သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ထိပ္သီးအစည္းအေဝးမွာ ျမန္မာေနရာလြတ္ထားဖို႔ ကန္နဲ႔ အာဆီယံ သေဘာတူ 


အေမရိကန္သမၼတ Joe Biden အာဆီယံေခါင္းေဆာင္ေတြကို အိမ္ျဖဴေတာ္မွာ လက္ခံႀကိဳဆိုစဥ္ ေမလ ၁၂၊ ၂၀၂၂

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းခဲ့တဲ့ အေျခအေနေတြကို ျပသတဲ့အေနနဲ႔ ဝါရွင္တန္မွာ ၾကာသပေတးေန႔က စတင္လိုက္တဲ့ အေမရိကန္၊ အာဆီယံ ထိပ္သီးအစည္းအေ၀းမွာ ျမန္မာႏိုင္ငံအတြက္ ထိုင္ခုံေနရာ အလြတ္ထားဖို႔ ၂ ဖက္ေခါင္းေဆာင္ေတြ လက္ခံခဲ့ၾကတယ္လို႔ အေမရိကန္ အမ်ိဳးသား လံုျခံဳေရးေကာင္စီ ေျပာခြင့္ရက ေျပာဆို ပါတယ္။  

ထိပ္သီးအစည္းအေဝးမွာ ျမန္မာေနရာလြတ္ထားဖို႔ ကန္နဲ႔ အာဆီယံ သေဘာတူ

{{Zawgyi/Unicode}}
ျမန္မာႏိုင္ငံမွာ အရပ္သား အစိုးရကို ဖယ္ရွားၿပီး စစ္အာဏာသိမ္းခဲ့တဲ့ အေျခအေနေတြကို ျပသတဲ့အေနနဲ႔ ဝါရွင္တန္မွာ ၾကာသပေတးေန႔က စတင္လိုက္တဲ့ အေမရိကန္၊ အာဆီယံ ထိပ္သီးအစည္းအေ၀းမွာ ျမန္မာႏိုင္ငံအတြက္ ထိုင္ခုံေနရာ အလြတ္ထားဖို႔ ၂ ဖက္ေခါင္းေဆာင္ေတြ လက္ခံခဲ့ၾကတယ္လို႔ အေမရိကန္ အမ်ိဳးသား လံုျခံဳေရးေကာင္စီ ေျပာခြင့္ရ VOA ကိုအတည္ျပဳ ေျပာဆို ပါတယ္။

ထိပ္သီးညီလာခံမွာ ျမန္မာ့အေရးဟာ အေလးအနက္ထား ေဆြးေႏြးမယ့္ ကိစၥတခုအျဖစ္ ပါ၀င္မွာျဖစ္ၿပီး၊ အခုလို ကိုယ္စားျပဳ ခံုေနရာကို အလြတ္ထားတာဟာ လက္ရွိအေနထားကို ေၾကနပ္မႈ မရွိေၾကာင္းနဲ႔ ပိုေကာင္းတဲ့ လမ္းေၾကာင္းေပၚ ေလွ်ာ္လွမ္းေစဖို႔ ေမွ်ာ္လင့္တာကို ျပသေနတယ္လို႔ ေနာက္အႀကီးတန္းအစိုးရအဖြဲ႔ဝင္ တဦးကလည္း ေျပာပါတယ္။

အာဆီယံအေနနဲ႔ မႏွစ္က အခ်က္ ၅ ခ်က္ပါ ဘံုသေဘာတူညီခ်က္ရခဲ့တာကလြဲၿပီး ျမန္မာစစ္ေကာင္စီရဲ႕ လူ႔အခြင့္ေရး ဆက္လက္ခ်ိဳးေဖါက္ေနမႈေတြ အတြက္ ဘာမွတိုးတက္ေအာင္မလုပ္ႏိုင္တာကို အေမရိကန္ တာ၀န္ရွိသူေတြက စိတ္ပ်က္ေနၾကတာပါ။

အာဆီယံ အေနနဲ႔ NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရအဖြဲ႔ နဲ႔ အလြတ္သေဘာဆက္ဆံဖို႔ အပါအဝင္ တင္သြင္းလာတဲ့ အဆိုျပဳခ်က္ေတြကို အေမရိကန္အစိုးရကလည္း ေထာက္ခံထားပါတယ္။ ဒီလို အလြတ္သေဘာဆက္သြယ္ဖို႔ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးရဲ အဆိုျပဳခ်က္အတြက္ ျမန္မာစစ္ေကာင္စီက ျပစ္တင္ရႈတ္ခ်ခဲ့တာပါ။ ၾကာသပေတးေန႔မွာပဲ NUG ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္နဲ႔ ဝါရွင္တန္ဒီစီမွာ ေတြ႕ဆံုခဲ့တဲ့ အေမရိကန္ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး Wendy Sherman ကလည္း ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေပၚ ျပန္ေရာက္ေအာင္ အေမရိကန္က ပံ့ပိုးေပးေနမွာ ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

အေမရိကန္ -အာဆီယံ အစည္းေဝးမွာ ျမန္မာ့အေရး အျပင္ အင္ဒို- ပစိဖိတ္ေဒသတြင္း တ႐ုတ္ရဲ႕ ၾသဇာလႊမ္းမိုးမႈ ကို တန္ျပန္ထိမ္းၫွိဖို႔ ႀကိဳးစား ေနတဲ့ အေမရိကန္အစိုးရအေနနဲ႔ လူ႔အခြင့္ေရးနဲ႔ ဒီမိုကေရစီေရး ဆိုင္ရာကိစၥရပ္ေတြကိုပါ ေဆြးေႏြးဖို႔ရွိပါတယ္။

သမၼတအိမ္ျဖဴမွာ ၾကာသပေတးေန႔ အာဆီယံေခါင္းေဆာင္ေတြကို သမၼတဘိုင္ဒန္က ညစာနဲ႔ တည္ခင္း ဧည့္ခံမွာ ျဖစ္ပါတယ္။ ဒီညစာစားပြဲမွာ ဒီမိုကေရစီ ထြန္းကားေရး ဦးစားေပးလုပ္ေဆာင္ေနတဲ့ အေမရိကန္သမၼတဘိုင္ဒန္ဟာ အာဆီယံအလွည့္က်ဥကၠဌျဖစ္တဲ့၊ ႏွစ္ေပါင္း ၄၀ ေလာက္ ကေမာၻဒီးယားမွာ အၾကမ္းဖက္အုပ္ခ်ဳပ္လာတဲ့ ဝန္ႀကီးခ်ဳပ္ဟြန္ဆန္အျပင္၊ ထိုင္းကအာဏာသိမ္းစစ္ေခါင္းေဆာင္ ပရာရြသ္ ခ်န္အိုခ်ာ နဲ႔ ဘ႐ူႏိုင္းဘုရင္ Sultan Hassanal Bolkiah အပါအဝင္ အာဆီယံ ၉ ႏိ္ုင္ငံ ေခါင္းေဆာင္ေတြနဲ႔ တြ႕ဆံုမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

...............................................

ထိပ်သီးအစည်းအဝေးမှာ မြန်မာနေရာလွတ်ထားဖို့ ကန်နဲ့ အာဆီယံ သဘောတူ

{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ အရပ်သား အစိုးရကို ဖယ်ရှားပြီး စစ်အာဏာသိမ်းခဲ့တဲ့ အခြေအနေတွေကို ပြသတဲ့အနေနဲ့ ဝါရှင်တန်မှာ ကြာသပတေးနေ့က စတင်လိုက်တဲ့ အမေရိကန်၊ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံအတွက် ထိုင်ခုံနေရာ အလွတ်ထားဖို့ ၂ ဖက်ခေါင်းဆောင်တွေ လက်ခံခဲ့ကြတယ်လို့ အမေရိကန် အမျိုးသား လုံခြုံရေးကောင်စီ ပြောခွင့်ရ VOA ကိုအတည်ပြု ပြောဆို ပါတယ်။

ထိပ်သီးညီလာခံမှာ မြန်မာ့အရေးဟာ အလေးအနက်ထား ဆွေးနွေးမယ့် ကိစ္စတခုအဖြစ် ပါဝင်မှာဖြစ်ပြီး၊ အခုလို ကိုယ်စားပြု ခုံနေရာကို အလွတ်ထားတာဟာ လက်ရှိအနေထားကို ကြေနပ်မှု မရှိကြောင်းနဲ့ ပိုကောင်းတဲ့ လမ်းကြောင်းပေါ် လျှော်လှမ်းစေဖို့ မျှော်လင့်တာကို ပြသနေတယ်လို့ နောက်အကြီးတန်းအစိုးရအဖွဲ့ဝင် တဦးကလည်း ပြောပါတယ်။

အာဆီယံအနေနဲ့ မနှစ်က အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်ရခဲ့တာကလွဲပြီး မြန်မာစစ်ကောင်စီရဲ့ လူ့အခွင့်ရေး ဆက်လက်ချိုးဖေါက်နေမှုတွေ အတွက် ဘာမှတိုးတက်အောင်မလုပ်နိုင်တာကို အမေရိကန် တာဝန်ရှိသူတွေက စိတ်ပျက်နေကြတာပါ။

အာဆီယံ အနေနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ နဲ့ အလွတ်သဘောဆက်ဆံဖို့ အပါအဝင် တင်သွင်းလာတဲ့ အဆိုပြုချက်တွေကို အမေရိကန်အစိုးရကလည်း ထောက်ခံထားပါတယ်။ ဒီလို အလွတ်သဘောဆက်သွယ်ဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ အဆိုပြုချက်အတွက် မြန်မာစစ်ကောင်စီက ပြစ်တင်ရှုတ်ချခဲ့တာပါ။ ကြာသပတေးနေ့မှာပဲ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဝါရှင်တန်ဒီစီမှာ တွေ့ဆုံခဲ့တဲ့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman ကလည်း မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းပေါ် ပြန်ရောက်အောင် အမေရိကန်က ပံ့ပိုးပေးနေမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန် -အာဆီယံ အစည်းဝေးမှာ မြန်မာ့အရေး အပြင် အင်ဒို- ပစိဖိတ်ဒေသတွင်း တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု ကို တန်ပြန်ထိမ်းညှိဖို့ ကြိုးစား နေတဲ့ အမေရိကန်အစိုးရအနေနဲ့ လူ့အခွင့်ရေးနဲ့ ဒီမိုကရေစီရေး ဆိုင်ရာကိစ္စရပ်တွေကိုပါ ဆွေးနွေးဖို့ရှိပါတယ်။

သမ္မတအိမ်ဖြူမှာ ကြာသပတေးနေ့ အာဆီယံခေါင်းဆောင်တွေကို သမ္မတဘိုင်ဒန်က ညစာနဲ့ တည်ခင်း ဧည့်ခံမှာ ဖြစ်ပါတယ်။ ဒီညစာစားပွဲမှာ ဒီမိုကရေစီ ထွန်းကားရေး ဦးစားပေးလုပ်ဆောင်နေတဲ့ အမေရိကန်သမ္မတဘိုင်ဒန်ဟာ အာဆီယံအလှည့်ကျဥက္ကဌဖြစ်တဲ့၊ နှစ်ပေါင်း ၄၀ လောက် ကမ္ဘောဒီးယားမှာ အကြမ်းဖက်အုပ်ချုပ်လာတဲ့ ဝန်ကြီးချုပ်ဟွန်ဆန်အပြင်၊ ထိုင်းကအာဏာသိမ်းစစ်ခေါင်းဆောင် ပရာရွသ် ချန်အိုချာ နဲ့ ဘရူနိုင်းဘုရင် Sultan Hassanal Bolkiah အပါအဝင် အာဆီယံ ၉ နိုင်ငံ ခေါင်းဆောင်တွေနဲ့ တွ့ဆုံမှာ ဖြစ်ပါတယ်။

XS
SM
MD
LG