သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီဦးေဆာင္မည့္ အာဆီယံ စာနာမႈအကူအညီ အစီအစဥ္ကို စိတ္ပ်က္မိ (NUG)


အာဆီယံ စာနာမႈအကူအညီနဲ႔ ပတ္သက္ၿပီး NUG ထုတ္ျပန္ခ်က္။ (ေမ ၇၊ ၂၀၂၂)

(Zawgyi / Unicode)

အာဆီယံ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေပးေရး အတိုင္ပင္ခံ အစည္းအေဝးကို အလြန္စိတ္ပ်က္မိၿပီး စိုးရိမ္မကင္းျဖစ္မိေၾကာင္း အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) က မေန႔ ေမလ ၇ ရက္ေန႔က ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။

အာဆီယံ လူသားခ်င္းစာနာေထာက္ထားေရး အကူအညီေပးေရး မူေဘာင္အတိုင္း အေကာင္အထည္ေဖာ္ဖို႔အတြက္ စစ္ေကာင္စီရဲ႕ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရးဝန္ႀကီး ဦးကိုကိုလႈိင္ ဦးေဆာင္တဲ့ ျမန္မာအလုပ္အဖြဲ႔ကို အဓိက ဦးေဆာင္အဖြဲ႔အျဖစ္ အာဆီယံက တာဝန္ေပးလိုက္တဲ့အတြက္ ခုလို ေၾကညာခ်က္ ထုတ္ျပန္လိုက္တာ ျဖစ္ပါတယ္။

ခုလိုလုပ္လိုက္တဲ့အတြက္ စစ္ေကာင္စီရဲ႕ ျမန္မာအလုပ္အဖြဲ႔ကပဲ ဘယ္တိုင္းနဲ႔ ျပည္နယ္ကို အကူအညီေပးမွာ ျဖစ္တယ္ဆိုတာ ေရြးခ်ယ္ႏိုင္ခြင့္ ရွိသြားမွာျဖစ္သလို ဘယ္အလွဴရွင္နဲ႔ အလုပ္လုပ္မယ္ ဆိုတာကိုလည္း ဆုံးျဖတ္ခြင့္ရရွိသြားမွာ ျဖစ္တဲ့အတြက္ အာဆီယံရဲ႕ လူသားခ်င္းစာနာေထာက္ထားေရး အကူအညီဟာ က်ဆုံးဖို႔ အႏၲရာယ္ ႀကီးမားလွတယ္လို႔ NUG ရဲ႕ ေၾကညာခ်က္မွာ ေျပာပါတယ္။

လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေတြကို ခြဲျခားေပးသြားမယ့္ အႏၲရာယ္၊ စစ္ေကာင္စီရဲ႕ အေျခခံအေဆာက္အအုံ အဖြဲ႔အစည္းေတြကို တရားဝင္ အသိအမွတ္ျပဳလိုက္တဲ့ အႏၲရာယ္၊ လူသားခ်င္းစာနာေထာက္ထားမႈကို ႏိုင္ငံေရးအျဖစ္ အသုံးခ်မယ့္ အႏၲရာယ္‌ေတြ ရွိေနတယ္လို႔လည္း အမ်ိဳးသားညီၫြတ္ေရးအစိုးရရဲ႕ ေၾကညာခ်က္က ေထာက္ျပလိုက္ပါတယ္။

အထူးသျဖင့္ တိုင္းရင္းသား လက္နက္ကိုင္ တပ္ဖြဲ႔ေတြကို စစ္ေကာင္စီရဲ႕ ၿငိမ္းခ်မ္းေရး ညႇိႏႈိင္းမႈေကာ္မတီနဲ႔ ေဆြးေႏြးဖို႔ အသုံးခ်လာမွာကို NUG က စိုးရိမ္ပါတယ္။

အမ်ိဳးမ်ိဳးေသာ လူသားခ်င္းစာနာေထာက္ထားေရး ေဒသခံအဖြဲ႔အစည္းမ်ား ကြန္ရက္ေတြနဲ႔ မူအေျခခံ ဆက္ဆံလုပ္ကိုင္ဖို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္က တိုက္တြန္းခဲ့တဲ့အတိုင္း ျပန္လည္စဥ္းစားၾကဖို႔ အာဆီယံေခါင္းေဆာင္ေတြနဲ႔ အလွဴရွင္ အဖြဲ႔အစည္းေတြကို NUG က တိုက္တြန္းလိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

စစ်ကောင်စီဦးဆောင်မည့် အာဆီယံ စာနာမှုအကူအညီ အစီအစဉ်ကို စိတ်ပျက်မိ (NUG)

အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အတိုင်ပင်ခံ အစည်းအဝေးကို အလွန်စိတ်ပျက်မိပြီး စိုးရိမ်မကင်းဖြစ်မိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မနေ့ မေလ ၇ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အာဆီယံ လူသားချင်းစာနာထောက်ထားရေး အကူအညီပေးရေး မူဘောင်အတိုင်း အကောင်အထည်ဖော်ဖို့အတွက် စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်တဲ့ မြန်မာအလုပ်အဖွဲ့ကို အဓိက ဦးဆောင်အဖွဲ့အဖြစ် အာဆီယံက တာဝန်ပေးလိုက်တဲ့အတွက် ခုလို ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ခုလိုလုပ်လိုက်တဲ့အတွက် စစ်ကောင်စီရဲ့ မြန်မာအလုပ်အဖွဲ့ကပဲ ဘယ်တိုင်းနဲ့ ပြည်နယ်ကို အကူအညီပေးမှာ ဖြစ်တယ်ဆိုတာ ရွေးချယ်နိုင်ခွင့် ရှိသွားမှာဖြစ်သလို ဘယ်အလှူရှင်နဲ့ အလုပ်လုပ်မယ် ဆိုတာကိုလည်း ဆုံးဖြတ်ခွင့်ရရှိသွားမှာ ဖြစ်တဲ့အတွက် အာဆီယံရဲ့ လူသားချင်းစာနာထောက်ထားရေး အကူအညီဟာ ကျဆုံးဖို့ အန္တရာယ် ကြီးမားလှတယ်လို့ NUG ရဲ့ ကြေညာချက်မှာ ပြောပါတယ်။

လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ခွဲခြားပေးသွားမယ့် အန္တရာယ်၊ စစ်ကောင်စီရဲ့ အခြေခံအဆောက်အအုံ အဖွဲ့အစည်းတွေကို တရားဝင် အသိအမှတ်ပြုလိုက်တဲ့ အန္တရာယ်၊ လူသားချင်းစာနာထောက်ထားမှုကို နိုင်ငံရေးအဖြစ် အသုံးချမယ့် အန္တရာယ်‌တွေ ရှိနေတယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြေညာချက်က ထောက်ပြလိုက်ပါတယ်။

အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ညှိနှိုင်းမှုကော်မတီနဲ့ ဆွေးနွေးဖို့ အသုံးချလာမှာကို NUG က စိုးရိမ်ပါတယ်။

အမျိုးမျိုးသော လူသားချင်းစာနာထောက်ထားရေး ဒေသခံအဖွဲ့အစည်းများ ကွန်ရက်တွေနဲ့ မူအခြေခံ ဆက်ဆံလုပ်ကိုင်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က တိုက်တွန်းခဲ့တဲ့အတိုင်း ပြန်လည်စဉ်းစားကြဖို့ အာဆီယံခေါင်းဆောင်တွေနဲ့ အလှူရှင် အဖွဲ့အစည်းတွေကို NUG က တိုက်တွန်းလိုက်ပါတယ်။

XS
SM
MD
LG