သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အေမရိကန္-အာဆီယံ ထိပ္သီးအစည္းအေဝးမွာ ျမန္မာ့အေရး အေလးထားဖို႔ တက္ႂကြသူေတြတိုက္တြန္း


Biden US ASEAN (မွတ္တမ္းဓါတ္ပုံ)

အေမရိကန္ - အာဆီယံ အထူး ထိပ္သီး အစည္းအေ၀း က်င္းပဖို႔ ရွိေနခ်ိန္မွာဘဲ ျမန္မာႏိုင္ငံက စစ္အာဏာသိမ္းမႈ အပါအ၀င္ အာဆီယံ ေဒသတြင္း လူ႔အခြင့္အေရးနဲ႔ ဒီမိုကေရစီေရး ယိုယြင္းက်ဆင္းမႈေတြကို အေမရိကန္ဘက္က ေ၀ဖန္ေျပာဆိုဖို႔ အခြင့္အေရး လႈပ္ရွားမႈ အဖြဲ႔ HRW က တိုက္တြန္းပါတယ္။ မသိဂၤ ီထိုက္ တင္ျပေပးပါမယ္။

အေမရိကန္-အာဆီယံ ထိပ္သီးအစည္းအေဝးမွာ ျမန္မာ့အေရး အေလးထားဖို႔ တက္ႂကြသူေတြတိုက္တြန္း

{{Zawgyi/Unicode}}

အေမရိကန္ - အာဆီယံ အထူး ထိပ္သီး အစည္းအေ၀း က်င္းပဖို႔ ရွိေနခ်ိန္မွာဘဲ ျမန္မာႏိုင္ငံက စစ္အာဏာသိမ္းမႈ အပါအ၀င္ အာဆီယံ ေဒသတြင္း လူ႔အခြင့္အေရးနဲ႔ ဒီမိုကေရစီေရး ယိုယြင္းက်ဆင္းမႈေတြကို အေမရိကန္ဘက္က ပြင့္ပြင့္လင္းလင္း ေ၀ဖန္ေျပာဆိုဖို႔ အခြင့္အေရး လႈပ္ရွားမႈ အဖြဲ႔ HRW က တိုက္တြန္းပါတယ္။ အေမရိကန္ အာဆီယံ အထူးထိပ္သီး အစည္းအေ၀းမွာေတာ့ ျမန္မာ့ အေရးနဲ႔ ပတ္သက္လို႔ စာနာမႈ အကူအညီေပးေရးနဲ႔ အာဆီယံရဲ႕ ျမန္မာ ဆိုင္ရာ ဘံုသေဘာတူညီခ်က္ေတြကိုသာ ေဆြးေႏြးဖြယ္ ရွိတယ္လို႔လည္း သံုးသပ္သူ တခ်ိဳ႕က ယူဆၾကပါတယ္။ မသိဂၤ ီထိုက္ တင္ျပေပးပါမယ္။

အေမရိကန္ - အာဆီယံ အထူး ထိပ္သီး အစည္းအေ၀းကိုေတာ့ ေမလ ၁၂ ရက္ေန႔မွာ ၾကာသပေတးေန႔မွာ စတင္ က်င္းပဖို႔ ရွိေနခ်ိန္မွာဘဲ လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရး အဖြဲ႔ HRW က ျမန္မာ႔ စစ္အာဏာသိမ္းမႈ အပါအ၀င္ အာဆီယံ ေဒသတြင္း လူ႔အခြင့္အေရးနဲ႔ ဒီမိုကေရစီ အေရး ယိုယြင္းက်ဆင္းမႈေတြကို ပြင့္ပြင့္လင္းလင္း ေ၀ဖန္ ေထာက္ျပမႈ မရွိဘူးဆိုရင္ေတာ့ အာဏာရွင္ ေခါင္းေဆာင္ေတြကို ရဲေဆးတင္ေပးသလို ျဖစ္ေစမယ္လို႔ အေမရိကန္ သမၼတ Joe Biden ထံကို ေပးစာ တေစာင္ ေပးပို႔လိုက္ပါတယ္။ ျမန္မာႏိုင္ငံတြင္း စစ္အာဏာသိမ္းမႈေနာက္ ေပၚလာတဲ႔ ျပသနာေတြကို ေျဖရွင္းႏိုင္ေရး ခ်မွတ္ထားတဲ႔ အာဆီယံရဲ႕ ဘံုသေဘာတူညီခ်က္ ၅ ရပ္ဟာလည္း အခုအခ်ိန္ထိ ထိထိေရာက္ေရာက္ အေကာင္အထည္ မေပၚေသးတာကို ေထာက္ျပၿပီး အလုပ္မျဖစ္တဲ႔ အာဆီယံရဲ႕ ဘံုသေဘာတူညီခ်က္ ၅ ရပ္ကို အာဆီယံဘက္က စြန္႔လႊတ္ဖို႔ အေမရိကန္က တိုက္တြန္းဖို႔လည္း HRW က တိုက္တြန္းထားပါတယ္။ အေမရိကန္ - အာဆီယံ အထူးထိပ္သီး အစည္းအေ၀းကေန အမ်ိဳးသား ညီၫြတ္ေရး အစိုးရ NUG ရဲ႕ အာဆီယံဆိုင္ရာ သံအမတ္ႀကီး ဦးဘုိလွတင့္ကေတာ့ အထူးထိပ္သီး ေဆြးေႏြးပြဲမွာ ျမန္မာ့ အေရး ေဆြးေႏြးဖို႔ တိုက္တြန္းထားေၾကာင္း ဗြီအိုေအကို ေျပာပါတယ္။

“ က်ေနာ္တို႔ ေဒသ အေတာ္အတြင္းမွာ ဒီ လူ႔အခြင့္အေရးေတြကို အာဆီယံ ေခါင္းေဆာင္မႈနဲ႔ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ားနဲ႔ လူသားခ်င္း စာနာေထာက္ထားမႈ ဆိုင္ရာ ပဋိပကၡမ်ားကို အေမရိကန္ ျပည္ေထာင္စု ကေရာ အာဆီယံ ေခါင္းေဆာင္မႈကေရာ ဒါကို လစ္လ်ဴရႈတဲ႔ သေဘာမ်ိဳး သက္ေရာက္ေစႏိုင္တာ ျဖစ္တဲ႔ အတြက္ေတာ့ က်ေနာ္တို႔ကေတာ့ ဒီ အစည္းအေ၀းႀကီးကေန ျမန္မာႏိုင္ငံ အေရးကိစၥတင္ မကဘူး က်ေနာ္တို႔ အေရွ႕ေတာင္ အာရွ ေဒသ အေတာအတြင္းမွာ ျဖစ္ေနတဲ႔ ဆိုးရြားတဲ႔ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ အားလံုး ဒီမိုကေရစီကို ဆန္႔က်င္ၿပီးေတာ့ အာဏာရွင္ေတြက လုပ္ခ်င္တိုင္း လုပ္ေနတဲ႔ ကိစၥ အားလံုးကို ေလးေလးနက္နက္ ေဆြးေႏြးေပးဖို႔ က်ေနာ္တို႔က ေတာင္းဆိုထားပါတယ္။ ”

အာဆီယံ ထိပ္သီးေဆြးေႏြးေႏြးပြဲမွာ ျမန္မာ စစ္ေကာင္စီ ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ကို ခ်န္လွပ္ထားဖို႔ ၿပီးခဲ႔တဲ႔ႏွစ္က ဆံုးျဖတ္ခ်က္ အတိုင္း အာဆီယံက မေျပာင္းမလဲ ဆက္လက္ထားရွိထားတယ္လို႔ ၀ါရွင္တန္ ဒီစီအေျခစုိက္ ႏုိင္ငံတကာမဟာဗ်ဴဟာေလ့လာေရးဌာန IISS က အေရွ႕ေတာင္အာရွေရးရာ ကၽြမ္းက်င္သူ Arron Connelly က ဗြီအိုေအကို ေျပာပါတယ္။ အထူးထိပ္သီး စည္းေ၀းပြဲ အတြင္း ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈေၾကာင့္ ျဖစ္လာတဲ႔ ႏိုင္ငံေရး အက်ပ္အတည္းေတြ အေရး ပါ၀င္ႏိုင္ေပမယ့္လည္း ထူးျခားတဲ႔ ရလဒ္မ်ိဳး ထြက္လာဖို႔ အလားအလာကိုေတာ့ သူက အခုလို ေျပာပါတယ္။

“ထိပ္သီးအစည္းအေ၀းမွာ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို႔ တိုးတက္မႈေတြ ရလိမ့္မယ္လို႔ မထင္ပါဘူး။ ၿပီးခဲ့တဲ့ႏွစ္ထဲ ခ်မွတ္ခဲ့ၿပီး၊ အာဆီယံက တိုးတက္မႈ မယ္မယ္ရရ မလုပ္ႏိုင္ခဲ့တဲ့ ေ၀ဝါးလြန္းတဲ့ ဘုံသေဘာတူညီခ်က္ ၅ ရပ္ထက္ ေက်ာ္လြန္ၿပီး ျမန္မာႏိုင္ငံမွာ လုပ္သင့္လုပ္ထိ္ုက္တဲ့ ကိစၥေတြမွာ အာဆီယံ အဖဲြ႕၀င္ ေတာ္ေတာ္မ်ားမ်ားနဲ႔ အေမရိကန္ၾကား သေဘာထား သိပ္တိုက္ဆိုင္ၾကမယ္ မထင္ပါဘူး။”

အေမရိကန္ အာဆီယံ အထူးထိပ္သီးေဆြးေႏြးပြဲကေန ျမန္မာ့ အေရး ေမွ်ာ္လင့္ႏိုင္စရာ နဲ႔ ပတ္သက္လို႔ အေမရိကန္ျငိမ္းခ်မ္းေရးအင္စတီက်ဴ USIP ရဲ႕ အေရွ႕ေတာင္ အာရွ ဆိုင္ရာ အႀကီးတန္း ကြ်မ္းက်င္သူ Brian Harding က ေမလ ၉ ရက္ေန႔မွာ ေဆာင္းပါး တပုဒ္ေရးပါတယ္။ ထိပ္သီး ေဆြးေႏြးပြဲမွာ ေဆြးေႏြးမယ့္ အေၾကာင္းအရာ အမ်ားအျပားကေတာ့ အေမရိကန္ - အာဆီယံၾကား ပိုၿပီးနီးကပ္တဲ႔ ပူးေပါင္းေဆာင္ရြက္မႈ အတြက္ ႏိုင္ငံေရးနဲ႔ မဆိုင္တဲ႔ အေၾကာင္းအရာေတြျဖစ္တဲ႔ သန္႔စင္တဲ႔စြမ္းအင္၊ က်န္းမာေရး နဲ႔ ဒီဂ်စ္တယ္ စီးပြားေရး တို႔လို ကိစၥေတြ ျဖစ္ၿပီး ျမန္မာႏိုင္ငံတြင္း အေျခအေနေတြ ယိုယြင္းက်ဆင္းမႈ အေၾကာင္းကိုလည္း ေဆြးေႏြးၾကမယ္လို႔ အေမရိကန္ျငိမ္းခ်မ္းေရးအင္စတီက်ဴ USIP ရဲ႕ အေရွ႕ေတာင္ အာရွ ဆိုင္ရာ အႀကီးတန္း ကြ်မ္းက်င္သူ Brian Harding က ေဆာင္းပါးမွာ ေရးပါတယ္။

ျမန္မာ့ အေျခအေနနဲ႔ ပတ္သက္ၿပီး အာဆီယံ ေခါင္းေဆာင္ အမ်ားအျပား စိတ္တိုင္းမက် ျဖစ္ေနတာကို ေတြ႕ရမွာ ျဖစ္သလိုဘဲ အဖြဲ႔၀င္ ႏိုင္ငံေတြရဲ႕ ျပည္တြင္းေရး ၀င္မစြက္ဖက္ေရးဆိုင္တဲ႔ အာဆီယံရဲ႕စံႏႈန္းကလည္း ရွိေနတာေၾကာင့္ ျမန္မာ စစ္ေကာင္စီကို ခ်န္လွပ္ထားေရး ဒါမွမဟုတ္လည္း ဖိအားေပးေရး အတြက္ စိတ္အားထက္သန္မႈကေတာ့ အာဆီယံ ထိပ္သီးေတြၾကားမွာ နက္နက္နဲနဲ သေဘာထားကြဲေနတာကိုလည္း အေမရိကန္ သမၼတ Joe Biden အေနနဲ႔ ေတြ႕ရမယ္လို႔လည္း သူက ေဆာင္းပါးမွာ ေရးသားပါတယ္။

စစ္ေကာင္စီရဲ႕ မလိုက္ေလ်ာမႈ အေပၚမွာ ပိုၿပီး စိတ္မသက္မသာ ျဖစ္လာေနၾကၿပီး ျမန္မာ ေခါင္းေဆာင္ေတြကို ခ်န္လွပ္ထားဖို႔နဲ႔ အမ်ိဳးသား ညီၫြတ္ေရး အစိုးရနဲ႔ ထိေတြ႕ဆက္ဆံေရးတို႔ကို ေျပာဆိုလာတဲ႔ အင္ဒိုနီးရွား၊ မေလးရွားနဲ႔ စကာၤပူ ေခါင္းေဆာင္ေတြနဲ႔ေတာ့ သမၼတ Biden အေနနဲ႔ ဘံုသေဘာထား ရွိႏိုင္ေပမယ့္လည္း ကေမ ၻာဒီးယား၊ ဗီယက္နမ္၊ လာအိုနဲ႔ ထိုင္းႏိုင္ငံတို႔နဲ႔ေတာ့ သမၼတ Biden တို႔ သေဘာထား မတူညီမႈနဲ႔ ၾကံဳရလိမ့္မယ္လို႔လည္း သူက သံုးသပ္ထားပါတယ္။ သံတမန္ေရး အရ ထူးထူးျခားျခား ျဖစ္ထြန္းမႈ ထြက္လာဖို႔ အလားအလာ ေမွးမွိန္ေနတာနဲ႔ အတူဘဲ အေမရိကန္ သမၼတ Biden အေနနဲ႔ကေတာ့ အမ်ိဳးသား ညီၫြတ္ေရး အစိုးရနဲ႔ ပိုၿပီး ထိေတြ႕ဆက္ဆံေရးနဲ႔ ျမန္မာႏိုင္ငံကို လူသားခ်င္း စာနာမႈ အကူအညီေတြ ေပးပို႔ေရး မူေဘာင္တရပ္ ခ်မွတ္ေရးကို အာရံုစိုက္မယ့္ အေနအထားပါလို႔လည္း သူက သံုးသပ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

...........................................

အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေး အလေးထားဖို့ တက်ကြွသူတွေတိုက်တွန်း

{{Unicode}}

အမေရိကန် - အာဆီယံ အထူး ထိပ်သီး အစည်းအဝေး ကျင်းပဖို့ ရှိနေချိန်မှာဘဲ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှု အပါအဝင် အာဆီယံ ဒေသတွင်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး ယိုယွင်းကျဆင်းမှုတွေကို အမေရိကန်ဘက်က ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုဖို့ အခွင့်အရေး လှုပ်ရှားမှု အဖွဲ့ HRW က တိုက်တွန်းပါတယ်။ အမေရိကန် အာဆီယံ အထူးထိပ်သီး အစည်းအဝေးမှာတော့ မြန်မာ့ အရေးနဲ့ ပတ်သက်လို့ စာနာမှု အကူအညီပေးရေးနဲ့ အာဆီယံရဲ့ မြန်မာ ဆိုင်ရာ ဘုံသဘောတူညီချက်တွေကိုသာ ဆွေးနွေးဖွယ် ရှိတယ်လို့လည်း သုံးသပ်သူ တချို့က ယူဆကြပါတယ်။ မသိင်္ဂ ီထိုက် တင်ပြပေးပါမယ်။

အမေရိကန် - အာဆီယံ အထူး ထိပ်သီး အစည်းအဝေးကိုတော့ မေလ ၁၂ ရက်နေ့မှာ ကြာသပတေးနေ့မှာ စတင် ကျင်းပဖို့ ရှိနေချိန်မှာဘဲ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ HRW က မြန်မာ့ စစ်အာဏာသိမ်းမှု အပါအဝင် အာဆီယံ ဒေသတွင်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အရေး ယိုယွင်းကျဆင်းမှုတွေကို ပွင့်ပွင့်လင်းလင်း ဝေဖန် ထောက်ပြမှု မရှိဘူးဆိုရင်တော့ အာဏာရှင် ခေါင်းဆောင်တွေကို ရဲဆေးတင်ပေးသလို ဖြစ်စေမယ်လို့ အမေရိကန် သမ္မတ Joe Biden ထံကို ပေးစာ တစောင် ပေးပို့လိုက်ပါတယ်။ မြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်းမှုနောက် ပေါ်လာတဲ့ ပြသနာတွေကို ဖြေရှင်းနိုင်ရေး ချမှတ်ထားတဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ဟာလည်း အခုအချိန်ထိ ထိထိရောက်ရောက် အကောင်အထည် မပေါ်သေးတာကို ထောက်ပြပြီး အလုပ်မဖြစ်တဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အာဆီယံဘက်က စွန့်လွှတ်ဖို့ အမေရိကန်က တိုက်တွန်းဖို့လည်း HRW က တိုက်တွန်းထားပါတယ်။ အမေရိကန် - အာဆီယံ အထူးထိပ်သီး အစည်းအဝေးကနေ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ရဲ့ အာဆီယံဆိုင်ရာ သံအမတ်ကြီး ဦးဘိုလှတင့်ကတော့ အထူးထိပ်သီး ဆွေးနွေးပွဲမှာ မြန်မာ့ အရေး ဆွေးနွေးဖို့ တိုက်တွန်းထားကြောင်း ဗွီအိုအေကို ပြောပါတယ်။

“ ကျနော်တို့ ဒေသ အတော်အတွင်းမှာ ဒီ လူ့အခွင့်အရေးတွေကို အာဆီယံ ခေါင်းဆောင်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများနဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ပဋိပက္ခများကို အမေရိကန် ပြည်ထောင်စု ကရော အာဆီယံ ခေါင်းဆောင်မှုကရော ဒါကို လစ်လျူရှုတဲ့ သဘောမျိုး သက်ရောက်စေနိုင်တာ ဖြစ်တဲ့ အတွက်တော့ ကျနော်တို့ကတော့ ဒီ အစည်းအဝေးကြီးကနေ မြန်မာနိုင်ငံ အရေးကိစ္စတင် မကဘူး ကျနော်တို့ အရှေ့တောင် အာရှ ဒေသ အတောအတွင်းမှာ ဖြစ်နေတဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အားလုံး ဒီမိုကရေစီကို ဆန့်ကျင်ပြီးတော့ အာဏာရှင်တွေက လုပ်ချင်တိုင်း လုပ်နေတဲ့ ကိစ္စ အားလုံးကို လေးလေးနက်နက် ဆွေးနွေးပေးဖို့ ကျနော်တို့က တောင်းဆိုထားပါတယ်။ ”

အာဆီယံ ထိပ်သီးဆွေးနွေးနွေးပွဲမှာ မြန်မာ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ချန်လှပ်ထားဖို့ ပြီးခဲ့တဲ့နှစ်က ဆုံးဖြတ်ချက် အတိုင်း အာဆီယံက မပြောင်းမလဲ ဆက်လက်ထားရှိထားတယ်လို့ ဝါရှင်တန် ဒီစီအခြေစိုက် နိုင်ငံတကာမဟာဗျူဟာလေ့လာရေးဌာန IISS က အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူ Arron Connelly က ဗွီအိုအေကို ပြောပါတယ်။ အထူးထိပ်သီး စည်းဝေးပွဲ အတွင်း မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာတဲ့ နိုင်ငံရေး အကျပ်အတည်းတွေ အရေး ပါဝင်နိုင်ပေမယ့်လည်း ထူးခြားတဲ့ ရလဒ်မျိုး ထွက်လာဖို့ အလားအလာကိုတော့ သူက အခုလို ပြောပါတယ်။

“ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တိုးတက်မှုတွေ ရလိမ့်မယ်လို့ မထင်ပါဘူး။ ပြီးခဲ့တဲ့နှစ်ထဲ ချမှတ်ခဲ့ပြီး၊ အာဆီယံက တိုးတက်မှု မယ်မယ်ရရ မလုပ်နိုင်ခဲ့တဲ့ ဝေဝါးလွန်းတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ထက် ကျော်လွန်ပြီး မြန်မာနိုင်ငံမှာ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတွေမှာ အာဆီယံ အဖွဲ့ဝင် တော်တော်များများနဲ့ အမေရိကန်ကြား သဘောထား သိပ်တိုက်ဆိုင်ကြမယ် မထင်ပါဘူး။”

အမေရိကန် အာဆီယံ အထူးထိပ်သီးဆွေးနွေးပွဲကနေ မြန်မာ့ အရေး မျှော်လင့်နိုင်စရာ နဲ့ ပတ်သက်လို့ အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျူ USIP ရဲ့ အရှေ့တောင် အာရှ ဆိုင်ရာ အကြီးတန်း ကျွမ်းကျင်သူ Brian Harding က မေလ ၉ ရက်နေ့မှာ ဆောင်းပါး တပုဒ်ရေးပါတယ်။ ထိပ်သီး ဆွေးနွေးပွဲမှာ ဆွေးနွေးမယ့် အကြောင်းအရာ အများအပြားကတော့ အမေရိကန် - အာဆီယံကြား ပိုပြီးနီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှု အတွက် နိုင်ငံရေးနဲ့ မဆိုင်တဲ့ အကြောင်းအရာတွေဖြစ်တဲ့ သန့်စင်တဲ့စွမ်းအင်၊ ကျန်းမာရေး နဲ့ ဒီဂျစ်တယ် စီးပွားရေး တို့လို ကိစ္စတွေ ဖြစ်ပြီး မြန်မာနိုင်ငံတွင်း အခြေအနေတွေ ယိုယွင်းကျဆင်းမှု အကြောင်းကိုလည်း ဆွေးနွေးကြမယ်လို့ အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျူ USIP ရဲ့ အရှေ့တောင် အာရှ ဆိုင်ရာ အကြီးတန်း ကျွမ်းကျင်သူ Brian Harding က ဆောင်းပါးမှာ ရေးပါတယ်။

မြန်မာ့ အခြေအနေနဲ့ ပတ်သက်ပြီး အာဆီယံ ခေါင်းဆောင် အများအပြား စိတ်တိုင်းမကျ ဖြစ်နေတာကို တွေ့ရမှာ ဖြစ်သလိုဘဲ အဖွဲ့ဝင် နိုင်ငံတွေရဲ့ ပြည်တွင်းရေး ဝင်မစွက်ဖက်ရေးဆိုင်တဲ့ အာဆီယံရဲ့စံနှုန်းကလည်း ရှိနေတာကြောင့် မြန်မာ စစ်ကောင်စီကို ချန်လှပ်ထားရေး ဒါမှမဟုတ်လည်း ဖိအားပေးရေး အတွက် စိတ်အားထက်သန်မှုကတော့ အာဆီယံ ထိပ်သီးတွေကြားမှာ နက်နက်နဲနဲ သဘောထားကွဲနေတာကိုလည်း အမေရိကန် သမ္မတ Joe Biden အနေနဲ့ တွေ့ရမယ်လို့လည်း သူက ဆောင်းပါးမှာ ရေးသားပါတယ်။

စစ်ကောင်စီရဲ့ မလိုက်လျောမှု အပေါ်မှာ ပိုပြီး စိတ်မသက်မသာ ဖြစ်လာနေကြပြီး မြန်မာ ခေါင်းဆောင်တွေကို ချန်လှပ်ထားဖို့နဲ့ အမျိုးသား ညီညွတ်ရေး အစိုးရနဲ့ ထိတွေ့ဆက်ဆံရေးတို့ကို ပြောဆိုလာတဲ့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ စကာၤပူ ခေါင်းဆောင်တွေနဲ့တော့ သမ္မတ Biden အနေနဲ့ ဘုံသဘောထား ရှိနိုင်ပေမယ့်လည်း ကမေ ္ဘာဒီးယား၊ ဗီယက်နမ်၊ လာအိုနဲ့ ထိုင်းနိုင်ငံတို့နဲ့တော့ သမ္မတ Biden တို့ သဘောထား မတူညီမှုနဲ့ ကြုံရလိမ့်မယ်လို့လည်း သူက သုံးသပ်ထားပါတယ်။ သံတမန်ရေး အရ ထူးထူးခြားခြား ဖြစ်ထွန်းမှု ထွက်လာဖို့ အလားအလာ မှေးမှိန်နေတာနဲ့ အတူဘဲ အမေရိကန် သမ္မတ Biden အနေနဲ့ကတော့ အမျိုးသား ညီညွတ်ရေး အစိုးရနဲ့ ပိုပြီး ထိတွေ့ဆက်ဆံရေးနဲ့ မြန်မာနိုင်ငံကို လူသားချင်း စာနာမှု အကူအညီတွေ ပေးပို့ရေး မူဘောင်တရပ် ချမှတ်ရေးကို အာရုံစိုက်မယ့် အနေအထားပါလို့လည်း သူက သုံးသပ်ပါတယ်။

XS
SM
MD
LG