သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

G7-ASEAN ဝန္ႀကီးအစည္းအေဝး ျမန္မာမဖိတ္ဖို႔ဆုံးျဖတ္ခ်က္အေပၚ တုံ႔ျပန္မႈ


G-7 စီးပြါးေရးအင္ႀကီးႀကီး အဖြဲ႔ေခါင္းေဆာင္မ်ား။ (၂၀၂၁၊ ဇြန္လ ၁၁)

{{Zawgyi/Unicode}}

ျမန္မာစစ္ေကာင္စီကို G7 ကမာၻ႔ စီးပြားေရးအင္အားႀကီး ၇ ႏိုင္ငံနဲ႔ အာဆီယံပူးတြဲ အစည္းအေဝး တက္ခြင့္မျပဳဖို႔ အိမ္ရွင္ ၿဗိတိန္က ဆုံးျဖတ္လိုက္တာက ျမန္မာစစ္ေကာင္စီကို အထိနာေစမယ္လို႔ သုံးသပ္ေနၾကပါတယ္။ ဒီဇင္ဘာမွာလုပ္မယ့္ G7-အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးစည္းေဝးပြဲမွာ ျမန္မာစစ္ေကာင္စီကို လူကိုယ္တိုင္တတ္ေရာက္ဖို႔ ဖိတ္ၾကားမွာမဟုတ္ဘူးလို႔ အာရွဆိုင္ရာ ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီးက မေန႔က ၿဗိတိန္လႊတ္ေတာ္မွာ ေျပာခဲ့တာပါ။

ျမန္မာမပါဘဲ အာဆီယံကလည္းတက္ဖို႔ သေဘာတူခဲ့တာက ထူးျခားတာအျပင္ ဘယ္လို တုံ႔ျပန္သက္ေရာက္မႈေတြ ရွိလာႏိုင္ပါလဲ။Burma Campaign UK အဖြဲ႕ ၫြန္ၾကားေရးမႉး Mark Farmanar နဲ႔ Euro Burma ႐ုံး အမႈေဆာင္ ၫႊန္ၾကားေရးမႉး ဟန္ေညာင္ေဝတို႔ကို ကိုဝင္းမင္းက ေမးထားပါတယ္။

ၿဗိတိန္ရဲ႕ အခုလို ဆံုးျဖတ္ခ်က္ ထူးျခားမႈအေပၚ Mark Farmanar က အခုလို စရွင္းျပပါတယ္။

“ျမန္မာစစ္တပ္ကို G7 နဲ႔ အာဆီယံအစည္းအေဝး မဖိတ္ဖို႔ ၿဗိတိန္အစိုးရက ဆုံးျဖတ္လိုက္လို႔ တကယ္ကို ေက်နပ္ အားရမိပါတယ္။ G7 က ကမာၻမွာ စီးပြားေရးအင္အားအႀကီးဆုံး ၇ ႏိုင္ငံရဲ႕ အဖြဲ႔ျဖစ္တာမို႔ ႏိုင္ငံတကာမွာ အလြန္ကိုထင္ရွားေက်ာ္ၾကား အေရးပါတဲ့အဖြဲ႔ႀကီးပါ။ အဲ့ဒီေတာ့ ျမန္မာစစ္တပ္ကို တက္ခြင့္ျပဳလိုက္ရင္ သူတို႔ကို ဂုဏ္တင္၊ တရားဝင္မႈ ေပးလိုက္တာမ်ိဳး ဆိုးဆိုးဝါးဝါးႀကီးကိုျဖစ္သြားမွာပါ။ ဒါေၾကာင့္မို႔လည္း သူတို႔ကို မဖိတ္ဖို႔ ၿဗိတိန္အစိုးရကို က်ေနာ္တို႔ တြန္းအားေပးခဲ့တာပါ။ ေနာက္အေရးပါတာက ဒီဆုံးျဖတ္ခ်က္ကို အာဆီယံကလည္း လက္ခံတာပါ။အာဆီယံအစိုးရေတြအေနနဲ႔ ျမန္မာစစ္တပ္မပါဘဲ G7 နဲ႔ အစည္းအေဝးကို တက္ဖို႔ပါ။”

အဲဒီေတာ့ ဘာေၾကာင့္ အခုလို ျမန္မာကို မဖိတ္ရတဲ့အေျခအေနကိုေမးရာမွာလည္း ဦးဟန္ေညာင္ေဝက အခုလိုရွင္းျပပါတယ္။

“ယူေကအေနနဲ႔ မဖိတ္ဘူးဆိုတာကေတာ့ သူတို႔ျပခ်င္တာက စစ္အာဏာရွင္စနစ္ကို မႀကိဳက္ဘူး၊ လူ႔အခြင့္အေရးကို ခ်ဳိးေဖာက္ေနတဲ့ အစိုးရကို သူတို႔က မဆက္သြယ္ခ်င္ဘူးဆိုတဲ့သေဘာနဲ႔ သူတို႔ကျပခ်င္လို႔ မဖိတ္တာျဖစ္လိမ့္မယ္။ ဒါေပမယ့္ ဒီ ႏုိင္ငံတကာဆက္ဆံေရးကေတာ့ သူတို႔က ဆက္ထားမွာပဲလို႔ က်ေနာ္ေတာ့ ျမင္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ တႏိုင္ငံနဲ႔တႏိုင္ငံ ဆက္ဆံေရး ဆက္သြယ္ေရးေနရာမွာ အစုိးရကို အသိအမွတ္ျပဳတာတုိ႔- အဲဒီအေလ့အထမရွိၾကဘူး။ သူတို႔က ႏုိင္ငံကိုပဲ အသိအမွတ္ျပဳတယ္။ ေျပာခ်င္တာက ျမန္မာႏိုင္ငံကိုပဲ အသိအမွတ္ျပဳေနတယ္။”

အဲဒီေတာ့ အခုလို ဆံုးျဖတ္လိုက္တာရဲ႕သက္ေရာက္ႏိုင္မႈကိုေမးရာမွာ Mark Farmaner က အခုလို ေထာက္ျပပါတယ္။

“ဒါက အာဆီယံကလည္း ျမန္မာစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကို ထိပ္သီးပြဲမဖိတ္ဖို႔ ဆုံးျဖတ္အၿပီးေလးမွာ ေနာက္ထပ္ ထိုးႏွက္ခ်က္လို ျဖစ္သြားပါတယ္။ ျမန္မာစစ္တပ္ရဲ႕ တရားဝင္မႈေတာင္းဆိုလာတဲ့အေပၚ စစ္ အာဏာသိမ္းအၿပီး ၈ လ ေက်ာ္အၾကာမွာ ႏိုင္ငံတကာအေနနဲ႔ ပိုျပင္းထန္တဲ့ ဖိအားေပးဖို႔ စလုပ္လာတာကို ေနာက္ ဆုံးျမင္လာရတာပါ။ျမန္မာစစ္တပ္က တရားဝင္အစိုးရျဖစ္ေရး ေတာင္းဆိုေနခ်ိန္မွာ၊ အာဆီယံနဲ႔ G7 တို႔က လက္မခံႏိုင္ဘူးဆိုတာကို တညီတၫြတ္တည္း ျပလိုက္တာပါ။”

ဒီေနရာမွာ ျမန္မာစစ္ေကာင္စီဘက္ကေရာ ဘယ္လိုတုံ႔ျပန္ႏုိင္သလဲဆိုတာကို ေမးရာမွာ ဦးဟန္ေညာင္ေဝက အခုလုိ သံုးသပ္ျပပါတယ္။

“က်ေနာ္ထင္တာက သိပ္ေတာ့ ဘာမွ မရိွပါဘူး။ ဒါေပမယ့္ တပ္မေတာ္အတြက္ကေတာ့ အရွက္ကြဲတာေပါ့။ အာဆီယံႏုိင္ငံထဲမွာ သူ႔ကို လက္မခံဘူးဆိုတဲ့ဟာက ထင္ထင္ရွားရွားေပၚလာတယ္ဆိုေတာ့ သူ႔အေနနဲ႔ကေတာ့ ႀကိဳက္မွာေတာ့ မဟုတ္ဘူးလို႔ ျမင္ပါတယ္။ စစ္ေကာင္စီအေနနဲ႔ကေတာ့ ပံုမွန္အတုိင္း သူမႀကိဳက္ရင္ေတာ့ တမ်ဳိးေတာ့ ျပမွာပဲ။ တျခားကေတာ့ သူကန္႔ကြက္တာ ...အဲဒီေလာက္ႀကီးေတာ့ ထိေရာက္မႈရွိမယ္လို႔မထင္ပါဘူး။ စစ္ေကာင္စီကေတာ့ သူ႔ပံုစံအတုိင္းဆိုရင္ ႏိုင္ငံတကာဖိအားေတြ လာမယ္ဆို သူတို႔မႀကိဳက္ေပမယ့္ ဖိအားက သူတို႔အေပၚမွာ လာထိတယ္ဆိုတာ မျပခ်င္ဘူး။ ဥပမာ- ဒီအာဆီယံကိစၥမွာ ျမန္မာကို သူမဖိတ္ဘူးဆိုတဲ့ေနရာမွာ သတင္းထြက္လာေတာ့ သူတို႔က ဖိတ္ေအာင္ အက်ဥ္းသမားေတြကို လႊတ္ေပးတယ္။ ဒါေပမယ့္ သူတို႔က အဲဒီဟာနဲ႔သက္ဆုိင္တယ္လို႔ မေၾကညာဘူး။”

ဒါ့အျပင္ စီးပြါးေရးအရ သက္ေရာက္ႏုိင္ပံုကိုလည္း Mark Farmaner က ေထာက္ျပပါတယ္။

“စီးပြားေရးအရ ေရတိုမွာေတာ့ သက္ေရာက္မႈ သိပ္မရွိႏိုင္ပါဘူး။ဒါေပမဲ့ အခုေတြ႔ရမွာက စီးပြားေရးအရ G7 နဲ႔ အာဆီယံအၾကား စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈေတြ၊ ဥပမာ ကုန္သြယ္ေရးကိစၥေတြမ်ိဳး ေဆြးေႏြးတဲ့အခါမွာ စီပြားေရးနဲ႔ ကႏု္သြယ္ေရး အခြင့္အလမ္းေတြ၊ မရႏိုင္ေတာ့ဘူးေပါ့ေလ။ဒါကလည္းေကာင္းတဲ့သတင္းပါ၊ ဘာလို႔ လဲ ဆိုေတာ့ အခုလို မွားယြင္းတဲ့ စီးပြားေရး ရင္းႏွီးျမွဳပ္ႏွံမႈမ်ိဳးေတြက ျမန္မာျပည္သူေတြကို အက်ိဳးမျဖစ္ဘဲ စစ္တပ္ ကိုပဲ အက်ိဳးျဖစ္ေစမွာမို႔ပါ။ ကုမၸဏီေတြကလည္း စစ္တပ္ေၾကာင့္ျဖစ္လာတဲ့ ႏိုင္ငံေရးနဲ႔လူ႔အခြင့္အေရး ကပ္ဆိုးႀကီးေတြေၾကာင့္ ႏိုင္ငံထဲဝင္လုပ္ခ်င္ၾကမွာမဟုတ္ပါဘူး။

ဒီအေပၚ ဦးဟန္ေညာင္ေဝကလည္း သေဘာတူလုိက္ၿပီး အာဆီယံနဲ႔ျမန္မာ ေရွ႕ဆက္ျဖစ္လာႏုိင္ပံုကို အခုလို သံုးသပ္ျပပါတယ္။

“အာဆီယံဥကၠ႒ အေျပာင္းအလဲျဖစ္တဲ့ေနရာမွာ သူတို႔ကလည္း ကေမၻာဒီးယားက တက္လာတယ္ဆိုရင္ သူ႔အတြက္ ပိုၿပီးမွာ အေနသာမလားဆိုၿပီး အဲဒါ စဥ္းစားထားခ်င္ စဥ္းစားထားတာ ရွိလိမ့္မယ္လို႔ က်ေနာ္ စဥ္းစားမိတယ္။ ကေမၻာဒီးယားဆိုရင္ သူတို႔ နည္းနည္း ပိုစိတ္ခ်မလား...အဲလိုမ်ဳိး စဥ္းစားမိတယ္။ ဘာေၾကာင့္လဲဆို ကေမၻာဒီးယားကလည္း ဒီမိုကေရစီတို႔၊ လူ႔အခြင့္အေရးတို႔ကို သိပ္ အဲဒီေလာက္ ဂ႐ုမစိုက္ဘူး။”

တကယ္ေတာ့ ျမန္မာစစ္ေကာင္စီအေနနဲ႔ ျပည္တြင္း ဖိႏွိပ္မႈေတြ တိုးျမင့္လာခ်ိန္မွာ ျပည္ပဖိအားေတြလည္း တုိးျမင့္ခံလာေနရတယ္လို႔ သံုးသပ္သူေတြက ဆိုေနပါတယ္ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္


===========

{{Unicode}}

G7-ASEAN ဝန်ကြီးအစည်းအဝေး မြန်မာမဖိတ်ဖို့ဆုံးဖြတ်ချက်အပေါ် တုံ့ပြန်မှု

မြန်မာစစ်ကောင်စီကို G7 ကမ္ဘာ့ စီးပွားရေးအင်အားကြီး ၇ နိုင်ငံနဲ့ အာဆီယံပူးတွဲ အစည်းအဝေး တက်ခွင့်မပြုဖို့ အိမ်ရှင် ဗြိတိန်က ဆုံးဖြတ်လိုက်တာက မြန်မာစစ်ကောင်စီကို အထိနာစေမယ်လို့ သုံးသပ်နေကြပါတယ်။ ဒီဇင်ဘာမှာလုပ်မယ့် G7-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးစည်းဝေးပွဲမှာ မြန်မာစစ်ကောင်စီကို လူကိုယ်တိုင်တတ်ရောက်ဖို့ ဖိတ်ကြားမှာမဟုတ်ဘူးလို့ အာရှဆိုင်ရာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက မနေ့က ဗြိတိန်လွှတ်တော်မှာ ပြောခဲ့တာပါ။

မြန်မာမပါဘဲ အာဆီယံကလည်းတက်ဖို့ သဘောတူခဲ့တာက ထူးခြားတာအပြင် ဘယ်လို တုံ့ပြန်သက်ရောက်မှုတွေ ရှိလာနိုင်ပါလဲ။Burma Campaign UK အဖွဲ့ ညွန်ကြားရေးမှူး Mark Farmanar နဲ့ Euro Burma ရုံး အမှုဆောင် ညွှန်ကြားရေးမှူး ဟန်ညောင်ဝေတို့ကို ကိုဝင်းမင်းက မေးထားပါတယ်။

ဗြိတိန်ရဲ့ အခုလို ဆုံးဖြတ်ချက် ထူးခြားမှုအပေါ် Mark Farmanar က အခုလို စရှင်းပြပါတယ်။

မြန်မာစစ်တပ်ကို G7 နဲ့ အာဆီယံအစည်းအဝေး မဖိတ်ဖို့ ဗြိတိန်အစိုးရက ဆုံးဖြတ်လိုက်လို့ တကယ်ကို ကျေနပ် အားရမိပါတယ်။ G7 က ကမ္ဘာမှာ စီးပွားရေးအင်အားအကြီးဆုံး ၇ နိုင်ငံရဲ့ အဖွဲ့ဖြစ်တာမို့ နိုင်ငံတကာမှာ အလွန်ကိုထင်ရှားကျော်ကြား အရေးပါတဲ့အဖွဲ့ကြီးပါ။ အဲ့ဒီတော့ မြန်မာစစ်တပ်ကို တက်ခွင့်ပြုလိုက်ရင် သူတို့ကို ဂုဏ်တင်၊ တရားဝင်မှု ပေးလိုက်တာမျိုး ဆိုးဆိုးဝါးဝါးကြီးကိုဖြစ်သွားမှာပါ။ဒါကြောင့်မို့လည်း သူတို့ကို မဖိတ်ဖို့ ဗြိတိန်အစိုးရကို ကျနော်တို့ တွန်းအားပေးခဲ့တာပါ။ နောက်အရေးပါတာက ဒီဆုံးဖြတ်ချက်ကို အာဆီယံကလည်း လက်ခံတာပါ။အာဆီယံအစိုးရတွေအနေနဲ့ မြန်မာစစ်တပ်မပါဘဲ G7 နဲ့ အစည်းအဝေးကို တက်ဖို့ပါ။

အဲဒီတော့ ဘာကြောင့် အခုလို မြန်မာကို မဖိတ်ရတဲ့အခြေအနေကိုမေးရာမှာလည်း ဦးဟန်ညောင်ဝေက အခုလိုရှင်းပြပါတယ်။

“ယူကေအနေနဲ့ မဖိတ်ဘူးဆိုတာကတော့ သူတို့ပြချင်တာက စစ်အာဏာရှင်စနစ်ကို မကြိုက်ဘူး၊ လူ့အခွင့်အရေးကို ချိုးဖောက်နေတဲ့ အစိုးရကို သူတို့က မဆက်သွယ်ချင်ဘူးဆိုတဲ့သဘောနဲ့ သူတို့ကပြချင်လို့ မဖိတ်တာဖြစ်လိမ့်မယ်။ ဒါပေမယ့် ဒီ နိုင်ငံတကာဆက်ဆံရေးကတော့ သူတို့က ဆက်ထားမှာပဲလို့ ကျနော်တော့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုရင် တနိုင်ငံနဲ့တနိုင်ငံ ဆက်ဆံရေး ဆက်သွယ်ရေးနေရာမှာ အစိုးရကို အသိအမှတ်ပြုတာတို့- အဲဒီအလေ့အထမရှိကြဘူး။ သူတို့က နိုင်ငံကိုပဲ အသိအမှတ်ပြုတယ်။ ပြောချင်တာက မြန်မာနိုင်ငံကိုပဲ အသိအမှတ်ပြုနေတယ်။”

အဲဒီတော့ အခုလို ဆုံးဖြတ်လိုက်တာရဲ့သက်ရောက်နိုင်မှုကိုမေးရာမှာ Mark Farmaner က အခုလို ထောက်ပြပါတယ်။

“ဒါက အာဆီယံကလည်း မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ထိပ်သီးပွဲမဖိတ်ဖို့ ဆုံးဖြတ်အပြီးလေးမှာ နောက်ထပ် ထိုးနှက်ချက်လို ဖြစ်သွားပါတယ်။ မြန်မာစစ်တပ်ရဲ့ တရားဝင်မှုတောင်းဆိုလာတဲ့အပေါ် စစ် အာဏာသိမ်းအပြီး ၈ လ ကျော်အကြာမှာ နိုင်ငံတကာအနေနဲ့ ပိုပြင်းထန်တဲ့ ဖိအားပေးဖို့ စလုပ်လာတာကို နောက် ဆုံးမြင်လာရတာပါ။မြန်မာစစ်တပ်က တရားဝင်အစိုးရဖြစ်ရေး တောင်းဆိုနေချိန်မှာ၊ အာဆီယံနဲ့ G7 တို့က လက်မခံနိုင်ဘူးဆိုတာကို တညီတညွတ်တည်း ပြလိုက်တာပါ။”

ဒီနေရာမှာ မြန်မာစစ်ကောင်စီဘက်ကရော ဘယ်လိုတုံ့ပြန်နိုင်သလဲဆိုတာကို မေးရာမှာ ဦးဟန်ညောင်ဝေက အခုလို သုံးသပ်ပြပါတယ်။

“ကျနော်ထင်တာက သိပ်တော့ ဘာမှ မရှိပါဘူး။ ဒါပေမယ့် တပ်မတော်အတွက်ကတော့ အရှက်ကွဲတာပေါ့။ အာဆီယံနိုင်ငံထဲမှာ သူ့ကို လက်မခံဘူးဆိုတဲ့ဟာက ထင်ထင်ရှားရှားပေါ်လာတယ်ဆိုတော့ သူ့အနေနဲ့ကတော့ ကြိုက်မှာတော့ မဟုတ်ဘူးလို့ မြင်ပါတယ်။ စစ်ကောင်စီအနေနဲ့ကတော့ ပုံမှန်အတိုင်း သူမကြိုက်ရင်တော့ တမျိုးတော့ ပြမှာပဲ။ တခြားကတော့ သူကန့်ကွက်တာ ...အဲဒီလောက်ကြီးတော့ ထိရောက်မှုရှိမယ်လို့မထင်ပါဘူး။ စစ်ကောင်စီကတော့ သူ့ပုံစံအတိုင်းဆိုရင် နိုင်ငံတကာဖိအားတွေ လာမယ်ဆို သူတို့မကြိုက်ပေမယ့် ဖိအားက သူတို့အပေါ်မှာ လာထိတယ်ဆိုတာ မပြချင်ဘူး။ ဥပမာ- ဒီအာဆီယံကိစ္စမှာ မြန်မာကို သူမဖိတ်ဘူးဆိုတဲ့နေရာမှာ သတင်းထွက်လာတော့ သူတို့က ဖိတ်အောင် အကျဉ်းသမားတွေကို လွှတ်ပေးတယ်။ ဒါပေမယ့် သူတို့က အဲဒီဟာနဲ့သက်ဆိုင်တယ်လို့ မကြေညာဘူး။”

ဒါ့အပြင် စီးပွါးရေးအရ သက်ရောက်နိုင်ပုံကိုလည်း Mark Farmaner က ထောက်ပြပါတယ်။

“စီးပွားရေးအရ ရေတိုမှာတော့ သက်ရောက်မှု သိပ်မရှိနိုင်ပါဘူး။ဒါပေမဲ့ အခုတွေ့ရမှာက စီးပွားရေးအရ G7 နဲ့ အာဆီယံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ၊ ဥပမာ ကုန်သွယ်ရေးကိစ္စတွေမျိုး ဆွေးနွေးတဲ့အခါမှာ စီပွားရေးနဲ့ ကနု်သွယ်ရေး အခွင့်အလမ်းတွေ၊ မရနိုင်တော့ဘူးပေါ့လေ။ဒါကလည်းကောင်းတဲ့သတင်းပါ၊ ဘာလို့ လဲ ဆိုတော့ အခုလို မှားယွင်းတဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုမျိုးတွေက မြန်မာပြည်သူတွေကို အကျိုးမဖြစ်ဘဲ စစ်တပ် ကိုပဲ အကျိုးဖြစ်စေမှာမို့ပါ။ ကုမ္ပဏီတွေကလည်း စစ်တပ်ကြောင့်ဖြစ်လာတဲ့ နိုင်ငံရေးနဲ့လူ့အခွင့်အရေး ကပ်ဆိုးကြီးတွေကြောင့် နိုင်ငံထဲဝင်လုပ်ချင်ကြမှာမဟုတ်ပါဘူး။

ဒီအပေါ် ဦးဟန်ညောင်ဝေကလည်း သဘောတူလိုက်ပြီး အာဆီယံနဲ့မြန်မာ ရှေ့ဆက်ဖြစ်လာနိုင်ပုံကို အခုလို သုံးသပ်ပြပါတယ်။

“အာဆီယံဥက္ကဋ္ဌ အပြောင်းအလဲဖြစ်တဲ့နေရာမှာ သူတို့ကလည်း ကမ္ဘောဒီးယားက တက်လာတယ်ဆိုရင် သူ့အတွက် ပိုပြီးမှာ အနေသာမလားဆိုပြီး အဲဒါ စဉ်းစားထားချင် စဉ်းစားထားတာ ရှိလိမ့်မယ်လို့ ကျနော် စဉ်းစားမိတယ်။ ကမ္ဘောဒီးယားဆိုရင် သူတို့ နည်းနည်း ပိုစိတ်ချမလား...အဲလိုမျိုး စဉ်းစားမိတယ်။ ဘာကြောင့်လဲဆို ကမ္ဘောဒီးယားကလည်း ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့ကို သိပ် အဲဒီလောက် ဂရုမစိုက်ဘူး။”

တကယ်တော့ မြန်မာစစ်ကောင်စီအနေနဲ့ ပြည်တွင်း ဖိနှိပ်မှုတွေ တိုးမြင့်လာချိန်မှာ ပြည်ပဖိအားတွေလည်း တိုးမြင့်ခံလာနေရတယ်လို့ သုံးသပ်သူတွေက ဆိုနေပါတယ်ခင်ဗျာ။

#MyanmarASEAN #G7ASEAN #MyanmarMilitaryCoup #MyanmarSAC #VOABurmese

================

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG