သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေလာင္စာဆီေစ်းေတြတက္ၿပီး ဆိုင္တခ်ဳိ႕ပိတ္


ရန္ကုန္ၿမိဳ႕ ဓာတ္ေငြ႔ရည္အေရာင္းဆုိင္မွာ ဓာတ္ေငြ႔ရည္လာျဖည့္ေနစဥ္။ (ဧၿပီ ၁၄၊ ၂၀၂၁၆)

Zawgyi/Unicode

ျပည္တြင္းမွာ စက္သုံးဆီေဈးေတြ တက္လာေနၿပီး လိုသေလာက္ဝယ္ယူႏိုင္ဖို႔ အခက္အခဲရွိေနသလို ေဒသတခ်ိဳ႕မွာေတာ့ ဆီဆိုင္ေတြပိတ္ထားရတဲ့အေျခအေနမွာ ရွိေနပါတယ္။ သတ္မွတ္ထားတဲ့ ေဈးႏႈန္းအတိုင္း ေရာင္းခ်ေပးေနတဲ့ ဆိုင္ေတြရွိေပမယ့္ အရင္ကထက္ ေဈးျမင့္လာတာေၾကာင့္ ဆီဝယ္သူေတြ အခက္ေတြ႔ေနပါတယ္။ ေလာင္စာဆီေဈးကြက္အေျခအေန ရန္ကုန္ကလာတဲ့သတင္းကို အလိမၼာက ေျပာျပပါမယ္။

ႏိုင္ငံတြင္း ေ႐ႊေဈး၊ ေဒၚလာေဈးနဲ႔ ႏိုင္ငံျခားေငြလဲႏႈန္း အေျပာင္းအလဲေတြနဲ႔အတူ ျမန္မာက်ပ္ေငြတန္ဖိုး က်ဆင္းေနၿပီး ကုန္စည္ေဈးႏႈန္းေတြနဲ႔ စက္သုံးဆီေဈးေတြလည္း တက္လာေနပါတယ္။ အခုလို တရိပ္ရိပ္တက္လာတဲ့ ေဈးႏႈန္းေတြေၾကာင့္ စက္သုံးဆီျပတ္မွာကို စိတ္ပူေနၾကၿပီး ဝယ္ယူစုေဆာင္းသူေတြ ရွိသလို တခ်ိဳ႕ကေတာ့ ဒီထက္ပို ေဈးတက္မလာခင္ မျဖစ္မေနသုံးဖို႔ ႏိုင္သေလာက္ ဝယ္ယူထားတာေတြလည္း ရွိပါတယ္။ ဒီလို ႀကိဳတင္စုေဆာင္းတာ၊ ေဈးကြက္ထဲ သတ္မွတ္ထားတဲ့ႏႈန္းအတိုင္း ေရာင္းခ်ဖို႔ ခက္ခဲတာေတြေၾကာင့္ ဆီဆိုင္တခ်ိဳ႕ ပိတ္လိုက္ရတဲ့အေျခအေနထိ ေရာက္ခဲ့ပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေနာင္ခ်ိဳၿမိဳ႕မွာ ဖြင့္လွစ္ထားတဲ့ ဆီဆိုင္ေတြထဲက တခ်ိဳ႕ဆိုင္ေတြဆို ပစၥည္းျပတ္လို႔ ပိတ္လိုက္ရသလို ဖြင့္ထားတဲ့ဆိုင္ေတြမွာလည္း တန္းစီၿပီး ဝယ္ယူေနရတယ္လို႔ ေနာင္ခ်ိဳေဒသခံတဦးက ေျပာပါတယ္။

"အခုက်ေတာ့လည္း တန္းစီေနရတယ္။ တခ်ိဳ႕ဆီဆိုင္ေတြေတာ့ ပိတ္ကုန္ၿပီပဲ။ ဝယ္ဖို႔ေတာ့ မလြယ္ဘူး ဒီဘက္မွာ။ တခ်ိဳ႕ဆိုင္ေတြဆိုရင္ေတာ့ တိုကင္နဲ႔ေပါ့ေနာ္၊ တန္းစီေနရတာေပါ့။ အခုဆို၊ လိုသေလာက္ေတာ့ မရဘူး။ အကန႔္အသတ္နဲ႔ေတာ့ ေပးေနတယ္ေပါ့ေနာ္။ အခုက်ေတာ့ ဘယ္လိုေျပာရမလဲ.... လိုအပ္တဲ့ေနရာေတြ သုံးတယ္၊ မလိုအပ္တဲ့ေနရာေတြ မသုံးဘဲနဲ႔ ေနမွရမယ့္ အေျခအေနျဖစ္ေနတယ္။ ဘာလို႔လဲဆိုေတာ့ ဆီေဈးေတြကလည္း အခု ၂,၀၀၀ နီးပါးနားကို ကပ္ေနၿပီဆိုေတာ့ေလ။"

စီးပြားကူးသန္းဌာနနဲ႔ စက္သုံးဆီ တင္သြင္း ျဖန႔္ျဖဴးေရာင္းခ်ေရးအသင္းက ရန္ကုန္၊ မႏၲေလးနဲ႔ ေနျပည္ေတာ္က ဆီဆိုင္ေတြမွာ သတ္မွတ္ထားတဲ့ႏႈန္းထားအတိုင္း ေရာင္းခ်ဖို႔ ေဈးႏႈန္းေတြ သတ္မွတ္ထားၿပီး ေဈးပိုေရာင္းတဲ့ဆိုင္ေတြကို တိုင္ၾကားႏိုင္တယ္လို႔ ထုတ္ျပန္ထားပါတယ္။ ေဈးကြက္ထဲမွာေတာ့ သတ္မွတ္ထားတဲ့ေဈးထက္ အနည္းဆုံး ၅၀၀ ပိုေပးၿပီး ဝယ္ယူေနရတယ္လို႔ ဆီဝယ္သူေတြဆီက သိရပါတယ္။ လားရႈိးၿမိဳ႕မွာေတာ့ စက္သုံးဆီလိုသေလာက္ ဝယ္ယူႏိုင္ေပမယ့္ ေဈးတက္လို႔ အခက္ႀကံဳေနရတယ္ လို႔ ေဒသခံတဦးက ေျပာပါတယ္။

"ေလာေလာဆယ္ မနက္က သူတို႔ဆီဆိုင္က ဆိုင္းဘုတ္ေတြမွာ ေၾကာ္ျငာထားတာက်ေတာ့ ေအာက္တိန္းဆီဆိုရင္ တလီတာကို ၁,၇၅၀ ၊ တခ်ိဳ႕ဟာေတြက ၁,၅၅၀ ၊ ၁,၅၀၀ ၊ ၁,၅၅၀ ၊ ၁,၆၀၀ အဲလိုရွိတယ္။ ဆိုေတာ့ ဆီေဈးက တအားတက္ေတာ့ ဒီေန႔ မနက္က်ေတာ့ လူေတြ၊ ကားေတြထြက္တာ နည္းသြားတာေပါ့။ ဆီသြားထည့္တဲ့လူလည္း နည္းသြားတာေပါ့။ က်ေနာ္တို႔လည္း နည္းနည္းပါးပါးပဲ သြားထည့္တာဆိုေတာ့ သိပ္ျပႆနာေတာ့ မရွိပါဘူး။ ကားေတြလည္း သူ႔ဟာသူ ဝယ္ေနၾကတာပဲ။ ဟိုလိုမ်ိဳး ကန႔္သတ္ၿပီးေတာ့ ေရာင္းတာေတာ့ မရွိပါဘူး။ ဆီေဈးတက္ေတာ့ စားကုန္ေသာက္ကုန္ တက္မွာေပါ့။ က်ေနာ္တို႔ ဒီကုန္ေဈးႏႈန္းေတြ တက္တာက်ေတာ့ လူေတြပိုၿပီး ခက္ခဲမွာေပါ့။"

ဧရာဝတီတိုင္း၊ ပုသိမ္ၿမိဳ႕မွာလည္း ဆီဆိုင္ေတြ ပုံမွန္ဖြင့္ထားၿပီး ဝယ္သူေတြ လိုသေလာက္ရေနေပမယ့္ ေဈးတက္ေနတာေၾကာင့္ ၿမိဳ႕တြင္းမွာ အသြားအလာသိပ္မရွိဘူးလို႔ ေဒသခံတဦးက ေျပာပါတယ္။

"က်ေနာ္တို႔ ပုသိမ္မွာကေတာ့ ဆိုင္ေတြပိတ္တာေတာ့ သိပ္မရွိဘူးဗ်။ သူ႔ဟာနဲ႔သူေတာ့ ထည့္ေနတာေပါ့ဗ်ာ။ အခုဟာက ဆိုင္ကယ္အေနအထားဆိုရင္ ၁,၀၀၀ ဖိုးထည့္ရင္ေတာင္မွ ဘာမွ သိပ္အရာမေရာက္ဘူး။ ၂,၀၀၀ ၊ ၂,၅၀၀ ဖိုး အဲလိုထည့္ရတဲ့ အေနအထားေတာ့ရွိတယ္။ ကားဆိုရင္ ဆီအျပည့္တခါျဖည့္ရင္ ၉ ေသာင္းခြဲနီးနီး ျဖည့္ရတယ္။ ၁ သိန္းနားေတာင္ ကပ္ေနၿပီေပါ့ေနာ္။ အရင္ကဆို ဆီတခါျဖည့္ ၆ ေသာင္းပတ္ခ်ာလည္ေလာက္ဆို ျပည့္သြားၿပီေလ။ အခုဟာက ၉ ေသာင္းခြဲ ပတ္ခ်ာလည္ေလာက္ ျဖည့္ေနရတယ္။ ေနာက္ဆုံး Aircon ဖြင့္စီးဖို႔ေတာင္ မစီးရဲဘူး ျဖစ္ေနတယ္။"

92 တလီတာကို ၁,၁၂၂ က်ပ္၊ ႐ိုး႐ိုးဒီဇယ္ တလီတာ ၁,၁၁၇ က်ပ္နဲ႔ ပရီမီယမ္ဒီဇယ္ တလီတာကို ၁,၁၂၄ က်ပ္ဆိုၿပီး ရန္ကုန္က ဆီေဈးကို သတ္မွတ္ထားတာပါ။ မႏၲေလးၿမိဳ႕မွာေတာ့ 92 တလီတာ ၁,၁၆၇ က်ပ္၊ ႐ိုး႐ိုးဒီဇယ္ တလီတာ ၁,၁၅၂ က်ပ္နဲ႔ ပရီမီယမ္ဒီဇယ္ တလီတာ ၁,၁၅၉ က်ပ္ဆိုၿပီး သတ္မွတ္ထားပါတယ္။ ေနျပည္ေတာ္မွာလည္း 92 တလီတာ ၁,၁၆၂ က်ပ္၊ ႐ိုး႐ိုးဒီဇယ္ တလီတာ ၁,၁၅၇ က်ပ္နဲ႔ ပရီမီယမ္ဒီဇယ္ တလီတာကို ၁,၁၆၄ က်ပ္ ဆိုၿပီး သတ္မွတ္ထားပါတယ္။ ဒါေပမယ့္လည္း နယ္ၿမိဳ႕ေတြမွာေတာ့ စက္သုံးဆီေဈးႏႈန္းက တဆိုင္နဲ႔တဆိုင္ မတူသလို လြယ္လြယ္ကူကူရႏိုင္ဖို႔ကလည္း အရင္ထက္ ခက္ခဲလာတယ္လို႔ ေဒသခံေတြက ေျပာေနပါတယ္။

ေလာင္စာဆီေစ်းေတြတက္ၿပီး ဆိုင္တခ်ဳိ႕ပိတ္
please wait

No media source currently available

0:00 0:03:48 0:00
တိုက္႐ိုက္ လင့္ခ္


-------

Unicode

လောင်စာဆီဈေးတွေတက်ပြီး ဆိုင်တချို့ပိတ်

ပြည်တွင်းမှာ စက်သုံးဆီဈေးတွေ တက်လာနေပြီး လိုသလောက်ဝယ်ယူနိုင်ဖို့ အခက်အခဲရှိနေသလို ဒေသတချို့မှာတော့ ဆီဆိုင်တွေပိတ်ထားရတဲ့အခြေအနေမှာ ရှိနေပါတယ်။ သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်း ရောင်းချပေးနေတဲ့ ဆိုင်တွေရှိပေမယ့် အရင်ကထက် ဈေးမြင့်လာတာကြောင့် ဆီဝယ်သူတွေ အခက်တွေ့နေပါတယ်။ လောင်စာဆီဈေးကွက်အခြေအနေ ရန်ကုန်ကလာတဲ့သတင်းကို အလိမ္မာက ပြောပြပါမယ်။

နိုင်ငံတွင်း ရွှေဈေး၊ ဒေါ်လာဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်း အပြောင်းအလဲတွေနဲ့အတူ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေပြီး ကုန်စည်ဈေးနှုန်းတွေနဲ့ စက်သုံးဆီဈေးတွေလည်း တက်လာနေပါတယ်။ အခုလို တရိပ်ရိပ်တက်လာတဲ့ ဈေးနှုန်းတွေကြောင့် စက်သုံးဆီပြတ်မှာကို စိတ်ပူနေကြပြီး ဝယ်ယူစုဆောင်းသူတွေ ရှိသလို တချို့ကတော့ ဒီထက်ပို ဈေးတက်မလာခင် မဖြစ်မနေသုံးဖို့ နိုင်သလောက် ဝယ်ယူထားတာတွေလည်း ရှိပါတယ်။ ဒီလို ကြိုတင်စုဆောင်းတာ၊ ဈေးကွက်ထဲ သတ်မှတ်ထားတဲ့နှုန်းအတိုင်း ရောင်းချဖို့ ခက်ခဲတာတွေကြောင့် ဆီဆိုင်တချို့ ပိတ်လိုက်ရတဲ့အခြေအနေထိ ရောက်ခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့မှာ ဖွင့်လှစ်ထားတဲ့ ဆီဆိုင်တွေထဲက တချို့ဆိုင်တွေဆို ပစ္စည်းပြတ်လို့ ပိတ်လိုက်ရသလို ဖွင့်ထားတဲ့ဆိုင်တွေမှာလည်း တန်းစီပြီး ဝယ်ယူနေရတယ်လို့ နောင်ချိုဒေသခံတဦးက ပြောပါတယ်။

"အခုကျတော့လည်း တန်းစီနေရတယ်။ တချို့ဆီဆိုင်တွေတော့ ပိတ်ကုန်ပြီပဲ။ ဝယ်ဖို့တော့ မလွယ်ဘူး ဒီဘက်မှာ။ တချို့ဆိုင်တွေဆိုရင်တော့ တိုကင်နဲ့ပေါ့နော်၊ တန်းစီနေရတာပေါ့။ အခုဆို၊ လိုသလောက်တော့ မရဘူး။ အကန့်အသတ်နဲ့တော့ ပေးနေတယ်ပေါ့နော်။ အခုကျတော့ ဘယ်လိုပြောရမလဲ.... လိုအပ်တဲ့နေရာတွေ သုံးတယ်၊ မလိုအပ်တဲ့နေရာတွေ မသုံးဘဲနဲ့ နေမှရမယ့် အခြေအနေဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ ဆီဈေးတွေကလည်း အခု ၂,၀၀၀ နီးပါးနားကို ကပ်နေပြီဆိုတော့လေ။"

စီးပွားကူးသန်းဌာနနဲ့ စက်သုံးဆီ တင်သွင်း ဖြန့်ဖြူးရောင်းချရေးအသင်းက ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်က ဆီဆိုင်တွေမှာ သတ်မှတ်ထားတဲ့နှုန်းထားအတိုင်း ရောင်းချဖို့ ဈေးနှုန်းတွေ သတ်မှတ်ထားပြီး ဈေးပိုရောင်းတဲ့ဆိုင်တွေကို တိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဈေးကွက်ထဲမှာတော့ သတ်မှတ်ထားတဲ့ဈေးထက် အနည်းဆုံး ၅၀၀ ပိုပေးပြီး ဝယ်ယူနေရတယ်လို့ ဆီဝယ်သူတွေဆီက သိရပါတယ်။ လားရှိုးမြို့မှာတော့ စက်သုံးဆီလိုသလောက် ဝယ်ယူနိုင်ပေမယ့် ဈေးတက်လို့ အခက်ကြုံနေရတယ် လို့ ဒေသခံတဦးက ပြောပါတယ်။

"လောလောဆယ် မနက်က သူတို့ဆီဆိုင်က ဆိုင်းဘုတ်တွေမှာ ကြော်ငြာထားတာကျတော့ အောက်တိန်းဆီဆိုရင် တလီတာကို ၁,၇၅၀ ၊ တချို့ဟာတွေက ၁,၅၅၀ ၊ ၁,၅၀၀ ၊ ၁,၅၅၀ ၊ ၁,၆၀၀ အဲလိုရှိတယ်။ ဆိုတော့ ဆီဈေးက တအားတက်တော့ ဒီနေ့ မနက်ကျတော့ လူတွေ၊ ကားတွေထွက်တာ နည်းသွားတာပေါ့။ ဆီသွားထည့်တဲ့လူလည်း နည်းသွားတာပေါ့။ ကျနော်တို့လည်း နည်းနည်းပါးပါးပဲ သွားထည့်တာဆိုတော့ သိပ်ပြဿနာတော့ မရှိပါဘူး။ ကားတွေလည်း သူ့ဟာသူ ဝယ်နေကြတာပဲ။ ဟိုလိုမျိုး ကန့်သတ်ပြီးတော့ ရောင်းတာတော့ မရှိပါဘူး။ ဆီဈေးတက်တော့ စားကုန်သောက်ကုန် တက်မှာပေါ့။ ကျနော်တို့ ဒီကုန်ဈေးနှုန်းတွေ တက်တာကျတော့ လူတွေပိုပြီး ခက်ခဲမှာပေါ့။"

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာလည်း ဆီဆိုင်တွေ ပုံမှန်ဖွင့်ထားပြီး ဝယ်သူတွေ လိုသလောက်ရနေပေမယ့် ဈေးတက်နေတာကြောင့် မြို့တွင်းမှာ အသွားအလာသိပ်မရှိဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

"ကျနော်တို့ ပုသိမ်မှာကတော့ ဆိုင်တွေပိတ်တာတော့ သိပ်မရှိဘူးဗျ။ သူ့ဟာနဲ့သူတော့ ထည့်နေတာပေါ့ဗျာ။ အခုဟာက ဆိုင်ကယ်အနေအထားဆိုရင် ၁,၀၀၀ ဖိုးထည့်ရင်တောင်မှ ဘာမှ သိပ်အရာမရောက်ဘူး။ ၂,၀၀၀ ၊ ၂,၅၀၀ ဖိုး အဲလိုထည့်ရတဲ့ အနေအထားတော့ရှိတယ်။ ကားဆိုရင် ဆီအပြည့်တခါဖြည့်ရင် ၉ သောင်းခွဲနီးနီး ဖြည့်ရတယ်။ ၁ သိန်းနားတောင် ကပ်နေပြီပေါ့နော်။ အရင်ကဆို ဆီတခါဖြည့် ၆ သောင်းပတ်ချာလည်လောက်ဆို ပြည့်သွားပြီလေ။ အခုဟာက ၉ သောင်းခွဲ ပတ်ချာလည်လောက် ဖြည့်နေရတယ်။ နောက်ဆုံး Aircon ဖွင့်စီးဖို့တောင် မစီးရဲဘူး ဖြစ်နေတယ်။"

92 တလီတာကို ၁,၁၂၂ ကျပ်၊ ရိုးရိုးဒီဇယ် တလီတာ ၁,၁၁၇ ကျပ်နဲ့ ပရီမီယမ်ဒီဇယ် တလီတာကို ၁,၁၂၄ ကျပ်ဆိုပြီး ရန်ကုန်က ဆီဈေးကို သတ်မှတ်ထားတာပါ။ မန္တလေးမြို့မှာတော့ 92 တလီတာ ၁,၁၆၇ ကျပ်၊ ရိုးရိုးဒီဇယ် တလီတာ ၁,၁၅၂ ကျပ်နဲ့ ပရီမီယမ်ဒီဇယ် တလီတာ ၁,၁၅၉ ကျပ်ဆိုပြီး သတ်မှတ်ထားပါတယ်။ နေပြည်တော်မှာလည်း 92 တလီတာ ၁,၁၆၂ ကျပ်၊ ရိုးရိုးဒီဇယ် တလီတာ ၁,၁၅၇ ကျပ်နဲ့ ပရီမီယမ်ဒီဇယ် တလီတာကို ၁,၁၆၄ ကျပ် ဆိုပြီး သတ်မှတ်ထားပါတယ်။ ဒါပေမယ့်လည်း နယ်မြို့တွေမှာတော့ စက်သုံးဆီဈေးနှုန်းက တဆိုင်နဲ့တဆိုင် မတူသလို လွယ်လွယ်ကူကူရနိုင်ဖို့ကလည်း အရင်ထက် ခက်ခဲလာတယ်လို့ ဒေသခံတွေက ပြောနေပါတယ်။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #MyanmarEconomy #voaburmese #စစ်အာဏာသိမ်းမှု #ကုန်ဈေးနှုန်း #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG