သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖော်ရေး အမေရိကန်ထောက်ခံ


Ned Price
Ned Price

မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖော်ရေး အမေရိကန်ထောက်ခံ

{{Zawgyi/Unicode}}
စစ်ကောင်စီကို ဖိအားပေးရေး၊ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့်အ၀ အကောင်အထည် ဖော်နိုင်ရေး အာဆီယံရဲ့ အရေးပေါ် ကြိုးပမ်း ဆောင်ရွက်မှုတွေ အပေါ်မှာ အမေရိကန်က ဆက်လက် ထောက်ခံကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရက အင်္ဂါနေ့မှာ ပြောဆိုပါတယ်။

အာဆီယံရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် အနေနဲ့ အနှစ်သာရရှိရှိ မြန်မာနိုင်ငံကို ချက်ချင်း သွားရောက်ရေးနဲ့ ဒီမိုကရေစီ လိုလားတဲ့ လှုပ်ရှားမှုတွေက ကိုယ်စားလှယ်တွေ အပါအဝင် သက်ဆိုင်သူ အားလုံးနဲ့ ဆွေးနွေးနိုင်ရေး ဆောင်ရွက်ပေးဖို့လည်း ပါဝင်ကြောင်း သူက ပြောဆိုပါတယ်။

မြန်မာ့ အရေး အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီဘက်က အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေပြီး မြန်မာ ပြည်သူတွေ အပေါ်မှာ ဆက်လက် ဖိနှိပ်၊ အကြမ်းဖက်မှုတွေ ဆက်လုပ်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Ned Price က သတင်းစာရှင်းလင်းပွဲ အတွင်း သတင်းထောက်တွေကို ဖြေကြားခဲ့တာပါ။

မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ရေး အတွက် အမေရိကန်နဲ့ အာဆီယံ ပူးပေါင်းဆောင်ရွက်မှုက အဓိက ကျတယ်လို့လည်း သူက ပြောပါတယ်။ မြန်မာ့ အရေးဟာ လာမယ့် အမေရိကန် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲမှာ ဆွေးနွေးစရာ ကိစ္စ တခု အဖြစ် သေချာပေါက် ရှိမယ်လို့ သူ ခန့်မှန်းကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

............................................


{{Zawgyi/Unicode}}




XS
SM
MD
LG