သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ် အာဏာမြဲစေတဲ့ ငွေကြေးပေးသွင်းမှုရပ်ဖို့ HRW တောင်းဆို


The move by Total and Chevron is earning praise from pro-democracy activists for taking an important first step. PHOTO: REUTERS
The move by Total and Chevron is earning praise from pro-democracy activists for taking an important first step. PHOTO: REUTERS

{{Zawgyi/Unicode}}

စွမ်းအင်နဲ့ သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး လုပ်ငန်းကြီးတွေကနေ စစ်ကောင်စီကို ငွေကြေးပေးသွင်းနေတာရပ်ဆိုင်းဖို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်တခုမှာ တောင်းဆိုထားပါတယ်။

အဲဒီဝင်ငွေတွေဟာ စစ်တပ်ကို ဆက်ပြီး အာဏာတည်မြဲအောင် လုပ်ပေးနေတယ်ဆိုပြီး HRW က အခုလို တောင်းဆိုတာပါ။ ဒါကြောင့် ရင်းနှီးမြှုပ်နှံသူတွေအတွက် ဥပဒေပိုင်း၊ ဘဏ္ဍာရေးနဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ အန္တရာယ်တွေ ရှိနေတယ်လို့ HRW က ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြကြသူတွေကို ရက်ရက်စက်စက် နှိမ်နင်းခဲ့ရာမှာ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု၊ လူသတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ ဆက်နွယ်နေတယ်လို့ HRW က ကုမ္ပဏီတွေကို ရေးပို့တဲ့စာထဲမှာ ဖော်ပြထားပါတယ်။

အထူးသဖြင့် သတ္တုထုတ်လုပ်ရေးနဲ့ သဘာဝဓာတ်ငွေ့ဝင်ငွေတွေဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြား တိုင်းပြည်တွေမှာရှိတဲ့ ဘဏ်စာရင်းတွေထဲကို ဝင်နေကြတယ်လို့ HRW က ဆိုပါတယ်။ ဒါကြောင့် ဒီ ဝင်ငွေ စီးဆင်းမှုကို ပိတ်ဆို့ကြဖို့ HRW က တောင်းဆိုလိုက်တာပါ။

ထုတ်လုပ်ရေးကိုရပ်ဆိုင်းဖို့ တောင်းဆိုတာမဟုတ်ဘဲ စစ်ကောင်စီကိုပေးရမယ့် နိုင်ငံခြားငွေတွေကို ရပ်ဆိုင်း ထားဖို့ တောင်းဆိုတာဖြစ်ပါတယ်။

Total Energies, Chevron, PTT နဲ့ သူ့ ရဲ့လက်ခွဲ PTTEP နဲ့ POSCO တို့ ဟာ စွမ်းအင်နဲ့ သဘာဝအရင်းအမြစ် ထုတ်လုပ်ရေးမှာ ပါဝင်နေကြပြီး အဲဒီမှာ အဓိက ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီကြီးတွေကို HRW က စာရေးသား ပေးပို့ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ပြန်ကြားစာကိုတော့ မရသေးဘူးလို့ HRW ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်


==============

{{Unicode}}









==============

XS
SM
MD
LG