သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး အာဆီယံ ႀကိဳးပမ္းမႈေတြ မလုံေလာက္ေသး (အိမ္ျဖဴေတာ္အရာရွိ Edgard Kagan)


ASEAN and Senior Gen. Min Aung Hlaing (AP)

{{Zawgyi/Unicode}}

ျမန္မာစစ္ေခါင္းေဆာင္ကုိ ထိပ္သီးအစည္းအေ၀းပဲြ တက္ေရာက္ခြင့္ မေပးဖို႔ အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားအသင္း (အာဆီယံ) ရဲ႕ ဆုံးျဖတ္ခ်က္ဟာ ထူးျခားေကာင္းမြန္ေပမဲ့ ဒီထက္ပို လုပ္ဖို႔လိုေသးတယ္လို႔ အေမရိကန္ အဆင့္ျမင့္ အရာရွိတေယာက္က ေျပာလိုက္ပါတယ္။

“ဒီေလာက္နဲ႔ မလုံေလာက္ေသးဘူးလို႔ ယူဆပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ၾကံဳေနရတဲ့ စိန္ေခၚမႈေတြ၊ အာဏာသိမ္းမႈေၾကာင့္ ျမန္မာျပည္သူေတြ ရင္ဆိုင္ေနရတဲ့ မၾကံဳစဖူး အခက္အခဲေတြကို ေျဖရွင္းဖို႔အတြက္၊ ဒီထက္ပို က်ယ္ျပန္႔ၿပီး ထိေရာက္တဲ့ ႀကိဳးပမ္းမႈေတြ လိုအပ္ပါတယ္။” လို႔ အေမရိကန္သမၼတ အိမ္ျဖဴေတာ္ အမ်ဳိးသားလုံျခံဳေရးေကာင္စီ္ရဲ႕ အေရွ႕အာရွနဲ႔ သမုဒၵရာႏိုင္ငံမ်ားဆိုင္ရာ ၫႊန္ၾကားေရးမွဴး Edgard Kagan က ဝါရွင္တန္အေျခစိုက္ မဟာဗ်ဳဟာနဲ႔ ႏိုင္ငံတကာ ေလ့လာေရးဌာနမွာ ဗုဒၶဟူးေန႔က က်င္းပတဲ့ ေဆြးေႏြးပဲြမွာ ေျပာဆုိသြားတာပါ။

ျမန္မာ့အေရး ေျဖရွင္းရာမွာ အာဆီယံ အသင္း၀င္ ႏိုင္ငံေတြၾကား သာမက ျပင္ပက မဟာမိတ္ႏိုင္ငံေတြနဲ႔ပါ ပူးေပါင္းေဆာင္ရြက္ဖို႔ လိုအပ္ေၾကာင္းလည္း ေျပာပါတယ္။ ျမန္မာႏိုင္ငံ အက်ပ္အတည္းအေပၚ ေဒသတြင္း ႏိုင္ငံေတြၾကား စိတ္ပ်က္လက္ပ်က္ ျဖစ္ေနၾကတာ ေတြ႕ရေၾကာင္းလည္း မွတ္ခ်က္ေပးခဲ့တာပါ။ ျမန္မာ့အေရး ေျဖရွင္းရာမွာ အေမရိကန္က အာဆီယံ အသင္းနဲ႔ ပူးေပါင္းေဆာင္ရြက္ဖို႔ ဆႏၵရွိေၾကာင္းလည္း အေမရိကန္လုံၿခဳံေရးဆုိင္ရာအႀကီးတန္းအရာရွိ Kagan ကေျပာဆုိခဲ့ပါတယ္။

တခ်ိန္တည္းမွာပဲ အာဆယံထိပ္သီးအစည္းအေ၀းမတုိင္မီ အေရွ့ေတာင္အာရွေဒသအတြင္း ေရာက္ရွိေနတဲ့ အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီး ဌာနအတုိင္ပင္ခံ Derek Chollet ဟာ စကၤာပူႏုိင္ငံရဲ့ ေငြေၾကးဆုိင္ရာတာ၀န္ရွိသူ ဒုတိယဦးေဆာင္ညြန္ၾကားေရးမွုး Ho Hern Shin နဲ့ေတြ့ဆုံခဲ့ၿပီး ျမန္မာႏုိင္ငံႏုိင္ငံကအာဏာသိမ္းစစ္ေကာင္စီအေနနဲ့ ႏုိင္ငံတကာေငြေၾကးစနစ္ေတြထဲကုိ ၀င္ေရာက္ အသုံးျပုလုိ့မရေအာင္ဘယ္လုိပိတ္ပင္မလဲဆုိတာေတြကုိေဆြးေႏြးခဲ့ေၾကာင္း နဲ့ ေကာင္းမြန္တဲ့ရ လဒ္ေတြရွိခဲ့ေၾကာင္း သူ့ရဲ့တြစ္တာစာမ်က္ႏွာမွာေဖာ္ျပခဲ့ပါတယ္။

....................................

တိုက္႐ိုက္ လင့္ခ္


မြန်မာ့အရေး အာဆီယံ ကြိုးပမ်းမှုတွေ မလုံလောက်သေး (အိမ်ဖြူတော်အရာရှိ Edgard Kagan)

{{Unicode}}
မြန်မာစစ်ခေါင်းဆောင်ကို ထိပ်သီးအစည်းအဝေးပွဲ တက်ရောက်ခွင့် မပေးဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ရဲ့ ဆုံးဖြတ်ချက်ဟာ ထူးခြားကောင်းမွန်ပေမဲ့ ဒီထက်ပို လုပ်ဖို့လိုသေးတယ်လို့ အမေရိကန် အဆင့်မြင့် အရာရှိတယောက်က ပြောလိုက်ပါတယ်။

“ဒီလောက်နဲ့ မလုံလောက်သေးဘူးလို့ ယူဆပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကြုံနေရတဲ့ စိန်ခေါ်မှုတွေ၊ အာဏာသိမ်းမှုကြောင့် မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ မကြုံစဖူး အခက်အခဲတွေကို ဖြေရှင်းဖို့အတွက်၊ ဒီထက်ပို ကျယ်ပြန့်ပြီး ထိရောက်တဲ့ ကြိုးပမ်းမှုတွေ လိုအပ်ပါတယ်။” လို့ အမေရိကန်သမ္မတ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ်ရဲ့ အရှေ့အာရှနဲ့ သမုဒ္ဒရာနိုင်ငံများဆိုင်ရာ ညွှန်ကြားရေးမှူး Edgard Kagan က ဝါရှင်တန်အခြေစိုက် မဟာဗျုဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာနမှာ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ပြောဆိုသွားတာပါ။

မြန်မာ့အရေး ဖြေရှင်းရာမှာ အာဆီယံ အသင်းဝင် နိုင်ငံတွေကြား သာမက ပြင်ပက မဟာမိတ်နိုင်ငံတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်းလည်း ပြောပါတယ်။ မြန်မာနိုင်ငံ အကျပ်အတည်းအပေါ် ဒေသတွင်း နိုင်ငံတွေကြား စိတ်ပျက်လက်ပျက် ဖြစ်နေကြတာ တွေ့ရကြောင်းလည်း မှတ်ချက်ပေးခဲ့တာပါ။ မြန်မာ့အရေး ဖြေရှင်းရာမှာ အမေရိကန်က အာဆီယံ အသင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်းလည်း အမေရိကန်လုံခြုံရေးဆိုင်ရာအကြီးတန်းအရာရှိ Kagan ကပြောဆိုခဲ့ပါတယ်။

တချိန်တည်းမှာပဲ အာဆယံထိပ်သီးအစည်းအဝေးမတိုင်မီ အရှေ့တောင်အာရှဒေသအတွင်း ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနအတိုင်ပင်ခံ Derek Chollet ဟာ စင်္ကာပူနိုင်ငံရဲ့ ငွေကြေးဆိုင်ရာတာဝန်ရှိသူ ဒုတိယဦးဆောင်ညွန်ကြားရေးမှုး Ho Hern Shin နဲ့တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံနိုင်ငံကအာဏာသိမ်းစစ်ကောင်စီအနေနဲ့ နိုင်ငံတကာငွေကြေးစနစ်တွေထဲကို ဝင်ရောက် အသုံးပြုလို့မရအောင်ဘယ်လိုပိတ်ပင်မလဲဆိုတာတွေကိုဆွေးနွေးခဲ့ကြောင်း နဲ့ ကောင်းမွန်တဲ့ရ လဒ်တွေရှိခဲ့ကြောင်း သူ့ရဲ့တွစ်တာစာမျက်နှာမှာဖော်ပြခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG