သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာကို စာနာမႈအကူအညီေပးရာမွာ ႏိုင္ငံတကာပါဝင္ဖို႔ မေလးရွားတိုက္တြန္း


မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး Saifuddin Abdullah. (ေအာက္တုိဘာ ၂၈၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ လူသားခ်င္းစာနာမႈ အကူအညီ လိုအပ္ခ်က္ေတြကို ႏိုင္ငံတကာ အသိုင္းအဝန္းနဲ႔ ပူးေပါင္းၿပီး အေကာင္အထည္ေဖာ္ဖို႔ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးက တိုက္တြန္းလိုက္ပါတယ္။

NUG ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္နဲ႔ စေနေန႔က ေတြ႔ဆုံရာမွာ ျမန္မာႏိုင္ငံမွာ စာနာမႈအကူအညီေတြကို ပြင့္လင္းျမင္သာမႈရွိရွိနဲ႔ ေပးအပ္ႏိုင္မယ့္ နည္းလမ္းေတြနဲ႔ ႏိုင္ငံတကာ အသိုင္းအဝန္းရဲ႕ ပါဝင္မႈေတြကို ေဆြးေႏြး သေဘာတူခဲ့ၾကတယ္လို႔လည္း မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး Saifuddin Abdullah က သတင္းေထာက္ေတြကို ေျပာလိုက္တာပါ။

“လူသားခ်င္းစာနာမႈ အကူအညီေပးေရး လုပ္ငန္းေတြကို စစ္အာဏာပိုင္ေတြနဲ႔ပဲ လုပ္လို႔မျဖစ္ပါဘူး။ ႏိုင္ငံတကာ အသိုင္းအဝန္းက အခိုင္အမာ ပါဝင္ဖို႔လည္း မေလးရွားက အဆိုျပဳထားပါတယ္။ အေကာင္းဆုံးကေတာ့ ကုလသမဂၢရဲ႕ ႀကီးၾကပ္မႈေအာက္က ေဆာင္ရြက္ဖို႔ပါ။” လို႔ ေသာၾကာေန႔က ၿပီးဆုံးသြားတဲ့ ၂ ရက္ၾကာ အေမရိကန္-အာဆီယံ ထိပ္သီးအစည္းအေဝးအတြက္ ဝါရွင္တန္ၿမိဳ႕ေတာ္မွာ ေရာက္ေနတဲ့ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးက ေျပာဆိုလိုက္တာပါ။

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္ဝါရီလ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ရင္ဆိုင္ေနရတဲ့ ျပႆနာေတြကို ေျဖရွင္းႏိုင္ဖို႔ ရည္ရြယ္ၿပီး အာဆီယံအသင္းက ဘုံသေဘာတူညီခ်က္ ၅ ရပ္ ခ်မွတ္ထားေပမဲ့ လက္ေတြ႔ အေကာင္အထည္ မေဖာ္ႏိုင္ေသးဘဲ ျဖစ္ေနခ်ိန္မွာ လူသားခ်င္းစာနာမႈ အက်ပ္အတည္းေတြကို ေျဖရွင္းဖို႔ ႀကိဳးပမ္းေနတာပါ။

အေမရိကန္-အာဆီယံ ထိပ္သီးအစည္းအေဝး မတိုင္ခင္မွာဘဲ စာနာမႈ အကူအညီေပးႏိုင္ေရး အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးေတြ ေဆြးေႏြးခဲ့ၾကၿပီး ျမန္မာႏိုင္ငံက ေဒသ ၅ ခုမွာ အေကာင္အထည္ေဖာ္ဖု႔ိလည္း ေဆြးေႏြးခဲ့ၾကပါတယ္။

ဒါေပမဲ့လည္း စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း လက္နက္ကိုင္ပဋိပကၡေတြ ေပၚေပါက္ေနတဲ့ ျမန္မာႏိုင္ငံမွာ စာနာမႈအကူအညီ ေပးႏိုင္ေရး စိန္ေခၚမႈေတြလည္း ရွိေနဆဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

မြန်မာကို စာနာမှုအကူအညီပေးရာမှာ နိုင်ငံတကာပါဝင်ဖို့ မလေးရှားတိုက်တွန်း

မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်တွေကို နိုင်ငံတကာ အသိုင်းအဝန်းနဲ့ ပူးပေါင်းပြီး အကောင်အထည်ဖော်ဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းလိုက်ပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ စနေနေ့က တွေ့ဆုံရာမှာ မြန်မာနိုင်ငံမှာ စာနာမှုအကူအညီတွေကို ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ပေးအပ်နိုင်မယ့် နည်းလမ်းတွေနဲ့ နိုင်ငံတကာ အသိုင်းအဝန်းရဲ့ ပါဝင်မှုတွေကို ဆွေးနွေး သဘောတူခဲ့ကြတယ်လို့လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က သတင်းထောက်တွေကို ပြောလိုက်တာပါ။

“လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းတွေကို စစ်အာဏာပိုင်တွေနဲ့ပဲ လုပ်လို့မဖြစ်ပါဘူး။ နိုင်ငံတကာ အသိုင်းအဝန်းက အခိုင်အမာ ပါဝင်ဖို့လည်း မလေးရှားက အဆိုပြုထားပါတယ်။ အကောင်းဆုံးကတော့ ကုလသမဂ္ဂရဲ့ ကြီးကြပ်မှုအောက်က ဆောင်ရွက်ဖို့ပါ။” လို့ သောကြာနေ့က ပြီးဆုံးသွားတဲ့ ၂ ရက်ကြာ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးအတွက် ဝါရှင်တန်မြို့တော်မှာ ရောက်နေတဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး အာဆီယံအသင်းက ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ထားပေမဲ့ လက်တွေ့ အကောင်အထည် မဖော်နိုင်သေးဘဲ ဖြစ်နေချိန်မှာ လူသားချင်းစာနာမှု အကျပ်အတည်းတွေကို ဖြေရှင်းဖို့ ကြိုးပမ်းနေတာပါ။

အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး မတိုင်ခင်မှာဘဲ စာနာမှု အကူအညီပေးနိုင်ရေး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံက ဒေသ ၅ ခုမှာ အကောင်အထည်ဖော်ဖု့ိလည်း ဆွေးနွေးခဲ့ကြပါတယ်။

ဒါပေမဲ့လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံမှာ စာနာမှုအကူအညီ ပေးနိုင်ရေး စိန်ခေါ်မှုတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG