သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သဘာဝဓာတ်ငွေ့ရောင်းရငွေ ဆိုင်းငံ့ခံရမှု စစ်ကောင်စီ အထိနာနိုင် (MOGE အရာရှိကြီးတဦး) 


 Total နဲ့ Chevron  ကမ္ဘာ့ရေနံကုမ္ပဏီကြီး ၂ ခု (PHOTO: REUTERS)
 Total နဲ့ Chevron  ကမ္ဘာ့ရေနံကုမ္ပဏီကြီး ၂ ခု (PHOTO: REUTERS)

(Zawgyi/Unicode)

မြန်မာနိုင်ငံအတွက် နိုင်ငံခြားငွေအဓိကရှာပေးနေတဲ့ ကမ္ဘာ့ရေနံကုမ္ပဏီကြီး ၂ ခုအနေနဲ့၊ လက်ရှိစစ်ကောင်စီကို အမြတ်ဝင်ငွေတချို.ပေးဖို့ ဆိုင်းငံ့လိုက်တာက၊ အရေးပါတယ်လို့ မြန်မာ အရပ်သား ပြည်သူ့ဝန်ထမ်းအရာရှိတွေက ဆိုပါတယ်။

MOGE မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း အဆင့်မြင့်အရာရှိကြီးက၊ Total နဲ့ Chevron တို့ရဲ့ ဓာတ်ငွေ့သယ်ယူမူဆိုင်ရာ ဒီဆိုင်းငံ့ငွေပမာဏက၊ စုစုပေါင်းဓာတ်ငွေ့ရောင်းဝင်ငွေရဲ့ ၁၀ % ခန့်ရှိပြီး၊ တခြားရေနံကုမ္ပဏီကြီးတွေလည်း ရှေ.မှာအလားတူဆက်လုပ်လာနိုင်တယ်လို့ ဆိုလိုက်ပါတယ်။

ဘာကြောင့်ခုလိုဖြစ်လာတာနဲ့၊ စစ်ကောင်စီအပေါ် ဘယ်လိုသက်ရောက်နိုင်တာတွေအပေါ်၊ လုံခြုံရေးအရ အမည်မဖော်လိုတဲ့၊ ဒီ ဖက်စပ်လုပ်ငန်းပါ MOGE က အရာရှိကြီးကို၊ ကိုဝင်းမင်းက သီးသန့်မေးမြန်းထားပါတယ်။

မြန်မာနိုင်ငံ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံဝန်းကျင်ပံပိုးပေးနေတဲ့ ဒီကမ်းလွန်ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းထဲက၊ အခု ပြင်သစ်ရဲ့ Total နဲ့ အမေရိကန်ရဲ့ Chevron ကုမ္ပဏီတို့ရဲ့၊ ဓာတ်ငွေ့ပိုက်လိုင်းပို့ဆောင်မူဆိုင်ရာ မြန်မာနိုင်ငံကိုပေးတဲ့ငွေအပိုင်းကို၊ အခုပထမဆုံးအကြိမ်အဖြစ် စစ်အာဏာသိမ်းအပြီးမှာ စဆိုင်းငံ့လိုက်တာပါ။

ဒီရေနံကုမ္ပဏီကြီးအတွေအနေနဲ့ စစ်ကောင်စီနဲ့လုပ်ကိုင်နေတာအပေါ်၊ နိုင်ငံတကာမှာ ဖိအားတွေမြင့်တက်လာချိန်မှာ၊ နှစ် ၂၀ ကျော်ကြာလုပ်လာတဲ့၊ ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းရဲ့ ထိုင်းအထိရောက်တဲ့ပိုက်လိုင်းကိုတာဝန်ယူတဲ့၊ မုတ္တမသဘာဝဓာတ်ငွေ့သယ်ယူပို့ဆောင်ရေးကုမ္ပဏီ (MGTC) ရဲ့ အစုရှယ်ယာဝင်သူတွေဖိအားအောက်မှာ၊ အခုလို ဒီလစည်းဝေးဆုံးဖြတ်လိုက်တာလို့ သုံးသပ်သူတွေက ဆိုပါတယ်။

အဲ့ဒီတော့၊ အခု ဆိုင်းငံလိုက်တဲ့ ဝင်ငွေပမာဏက ဘယ်လောက်ပမာဏရှိုနိုင်တာကို MOGE မြန်မာ့ရေနံ့နဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း အရာရှိကြီးက

“ဓာတ်ငွေ့ရောင်းချတဲ့ ပမာဏအပိုင်းမှာ ကျနော်တို့ ၂ ပိုင်းခွဲထားတယ်ပေါ့နော် ဓါတ်ငွေ့ထုတ်လုပ်တဲ့ အပိုင်းနဲ့ သယ်ယူပို့ဆောင်တဲ့အပိုင်းပေါ့။ အခုကြေညာချက်မှာ သိရှိရတာကတော့ ဓါတ်ငွေ့သယ်ယူပို့ဆောင်တဲ့အပိုင်းကို ငွေကြေးစီးဆင်းမှှု မြန်မာနိုင်ငံအစိုးရအပေါ်မှာ MOGE ကိုပေးရမယ့် ပိုက်ဆံကို ပိတ်ဆို့တဲ့အနေအထားလို့ သိရတယ်။ အဲဒီအခါကျတော့ ကျနော်တို့က ဓါတ်ငွေ့ထုတ်လုပ်မှုအပိုင်းမှာ ရရှိတဲ့ ပမာဏသည် ဓါတ်ငွေ့ဖြန့်ဖြူးရောင်းချတဲ့အပိုင်း Transportation အပိုင်းမှာရတဲ့ ပမာဏထက်စာရင် တော်တော်များတယ်။ လက်ရှိအနေအထားအရတော့ ရာခိုင်နှုန်းအားဖြင့် စုစုပေါင်း ဓါတ်ငွေ့ရောင်းချတဲ့ ပမာဏထက် ၁၀ ရာခိုင်နှုန်းအောက်ပဲရှိမယ်လို့ ခန့်မှန်းရရှိပါတယ်။”

Total နဲ့ Chevron တို့အဖွဲ့ဝင်ပါတဲ့ နိုင်ငံတကာ EITI တွင်းထွက်လုပ်ငန်းများ ထင်သာမြင်သာရှိရေး အဖွဲ့ကတော့၊ စစ်အာဏာသိမ်းပြီးအပြီးမှာ မြန်မာနိုင်ငံကိုအဖွဲ့ဝင်အဖြစ်က ဆိုင်ငံ့ထားခဲ့ပေမဲ့၊ ဒီကုမ္ပဏီကြီးတွေ အနေနဲ့တော့ မြန်မာပို့ပေးတဲ့ ငွေကို ဆက်အစီရင်ခံနေရပါတယ်။

ဒီနိုင်ငံတကာ EITI အဖွဲ့ အာရှရေးရာညွှန်ကြားရေးမူး Gay Ordenes က၊ မုတ္တမပို့ဆောင်ရေး ကုမ္ပဏီကနေ မြန်မာ MOGE ကိုပေးခဲ့တဲ့ ဒီငွေက၊ ၂၀၁၈ ခုနှစ် ဧပြီကနေ စက်တင်ဘာလအတွင်း ခန့်မှန်းချေ ဒေါ်လာ ၂၂ သန်းအထိ ရှိခဲ့တယ်လို့ Email ကနေ ဖြေကြားခဲ့ပါတယ်။

အဲ့ဒိတော့၊ ဒီ ကမ္ဘာ့ရေနံကုမ္ပဏီကြီးတွေအနေနဲ့ ဘာကြောင့်အခုလိုဆုံးဖြတ်ခဲ့ရတာကို၊ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE အရာရှိကြီးက

“နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ဆောင်ရွက်နေတဲ့ အဖွဲ့တစ်ခုက တိုင်းပြည်တခုရဲ့ တရားဝင်အစိုးရတရပ်ကို အာဏာသိမ်းထားတဲ့ စစ်အစိုးရအပေါ်မှာ ထောက်ပံ့နေရင် ဂုဏ်သိက္ခာအရ ထိခိုက်နိုင်တယ်လို့ ယူဆတဲ့အတွက်ကြောင့်မို့ လက်ရှိ စစ်ကောင်စီကို ထောက်ပံ့နေတဲ့ နိုင်ငံခြားဝင်ငွေရပေါက်ရလမ်းဖြစ်တဲ့ ဓါတ်ငွေ့ရောင်းချမှုကို ကန့်သတ်လိုတဲ့ အနေအထားရှိတယ်လို့ ယူဆပါတယ်။”

ဒီနေရာမှာ၊ အခုလို နိုင်ငံခြားဝင်ငွေဆိုင်းငံခံလိုက်ရတာကြောင့်၊ စစ်ကောင်စီအပေါ် သက်ရောက်နိုင်တာကို မေးရာမှာလည်း၊ MOGE အရာရှိကြီးကပဲ

“သက်ရောက်မှုကတော့ ရှိမှာပေါ့ အခုတောင်မှ စစ်ကောင်စီအနေနဲ့က ပြည်တွင်းမှာလည်း အခက်အခဲ အကျပ်အတည်းတွေအများကြီးရင်ဆိုင်နေရတယ်။ နိုင်ငံခြားဝင်ငွေအဓိကရရှိတဲ့ သဘာဝဓါတ်ငွေ့ရောင်းချမှုကရတဲ့ ဝင်ငွေတွေကလည်း အခုလို စံနမူနာပြ Total တို့ Chevron တို့ကနေပြီးတော့ ပိတ်ဆို့တယ်ဆိုရင် နောက်ထပ်ရနိုင်တဲ့ ဝင်ငွေတွေဖြစ်တဲ့ ရခိုင်ကမ်းလွန်ကနေပြီးတော့ တရုတ်ပြည်ကိုရောင်းတဲ့ တောင်ကိုရီးယားနိုင်ငံက Posco Dawoo (ကုမ္ပဏီ) Operate (လည်ပတ်မူ) လုပ်တဲ့ ရွှေစီမံကိန်းကလည်း အလားတူ ဖြစ်ရပ်မျိုးတွေ ဆောင်ရွက်လာရင်တော့ စစ်ကောင်စီကိုလည်း နိုင်ငံခြားဝင်ငွေရနိုင်လမ်း ထိခိုက်ခံရမယ့် အနေအထားရှိပါတယ်။”

ဒါ့အပြင်၊ နိုင်ငံတကာကို ဘာပြောချင်ပါလဲလို့ မေးရာမှာ MOGE အရာရှိကြီးက

“ကျနော်တို့တိုင်းပြည်မှာ တရားဝငင် ပြည်သူလူထုကနေပြီးတော့ ရွေးကောက်တင်မြောက်ထားတဲ့ အစိုးရ တရပ်ကို ပြည်သူလူထုရဲ့ ဆန္ဒသဘောထားကို မျက်ကွက်ပြုပြီးတော့ အာဏာသိမ်းလိုက်တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကို ပြည်သူလူထုတရပ်လုံးက ဆန့်ကျင်နေတဲ့အချိန်မှာ အခုလို နိုင်ငံတကာကနေပြီးတော့ ပြည်သူလူထုဘက်ကနေပြီးတော့အကူအညီတွေပေးမယ်၊ စစ်ကောင်စီ သက်ဆိုးမရှည်အောင် ဆောင်ရွက်နိုင်မယ့်အနေအထားတွေ ဘက်ပေါင်းစုံကူညီမယ် ၊ NUG အစိုးရကို အကူညီပေးမယ် ထောက်ပံ့မယ် ကျနော်တို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာပြည်သူလူထုနဲ့အတူ ရပ်တည်မယ်ဆိုရင် မကြာမီကာလအတွင်းမှာ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိမယ်လို့ မျှော်လင့်ပါတယ်။”

တချိန်ထဲမှာ မြန်မာနိုင်ငံက Justice for Myanmar အဖွဲ့ကလည်း၊ စစ်ကောင်စီလက်အောက် အခုလိုနိုင်ငံခြားငွေရောက်သွားနိုင်တာအတွက်၊ စ အသိအမှတ်ပြု ဆိုင်းငံလိုက်တာကိုကြိုဆိုပေမဲ့၊ ပမာဏက နည်းသေးတာမို့ ဒီထက်ပိုလုပ်ပေးဖို့နဲ့၊ တခြားရေနံကုမ္ပဏီတွေလည်းလိုက်လုပ်ပေးဖို့၊ မနေ့က တောင်းဆိုလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်


..........


(Unicode)










အဲ့ဒိတော့၊ ဒီ ကမ်ဘာ့ရနေံကုမ်ပဏီကွီးတှအေနနေဲ့ ဘာကွောင့ျအခုလိုဆုံးဖွတျခဲ့ရတာကို၊ မွနျမာ့ရနေံနဲ့သဘာဝဓာတျငှေ့လုပျငနျး MOGE အရာရှိကွီးက







XS
SM
MD
LG