သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္-အာဆီယံ ထိပ္သီးစည္းေဝးပြဲမွာ စီးပြားေရးကိစၥ ဦးစားေပးေဆြးေႏြးမည္ (ထိုင္းဝန္ႀကီးခ်ဳပ္)


ထိုင္းႏိုင္ငံဝန္ႀကီးခ်ဳပ္ Prayut Chan-o-cha. (ေဖေဖာ္ဝါရီ ၂၅၊ ၂၀၂၂)

(Zawgyi / Unicode)

ဒီအပတ္ထဲမွာက်င္းပမယ့္ အေမရိကန္-အာဆီယံ ထိပ္သီးအစည္းအေဝးမွာ ကပ္ေဘးအလြန္ စီးပြားေရး နာလန္ထေရးကို ထိုင္းႏိုင္ငံဝန္ႀကီးခ်ဳပ္က အဓိကထား ေဆြးေႏြးမွာ ျဖစ္ပါတယ္။

ေမလ ၁၂ ရက္နဲ႔ ၁၃ ရက္ေန႔ေတြမွာ က်င္းပမယ့္ ထိပ္သီးအစည္းအေဝးကို ဝန္ႀကီးခ်ဳပ္ တက္ေရာက္တာေၾကာင့္ အာဆီယံရဲ႕ စီးပြားေရးကို ျပန္နာလန္ထ တိုးတက္ေစလိမ့္မယ္လို႔ ထိုင္းႏိုင္ငံအစိုးရ ေျပာေရးဆိုခြင့္ရွိသူ Thanakorn Wangboonkongchana က တနဂၤေႏြေန႔က ေျပာေၾကာင္း ထိုင္းႏိုင္ငံအေျခစိုက္ The Nation သတင္းစာႀကီးက ဆိုပါတယ္။

လူကိုယ္တိုင္တက္ေရာက္ၾကမယ့္ ဒီထိပ္သီးအစည္းအေဝးမွာ အာဏာသိမ္းၿပီး ေနာက္ပိုင္း ျမန္မာႏိုင္ငံရဲ႕ အက်ပ္အတည္းနဲ႔ ႐ုရွား-ယူကရိန္း စစ္ပြဲေတြ အေၾကာင္းလည္း ပါဝင္မွာ ျဖစ္ပါတယ္။ ေတာင္တ႐ုတ္ပင္လယ္ျပင္ကိစၥလည္း ေဆြးေႏြးပြဲမွာ ပါလာစရာအေၾကာင္းရွိတယ္လို႔ ယူဆၾကပါတယ္။

ျမန္မာ့အက်ပ္အတည္းကို ေျဖရွင္းဖို႔အတြက္ အခ်က္ ၅ ခ်က္ပါ သေဘာတူညီခ်က္ကို အာဆီယံက ခ်မွတ္ခဲ့ေပမဲ့ တိုးတက္မႈ မရရွိခဲ့တာေၾကာင့္ ျမန္မာ့အက်ပ္အတည္းကို ေျဖရွင္းရာမွာ အာဆီယံက ဗဟိုခ်က္မျဖစ္တယ္ဆိုတဲ့ အျမင္ကို ဆက္လက္စြဲကိုင္ေရး အေပၚ ၿခိမ္းေျခာက္လာတယ္လို႔ Tha Nation သတင္းစာက ေျပာပါတယ္။

ကိုဗစ္ကပ္ေဘး ရင္ဆိုင္ေရးအတြက္ အေမရိကန္က အာဆီယံကို အေမရိကန္ေဒၚလာ သန္း ၂၀၀ ေက်ာ္နဲ႔ ကာကြယ္ေဆးအလုံးေပါင္း ၉၁ သန္း ကူညီခဲ့ပါတယ္။ ဒီအစည္းအေဝးဟာ အေမရိကန္-အာဆီယံ ဆက္ဆံ‌ေရး ၄၅ ႏွစ္ေျမာက္လည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------------

(Unicode)

ကန်-အာဆီယံ ထိပ်သီးစည်းဝေးပွဲမှာ စီးပွားရေးကိစ္စ ဦးစားပေးဆွေးနွေးမည် (ထိုင်းဝန်ကြီးချုပ်)

ဒီအပတ်ထဲမှာကျင်းပမယ့် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ကပ်ဘေးအလွန် စီးပွားရေး နာလန်ထရေးကို ထိုင်းနိုင်ငံဝန်ကြီးချုပ်က အဓိကထား ဆွေးနွေးမှာ ဖြစ်ပါတယ်။

မေလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးကို ဝန်ကြီးချုပ် တက်ရောက်တာကြောင့် အာဆီယံရဲ့ စီးပွားရေးကို ပြန်နာလန်ထ တိုးတက်စေလိမ့်မယ်လို့ ထိုင်းနိုင်ငံအစိုးရ ပြောရေးဆိုခွင့်ရှိသူ Thanakorn Wangboonkongchana က တနင်္ဂနွေနေ့က ပြောကြောင်း ထိုင်းနိုင်ငံအခြေစိုက် The Nation သတင်းစာကြီးက ဆိုပါတယ်။

လူကိုယ်တိုင်တက်ရောက်ကြမယ့် ဒီထိပ်သီးအစည်းအဝေးမှာ အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံရဲ့ အကျပ်အတည်းနဲ့ ရုရှား-ယူကရိန်း စစ်ပွဲတွေ အကြောင်းလည်း ပါဝင်မှာ ဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်ပြင်ကိစ္စလည်း ဆွေးနွေးပွဲမှာ ပါလာစရာအကြောင်းရှိတယ်လို့ ယူဆကြပါတယ်။

မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် အချက် ၅ ချက်ပါ သဘောတူညီချက်ကို အာဆီယံက ချမှတ်ခဲ့ပေမဲ့ တိုးတက်မှု မရရှိခဲ့တာကြောင့် မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရာမှာ အာဆီယံက ဗဟိုချက်မဖြစ်တယ်ဆိုတဲ့ အမြင်ကို ဆက်လက်စွဲကိုင်ရေး အပေါ် ခြိမ်းခြောက်လာတယ်လို့ Tha Nation သတင်းစာက ပြောပါတယ်။

ကိုဗစ်ကပ်ဘေး ရင်ဆိုင်ရေးအတွက် အမေရိကန်က အာဆီယံကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်နဲ့ ကာကွယ်ဆေးအလုံးပေါင်း ၉၁ သန်း ကူညီခဲ့ပါတယ်။ ဒီအစည်းအဝေးဟာ အမေရိကန်-အာဆီယံ ဆက်ဆံ‌ရေး ၄၅ နှစ်မြောက်လည်း ဖြစ်ပါတယ်။

XS
SM
MD
LG