(Zawgyi / Unicode)
ေမလ ၆ ရက္ေန႔က ကေမာၻဒီးယားႏိုင္ငံ ဖႏြမ္းပင္ၿမိဳ႕မွာ က်င္းပတဲ့ ျမန္မာကို လူသားခ်င္း စာနာေထာက္ထားမႈ အကူအညီေပးေရး အာဆီယံအတိုင္ပင္ခံ အစည္းအေဝးမွာ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ကို မဖိတ္ၾကားခဲ့တဲ့အတြက္ အာဆီယံ လႊတ္ေတာ္အမတ္မ်ား လူ႔အခြင့္အေရးဆိုင္ရာ ဥကၠ႒ Charles Santiago က ျပင္းျပင္းထန္ထန္ ေဝဖန္လိုက္ပါတယ္။
ကုလသမဂၢ အထူးကိုယ္စားလွယ္ တက္ေရာက္ခြင့္မရတာဟာ အလြန႔္ကို ရွက္စရာေကာင္းတဲ့လုပ္ရပ္ ျဖစ္တယ္လို႔ မစၥတာ Charles Santiago က ေဝဖန္ေၾကာင္း Malaysiakini သတင္းစာမ်က္ႏွာက ဆိုပါတယ္။ Noeleen Heyzar ကို ဖိတ္ၾကားမွာကို ျမန္မာစစ္ေကာင္စီက ကန႔္ကြက္ခဲ့တာျဖစ္တယ္လို႔လည္း သတင္းက ေျပာပါတယ္။
ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္က ေမလ ၄ ရက္ေန႔ ေၾကညာခ်က္ထုတ္ခဲ့ရာမွာ ေဒသခံ လူသားခ်င္းစာနာေထာက္ထားေရး အဖြဲ႔အစည္းေတြနဲ႔ မူအေျခခံ ဆက္ဆံလုပ္ကိုင္ေရးကို ဦးစားေပးၾကဖို႔ ေျပာခဲ့တဲ့အတိုင္း အာဆီယံ ေခါင္းေဆာင္ေတြနဲ႔ အလွဴရွင္ႏိုင္ငံေတြ၊ အဖြဲ႔အအစည္းေတြက ျပန္လည္စဥ္းစားၾကဖို႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရကလည္း ေမလ ၇ ရက္ေန႔က ေၾကညာခ်က္ထုတ္ျပန္ တိုက္တြန္းလိုက္ပါတယ္။
ေဒသခံ အဖြဲ႔အစည္းေတြဟာ ႏိုင္ငံတကာ လူသားခ်င္းစာနာေထာက္ထားေရး ဥပေဒနဲ႔ မူေတြကို အျမင့္မားဆုံး ႐ိုေသေလးစားဖို႔ လိုတယ္လို႔လည္း ကုလသမဂၢ အထူးကိုယ္စားလွယ္ရဲ႕ အဲဒီေၾကညာခ်က္က ဆိုပါတယ္။
ႏိုင္ငံေရးရည္ရြယ္ခ်က္အတြက္ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေတြကို အသုံးမခ်ဖို႔ အေရးတႀကီး လိုအပ္သလို အကူအညီေပးတာေၾကာင့္ စစ္ေရး အေျခခံအေဆာက္အအုံေတြကို တရားဝင္ အသိအမွတ္ျပဳတာမ်ိဳးလည္း မျဖစ္ေစရဘူးလို႔ အဲဒီေၾကညာခ်က္က သတိေပးခဲ့ပါတယ္။
---------------------------------
(Unicode)
အာဆီယံစည်းဝေးပွဲ ကုလကိုယ်စားလှယ် မဖိတ်တဲ့အပေါ် အာဆီယံအမတ်များ လူ့အခွင့်အရေးဆိုင်ရာဖွဲ့ဥက္ကဋ္ဌ ဝေဖန်
မေလ ၆ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပတဲ့ မြန်မာကို လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး အာဆီယံအတိုင်ပင်ခံ အစည်းအဝေးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို မဖိတ်ကြားခဲ့တဲ့အတွက် အာဆီယံ လွှတ်တော်အမတ်များ လူ့အခွင့်အရေးဆိုင်ရာ ဥက္ကဋ္ဌ Charles Santiago က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တက်ရောက်ခွင့်မရတာဟာ အလွန့်ကို ရှက်စရာကောင်းတဲ့လုပ်ရပ် ဖြစ်တယ်လို့ မစ္စတာ Charles Santiago က ဝေဖန်ကြောင်း Malaysiakini သတင်းစာမျက်နှာက ဆိုပါတယ်။ Noeleen Heyzar ကို ဖိတ်ကြားမှာကို မြန်မာစစ်ကောင်စီက ကန့်ကွက်ခဲ့တာဖြစ်တယ်လို့လည်း သတင်းက ပြောပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က မေလ ၄ ရက်နေ့ ကြေညာချက်ထုတ်ခဲ့ရာမှာ ဒေသခံ လူသားချင်းစာနာထောက်ထားရေး အဖွဲ့အစည်းတွေနဲ့ မူအခြေခံ ဆက်ဆံလုပ်ကိုင်ရေးကို ဦးစားပေးကြဖို့ ပြောခဲ့တဲ့အတိုင်း အာဆီယံ ခေါင်းဆောင်တွေနဲ့ အလှူရှင်နိုင်ငံတွေ၊ အဖွဲ့အအစည်းတွေက ပြန်လည်စဉ်းစားကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရကလည်း မေလ ၇ ရက်နေ့က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
ဒေသခံ အဖွဲ့အစည်းတွေဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားရေး ဥပဒေနဲ့ မူတွေကို အမြင့်မားဆုံး ရိုသေလေးစားဖို့ လိုတယ်လို့လည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ အဲဒီကြေညာချက်က ဆိုပါတယ်။
နိုင်ငံရေးရည်ရွယ်ချက်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို အသုံးမချဖို့ အရေးတကြီး လိုအပ်သလို အကူအညီပေးတာကြောင့် စစ်ရေး အခြေခံအဆောက်အအုံတွေကို တရားဝင် အသိအမှတ်ပြုတာမျိုးလည်း မဖြစ်စေရဘူးလို့ အဲဒီကြေညာချက်က သတိပေးခဲ့ပါတယ်။