သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာၿမိဳ႕ႀကီးေတြမွာ ေလာင္စာဆီေဈးတက္


ရန္ကုန္ျမိဳ ့ဓာတ္ဆီဆိုင္တခု ( ဓာတ္ပံု - AP)

ျမန္မာႏိုင္ငံမွာ အခုရက္ပိုင္း စက္သုံးဆီကို ကုမၸဏီႀကီးေတြဆီကေန လိုသေလာက္ဝယ္လို႔ မရေတာ့တဲ့အတြက္ မႏၲေလးတိုင္း၊ အပါအဝင္ နယ္ၿမိဳ႕အမ်ားစုမွာ ေလာင္စာဆီေဈးေတြ ဆက္တက္ေနၿပီး၊ တခ်ိဳ႕ဆိုင္ေတြမွာ လက္က်န္ဆီျပတ္မသြားေအာင္ ထိန္းၿပီးေရာင္းခ်ေနရတယ္လို႔ စက္သုံးဆီေရာင္းခ်တဲ့ လုပ္ငန္းရွင္ေတြက ဗြီအိုေအကို ေျပာပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္းအျပည့္အစုံကိုေတာ့ ကိုသားၫြန႔္ဦးေျပာျပမွာပါ။

ဒီဇယ္၊ ဓာတ္ဆီ တပီပါကို ၁ လအတြင္းမွာ က်ပ္ ၁၀၀,၀၀၀ ေလာက္ေဈးတက္သြားသလို ဆီတင္သြင္းတဲ့ ျပည္တြင္းက ကုမၸဏီႀကီးေတြဆီကေန လိုသေလာက္ဝယ္လို႔ မရတဲ့ အေျခအေနေၾကာင့္ နယ္ၿမိဳ႕တခ်ိဳ႕က လက္လီဆိုင္ေတြမွာ စက္သုံးဆီျပတ္လပ္တာေတြ ရွိပါတယ္။ စစ္ကိုင္းတိုင္းထဲမွာဆိုရင္ စက္သုံးဆီေရာင္းသူေတြက ဓါတ္ဆီ ဒီဇယ္ဆီ ဆိုင္မွာအေရာင္းမျပတ္ေအာင္ ေနရာစုံကေန ရတဲ့နည္းနဲ႔ ဝယ္ယူေရာင္းခ်ေနရတယ္လို႔ ေကာလင္းၿမိဳ႕က စက္သုံးဆီဆိုင္ ပိုင္ရွင္တဦးက ဗြီအိုေအကို ေျပာပါတယ္။

“ ညီမတို႔က ေနရာေပါင္းစုံကေန ယူရတာေပါ့ေနာ္၊ တေနရာတည္းနဲ႔ဆို မရဘူး… ဟုတ္တယ္ ဆီကျပတ္တယ္ လိုခ်င္သေလာက္မရဘူး။ ခက္ေတာ့ ခက္ခဲတာေပါ့ အဲလိုမ်ိဳး ေရာင္းရတဲ့အခါက်ေတာ့။ 92 ပရီမီယံ(ဒီဇယ္)က်ေတာ့လည္း လိုသေလာက္ထုတ္မရဘူး။ နည္းနည္းပါးပါးပဲ ဝယ္လို႔ရတယ္။ ေဈးကအတက္ဘက္ကပဲ ေရာက္ေနတာေပါ့၊ ဒီထက္ေတာ့ ပိုမတက္ေသးဘူး။ ၿပီးခဲ့တဲ့ တလထက္စာရင္ေတာ့ ေဈးေတြတက္တာေပါ့ ေတာ္ေတာ္တက္တယ္ အရင္က ( တပီပါကို) ၂၀၀,၀၀၀ ေက်ာ္ပဲရွိတာကိုး။”

ျပည္ပကေန စက္သုံးဆီတင္သြင္းတဲ့ ကုမၸဏီႀကီးေတြကလည္း သူတို႔လက္ထဲမွာ ဆီလက္က်န္ ေလ်ာ့နည္းေနတဲ့အတြက္ တဆင့္ဝယ္ယူတဲ့ လက္ကားဆီဆိုင္ေတြကို လိုသေလာက္မေပးႏိုင္တာလို႔ လုပ္ငန္းရွင္တခ်ိဳ႕က ေျပာပါတယ္။ ဒီကိစၥနဲ႔ပတ္သက္ၿပီး ေမးျမန္းဖို႔ ျမန္မာႏိုင္ငံ စက္သုံးဆီတင္သြင္း ေရာင္းခ်ေရးအသင္းက တာဝန္ရွိသူကို ဗြီအိုေအက ဆက္သြယ္ခဲ့ေပမဲ့ မရခဲ့ပါဘူး။

မႏၲေလးက စက္သုံးဆီလက္ကားဆိုင္ရွင္တဦးကေတာ့ ဒီရက္ပိုင္းအတြင္းမွာ ဆီျပတ္လပ္သြားတဲ့ လက္လီ၊ လက္ကားဆိုင္တခ်ိဳ႕ရွိတယ္လို႔ ဗြီအိုေအကို ေျပာပါတယ္။

“ ဆီေတြတခါတေလ ျပတ္သြားတဲ့အခ်ိန္ေတြဆို ပိုၿပီးေတာ့ ေဈးကတက္သြားတာ၊ ကိုယ့္လက္ထဲမွာရွိတဲ့ လူေလာက္ပဲေလ (ေရာင္းႏိုင္တာ)။ လက္ကားေတြ မေပးႏိုင္ေတာ့ဘူး အဲလိုအေျခအေနအထိ ျဖစ္သြားတယ္ေပါ့ေနာ္။ (ပီပါ) ၁၅လုံး အလုံး၃၀ေလာက္ပဲ ေပးႏိုင္တယ္ေပါ့ေနာ္။ ၆၀-၇၀-၁၀၀ အဲလိုမ်ိဳး ဒီရက္ေတြမွာ အမ်ားႀကီးမေပးႏိုင္တဲ့ အေျခအေန ျဖစ္ခဲ့တယ္ေပါ့။ ၾကားရသေလာက္ေတာ့ ရန္ကုန္မွာ သီလဝါတို႔ဘာတို႔မွာ ဆီေတြျပတ္သြားလို႔ေလ။ အဲဒါေၾကာင့္မို႔ ေဈးတက္တာ။”

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕က စက္သုံးဆီ အေရာင္းဆိုင္ေတြမွာေတာ့ ဒီဇင္ဆီေတြ အေရာင္းရပ္ထားတယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။ စက္သုံးဆီက လိုသေလာက္ဝယ္လို႔မရသလို ေဈးကလည္း တပီပါကို က်ပ္တသိန္းေလာက္ တက္သြားတဲ့အတြက္ လုပ္ငန္းရွင္ေတြအတြက္ စရိတ္ေတြပိုလာပါတယ္။ ငါးဖမ္းစက္ေလွတစီးဟာ တလကို ဒီဇယ္ပီပါအလုံးေရ ၁၀၀ ေလာက္ သုံးရတဲ့အတြက္ အေထြေထြ ကုန္က်စရိတ္နဲ႔ဆိုရင္ သိန္းရာခ်ီၿပီး စရိတ္ေတြပိုလာတယ္လို႔ ပင္လယ္ငါးဖမ္းလုပ္ငန္းရွင္မ်ားအသင္းရဲ႕ ဥကၠ႒ ဦးေမာင္ေမာင္စိုးက ေျပာပါတယ္။ သက္ဆိုင္ရာဝန္ႀကီးဌာနက ေလွ်ာ့ေဈးနဲ႔ေရာင္းခ်ေပးတဲ့ စက္သုံးဆီနဲ႔ မေလာက္ငွတဲ့အခါမ်ိဳးမွာ ျပင္ပကေန ေဈးႀကီးေပးၿပီး ဝယ္သုံးရတယ္လို႔ သူက ဗြီအိုေအကို ေျပာျပပါတယ္။

“ ဝန္ႀကီးဌာနကို အက်ိဳးအေၾကာင္းစာေရးေသးတယ္ေလ၊ ေျပာျပတယ္၊ ဒီလိုသာ ခက္ခဲေနမယ္ဆိုရင္ လုပ္ငန္းေတြ ရပ္သြားႏိုင္တယ္ေပါ့ဗ်ာ။ အဲဒီေတာ့ ဝန္ႀကီးဌာနကေန သူတို႔က ဒီဇယ္ေပးတယ္၊ ႏႈန္းတားတခုနဲ႔ ေရာင္းေပးတယ္။ အခုတခါ ျပန္ၿပီးေတာ့ ၃၄၀၀၀၀ ေလာက္ျဖစ္လာ တပီပါကို။ က်ေနာ္တို႔က ခဏေလးပဲ ဒီဇယ္ဆီ အနည္းအက်ဥ္းပဲ ရတာကိုး က်တာကေတာ့ ကိုယ့္ဖာသာဝယ္ေပါ့ဗ်ာ။ ကုမၸဏီေတြက သြင္းတဲ့ဟာေတြ ဝယ္ေနတယ္ေပါ့၊ ေပါက္ေဈးေပါ့။ ကိုယ္စားရမယ့္ပိုက္ဆံေတြ ဒီဇယ္ဆီထဲ ေရာက္သြားတာေပါ့ဗ်ာ။”

ဒီဇင္ဘာလ ၂၄ ရက္က တပီပါကို ၂၉၅,၀၀၀ ရွိတဲ့ ပရီမီယံဒီဇယ္က အခု ဇန္နဝါရီ ၂၄ ရက္မွာေတာ့ တပီပါကို ၃၆၈,၀၀၀ ေပါက္ေဈးရွိပါတယ္။ ေအာက္တိန္း 92 တပီပါကို ၃၃၀,၀၀၀ ဝန္းက်င္ရွိၿပီး၊ ေအာက္တိန္း 95 ကေတာ့ တပီပါကို ၃၄၀,၀၀၀ က်ပ္ဝန္းက်င္ရွိပါတယ္။ ဒီေဈးေတြအားလုံးက ၿပီးခဲ့တဲ့လက္ထက္ က်ပ္ ၁၀၀,၀၀၀ နီးပါးတက္လာျဖစ္ပါတယ္။ လက္လီေဈးအေနနဲ႔ကေတာ့ ဒီဇယ္တလီတာကို ၁၅၉၅က်ပ္၊ ေအာက္တိန္း 92 တလီတာကို ၁၅၄၅ က်ပ္၊ ေအာက္တိန္း 95 တလီတာကို ၁၅၉၅ က်ပ္ရွိပါတယ္။

စီးပြားကူးသန္းဌာနနဲ႔ စက္သုံးဆီ တင္သြင္းေရာင္းခ်တဲ့အသင္းတို႔ ပူးေပါင္းၿပီး ဒီဇယ္ကို ေပါက္ေဈးထက္ ၃၀၀ က်ပ္ေလ ွ်ာ့ၿပီး အထူးေလ ွ်ာ့ေဈးနဲ႔ ေရာင္းခ်ေပးေနတယ္လို႔ ေၾကညာထားပါတယ္။ ျမန္မာႏိုင္ငံအႏွံ႔ ဆိုင္ေပါင္း ၂၀၀ နီးပါးမွာ ေရာင္းခ်ေပးေနတယ္လို႔ ထုတ္ျပန္ထားပါတယ္။

ဒါေပမဲ့ ဆိုင္ေတြမွာသြားဝယ္ရင္ လက္ေတြ႕ ဝယ္လို႔ မရတဲ့ အခက္အခဲေတြ ရွိတယ္လို႔ ရန္ကုန္ကယာဥ္ေမာင္းတခ်ိဳ႕က ေျပာပါတယ္။ ဒီဇယ္ဆီေဈးႏႈန္းေတြ မတက္ေအာင္ စစ္ေကာင္စီကေတာ့ ႀကိဳးစားေဆာင္႐ြက္ေနပါတယ္လို႔ ေျပာၾကားထားပါတယ္။

.....................................................................................

ျမန္မာၿမိဳ႕ႀကီးေတြမွာ ေလာင္စာဆီေဈးတက္
please wait

No media source currently available

0:00 0:03:16 0:00
တိုက္႐ိုက္ လင့္ခ္


မြန်မာမြို့ကြီးတွေမှာ လောင်စာဆီဈေးတက်

(Unicode)

မြန်မာနိုင်ငံမှာ အခုရက်ပိုင်း စက်သုံးဆီကို ကုမ္ပဏီကြီးတွေဆီကနေ လိုသလောက်ဝယ်လို့ မရတော့တဲ့အတွက် မန္တလေးတိုင်း၊ အပါအဝင် နယ်မြို့အများစုမှာ လောင်စာဆီဈေးတွေ ဆက်တက်နေပြီး၊ တချို့ဆိုင်တွေမှာ လက်ကျန်ဆီပြတ်မသွားအောင် ထိန်းပြီးရောင်းချနေရတယ်လို့ စက်သုံးဆီရောင်းချတဲ့ လုပ်ငန်းရှင်တွေက ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းအပြည့်အစုံကိုတော့ ကိုသားညွန့်ဦးပြောပြမှာပါ။

ဒီဇယ်၊ ဓာတ်ဆီ တပီပါကို ၁ လအတွင်းမှာ ကျပ် ၁၀၀,၀၀၀ လောက်ဈေးတက်သွားသလို ဆီတင်သွင်းတဲ့ ပြည်တွင်းက ကုမ္ပဏီကြီးတွေဆီကနေ လိုသလောက်ဝယ်လို့ မရတဲ့ အခြေအနေကြောင့် နယ်မြို့တချို့က လက်လီဆိုင်တွေမှာ စက်သုံးဆီပြတ်လပ်တာတွေ ရှိပါတယ်။ စစ်ကိုင်းတိုင်းထဲမှာဆိုရင် စက်သုံးဆီရောင်းသူတွေက ဓါတ်ဆီ ဒီဇယ်ဆီ ဆိုင်မှာအရောင်းမပြတ်အောင် နေရာစုံကနေ ရတဲ့နည်းနဲ့ ဝယ်ယူရောင်းချနေရတယ်လို့ ကောလင်းမြို့က စက်သုံးဆီဆိုင် ပိုင်ရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

“ ညီမတို့က နေရာပေါင်းစုံကနေ ယူရတာပေါ့နော်၊ တနေရာတည်းနဲ့ဆို မရဘူး… ဟုတ်တယ် ဆီကပြတ်တယ် လိုချင်သလောက်မရဘူး။ ခက်တော့ ခက်ခဲတာပေါ့ အဲလိုမျိုး ရောင်းရတဲ့အခါကျတော့။ 92 ပရီမီယံ(ဒီဇယ်)ကျတော့လည်း လိုသလောက်ထုတ်မရဘူး။ နည်းနည်းပါးပါးပဲ ဝယ်လို့ရတယ်။ ဈေးကအတက်ဘက်ကပဲ ရောက်နေတာပေါ့၊ ဒီထက်တော့ ပိုမတက်သေးဘူး။ ပြီးခဲ့တဲ့ တလထက်စာရင်တော့ ဈေးတွေတက်တာပေါ့ တော်တော်တက်တယ် အရင်က ( တပီပါကို) ၂၀၀,၀၀၀ ကျော်ပဲရှိတာကိုး။”

ပြည်ပကနေ စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီကြီးတွေကလည်း သူတို့လက်ထဲမှာ ဆီလက်ကျန် လျော့နည်းနေတဲ့အတွက် တဆင့်ဝယ်ယူတဲ့ လက်ကားဆီဆိုင်တွေကို လိုသလောက်မပေးနိုင်တာလို့ လုပ်ငန်းရှင်တချို့က ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းဖို့ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချရေးအသင်းက တာဝန်ရှိသူကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။

မန္တလေးက စက်သုံးဆီလက်ကားဆိုင်ရှင်တဦးကတော့ ဒီရက်ပိုင်းအတွင်းမှာ ဆီပြတ်လပ်သွားတဲ့ လက်လီ၊ လက်ကားဆိုင်တချို့ရှိတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“ ဆီတွေတခါတလေ ပြတ်သွားတဲ့အချိန်တွေဆို ပိုပြီးတော့ ဈေးကတက်သွားတာ၊ ကိုယ့်လက်ထဲမှာရှိတဲ့ လူလောက်ပဲလေ (ရောင်းနိုင်တာ)။ လက်ကားတွေ မပေးနိုင်တော့ဘူး အဲလိုအခြေအနေအထိ ဖြစ်သွားတယ်ပေါ့နော်။ (ပီပါ) ၁၅လုံး အလုံး၃၀လောက်ပဲ ပေးနိုင်တယ်ပေါ့နော်။ ၆၀-၇၀-၁၀၀ အဲလိုမျိုး ဒီရက်တွေမှာ အများကြီးမပေးနိုင်တဲ့ အခြေအနေ ဖြစ်ခဲ့တယ်ပေါ့။ ကြားရသလောက်တော့ ရန်ကုန်မှာ သီလဝါတို့ဘာတို့မှာ ဆီတွေပြတ်သွားလို့လေ။ အဲဒါကြောင့်မို့ ဈေးတက်တာ။”

ရခိုင်ပြည်နယ်၊ စစ်တွေမြို့က စက်သုံးဆီ အရောင်းဆိုင်တွေမှာတော့ ဒီဇင်ဆီတွေ အရောင်းရပ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ စက်သုံးဆီက လိုသလောက်ဝယ်လို့မရသလို ဈေးကလည်း တပီပါကို ကျပ်တသိန်းလောက် တက်သွားတဲ့အတွက် လုပ်ငန်းရှင်တွေအတွက် စရိတ်တွေပိုလာပါတယ်။ ငါးဖမ်းစက်လှေတစီးဟာ တလကို ဒီဇယ်ပီပါအလုံးရေ ၁၀၀ လောက် သုံးရတဲ့အတွက် အထွေထွေ ကုန်ကျစရိတ်နဲ့ဆိုရင် သိန်းရာချီပြီး စရိတ်တွေပိုလာတယ်လို့ ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်စိုးက ပြောပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနက လျှော့ဈေးနဲ့ရောင်းချပေးတဲ့ စက်သုံးဆီနဲ့ မလောက်ငှတဲ့အခါမျိုးမှာ ပြင်ပကနေ ဈေးကြီးပေးပြီး ဝယ်သုံးရတယ်လို့ သူက ဗွီအိုအေကို ပြောပြပါတယ်။

“ ဝန်ကြီးဌာနကို အကျိုးအကြောင်းစာရေးသေးတယ်လေ၊ ပြောပြတယ်၊ ဒီလိုသာ ခက်ခဲနေမယ်ဆိုရင် လုပ်ငန်းတွေ ရပ်သွားနိုင်တယ်ပေါ့ဗျာ။ အဲဒီတော့ ဝန်ကြီးဌာနကနေ သူတို့က ဒီဇယ်ပေးတယ်၊ နှုန်းတားတခုနဲ့ ရောင်းပေးတယ်။ အခုတခါ ပြန်ပြီးတော့ ၃၄၀၀၀၀ လောက်ဖြစ်လာ တပီပါကို။ ကျနော်တို့က ခဏလေးပဲ ဒီဇယ်ဆီ အနည်းအကျဉ်းပဲ ရတာကိုး ကျတာကတော့ ကိုယ့်ဖာသာဝယ်ပေါ့ဗျာ။ ကုမ္ပဏီတွေက သွင်းတဲ့ဟာတွေ ဝယ်နေတယ်ပေါ့၊ ပေါက်ဈေးပေါ့။ ကိုယ်စားရမယ့်ပိုက်ဆံတွေ ဒီဇယ်ဆီထဲ ရောက်သွားတာပေါ့ဗျာ။”

ဒီဇင်ဘာလ ၂၄ ရက်က တပီပါကို ၂၉၅,၀၀၀ ရှိတဲ့ ပရီမီယံဒီဇယ်က အခု ဇန်နဝါရီ ၂၄ ရက်မှာတော့ တပီပါကို ၃၆၈,၀၀၀ ပေါက်ဈေးရှိပါတယ်။ အောက်တိန်း 92 တပီပါကို ၃၃၀,၀၀၀ ဝန်းကျင်ရှိပြီး၊ အောက်တိန်း 95 ကတော့ တပီပါကို ၃၄၀,၀၀၀ ကျပ်ဝန်းကျင်ရှိပါတယ်။ ဒီဈေးတွေအားလုံးက ပြီးခဲ့တဲ့လက်ထက် ကျပ် ၁၀၀,၀၀၀ နီးပါးတက်လာဖြစ်ပါတယ်။ လက်လီဈေးအနေနဲ့ကတော့ ဒီဇယ်တလီတာကို ၁၅၉၅ကျပ်၊ အောက်တိန်း 92 တလီတာကို ၁၅၄၅ ကျပ်၊ အောက်တိန်း 95 တလီတာကို ၁၅၉၅ ကျပ်ရှိပါတယ်။

စီးပွားကူးသန်းဌာနနဲ့ စက်သုံးဆီ တင်သွင်းရောင်းချတဲ့အသင်းတို့ ပူးပေါင်းပြီး ဒီဇယ်ကို ပေါက်ဈေးထက် ၃၀၀ ကျပ်လေ ျှာ့ပြီး အထူးလေ ျှာ့ဈေးနဲ့ ရောင်းချပေးနေတယ်လို့ ကြေညာထားပါတယ်။ မြန်မာနိုင်ငံအနှံ့ ဆိုင်ပေါင်း ၂၀၀ နီးပါးမှာ ရောင်းချပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ ဆိုင်တွေမှာသွားဝယ်ရင် လက်တွေ့ ဝယ်လို့ မရတဲ့ အခက်အခဲတွေ ရှိတယ်လို့ ရန်ကုန်ကယာဉ်မောင်းတချို့က ပြောပါတယ်။ ဒီဇယ်ဆီဈေးနှုန်းတွေ မတက်အောင် စစ်ကောင်စီကတော့ ကြိုးစားဆောင်ရွက်နေပါတယ်လို့ ပြောကြားထားပါတယ်။

XS
SM
MD
LG