သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဆီယံ-တရုတ္ထိပ္သီး ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္တက္ေရး တရုတ္ႀကိဳးပမ္းခ်က္ ကန္႔ကြက္မႈနဲ႔ႀကံဳ


ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လိႈင္နဲ႔ အာဆီယံသေကၤတ (ေအပီ)

{{Zawgyi/Unicode}}

ေရွ႕သီတင္းပတ္အတြင္း တ႐ုတ္ႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပဖို႔ရွိတဲ့ အာဆီယံ-တ႐ုတ္ ထိပ္သီး စည္းေဝးပြဲမွာ ျမန္မာအာဏာသိမ္း စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ကို ဖိတ္ၾကားေရး တ႐ုတ္အထူးသံတမန္ စြန္းေဂၚရွန္းက ႀကိဳးပမ္းခဲ့ေပမယ့္ အာဆီယံအဖြဲ႔ဝင္ႏိုင္ငံတခ်ဳိ႕က လက္မခံၾကဘူးလို႔ သံတမန္အသိုင္းဝိုင္းကို ကိုးကားၿပီး ႐ိုက္တာသတင္းမွာ ေရးပါတယ္။

ႏိုဝင္ဘာ ၂၂ ရက္ေန႔မွာ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ကိုယ္တိုင္ အိမ္ရွင္အျဖစ္ ကမကထျပဳ က်င္းပမယ့္ အဲဒီ ထိပ္သီးစည္းေဝးပြဲမွာ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ကိုမဖိတ္ဖို႔ အင္ဒိုနီးရွား၊ ဘ႐ူႏိုင္း၊ မေလးရွားနဲ႔ စကၤာပူႏိုင္ငံေတြက ကန္႔ကြက္ခဲ့ၾကတဲ့အေၾကာင္း ေဒသတြင္းမွာရွိတဲ့ သံတမန္ အေတာ္မ်ားမ်ားရဲ႕ ေျပာဆိုခ်က္ကို ကိုးကားၿပီး ႐ိုက္တာက ေရးပါတယ္။

ျမန္မာႏိုင္ငံက ကိုယ္စားလွယ္ကို ဖိတ္ၾကားတဲ့ေနရာမွာ ႏိုင္ငံေရးပိုင္းကမဟုတ္တဲ့ ပုဂၢဳိလ္တဦးကိုသာ ဖိတ္ၾကားေရးဆိုတဲ့ အာဆီယံ ထိပ္သီးစည္းေဝးပြဲအတြင္း ခ်မွတ္ခဲ့ၾကတဲ့ မူဝါဒအတိုင္း ဆက္လက္ ဆုပ္ကိုင္သြားဖို႔ အဲဒီ ၄ ႏိုင္ငံက လိုလားၾကေၾကာင္း အာဆီယံအဖြဲ႔ဝင္ႏိုင္ငံတခ်ဳိ႕က အစိုးရအရာရွိေတြကို ကိုးကားၿပီး ရိုက္တာက ေရးပါတယ္။

ေအာက္တိုဘာလ အာဆီယံထိပ္သီးအစည္းအေဝးေတြမတိုင္ခင္ ျပသခဲ့တဲ့ ေခါင္းေဆာင္ေတြရဲ႕ "ဉာဏ္ႀကီးမႈ" ဆိုတာကို အင္ဒိုနီးရွားႏုိင္ငံျခားေရးဌာန ေျပာခြင့္ရ Teuku Faizasyah က ရည္ညႊန္းၿပီး အင္ဒိုနီးရွားရဲ႕ မေျပာင္းလဲတဲ့ ရပ္တည္ခ်က္ကို ထပ္ၿပီး အတည္ျပဳပါတယ္။

"ေခါင္းေဆာင္ေတြရဲ႕ လာမယ့္ ထိပ္သီးအစည္းအေဝးမွာ ျမန္မာႏုိင္ငံကို ဘယ္သူကိုယ္စားျပဳသင့္ တယ္ ဆိုတဲ့အေပၚ အင္ဒိုနီးရွားရဲ႕ရပ္တည္ခ်က္က အရင္အတိုင္းပါပဲ" လို႔ ေျပာခြင့္ရ Faizahyah ကေျပာပါတယ္။

မေလးရွားႏုိင္ငံျခားေရးဌာနက မွတ္ခ်က္ေပးဖို႔ ျငင္းၿပီး စကၤာပူ၊ ဘ႐ူႏိုင္းနဲ႔ ဗီယက္နမ္တို႔ကေတာ့ အေၾကာင္းျပန္ၾကားျခင္း မရွိေသးဘူးလို႔ ရိုက္တာသတင္းမွာ ေရးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


=========

{{Unicode}}

အာဆီယံ-တရုတ်ထိပ်သီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရေး တရုတ်ကြိုးပမ်းချက် ကန့်ကွက်မှုနဲ့ကြုံ

ရှေ့သီတင်းပတ်အတွင်း တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ရှိတဲ့ အာဆီယံ-တရုတ် ထိပ်သီး စည်းဝေးပွဲမှာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖိတ်ကြားရေး တရုတ်အထူးသံတမန် စွန်းဂေါ်ရှန်းက ကြိုးပမ်းခဲ့ပေမယ့် အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့က လက်မခံကြဘူးလို့ သံတမန်အသိုင်းဝိုင်းကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးပါတယ်။

နိုဝင်ဘာ ၂၂ ရက်နေ့မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင် အိမ်ရှင်အဖြစ် ကမကထပြု ကျင်းပမယ့် အဲဒီ ထိပ်သီးစည်းဝေးပွဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုမဖိတ်ဖို့ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ မလေးရှားနဲ့ စင်္ကာပူနိုင်ငံတွေက ကန့်ကွက်ခဲ့ကြတဲ့အကြောင်း ဒေသတွင်းမှာရှိတဲ့ သံတမန် အတော်များများရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာက ရေးပါတယ်။

မြန်မာနိုင်ငံက ကိုယ်စားလှယ်ကို ဖိတ်ကြားတဲ့နေရာမှာ နိုင်ငံရေးပိုင်းကမဟုတ်တဲ့ ပုဂ္ဂိုလ်တဦးကိုသာ ဖိတ်ကြားရေးဆိုတဲ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲအတွင်း ချမှတ်ခဲ့ကြတဲ့ မူဝါဒအတိုင်း ဆက်လက် ဆုပ်ကိုင်သွားဖို့ အဲဒီ ၄ နိုင်ငံက လိုလားကြကြောင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့က အစိုးရအရာရှိတွေကို ကိုးကားပြီး ရိုက်တာက ရေးပါတယ်။

အောက်တိုဘာလ အာဆီယံထိပ်သီးအစည်းအဝေးတွေမတိုင်ခင် ပြသခဲ့တဲ့ ခေါင်းဆောင်တွေရဲ့ "ဉာဏ်ကြီးမှု" ဆိုတာကို အင်ဒိုနီးရှားနိုင်ငံခြားရေးဌာန ပြောခွင့်ရ Teuku Faizasyah က ရည်ညွှန်းပြီး အင်ဒိုနီးရှားရဲ့ မပြောင်းလဲတဲ့ ရပ်တည်ချက်ကို ထပ်ပြီး အတည်ပြုပါတယ်။

"ခေါင်းဆောင်တွေရဲ့ လာမယ့် ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံကို ဘယ်သူကိုယ်စားပြုသင့် တယ် ဆိုတဲ့အပေါ် အင်ဒိုနီးရှားရဲ့ရပ်တည်ချက်က အရင်အတိုင်းပါပဲ" လို့ ပြောခွင့်ရ Faizahyah ကပြောပါတယ်။

မလေးရှားနိုင်ငံခြားရေးဌာနက မှတ်ချက်ပေးဖို့ ငြင်းပြီး စင်္ကာပူ၊ ဘရူနိုင်းနဲ့ ဗီယက်နမ်တို့ကတော့ အကြောင်းပြန်ကြားခြင်း မရှိသေးဘူးလို့ ရိုက်တာသတင်းမှာ ရေးထားပါတယ်။

#ASEAN #MyanmarMilitaryCoup #voaburmese #အာဆီယံ #ဗွီအိုအေမြန်မာပိုင်း

=========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG