သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

TOTAL နဲ႔ Chevron စြမ္းအင္ကုမၸဏီႀကီးေတြ ျမန္မာႏုိင္ငံမွာ လုပ္ငန္းရပ္မယ္လုိ႔ေၾကညာ 


ျပင္သစ္ စြမ္းအင္ကုမၸဏီ TOTAL ပိုင္ ကမ္းလြန္္ေရနံတူးစင္တခု ( ဓာတ္ပံု - ရိုက္တာ)

ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္အေရးအေျခအေနေတြ ဆိုးဝါးလာေနတဲ့အတြက္ ျမန္မာႏိုင္ငံထဲမွာရွိတဲ့ စီးပြားေရးလုပ္ငန္းေတြကို ျပန္႐ုပ္သိမ္းမယ့္အေၾကာင္း ျပင္သစ္ စြမ္းအင္ကုမၸဏီ TOTAL နဲ႔ အေမရိကန္ စြမ္းအင္ကုမၸဏီ Chevron တို႔က ဒီကေန႔ အသီးသီး ထုတ္ျပန္ေၾကညာပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္ဝါရီလ စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း အေနာက္ႏိုင္ငံေတြက ရင္းႏွီးျမႇဳပ္ႏွံမႈကုမၸဏီေတြ ျမန္မာႏိုင္ငံတြင္း က ထြက္ခြာေနၾကတာမွာ TOTAL နဲ႔ Chevron စြမ္းအင္ကုမၸဏီႀကီးေတြလည္း ပါလာတာပါ။

အာဏာသိမ္းမႈေနာက္ပိုင္း လူ႔အခြင့္အေရးနဲ႔ တရားဥပေဒစိုးမိုးေရး ကင္းမဲ့လာတဲ့အေျခအေနက ပိုဆိုးလာတာေၾကာင့္ ကုမၸဏီ အေနနဲ႔ အေျခအေနကို ျပန္လည္သံုးသပ္ၿပီး စစ္ေကာင္စီရဲ႕ အက်ိဳးစီးပြားေတြကို ျဖည့္ဆည္းေပးတာမ်ိဳး မျဖစ္ေစဖို႔ စီးပြားေရး လုပ္ငန္းေတြကို ျပန္လည္႐ုပ္သိမ္းမွာျဖစ္တယ္လို႔ TOTAL ကုမၸဏီရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

အလားတူ အေမရိကန္ Chevron ကုမၸဏီကလည္း သူတို႔လုပ္ငန္းေတြ ျပန္႐ုပ္သိမ္းမယ့္အေၾကာင္း TOTAL ကုမၸဏီနဲ႔ ေရွ႕ဆင့္ ေနာက္ဆင့္ဆိုသလို ထုတ္ျပန္ပါတယ္။ တခ်ိန္တည္းမွာပဲ ထိုင္း စြမ္းအင္ကုမၸဏီ PTTEP ကလည္း ျမန္မာႏိုင္ငံတြင္း အေျခအေနေတြကို သတိထား ေစာင့္ၾကည့္ေနတဲ့အေၾကာင္းနဲ႔ ထိုင္းနဲ႔ျမန္မာ ႏွစ္ႏိုင္ငံစလံုးရဲ႕ စြမ္းအင္လိုအပ္ခ်က္ အေရးႀကီးတဲ့ အေပၚမွာ အဓိက စဥ္းစားလုပ္ေဆာင္ေနတဲ့အေၾကာင္း ေၾကညာခ်က္ထုတ္ပါတယ္။

TOTAL ကုမၸဏီဟာ ၁၉၉၂ ခုႏွစ္ကစလို႔ ျမန္မာႏိုင္ငံတြင္း ရတနာ သဘာ၀ဓာတ္ေငြ႔စီမံကိန္းမွာ အေမရိကန္ Chevron ၊ ထိုင္း PTTEP ၊ စစ္တပ္ထိန္းခ်ဳပ္တဲ့ ျမန္မာ့ေရနံနဲ႔ သဘာ၀ဓာတ္ေငြ႔လုပ္ငန္း MOGE တုိ႔နဲ႔ အတူပူးေပါင္းၿပီး သဘာ၀ဓာတ္ေငြ႔ ထုတ္လုပ္တဲ့လုပ္ငန္းေတြမွာ ပါ၀င္ လုပ္ေဆာင္ေနတဲ့အျပင္ မုတၱမ သဘာ၀ဓာတ္ေငြ႔ကုမၸဏီ MGTC မွာလည္း အစုရွယ္ယာ၀င္ ထားတာျဖစ္ပါတယ္။

ဒီ ႏိုင္ငံျခား စြမ္းအင္ကုမၸဏီႀကီးေတြအေနနဲ႔ ျမန္မာႏိုင္ငံတြင္း စီးပြားေရးလုပ္ငန္းေတြ ဆက္လက္လုပ္ေဆာင္ေနျခင္းအားျဖင့္ အာဏာသိမ္း စစ္ေကာင္စီကို ၀င္ေငြရေအာင္ လုပ္ေပးေနတယ္လို႔ ဆိၿပီး သူတို႔ရဲ႕လုပ္ငန္းေတြကို ရပ္ဆိုင္းဖို႔ လူ႔အခြင့္အေရး အဖြဲ႔ေတြက ဆက္တိုက္ ဖိအားေပး ေတာင္းဆိုေနခ်ိန္မွာ အခုလို TOTAL နဲ႔ Chevron ကုမၸဏီႀကီးေတြက ျမန္မာႏိုင္ငံတြင္း လုပ္ငန္းေတြ ျပန္႐ုပ္သိမ္းမယ္လို႔ ေၾကညာလိုက္တာျဖစ္ပါတယ္။

................................................................................

တိုက္႐ိုက္ လင့္ခ္


TOTAL နဲ့ Chevron စွမ်းအင်ကုမ္ပဏီကြီးတွေ မြန်မာနိုင်ငံမှာ လုပ်ငန်းရပ်မယ်လို့ကြေညာ

(Unicode)

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေတွေ ဆိုးဝါးလာနေတဲ့အတွက် မြန်မာနိုင်ငံထဲမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်ရုပ်သိမ်းမယ့်အကြောင်း ပြင်သစ် စွမ်းအင်ကုမ္ပဏီ TOTAL နဲ့ အမေရိကန် စွမ်းအင်ကုမ္ပဏီ Chevron တို့က ဒီကနေ့ အသီးသီး ထုတ်ပြန်ကြေညာပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အနောက်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေ မြန်မာနိုင်ငံတွင်း က ထွက်ခွာနေကြတာမှာ TOTAL နဲ့ Chevron စွမ်းအင်ကုမ္ပဏီကြီးတွေလည်း ပါလာတာပါ။

အာဏာသိမ်းမှုနောက်ပိုင်း လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေး ကင်းမဲ့လာတဲ့အခြေအနေက ပိုဆိုးလာတာကြောင့် ကုမ္ပဏီ အနေနဲ့ အခြေအနေကို ပြန်လည်သုံးသပ်ပြီး စစ်ကောင်စီရဲ့ အကျိုးစီးပွားတွေကို ဖြည့်ဆည်းပေးတာမျိုး မဖြစ်စေဖို့ စီးပွားရေး လုပ်ငန်းတွေကို ပြန်လည်ရုပ်သိမ်းမှာဖြစ်တယ်လို့ TOTAL ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အလားတူ အမေရိကန် Chevron ကုမ္ပဏီကလည်း သူတို့လုပ်ငန်းတွေ ပြန်ရုပ်သိမ်းမယ့်အကြောင်း TOTAL ကုမ္ပဏီနဲ့ ရှေ့ဆင့် နောက်ဆင့်ဆိုသလို ထုတ်ပြန်ပါတယ်။ တချိန်တည်းမှာပဲ ထိုင်း စွမ်းအင်ကုမ္ပဏီ PTTEP ကလည်း မြန်မာနိုင်ငံတွင်း အခြေအနေတွေကို သတိထား စောင့်ကြည့်နေတဲ့အကြောင်းနဲ့ ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံစလုံးရဲ့ စွမ်းအင်လိုအပ်ချက် အရေးကြီးတဲ့ အပေါ်မှာ အဓိက စဉ်းစားလုပ်ဆောင်နေတဲ့အကြောင်း ကြေညာချက်ထုတ်ပါတယ်။

TOTAL ကုမ္ပဏီဟာ ၁၉၉၂ ခုနှစ်ကစလို့ မြန်မာနိုင်ငံတွင်း ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းမှာ အမေရိကန် Chevron ၊ ထိုင်း PTTEP ၊ စစ်တပ်ထိန်းချုပ်တဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE တို့နဲ့ အတူပူးပေါင်းပြီး သဘာဝဓာတ်ငွေ့ ထုတ်လုပ်တဲ့လုပ်ငန်းတွေမှာ ပါဝင် လုပ်ဆောင်နေတဲ့အပြင် မုတ္တမ သဘာဝဓာတ်ငွေ့ကုမ္ပဏီ MGTC မှာလည်း အစုရှယ်ယာဝင် ထားတာဖြစ်ပါတယ်။

ဒီ နိုင်ငံခြား စွမ်းအင်ကုမ္ပဏီကြီးတွေအနေနဲ့ မြန်မာနိုင်ငံတွင်း စီးပွားရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေခြင်းအားဖြင့် အာဏာသိမ်း စစ်ကောင်စီကို ဝင်ငွေရအောင် လုပ်ပေးနေတယ်လို့ ဆိပြီး သူတို့ရဲ့လုပ်ငန်းတွေကို ရပ်ဆိုင်းဖို့ လူ့အခွင့်အရေး အဖွဲ့တွေက ဆက်တိုက် ဖိအားပေး တောင်းဆိုနေချိန်မှာ အခုလို TOTAL နဲ့ Chevron ကုမ္ပဏီကြီးတွေက မြန်မာနိုင်ငံတွင်း လုပ်ငန်းတွေ ပြန်ရုပ်သိမ်းမယ်လို့ ကြေညာလိုက်တာဖြစ်ပါတယ်။

XS
SM
MD
LG