ျမန္မာစစ္တပ္ဝင္ေငြလမ္း ပစ္မွတ္ထားဒဏ္ခတ္မယ္႔ကိစၥ Total စြမ္းအင္ကုမၸဏီ ေထာက္ခံမည္
{{Zawgyi/Unicode}}
ျမန္မာ့သဘာဝဓါတ္ေငြ႔လုပ္ငန္းကေန ဝင္ေငြ ေဒၚလာသန္းရာနဲ႔ခ်ီရေနတဲ့ ျမန္မာစစ္တပ္ရဲ့ ဝင္ေငြရလမ္းကို ပိတ္ပစ္မယ့္ ပစ္မွတ္ထားအေရးယူမႈအတြက္ ျပင္သစ္တိုတယ္စြမ္းအင္ ကုမၸဏီက ေထာက္ခံပံ့ပိုးမွာ ျဖစ္ေၾကာင္း နယူးေရာက္အေျခစိုက္ HRW လူ႔အခြင့္ေရးေစာင့္ၾကည့္အဖြဲ႔ က ၾကာသပေတးေန႔မွာ သတင္းထုတ္ျပန္ပါတယ္။
တိုတယ္စြမ္းအင္ကုမၸဏီဟာ ၁၉၉၀ ႏွစ္ေတြကစၿပီး ျမန္မာႏိုင္ငံမွာ ရတနာဓါတ္ေငြ႔လုပ္ငန္းစီမံကိန္း လုပ္ကိုင္ေနတာျဖစ္ၿပီး စစ္တပ္ထိန္းခ်ဳပ္ထားတဲ့ ျမန္မာ့ေရနံနဲ႔ သဘာဝဓါတ္ေငြ႔လုပ္ငန္း MOGE ကို အခြန္ေပးေဆာင္ေနတာ ျဖစ္ပါတယ္။
သဘာဝဓါတ္ေငြ႔ကေန ျမန္မာစစ္တပ္ ဝင္ေငြရေနတာကို အေရးယူမယ့္ ဥေရာပနဲ႔ အေမရိကန္တို႔ရဲ့ဘယ္အေရးယူမႈကိုမဆို သူတို႔ကုမၸဏီက လိုက္နာမွာျဖစ္သလိုဒီပစ္မွတ္ထားအေရးယူမႈေတြ အေကာင္ထည္ေဖၚေရးမွာလည္း ပံ့ပိုးသြားမွာ ျဖစ္ေၾကာင္း ျပင္သစ္နဲ႔ အေမရိကန္အာဏာပိုင္ေတြကို သူတို႔ ေျပာၾကားခဲ့တယ္လို႔ တိုတယ္ကုမၸဏီ အမႈေဆာင္အရာရွိခ်ဳပ္ Patrick Pouyanné က ဇန္နဝါရီ ၁၈ ရက္ HRW ကို ေပးပို႔တဲ့ စာထဲမွာ ေဖၚျပထားပါတယ္။
ဒါ့အျပင္ ျပင္သစ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက အေရးယူဒဏ္ခတ္မႈေတြခ်ၿပီးျမန္မာစစ္တပ္ဝင္ေငြရလမ္းကိုပိတ္ဖို႔ သူတုိ႔ကုမၸဏီအေနနဲ႔ MOGE ကို အခြန္မေပးဖို႔ တရားဝင္ေတာင္းဆိုမယ့္ ပန္ၾကားလႊာ ထုတ္ေပးႏိုင္ေအာင္ ဖန္တီးေပးဖို႔လည္းတရားဝင္ေလ ွ်ာက္ထားခဲ့ေၾကာင္း တိုတယ္ကုမၸဏီက ေျပာပါတယ္။
အခုလို တုိတယ္ကုမၸဏီကေရာ HRW အဖြဲ႔ႀကီးကပါ ျမန္မာစစ္တပ္ သဘာဝဓါတ္ေငြ႔ သယံဇာတကေန ဝင္ေငြရေနတာကို တားဆီးအေရးယူဖုိ႔ ေထာက္ခံမႈေပးေနၿပီျဖစ္တဲ့အတြက္ အေမရိကန္နဲ႔ အီးယူဥေရာပသမဂၢတို႔အေနနဲ႔ အခ်ိန္ဆြဲဖို႔ ဘာအေၾကာင္းမွ မရွိေတာ့ဘူးလို႔ HRW ရဲ့ အာရွေဒသဆိုင္ရာ တာဝန္ခံ John Sifton ကေျပာပါတယ္။
ေဖေဖၚဝါရီ ၁ ရက္ စစ္တပ္အာဏာသိမ္းခဲ့ခ်ိန္ကစၿပီး ျမန္မာစစ္တပ္အေပၚ အေမရိကန္၊ ကေနဒါ၊ ၿဗိတိန္နဲ႔ အီးယူအဖြဲ႔ဝင္ႏုိင္ငံေတြက အေရးယူဒဏ္ခတ္ေနၾကတာ ျဖစ္ပါတယ္။
.................................................
မြန်မာစစ်တပ်ဝင်ငွေလမ်း ပစ်မှတ်ထားဒဏ်ခတ်မယ့်ကိစ္စ Total စွမ်းအင်ကုမ္ပဏီ ထောက်ခံမည်
{{Unicode}}
မြန်မာ့သဘာဝဓါတ်ငွေ့လုပ်ငန်းကနေ ဝင်ငွေ ဒေါ်လာသန်းရာနဲ့ချီရနေတဲ့ မြန်မာစစ်တပ်ရဲ့ ဝင်ငွေရလမ်းကို ပိတ်ပစ်မယ့် ပစ်မှတ်ထားအရေးယူမှုအတွက် ပြင်သစ်တိုတယ်စွမ်းအင် ကုမ္ပဏီက ထောက်ခံပံ့ပိုးမှာ ဖြစ်ကြောင်း နယူးရောက်အခြေစိုက် HRW လူ့အခွင့်ရေးစောင့်ကြည့်အဖွဲ့ က ကြာသပတေးနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
တိုတယ်စွမ်းအင်ကုမ္ပဏီဟာ ၁၉၉၀ နှစ်တွေကစပြီး မြန်မာနိုင်ငံမှာ ရတနာဓါတ်ငွေ့လုပ်ငန်းစီမံကိန်း လုပ်ကိုင်နေတာဖြစ်ပြီး စစ်တပ်ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE ကို အခွန်ပေးဆောင်နေတာ ဖြစ်ပါတယ်။
သဘာဝဓါတ်ငွေ့ကနေ မြန်မာစစ်တပ် ဝင်ငွေရနေတာကို အရေးယူမယ့် ဥရောပနဲ့ အမေရိကန်တို့ရဲ့ ဘယ်အရေးယူမှုကိုမဆို သူတို့ကုမ္ပဏီက လိုက်နာမှာဖြစ်သလို ဒီပစ်မှတ်ထားအရေးယူမှုတွေ အကောင်ထည်ဖေါ်ရေးမှာလည်း ပံ့ပိုးသွားမှာ ဖြစ်ကြောင်း ပြင်သစ်နဲ့ အမေရိကန်အာဏာပိုင်တွေကို သူတို့ ပြောကြားခဲ့တယ်လို့ တိုတယ်ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Patrick Pouyanné က ဇန်နဝါရီ ၁၈ ရက် HRW ကို ပေးပို့တဲ့ စာထဲမှာ ဖေါ်ပြထားပါတယ်။
ဒါ့အပြင် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက အရေးယူဒဏ်ခတ်မှုတွေချပြီး မြန်မာစစ်တပ်ဝင်ငွေရလမ်းကိုပိတ်ဖို့ သူတို့ကုမ္ပဏီအနေနဲ့ MOGE ကို အခွန်မပေးဖို့ တရားဝင်တောင်းဆိုမယ့် ပန်ကြားလွှာ ထုတ်ပေးနိုင်အောင် ဖန်တီးပေးဖို့လည်း တရားဝင်လေ ျှာက်ထားခဲ့ကြောင်း တိုတယ်ကုမ္ပဏီက ပြောပါတယ်။
အခုလို တိုတယ်ကုမ္ပဏီကရော HRW အဖွဲ့ကြီးကပါ မြန်မာစစ်တပ် သဘာဝဓါတ်ငွေ့ သယံဇာတကနေ ဝင်ငွေရနေတာကို တားဆီးအရေးယူဖို့ ထောက်ခံမှုပေးနေပြီဖြစ်တဲ့အတွက် အမေရိကန်နဲ့ အီးယူဥရောပသမဂ္ဂတို့အနေနဲ့ အချိန်ဆွဲဖို့ ဘာအကြောင်းမှ မရှိတော့ဘူးလို့ HRW ရဲ့ အာရှဒေသဆိုင်ရာ တာဝန်ခံ John Sifton ကပြောပါတယ်။
ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး မြန်မာစစ်တပ်အပေါ် အမေရိကန်၊ ကနေဒါ၊ ဗြိတိန်နဲ့ အီးယူအဖွဲ့ဝင်နိုင်ငံတွေက အရေးယူဒဏ်ခတ်နေကြတာ ဖြစ်ပါတယ်။