သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီရဲ႕ ျမန္မာႏိုင္ငံကိုယ္စားျပဳမႈ အေပၚ ႏိုင္ငံေရးသုံးသပ္သူေတြရဲ႕ အျမင္တခ်ိဳ႕  


ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္နဲ႔ အာဆီယံသေကၤတ (ေအပီ)

စစ္တပ္အာဏာသိမ္းတာ တႏွစ္ေက်ာ္လာခ်ိန္မွာ အာဆီယံအစည္းေဝးေတြအတြက္ စစ္ေကာင္စီကိုမဖိတ္ၾကားေတာ့သလို မၾကာခင္က က်င္းပခဲ့တဲ့ အေမရိကန္- အာဆီယံ အထူးအစည္းေဝးမွာလည္း ျမန္မာႏိုင္ငံကိုယ္စားျပဳအျဖစ္ တက္ေရာက္ခြင့္မရခဲ့ပါဘူး။ ရန္ကုန္က ေပးပို႔တဲ့ သတင္းကို ေဒၚခင္မ်ိဳးသက္ ကေျပာျပေပးမွာပါ။

စစ္ေကာင္စီရဲ႕ ျမန္မာႏိုင္ငံကိုယ္စားျပဳမႈ အေပၚ ႏိုင္ငံေရးသုံးသပ္သူေတြရဲ႕ အျမင္တခ်ိဳ႕

{{Zawgyi/Unicode}}
စစ္တပ္အာဏာသိမ္းတာ တႏွစ္ေက်ာ္လာခ်ိန္မွာ အာဆီယံအစည္းေဝးေတြအတြက္ စစ္ေကာင္စီကိုမဖိတ္ၾကားေတာ့သလို မၾကာခင္က က်င္းပခဲ့တဲ့ အေမရိကန္- အာဆီယံ အထူးအစည္းေဝးမွာလည္း ျမန္မာႏိုင္ငံကိုယ္စားျပဳအျဖစ္ တက္ေရာက္ခြင့္မရခဲ့ပါဘူး။ ၾကားကာလ အမ်ိဳးသားညီၫြတ္ေရး အစိုးရ NUG ရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးကိုေတာ့ အေမရိကန္ ဒုႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ တာဝန္ရွိသူေတြက ေတြ႕ဆုံေဆြးေႏြးခဲ့သလို အာဆီယံအဖြဲ႕ဝင္ မေလးရွားႏိုင္ငံရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးကလည္း ဝါရွင္တန္မွာပဲ ေတြ႕ဆုံခဲ့တာ ျဖစ္ပါတယ္။

လက္ရွိ စစ္ေကာင္စီရဲ႕ သံတမန္ေရးရာ အေနထားနဲ႔ပတ္သက္ၿပီး ႏိုင္ငံေရးသုံးသပ္သူေတြရဲ႕ အျမင္ေတြကဘယ္လိုရွိပါသလဲ။ ရန္ကုန္က ေပးပို႔တဲ့ သတင္းကို ေဒၚခင္မ်ိဳးသက္ ကေျပာျပေပးမွာပါ။

ေမလ ၁၂ - ၁၃ ရက္ေတြမွာ ဝါရွင္တန္ဒီစီမွာ သမၼတဂ်ိဳးဘိုင္ဒန္ ကမကထ ျပဳ႔လုပ္က်င္းပတဲ့ အေမရိကန္- အာဆီယံ အထူးအစည္းအေဝးမွာ ျမန္မာစစ္ေကာင္စီကို မဖိတ္ေခၚတာဟာ စစ္ေကာင္စီအတြက္ သံတမန္ဆက္ဆံေရးမွာ ဖယ္က်ဥ္ခံရလိုက္ရတာလို႔ ႏိုင္ငံေရးသုံးသပ္သူေတြက ေဝဖန္ၾကပါတယ္။ တခ်ိန္ထည္းမွာပဲ ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္ကို အေမရိကန္ရဲ႕ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီးက ဝါရွင္တန္ဒီစီမွာ လက္ခံေတြဆုံလိုက္တာဟာ ျမန္မာျပည္မွာ အုပ္ခ်ဳပ္ေရး အဏာကို ရယူထားတဲ့ စစ္ေကာင္စီအတြက္ေတာ့ သံတမန္ေရးအရ ထိုးႏွက္ခ်က္တခုျဖစ္တယ္လို႔ ႏိုင္ငံေရး သင္တန္းေတြကို ပို႔ခ်ေပးေနတဲ့ ေဒါက္တာျမင့္သိန္းကေျပာပါတယ္။

" လက္ေတြ႕ဆန္တဲ့ ႏိုင္ငံေရး စဥ္းစားခ်က္အရ အနာဂတ္ကာလ ျမန္မာျပည္သူလူထုနဲ႔ ဆက္ဆံမယ္ဆိုရင္ အလားအလာရွိ၊ ေအာင္ျမင္ႏိုင္ေျခရွိတဲ့ အေနအထားလို႔ သူတို႔သုံးသပ္ပုံ ရတယ္ေပါ့ေနာ္။ ဒါေၾကာင့္မို႔လည္း NUG ဝန္ႀကီးတေယာက္ကို ေျခခ်ခြင့္ေပး လုပ္တာဆိုေတာ့ သံတမန္ေရး ဆက္ဆံေရးအရ သူ႔ရဲ႕မဟာမိတ္ မိတ္ဖက္ သူ႔ရဲ႕ stratrgic partner ေတြကို signal ျပလိုက္တဲ့သေဘာပါပဲ။ ဆိုေတာ့ ဒါက သံတမန္ေရးရာ က်ရႈံးခန္းရဲ႕အစပဲ ရွိပါေသးတယ္။"

NUG ႏိုင္ငံျခားေရးဝန္ႀကီးကို အေမရိကန္ တာဝန္ရွိသူေတြက ေတြ႕ဆုံေဆြးေႏြးခဲ့တဲ့အေပၚ စစ္ေကာင္စီဘက္က ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့တာျဖစ္ၿပီး အေမရိကန္ရဲ႕ ရပ္တည္ခ်က္အေပၚမွာပါ ေမးခြန္းထုတ္ခဲ့တာျဖစ္ပါတယ္။

အေမရိကန္နဲ႔ အာဆီယံေခါင္းေဆာင္ေတြကေတာ့ သူတို႔ရဲ႕ ၂ရက္တာ ေတြ႕ဆုံမႈအၿပီးမွာ ပူးတြဲေၾကညာခ်က္တေစာင္ ထုတ္ျပန္ခဲ့ၿပီး ျမန္မာႏိုင္ငံထဲက အၾကမ္းဖက္မႈေတြ ခ်က္ခ်င္းရပ္ဖို႔၊ ထိန္းသိမ္းထားတဲ့ ႏိုင္ငံေရးသမားေတြကို ျပန္လႊတ္ေပးဖို႔၊ အာဆီယံ ေခါင္းေဆာင္ေတြရဲ႕ ဘုံသေဘာတူညီမႈေတြကို အျပည့္အဝ အေကာင္အထည္ေဖာ္ေပးဖို႔ စစ္ေကာင္စီကို ထပ္ၿပီး ေတာင္းဆိုလိုက္ပါတယ္။

အာဆီယံအဖြဲ႕ဝင္ မေလးရွားႏိုင္ငံကေတာ့ ျမန္မာႏိုင္ငံရဲ႕ ပိုၿပီးဆိုး႐ြားလာတဲ့ အေျခအေနေတြကို ေထာက္ျပၿပီး ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUGနဲ႔ ဆက္ဆံေရး ထူေထာင္ဖို႔ တိုက္တြန္းခဲ့တာပါ။

ဧရာဝတီတိုင္းမ္ သတင္းဌာနရဲ႕ အယ္ဒီတာခ်ဳပ္ ဆလိုင္းသန႔္စင္ကလည္း အာဆီယံက ဘုံသေဘာတူညီထားတဲ့ အရာေတြကို တႏွစ္ေက်ာ္လာတဲ့အထိ အေကာင္အထည္ မေဖာ္ႏိုင္တာဟာ စစ္ေကာင္စီဘက္က ႀကီမားတဲ့ဆုံးရႈံးမႈ ျဖစ္ေၾကာင္းေျပာပါတယ္။

" အာဆီယံလို ေဒသတြင္းႏိုင္ငံရဲ႕ အစည္းေဝးတက္ခြင့္ေတာင္ ဆုံးရႈံးတယ္၊ ေနာက္ၿပီး တ႐ုတ္နဲ႔ အာဆီယံ ထိပ္သီးအစည္းအေဝး တက္ခြင့္ဆုံးရႈံးတယ္။ ေနာက္ၿပီး အေမရိကန္- အာဆီယံ ထိပ္သီး အစည္းအေဝး တက္ခြင့္ေတြ ဆုံးရႈံးတယ္။ ေတာက္ေလွ်ာက္ စစ္ေကာင္စီဘက္က အာဏာသိမ္း စစ္ေခါင္းေဆာင္ျဖစ္တဲ့ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကိုယ္တိုင္ ဒီအစည္းအေဝးေတြကို တက္ခြင့္မရတာကို ျပန္ၾကည့္လိုက္ရင္ စစ္ေကာင္စီသည္ သံတမန္ေရးအရကိုက NUG ကိုရႈံးေနၿပီဆိုတာ ထင္ရွားပါတယ္။"

စစ္ေကာင္စီဟာ ကုလသမဂၢမွာလည္း ျမန္မာႏိုင္ငံကိုယ္စားျပဳတဲ့ ေျပာေရးဆိုခြင့္ကိုလည္း လက္လႊတ္ဆုံးရႈံး ထားရပါတယ္။ ႏိုင္ငံတကာဆက္ဆံေရး ပညာရွင္တဦးျဖစ္တဲ့ ေဒါက္တာယဥ္မ်ိဳးသူ ကေတာ့ စစ္ေကာင္စီဟာ အခုအေျခအေနမ်ိဳးမွာ ဖိအားေတြ ႀကဳံေတြ႕ႏိုင္တာမွန္ေပမဲ့ လက္ရွိမွာ ျမန္မာႏိုင္ငံဟာ အေမရိကန္အပါအဝင္ ႏိုင္ငံေပါင္း ၈၀ နဲ႔ သံတမန္ဆက္ဆံေရး ရွိေနဆဲျဖစ္သလို သံ႐ုံးေတြလည္း အျပန္အလွန္ထားရွိထားဆဲ ျဖစ္တဲ့အတြက္ ႏိုင္ငံတကာနဲ႔ သံတမန္ဆက္ဆံေရးမွာ က်ရႈံးတယ္လို႔ ယတိျပတ္ေျပာလို႔မရဘူးလို႔ ဆိုပါတယ္။

" ဒီလိုမ်ိဳး အာစီယံ- ယူအက္စ္ summit မွာ ျမန္မာႏိုင္ငံကို vacant ( ေနရာလြတ္) ထားတယ္ေပါ့ေနာ္၊ ဒါတနည္းအားျဖင့္ေတာ့ ဒီဥစၥာက တနည္းအားျဖင့္ လုပ္ေလ့လုပ္ထ ရွိပါတယ္ရွင့္။ ဟိုအရင္က US လည္း Human Rights Council မွာ US ေနရာကို vacant လုပ္ထားတာရွိတယ္ ၿပီးခဲ့တဲ့ငါးႏွစ္ကေပါ့။
ဒါကေတာ့ အေပ်ာ့ေပ်ာင္းဆုံး remind ( သတိေပး) တဲ့အဆင့္ေပါ့ေနာ္။ သံတမန္ေရးအရ က်ရႈံးလား မက်ရႈံးလားဆိုတာ က်မအတြက္ကေတာ့ ဘာနဲ႔တြက္လဲဆိုရင္ ျမန္မာႏိုင္ငံက ဘယ္သံ႐ုံးေတြ ႐ုတ္သိမ္းသြားလဲဆိုတာနဲ႔ အရင္ဆုံးၾကည့္တယ္။ အခုအခ်ိန္အထိေတာ့ ဘယ္သံ႐ုံးမွ ႐ုတ္သိမ္းတာ မရွိတဲ့အတြက္ diplomatic failure မဟုတ္ဘူးရွင့္။"

ေဒါက္တာျမင့္သိန္းကေတာ့ တခ်ိဳ႕ႏိုင္ငံေတြက ျမန္မာႏိုင္ငံအတြက္ မဟာဗ်ဴဟာေျမာက္ အေရးပါတဲ့ ႏိုင္ငံေတြမဟုတ္လို႔ သူအေနနဲ႔ ဒါကိုလက္မခံေၾကာင္း ေျပာပါတယ္။

" ႏိုင္ငံတကာေရး ထုံးတမ္းစဥ္လာအရဖြင့္ထားတဲ့ သံတမန္ဆက္သြယ္မႈ ရွိေနတာကို သံတမန္ေရးရာေအာင္ျမင္မႈ ရွိေနဆဲပဲလို႔ေတာ့ ယတိျပတ္ေျပာလို႔မရဘူး။ အထူးသျဖင့္ သူ႔ရဲ႕မိတ္ဖက္ေတြျဖစ္တဲ့ တ႐ုတ္နဲ႔ ႐ုရွားတို႔ရဲ႕ သံ႐ုံးေတြ၊ အေမရိကန္သံ႐ုံးေတြ ရွိေနဆဲ ျဖစ္ေပမဲ့လည္း အေျခအေနေတြက အခ်ိန္မေ႐ြးေျပာင္းသြားႏိုင္တယ္။ စတင္အခ်က္ျပမႈကိုေတာ့ ႀကီးႀကီးမားမား ေတြ႕လိုက္ရၿပီဆိုေတာ့ အႏွစ္သာရအားျဖင့္ေတာ့ ကမာၻ႔ထိပ္သီး အင္အားႀကီးႏိုင္ငံေတြ ဦးေဆာင္ႏိုင္ငံေတြဘက္ကေန သံတမန္ေရးရာ ေလွ်ာ့ခ်မႈလို႔ ေယ်ဘူယ်ေျပာလို႔ရပါတယ္။"

တ႐ုတ္နဲ႔ ႐ုရွားကေတာ့ စစ္ေကာင္စီ အာဏာသိမ္းခ်ိန္ကစလို႔ ျမန္မာ့ႏိုင္ငံေရးမွာ ႏႈတ္ဆိတ္ေနေပမဲ့ စီးပြားေရး စစ္ေရးအရေတာ့ ေနာက္ကြယ္က ပံ့ပိုးမႈေတြရွိေနတယ္ဆိုတာ ေလ့လာသူေတြက ေထာက္ျပၾကပါတယ္။ မေလးရွား ႏိုင္ငံျခားေရးဝန္ႀကီး Saifuddin Abdullah ကေတာ့ ျမန္မာစစ္ေကာင္စီကို အသိအမွတ္မျပဳတဲ့အေၾကာင္းနဲ႔ အတိုက္အခံ ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ကို ေ႐ြးေကာက္ခံအစိုးရအျဖစ္ အသိအမွတ္ျပဳဖို႔လိုတဲ့အေၾကာင္း သတင္းမီဒီယာကို ေျပာဆိုထားတာပါ။

တိုက္႐ိုက္ လင့္ခ္

.......................................................................

စစ်ကောင်စီရဲ့ မြန်မာနိုင်ငံကိုယ်စားပြုမှု အပေါ် နိုင်ငံရေးသုံးသပ်သူတွေရဲ့ အမြင်တချို့

{{Zawgyi/Unicode}}
စစ်တပ်အာဏာသိမ်းတာ တနှစ်ကျော်လာချိန်မှာ အာဆီယံအစည်းဝေးတွေအတွက် စစ်ကောင်စီကိုမဖိတ်ကြားတော့သလို မကြာခင်က ကျင်းပခဲ့တဲ့ အမေရိကန်- အာဆီယံ အထူးအစည်းဝေးမှာလည်း မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် တက်ရောက်ခွင့်မရခဲ့ပါဘူး။ ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးကိုတော့ အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီးနဲ့ တာဝန်ရှိသူတွေက တွေ့ဆုံဆွေးနွေးခဲ့သလို အာဆီယံအဖွဲ့ဝင် မလေးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးကလည်း ဝါရှင်တန်မှာပဲ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ စစ်ကောင်စီရဲ့ သံတမန်ရေးရာ အနေထားနဲ့ပတ်သက်ပြီး နိုင်ငံရေးသုံးသပ်သူတွေရဲ့ အမြင်တွေကဘယ်လိုရှိပါသလဲ။ ရန်ကုန်က ပေးပို့တဲ့ သတင်းကို ဒေါ်ခင်မျိုးသက် ကပြောပြပေးမှာပါ။

မေလ ၁၂ - ၁၃ ရက်တွေမှာ ဝါရှင်တန်ဒီစီမှာ သမ္မတဂျိုးဘိုင်ဒန် ကမကထ ပြု့လုပ်ကျင်းပတဲ့ အမေရိကန်- အာဆီယံ အထူးအစည်းအဝေးမှာ မြန်မာစစ်ကောင်စီကို မဖိတ်ခေါ်တာဟာ စစ်ကောင်စီအတွက် သံတမန်ဆက်ဆံရေးမှာ ဖယ်ကျဉ်ခံရလိုက်ရတာလို့ နိုင်ငံရေးသုံးသပ်သူတွေက ဝေဖန်ကြပါတယ်။ တချိန်ထည်းမှာပဲ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို အမေရိကန်ရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ဝါရှင်တန်ဒီစီမှာ လက်ခံတွေဆုံလိုက်တာဟာ မြန်မာပြည်မှာ အုပ်ချုပ်ရေး အဏာကို ရယူထားတဲ့ စစ်ကောင်စီအတွက်တော့ သံတမန်ရေးအရ ထိုးနှက်ချက်တခုဖြစ်တယ်လို့ နိုင်ငံရေး သင်တန်းတွေကို ပို့ချပေးနေတဲ့ ဒေါက်တာမြင့်သိန်းကပြောပါတယ်။

" လက်တွေ့ဆန်တဲ့ နိုင်ငံရေး စဉ်းစားချက်အရ အနာဂတ်ကာလ မြန်မာပြည်သူလူထုနဲ့ ဆက်ဆံမယ်ဆိုရင် အလားအလာရှိ၊ အောင်မြင်နိုင်ခြေရှိတဲ့ အနေအထားလို့ သူတို့သုံးသပ်ပုံ ရတယ်ပေါ့နော်။ ဒါကြောင့်မို့လည်း NUG ဝန်ကြီးတယောက်ကို ခြေချခွင့်ပေး လုပ်တာဆိုတော့ သံတမန်ရေး ဆက်ဆံရေးအရ သူ့ရဲ့မဟာမိတ် မိတ်ဖက် သူ့ရဲ့ stratrgic partner တွေကို signal ပြလိုက်တဲ့သဘောပါပဲ။ ဆိုတော့ ဒါက သံတမန်ရေးရာ ကျရှုံးခန်းရဲ့အစပဲ ရှိပါသေးတယ်။"

NUG နိုင်ငံခြားရေးဝန်ကြီးကို အမေရိကန် တာဝန်ရှိသူတွေက တွေ့ဆုံဆွေးနွေးခဲ့တဲ့အပေါ် စစ်ကောင်စီဘက်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာဖြစ်ပြီး အမေရိကန်ရဲ့ ရပ်တည်ချက်အပေါ်မှာပါ မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်နဲ့ အာဆီယံခေါင်းဆောင်တွေကတော့ သူတို့ရဲ့ ၂ရက်တာ တွေ့ဆုံမှုအပြီးမှာ ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံထဲက အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ ထိန်းသိမ်းထားတဲ့ နိုင်ငံရေးသမားတွေကို ပြန်လွှတ်ပေးဖို့၊ အာဆီယံ ခေါင်းဆောင်တွေရဲ့ ဘုံသဘောတူညီမှုတွေကို အပြည့်အဝ အကောင်အထည်ဖော်ပေးဖို့ စစ်ကောင်စီကို ထပ်ပြီး တောင်းဆိုလိုက်ပါတယ်။

အာဆီယံအဖွဲ့ဝင် မလေးရှားနိုင်ငံကတော့ မြန်မာနိုင်ငံရဲ့ ပိုပြီးဆိုးရွားလာတဲ့ အခြေအနေတွေကို ထောက်ပြပြီး ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUGနဲ့ ဆက်ဆံရေး ထူထောင်ဖို့ တိုက်တွန်းခဲ့တာပါ။

ဧရာဝတီတိုင်းမ် သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဆလိုင်းသန့်စင်ကလည်း အာဆီယံက ဘုံသဘောတူညီထားတဲ့ အရာတွေကို တနှစ်ကျော်လာတဲ့အထိ အကောင်အထည် မဖော်နိုင်တာဟာ စစ်ကောင်စီဘက်က ကြီမားတဲ့ဆုံးရှုံးမှု ဖြစ်ကြောင်းပြောပါတယ်။

" အာဆီယံလို ဒေသတွင်းနိုင်ငံရဲ့ အစည်းဝေးတက်ခွင့်တောင် ဆုံးရှုံးတယ်၊ နောက်ပြီး တရုတ်နဲ့ အာဆီယံ ထိပ်သီးအစည်းအဝေး တက်ခွင့်ဆုံးရှုံးတယ်။ နောက်ပြီး အမေရိကန်- အာဆီယံ ထိပ်သီး အစည်းအဝေး တက်ခွင့်တွေ ဆုံးရှုံးတယ်။ တောက်လျှောက် စစ်ကောင်စီဘက်က အာဏာသိမ်း စစ်ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ဒီအစည်းအဝေးတွေကို တက်ခွင့်မရတာကို ပြန်ကြည့်လိုက်ရင် စစ်ကောင်စီသည် သံတမန်ရေးအရကိုက NUG ကိုရှုံးနေပြီဆိုတာ ထင်ရှားပါတယ်။"

စစ်ကောင်စီဟာ ကုလသမဂ္ဂမှာလည်း မြန်မာနိုင်ငံကိုယ်စားပြုတဲ့ ပြောရေးဆိုခွင့်ကိုလည်း လက်လွှတ်ဆုံးရှုံး ထားရပါတယ်။ နိုင်ငံတကာဆက်ဆံရေး ပညာရှင်တဦးဖြစ်တဲ့ ဒေါက်တာယဉ်မျိုးသူ ကတော့ စစ်ကောင်စီဟာ အခုအခြေအနေမျိုးမှာ ဖိအားတွေ ကြုံတွေ့နိုင်တာမှန်ပေမဲ့ လက်ရှိမှာ မြန်မာနိုင်ငံဟာ အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၈၀ နဲ့ သံတမန်ဆက်ဆံရေး ရှိနေဆဲဖြစ်သလို သံရုံးတွေလည်း အပြန်အလှန်ထားရှိထားဆဲ ဖြစ်တဲ့အတွက် နိုင်ငံတကာနဲ့ သံတမန်ဆက်ဆံရေးမှာ ကျရှုံးတယ်လို့ ယတိပြတ်ပြောလို့မရဘူးလို့ ဆိုပါတယ်။

" ဒီလိုမျိုး အာစီယံ- ယူအက်စ် summit မှာ မြန်မာနိုင်ငံကို vacant ( နေရာလွတ်) ထားတယ်ပေါ့နော်၊ ဒါတနည်းအားဖြင့်တော့ ဒီဥစ္စာက တနည်းအားဖြင့် လုပ်လေ့လုပ်ထ ရှိပါတယ်ရှင့်။ ဟိုအရင်က US လည်း Human Rights Council မှာ US နေရာကို vacant လုပ်ထားတာရှိတယ် ပြီးခဲ့တဲ့ငါးနှစ်ကပေါ့။
ဒါကတော့ အပျော့ပျောင်းဆုံး remind ( သတိပေး) တဲ့အဆင့်ပေါ့နော်။ သံတမန်ရေးအရ ကျရှုံးလား မကျရှုံးလားဆိုတာ ကျမအတွက်ကတော့ ဘာနဲ့တွက်လဲဆိုရင် မြန်မာနိုင်ငံက ဘယ်သံရုံးတွေ ရုတ်သိမ်းသွားလဲဆိုတာနဲ့ အရင်ဆုံးကြည့်တယ်။ အခုအချိန်အထိတော့ ဘယ်သံရုံးမှ ရုတ်သိမ်းတာ မရှိတဲ့အတွက် diplomatic failure မဟုတ်ဘူးရှင့်။"

ဒေါက်တာမြင့်သိန်းကတော့ တချို့နိုင်ငံတွေက မြန်မာနိုင်ငံအတွက် မဟာဗျူဟာမြောက် အရေးပါတဲ့ နိုင်ငံတွေမဟုတ်လို့ သူအနေနဲ့ ဒါကိုလက်မခံကြောင်း ပြောပါတယ်။

" နိုင်ငံတကာရေး ထုံးတမ်းစဉ်လာအရဖွင့်ထားတဲ့ သံတမန်ဆက်သွယ်မှု ရှိနေတာကို သံတမန်ရေးရာအောင်မြင်မှု ရှိနေဆဲပဲလို့တော့ ယတိပြတ်ပြောလို့မရဘူး။ အထူးသဖြင့် သူ့ရဲ့မိတ်ဖက်တွေဖြစ်တဲ့ တရုတ်နဲ့ ရုရှားတို့ရဲ့ သံရုံးတွေ၊ အမေရိကန်သံရုံးတွေ ရှိနေဆဲ ဖြစ်ပေမဲ့လည်း အခြေအနေတွေက အချိန်မရွေးပြောင်းသွားနိုင်တယ်။ စတင်အချက်ပြမှုကိုတော့ ကြီးကြီးမားမား တွေ့လိုက်ရပြီဆိုတော့ အနှစ်သာရအားဖြင့်တော့ ကမ္ဘာ့ထိပ်သီး အင်အားကြီးနိုင်ငံတွေ ဦးဆောင်နိုင်ငံတွေဘက်ကနေ သံတမန်ရေးရာ လျှော့ချမှုလို့ ယျေဘူယျပြောလို့ရပါတယ်။"

တရုတ်နဲ့ ရုရှားကတော့ စစ်ကောင်စီ အာဏာသိမ်းချိန်ကစလို့ မြန်မာ့နိုင်ငံရေးမှာ နှုတ်ဆိတ်နေပေမဲ့ စီးပွားရေး စစ်ရေးအရတော့ နောက်ကွယ်က ပံ့ပိုးမှုတွေရှိနေတယ်ဆိုတာ လေ့လာသူတွေက ထောက်ပြကြပါတယ်။ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ကတော့ မြန်မာစစ်ကောင်စီကို အသိအမှတ်မပြုတဲ့အကြောင်းနဲ့ အတိုက်အခံ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ရွေးကောက်ခံအစိုးရအဖြစ် အသိအမှတ်ပြုဖို့လိုတဲ့အကြောင်း သတင်းမီဒီယာကို ပြောဆိုထားတာပါ။

XS
SM
MD
LG