သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဆီယံနဲ႔သေဘာတူၿပီးေနာက္မွ ျမန္မာအေျခအေနေျပာင္းလဲခဲ့ဟု စစ္ေကာင္စီအႀကီးအကဲေျပာဆို


ASEAN and Senior Gen. Min Aung Hlaing (AP)

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံအေရးကိစၥအတြက္အာဆီယံႏိုင္ငံေတြနဲ႔ သေဘာတူမႈရခဲ့ၿပီးေနာက္ ျမန္မာႏိုင္ငံက အေျခအေနေတြ ေျပာင္းလဲသြားတယ္လို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားလိုက္ပါတယ္။ ျမန္မာႏိုင္ငံမွာ ျဖစ္ေနတဲ့ အၾကမ္းဖက္မႈေတြကို ဘယ္သူကမွ အေလးထား တားဆီးမေပးဘူးလို႔လည္း ႏိုင္ငံေတာ္ကို ဒီေန႔ ေျပာၾကားတဲ့ မိန႔္ခြန္းထဲမွာ ေျပာသြားပါတယ္။ ရန္ကုန္က ေပးပို႔တဲ့ ဒီသတင္းကို ကိုေအာင္ျမတ္သူ တင္ျပေပးထားပါတယ္။

သီတင္းကြ်တ္အထိမ္းအမွတ္အျဖစ္ စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ ႏိုင္ငံေတာ္ကို ေျပာၾကားတဲ့မိန္႔ခြန္းကို ဒီေန႔ ႏိုင္ငံပိုင္႐ုပ္သံေတြမွာ ထုတ္လႊင့္ျပသပါတယ္။ မိန္႔ခြန္းထဲမွာ ၿပီးခဲ့တဲ့ေ႐ြးေကာက္ ပြဲအတြင္း မဲမသာမာမႈေတြ ႐ွိခဲ့တယ္ဆိုတာ ထပ္ေျပာခဲ့သလို စစ္အာဏာသိမ္းမႈအေပၚအေျခခံတဲ့ ဆႏၵျပမႈေတြ၊ အၾကမ္းဖက္မႈေတြ ႐ွိေနတယ္ဆိုတာကို ေျပာၾကားသြားပါတယ္။ ျမန္မာႏိုင္ငံအေရးေျဖ႐ွင္းဖုိ႔ အာဆီယံေခါင္းေဆာင္ေတြၾကား အခ်က္ ၅ ခ်က္ပါဝင္တဲ့ သေဘာတူညီခ်က္ ဧၿပီလ ၂၄ ရက္က ရ႐ွိခဲ့ၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံရဲ႕ အေျခအေနေတြ ေျပာင္းလဲသြားတယ္လို႔ သူက ခုလိုေျပာပါတယ္။

“က်ေနာ္တို႔အေနနဲ႔ သေဘာတူညီခ်က္ကို ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးတည္ၿငိမ္မႈနဲ႔ အာဆီယံရဲ႕ Charter မ်ားနဲ႔ အညီ ေဆာင္ရြက္သြားမယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ဒီ ၅ ခ်က္ထဲက ပထမအခ်က္က အေရးႀကီးဆံုး ျဖစ္ပါတယ္။ အၾကမ္းဖက္မႈမ်ား အျမန္ဆံုး ရပ္ဆိုင္းရန္နဲ႔ အားလံုးက ထိန္းသိမ္းၾကပ္မတ္ျခင္းျဖင့္ အတတ္ႏိုင္ဆံုး ေဆာင္ရြက္ ၾကဖို႔ ျဖစ္ေပမယ့္လည္း ဧၿပီလ ဒီေၾကညာခ်က္ ထုတ္ျပန္ၿပီးတဲ့ေနာက္ပိုင္းမွာ အၾကမ္းဖက္အဖြဲ႔လို႔ ထုတ္ျပန္ေၾကညာထားတဲ့ CRPH နဲ႔ NUG တို႔ရဲ႕ လႈံ႔ေဆာ္မႈ၊ EAO အခ်ိဳ႕ရဲ႕ ပါဝင္ပတ္သက္မႈ၊ အားေပးမႈမ်ားနဲ႔ အၾကမ္းဖက္မႈမ်ား ပိုမိုျဖစ္ေပၚလာတာကို ေတြ႔ရွိရပါတယ္။ ဒါကို ယေန႔ထက္တိုင္ ရွင္းလင္းေနရဆဲျဖစ္ပါတယ္။”

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ရဲ႕ သီတင္းကၽြတ္အထိမ္းအမွတ္ မိန္႔ခြန္းထဲမွာ ျပည္သူေတြကို ဆီစားသံုးမႈ ေလွ်ာ့ခ်ဖုိ႔လည္း တိုက္တြန္းခဲ့ပါတယ္။ က်န္းမာေရးအတြက္တင္မဟုတ္ဘဲ ျပည္ပကေန စားသံုးဆီဝယ္ယူေနရတဲ့ ႏိုင္ငံျခားေငြ ေလွ်ာ့ခ်ႏိုင္မွာမို႔ ႏိုင္ငံလိုအပ္ခ်က္အတြက္ ျပည္သူေတြ ဆီေလ ွ်ာ့စားၾကဖုိ႔ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က တိုက္တြန္းခဲ့ပါတယ္။


ျမန္မာႏိုင္ငံမွာ လက္႐ွိျဖစ္ေနတဲ့ အၾကမ္းဖက္ သတ္ျဖတ္မႈေတြ ရပ္သြားေအာင္ ဘယ္သူကမွ အေလးအနက္ ထား လုပ္ေနတာမ႐ွိဘူးလို႔လည္း ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က စြပ္စြဲပါတယ္။

“သူတို႔ အၾကမ္းဖက္ လုယက္သတ္ျဖတ္ ဖ်က္ဆီးတာေတြကို ဘယ္သူမႈအေလးနက္ထား ဟန္႔တား ထိန္းသိမ္းမႈေတြ ျပဳလုပ္တာ မေတြ႔ရပါဘူး။ က်ေနာ္တို႔ကိုပဲ ေတာင္းဆိုမႈျပဳလုပ္ၿပီးေတာ့မွ က်ေနာ္တို႔ပဲ ဒီျပသာနာကို ရွင္းလင္းေနရတာျဖစ္ပါတယ္။ ဒါကိုအာဆီယံအေနနဲ႔ ေဆာင္ရြက္ေပးဖို႔လိုမယ္လို႔ က်ေနာ္ေျပာလိုပါတယ္။”

ေ႐ွ႕သီတင္းပတ္ ေအာက္တုိဘာ ၂၆ ကေန ၂၈ ရက္က်င္းပမယ့္ အာဆီယံ ထိပ္သီးညီလာခံကို စစ္ေကာင္စီေခါင္းေဆာင္ကို မဖိတ္ဖို႔ အာဆီယံက ဆံုးျဖတ္ခဲ့ၿပီးေနာက္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က ခုလို ေျပာၾကားခဲ့တာျဖစ္ပါတယ္။ အာဆီယံ သေဘာတူညီခ်က္ထဲပါတဲ့အတိုင္း ေဆာင္႐ြက္ႏုိင္ဖုိ႔၊ ျမန္မာႏို္င္ငံဆုိင္ရာ အာဆီယံ အထူးကိုယ္စားလွယ္ Brunei ႏိုင္ငံရဲ႕ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Erywan Yusof က ျမန္မာႏိုင္ငံကို သြားေရာက္ႏုိင္ဖုိ႔နဲ႔ ခရီးစဥ္အတြင္း ဖမ္းဆီးခံေနရတဲ့ ႏုိင္ငံေတာ္အတုိင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ဆံုခြင့္ေပးဖုိ႔ ေတာင္းဆိုထားပါတယ္။ အာဆီယံ အထူးကိုယ္စားလွယ္ရဲ႕ ေတာင္းဆိုခ်က္ေတြမွာ ညွိႏႈိင္းလို႔ မရတာေတြ႐ွိေနတယ္လို႔ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က ဒီေန႔ မိန္႔ခြန္းထဲမွာ ထည့္ေျပာသြားပါတယ္။

“အာဆီယံဥကၠ႒ရဲ႕ အထူးကိုယ္စားလွယ္အျဖစ္ ျမန္မာႏိုင္ငံ လာေရာက္ေရးကိစၥမွာလည္း အဆိုျပဳေတာင္းဆိုခ်က္မ်ား အမ်ိဳးမ်ိဳး ျဖစ္ေပၚလာတဲ့အတြက္ေၾကာင့္ ညွိႏိႈင္းေဆြးေႏြးမႈမ်ား ျပဳလုပ္ေနရဆဲျဖစ္ပါတယ္။ ႏိုင္ငံတခုဟာ အုပ္ခ်ဳပ္ေရး ဥပေဒျပဳေရးနဲ႔ တရားစီရင္ေရးကို ပိုင္းျခားခြဲေဝၿပီး ေဆာင္ရြက္ပါတယ္။ လိုအပ္ခ်က္အရ သီးျခားထုတ္ျပန္တဲ့အမိန္႔နဲ႔ ဥပေဒမ်ားမွအပ ပိုင္းျခားေဆာင္ရြက္မႈအတိုင္း လုပ္ၾကရတာျဖစ္ပါတယ္။ က်ေနာ္တို႔ႏိုင္ငံဟာ ၂၀၀၈ ခုႏွစ္ ဖြဲ႔စည္းပံု အေျခခံဥပေဒအရ ေဆာင္ရြက္ေနတယ္ဆိုတာ ေၾကညာထားၿပီးျဖစ္ပါတယ္။ အာဆီယံကိုယ္စားလွယ္ရဲ႕ ေတာင္းဆိုမႈေတြမွာ ညွိႏိႈင္းမရတာေတြရွိပါတယ္။ ဘယ္လိုပဲျဖစ္ေစ က်ေနာ္တို႔ႏိုင္ငံအေနနဲ႔ အာဆီယံအဖြဲ႔ဝင္ျဖစ္တာနဲ႔အညီ အေကာင္းဆံုးျဖစ္ေအာင္ ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။ အာဆီယံထိပ္သီး အစည္းအေဝးနဲ႔ အာဆီယံအစည္းေဝးမ်ားကိုလည္း အာဆီယံရဲ႕အေျခခံမူမ်ားနဲ႔အညီ ဆက္လက္ ေဆာင္ရြက္ႏိုင္လိမ့္မယ္လို႔ က်ေနာ္ ယူဆပါတယ္။”

စစ္ေကာင္စီအႀကီးအကဲရဲ႕ မိန္႔ခြန္းထဲမွာ သီတင္းကၽြတ္ အထိမ္းအမွတ္ လြတ္ၿငိမ္းခ်မ္းသာခြင့္ေတြ ေပးမယ္ဆုိတာကိုလည္း ေျပာၾကားခဲ့ပါတယ္။ ကိုဗစ္ 19 ကပ္ေရာဂါ အေျခအေနနဲ႔ပတ္သက္လို႔ ေျပာၾကားတဲ့ထဲမွာေတာ့ ျမန္မာႏိုင္ငံမွာ လက္႐ွိေရာဂါကူးစက္မႈႏႈန္း ၇% အထိက်ဆင္းေနၿပီး အခုေအာက္တုိဘာလအကုန္မွာ ၃% အထိ က်ဆင္းေအာင္ ႀကိဳးစားေနတယ္လို႔ ဆိုပါတယ္။ လက္႐ွိမွာ ႐ွမ္းျပည္နယ္နဲ႔ မေကြးတိုင္းထဲက အခ်ဳိ႕ ျပည္နယ္ေတြမွာ ကူးစက္မႈႏႈန္း ျမင့္မားေနဆဲဆိုတာကိုလည္း ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ရဲ႕ မိန္႔ခြန္းထဲမွာ ေျပာပါတယ္။ ႏိုင္ငံထဲမွာ ကိုဗစ္ကာကြယ္ေဆး ၂ ႀကိမ္ထိုးၿပီးသူ ၆ သန္းေက်ာ္ရွိေနတဲ့အေၾကာင္းနဲ႔ ကိုဗစ္ ကာကြယ္ေဆးေတြကို တျခားႏိုင္ငံေတြကေန ဝယ္ယူေနသလို ျပည္တြင္းမွာလည္း ထုတ္လုပ္နုိင္ဖုိ႔ ႀကိဳးပမ္းေဆာင္႐ြက္ေနတယ္လို႔ ေျပာေပမဲ့ ဘယ္လို ထုတ္လုပ္မယ္ဆုိတဲ့ အေသးစိတ္ကိုေတာ့ ေျပာမသြားပါဘူး။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ရဲ႕ သီတင္းကၽြတ္အထိမ္းအမွတ္ မိန္႔ခြန္းထဲမွာ ျပည္သူေတြကို ဆီစားသံုးမႈ ေလွ်ာ့ခ်ဖုိ႔လည္း တိုက္တြန္းခဲ့ပါတယ္။ က်န္းမာေရးအတြက္တင္မဟုတ္ဘဲ ျပည္ပကေန စားသံုးဆီဝယ္ယူေနရတဲ့ ႏိုင္ငံျခားေငြ ေလွ်ာ့ခ်ႏိုင္မွာမို႔ ႏိုင္ငံလိုအပ္ခ်က္အတြက္ ျပည္သူေတြ ဆီေလ ွ်ာ့စားၾကဖုိ႔ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က တိုက္တြန္းခဲ့ပါတယ္။


=========

{Unicode}

အာဆီယံနဲ့သဘောတူပြီးနောက်မှ မြန်မာအခြေအနေပြောင်းလဲခဲ့ဟု စစ်ကောင်စီအကြီးအကဲပြောဆို

မြန်မာနိုင်ငံအရေးကိစ္စအတွက်အာဆီယံနိုင်ငံတွေနဲ့ သဘောတူမှုရခဲ့ပြီးနောက် မြန်မာနိုင်ငံက အခြေအနေတွေ ပြောင်းလဲသွားတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက် ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို ဘယ်သူကမှ အလေးထား တားဆီး မပေးဘူးလို့လည်း နိုင်ငံတော်ကို ဒီနေ့ ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။ ရန်ကုန်က ပေးပို့တဲ့ ဒီသတင်းကို ကိုအောင်မြတ်သူ တင်ပြပေးထားပါတယ်။

သီတင်းကျွတ်အထိမ်းအမှတ်အဖြစ် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်ကို ပြောကြားတဲ့မိန့်ခွန်းကို ဒီနေ့ နိုင်ငံပိုင် ရုပ်သံတွေမှာ ထုတ်လွှင့်ပြသပါတယ်။ မိန့်ခွန်းထဲမှာ ပြီးခဲ့တဲ့ရွေးကောက် ပွဲအတွင်း မဲမသာမာမှုတွေ ရှိခဲ့တယ်ဆိုတာ ထပ်ပြောခဲ့သလို စစ်အာဏာသိမ်းမှုအပေါ်အခြေခံတဲ့ ဆန္ဒပြမှုတွေ၊ အကြမ်းဖက်မှုတွေ ရှိနေတယ်ဆိုတာကို ပြောကြားသွားပါတယ်။ မြန်မာနိုင်ငံအရေးဖြေရှင်းဖို့ အာဆီယံခေါင်းဆောင်တွေကြား အချက် ၅ ချက်ပါဝင်တဲ့ သဘောတူညီချက် ဧပြီလ ၂၄ ရက်က ရရှိခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ အခြေအနေတွေ ပြောင်းလဲသွားတယ်လို့ သူက ခုလိုပြောပါတယ်။

“ကျနော်တို့အနေနဲ့ သဘောတူညီချက်ကို မြန်မာနိုင်ငံရဲ့ နိုင်ငံရေးတည်ငြိမ်မှုနဲ့ အာဆီယံရဲ့ Charter များနဲ့ အညီ ဆောင်ရွက်သွားမယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒီ ၅ ချက်ထဲက ပထမအချက်က အရေးကြီးဆုံး ဖြစ်ပါတယ်။ အကြမ်းဖက်မှုများ အမြန်ဆုံး ရပ်ဆိုင်းရန်နဲ့ အားလုံးက ထိန်းသိမ်းကြပ်မတ်ခြင်းဖြင့် အတတ်နိုင်ဆုံး ဆောင်ရွက် ကြဖို့ ဖြစ်ပေမယ့်လည်း ဧပြီလ ဒီကြေညာချက် ထုတ်ပြန်ပြီးတဲ့နောက်ပိုင်းမှာ အကြမ်းဖက်အဖွဲ့လို့ ထုတ်ပြန်ကြေညာထားတဲ့ CRPH နဲ့ NUG တို့ရဲ့ လှုံ့ဆော်မှု၊ EAO အချို့ရဲ့ ပါဝင်ပတ်သက်မှု၊ အားပေးမှုများနဲ့ အကြမ်းဖက်မှုများ ပိုမိုဖြစ်ပေါ်လာတာကို တွေ့ရှိရပါတယ်။ ဒါကို ယနေ့ထက်တိုင် ရှင်းလင်းနေရဆဲဖြစ်ပါတယ်။”

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သီတင်းကျွတ်အထိမ်းအမှတ် မိန့်ခွန်းထဲမှာ ပြည်သူတွေကို ဆီစားသုံးမှု လျှော့ချဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ ကျန်းမာရေးအတွက်တင်မဟုတ်ဘဲ ပြည်ပကနေ စားသုံးဆီဝယ်ယူနေရတဲ့ နိုင်ငံခြားငွေ လျှော့ချနိုင်မှာမို့ နိုင်ငံလိုအပ်ချက်အတွက် ပြည်သူတွေ ဆီလေ ျှာ့စားကြဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းခဲ့ပါတယ်။


မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေ ရပ်သွားအောင် ဘယ်သူကမှ အလေးအနက် ထား လုပ်နေတာမရှိဘူးလို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စွပ်စွဲပါတယ်။

“သူတို့ အကြမ်းဖက် လုယက်သတ်ဖြတ် ဖျက်ဆီးတာတွေကို ဘယ်သူမှုအလေးနက်ထား ဟန့်တား ထိန်းသိမ်းမှုတွေ ပြုလုပ်တာ မတွေ့ရပါဘူး။ ကျနော်တို့ကိုပဲ တောင်းဆိုမှုပြုလုပ်ပြီးတော့မှ ကျနော်တို့ပဲ ဒီပြသာနာကို ရှင်းလင်းနေရတာဖြစ်ပါတယ်။ ဒါကိုအာဆီယံအနေနဲ့ ဆောင်ရွက်ပေးဖို့လိုမယ်လို့ ကျနော်ပြောလိုပါတယ်။”

ရှေ့သီတင်းပတ် အောက်တိုဘာ ၂၆ ကနေ ၂၈ ရက်ကျင်းပမယ့် အာဆီယံ ထိပ်သီးညီလာခံကို စစ်ကောင်စီခေါင်းဆောင်ကို မဖိတ်ဖို့ အာဆီယံက ဆုံးဖြတ်ခဲ့ပြီးနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။ အာဆီယံ သဘောတူညီချက်ထဲပါတဲ့အတိုင်း ဆောင်ရွက်နိုင်ဖို့၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် Brunei နိုင်ငံရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof က မြန်မာနိုင်ငံကို သွားရောက်နိုင်ဖို့နဲ့ ခရီးစဉ်အတွင်း ဖမ်းဆီးခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ တောင်းဆိုချက်တွေမှာ ညှိနှိုင်းလို့ မရတာတွေရှိနေတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီနေ့ မိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ်။

“အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံ လာရောက်ရေးကိစ္စမှာလည်း အဆိုပြုတောင်းဆိုချက်များ အမျိုးမျိုး ဖြစ်ပေါ်လာတဲ့အတွက်ကြောင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေရဆဲဖြစ်ပါတယ်။ နိုင်ငံတခုဟာ အုပ်ချုပ်ရေး ဥပဒေပြုရေးနဲ့ တရားစီရင်ရေးကို ပိုင်းခြားခွဲဝေပြီး ဆောင်ရွက်ပါတယ်။ လိုအပ်ချက်အရ သီးခြားထုတ်ပြန်တဲ့အမိန့်နဲ့ ဥပဒေများမှအပ ပိုင်းခြားဆောင်ရွက်မှုအတိုင်း လုပ်ကြရတာဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆောင်ရွက်နေတယ်ဆိုတာ ကြေညာထားပြီးဖြစ်ပါတယ်။ အာဆီယံကိုယ်စားလှယ်ရဲ့ တောင်းဆိုမှုတွေမှာ ညှိနှိုင်းမရတာတွေရှိပါတယ်။ ဘယ်လိုပဲဖြစ်စေ ကျနော်တို့နိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်ဖြစ်တာနဲ့အညီ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အာဆီယံထိပ်သီး အစည်းအဝေးနဲ့ အာဆီယံအစည်းဝေးများကိုလည်း အာဆီယံရဲ့အခြေခံမူများနဲ့အညီ ဆက်လက် ဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျနော် ယူဆပါတယ်။”

စစ်ကောင်စီအကြီးအကဲရဲ့ မိန့်ခွန်းထဲမှာ သီတင်းကျွတ် အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာ ခွင့်တွေ ပေးမယ်ဆိုတာကိုလည်း ပြောကြားခဲ့ပါတယ်။ ကိုဗစ် 19 ကပ်ရောဂါ အခြေအနေနဲ့ပတ်သက်လို့ ပြောကြားတဲ့ထဲမှာတော့ မြန်မာနိုင်ငံမှာ လက်ရှိရောဂါကူးစက်မှုနှုန်း ၇% အထိကျဆင်းနေပြီး အခုအောက်တိုဘာလအကုန်မှာ ၃% အထိ ကျဆင်းအောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ရှမ်းပြည်နယ်နဲ့ မကွေးတိုင်းထဲက အချို့ ပြည်နယ်တွေမှာ ကူးစက်မှုနှုန်း မြင့်မားနေဆဲဆိုတာကိုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မိန့်ခွန်းထဲမှာ ပြောပါတယ်။ နိုင်ငံထဲမှာ ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးသူ ၆ သန်းကျော်ရှိနေတဲ့အကြောင်းနဲ့ ကိုဗစ် ကာကွယ်ဆေးတွေကို တခြားနိုင်ငံတွေကနေ ဝယ်ယူနေသလို ပြည်တွင်းမှာလည်း ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ပြောပေမဲ့ ဘယ်လို ထုတ်လုပ်မယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ပြောမသွားပါဘူး။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သီတင်းကျွတ်အထိမ်းအမှတ် မိန့်ခွန်းထဲမှာ ပြည်သူတွေကို ဆီစားသုံးမှု လျှော့ချဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ ကျန်းမာရေးအတွက်တင်မဟုတ်ဘဲ ပြည်ပကနေ စားသုံးဆီဝယ်ယူနေရတဲ့ နိုင်ငံခြားငွေ လျှော့ချနိုင်မှာမို့ နိုင်ငံလိုအပ်ချက်အတွက် ပြည်သူတွေ ဆီလေ ျှာ့စားကြဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းခဲ့ပါတယ်။

#MyanmarMilitaryCoup #MyanmarASEAN #MyanmarSAC #VOABurmese

#ဆီလျှော့#မင်းအောင်လှိုင်#အာဆီယံ#ErywanYusof#CRPH#NUG

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG