တွန်းလိမ့်မယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

XS
SM
MD
LG