သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး အာဆီယံနဲ႔ အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီးေတြ ေဆြးေႏြး


ျမန္မာ့အေရး အာဆီယံနဲ႔ အေမရိကန္ ႏုိင္ငံျခားေရး၀န္ႀကီးေတြ ေဆြးေႏြး

အေမရိကန္- အာဆီယံ ထိပ္သီးအစည္းေဝး ဒုတိယေန႔ျဖစ္တဲ့ ေသာၾကာေန႔မွာ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Anthony Blinken နဲ႔ အာဆီယံ ႏုိင္ငံျခားေရး ၀န္ႀကီးေတြ ေတြ႔ဆုံရာမွာ ျမန္မာ့အေရးကုိလည္း အေလးထား ေျပာဆုိသြားပါတယ္။

ျမန္မာ့အေရး အာဆီယံနဲ႔ အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီးေတြ ေဆြးေႏြး

{{Zawgyi/Unicode}}
ဝါရွင္တန္ဒီစီမွာ ၂ ရက္ၾကာက်င္းပတဲ့ အေမရိကန္- အာဆီယံ ထိပ္သီးအစည္းေဝး ဒုတိယေန႔ျဖစ္တဲ့ ေသာၾကာေန႔မွာ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Anthony Blinken နဲ႔ အာဆီယံ ႏုိင္ငံျခားေရး ၀န္ႀကီးေတြ ေတြ႔ဆုံရာမွာ ျမန္မာ့အေရးကုိလည္း အေလးထား ေျပာဆုိသြားပါတယ္။ အာဆီယံ အလွည့္က်ဥကၠ႒ ကေမာ​ၻဒီးယားႏုိင္ငံက ႏုိင္ငံျခားေရး၀န္ႀကီး Prak Sokhonn နဲ႔ ေတြ႔ဆုံရာမွာလည္း ျမန္မာ့အေရး ေျဖရွင္းဖုိ႔ ေမွ်ာ္လင့္ေၾကာင္း ေျပာခဲ့တာပါ။

“ျမန္မာႏုိင္ငံ ဒီမုိကေရစီလမ္းေၾကာင္းေပၚ ျပန္ေရာက္ဖုိ႔ ေမွ်ာ္လင့္ခ်က္နဲ႔ ႀကိဳးပမ္းမႈေတြ အပါအ၀င္ အာဆီယံကုိ ဦးေဆာင္ၿပီး ကိစၥရပ္ေတာ္ေတာ္မ်ားမ်ားကုိ ေျဖရွင္းဖုိ႔ ႀကိဳးပမ္းေနတာကုိ ႀကိဳဆုိပါတယ္" လုိ႔ ၀ါရွင္တန္ဒီစီ အေမရိကန္ႏုိိင္ငံျခားေရး ၀န္ႀကီးဌာနမွာ အာဆီယံအထူးကုိယ္စားလွယ္လည္းျဖစ္တဲ့ ကေမာၻဒီးယား ႏုိင္ငံျခားေရး ၀န္ႀကီးနဲ႔ ေတြ႔ဆုံရာမွာ ေျပာဆုိလုိက္တာပါ။ေသာၾကာေန႔မွာပဲ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး Retno Marsudi တို႔ ေတြ႕ဆံုခ်ိန္မွာလည္း ျမန္မာ့အေရး အေလးထား ေဆြးေႏြးမယ့္အေၾကာင္း ဝန္ႀကီး Blinken က ေျပာခဲ့ပါတယ္"

အင္ဒို-ပစိဖိတ္ေဒသတြင္း ႏိုင္ငံေတြနဲ႔ ဆက္ဆံေရး ပိုေကာင္းေအာင္ႀကိဳးစားေနတဲ့ အေမရိကန္အစိုးရက ျမန္မာ့အေရးအတြက္လည္း အာဆီယံ ဘံုသေဘာတူညီခ်က္ေတြ လက္ေတြ႕ အေကာင္အထည္ ေဖၚလာေစဖို႔ တြန္းအားေပးေနသလို အခု ပထမဆံုးအႀကိမ္ ဝါရွင္တန္ဒီစီမွာ သမၼတဂ်ိဳးဘိုင္ဒန္က အာဆီယံေခါင္းေဆာင္ေတြကို ဖိတ္ၾကားေဆြးေႏြးတဲ့ပြဲမွာလည္း ျမန္မာစစ္အာဏာပုိင္ေတြကုိ တက္ေရာက္ခြင့္ မေပးဘဲ၊ ျမန္မာေနရာမွာ ခံုအလြတ္ခ်ထားဖို႔ အာဆီယံေခါင္းေဆာင္ေတြနဲ႔ အတူ သေဘာတူခဲ့တာ ျဖစ္ပါတယ္။

အာဆီယံအေနနဲ႔ မႏွစ္က အခ်က္ ၅ ခ်က္ပါဘံုသေဘာတူညီခ်က္ ရခဲ့တာက လြဲၿပီး ျမန္မာစစ္ေကာင္စီရဲ႕ လူ႔အခြင့္ေရး ခ်ိဳးေဖါက္ေနမႈေတြနဲ႔ ပတ္သက္ၿပီး တစံုတရာတိုးတက္ေအာင္ မလုပ္ႏိုင္တာကိုအေမရိကန္တာဝန္ရွိသူေတြက စိတ္ပ်က္ေနၾကတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

..........................................................

မြန်မာ့အရေး အာဆီယံနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေး

{{Zawgyi/Unicode}}
ဝါရှင်တန်ဒီစီမှာ ၂ ရက်ကြာကျင်းပတဲ့ အမေရိကန်- အာဆီယံ ထိပ်သီးအစည်းဝေး ဒုတိယနေ့ဖြစ်တဲ့ သောကြာနေ့မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken နဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့အရေးကိုလည်း အလေးထား ပြောဆိုသွားပါတယ်။ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn နဲ့ တွေ့ဆုံရာမှာလည်း မြန်မာ့အရေး ဖြေရှင်းဖို့ မျှော်လင့်ကြောင်း ပြောခဲ့တာပါ။

“မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ မျှော်လင့်ချက်နဲ့ ကြိုးပမ်းမှုတွေ အပါအဝင် အာဆီယံကို ဦးဆောင်ပြီး ကိစ္စရပ်တော်တော်များများကို ဖြေရှင်းဖို့ ကြိုးပမ်းနေတာကို ကြိုဆိုပါတယ်" လို့ ဝါရှင်တန်ဒီစီ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ အာဆီယံအထူးကိုယ်စားလှယ်လည်းဖြစ်တဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံရာမှာ ပြောဆိုလိုက်တာပါ။သောကြာနေ့မှာပဲ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi တို့ တွေ့ဆုံချိန်မှာလည်း မြန်မာ့အရေး အလေးထား ဆွေးနွေးမယ့်အကြောင်း ဝန်ကြီး Blinken က ပြောခဲ့ပါတယ်"

အင်ဒို-ပစိဖိတ်ဒေသတွင်း နိုင်ငံတွေနဲ့ ဆက်ဆံရေး ပိုကောင်းအောင်ကြိုးစားနေတဲ့ အမေရိကန်အစိုးရက မြန်မာ့အရေးအတွက်လည်း အာဆီယံ ဘုံသဘောတူညီချက်တွေ လက်တွေ့ အကောင်အထည် ဖေါ်လာစေဖို့ တွန်းအားပေးနေသလို အခု ပထမဆုံးအကြိမ် ဝါရှင်တန်ဒီစီမှာ သမ္မတဂျိုးဘိုင်ဒန်က အာဆီယံခေါင်းဆောင်တွေကို ဖိတ်ကြားဆွေးနွေးတဲ့ပွဲမှာလည်း မြန်မာစစ်အာဏာပိုင်တွေကို တက်ရောက်ခွင့် မပေးဘဲ၊ မြန်မာနေရာမှာ ခုံအလွတ်ချထားဖို့ အာဆီယံခေါင်းဆောင်တွေနဲ့ အတူ သဘောတူခဲ့တာ ဖြစ်ပါတယ်။

အာဆီယံအနေနဲ့ မနှစ်က အချက် ၅ ချက်ပါဘုံသဘောတူညီချက် ရခဲ့တာက လွဲပြီး မြန်မာစစ်ကောင်စီရဲ့ လူ့အခွင့်ရေး ချိုးဖေါက်နေမှုတွေနဲ့ ပတ်သက်ပြီး တစုံတရာတိုးတက်အောင် မလုပ်နိုင်တာကိုအမေရိကန်တာဝန်ရှိသူတွေက စိတ်ပျက်နေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG