သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာဆိုင္ရာ အာဆီယံရပ္တည္ခ်က္ စစ္ေကာင္စီ ကန္႔ကြက္


အာဆီယံသေကၤတနဲ႔ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္။

(Zawgyi / Unicode)

အာဆီယံ ထိပ္သီးအစည္းအေဝးမွာ ျမန္မာစစ္ေခါင္းေဆာင္ကို မဖိတ္ဖို႔ အပါအဝင္ ျမန္မာႏိ္ုင္ငံနဲ႔ ပတ္သက္လို႔ အသင္းႀကီးရဲ႕ ရပ္တည္ခ်က္ကို ျမန္မာစစ္ေကာင္စီက ကန္႔ကြက္လိုက္ပါတယ္။ ဒီလေႏွာင္းပိုင္း က်င္းပမယ့္ ထိပ္သီး အစည္းအေဝးမွာ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ကို မဖိတ္ဖို႔ အလွည့္က်ဥကၠ႒ ဘ႐ူႏိုင္းႏိုင္ငံက စေနေန႔မွာ တရားဝင္ ေၾကညာလိုက္ၿပီးေနာက္ စစ္ေကာင္စီ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ေၾကညာခ်က္ ထုတ္ျပန္လိုက္တာပါ။

အာဆီယံဥကၠ႒ရဲ႕ ေၾကညာခ်က္မွာေတာ့ ေဒသတြင္း လံုၿခံဳေရးနဲ႔ စည္းမ်ဥ္းစည္းကမ္းအေျခခံ အဖြဲ႔အစည္းတခုအျဖစ္ အာဆီယံရဲ႕ ညီၫြတ္မႈ၊ ယံုၾကည္ကိုးစားခံရမႈနဲ႔ အေရးပါမႈေတြအေပၚမွာ ျမန္မာႏိုင္ငံျပႆနာက ႐ုိက္ခတ္လာေနတာေၾကာင့္ အဖဲြ႔ဝင္ေတြ စိုးရိမ္ေနေၾကာင္း ေဖာ္ျပထားတာပါ။

ျမန္မာစစ္ေခါင္းေဆာင္အစား ႏိုင္ငံေရးက႑က မဟုတ္တဲ့သူ တေယာက္ေယာက္ကိုသာ လက္ခံဖို႔ ေသာၾကာေန႔က အာဆီယံ ႏိုင္ငံျခားေရး ဝန္ႀကီးေတြရဲ႕ အေရးေပၚ အစည္းအေဝးမွာ ဆုံးျဖတ္ခဲ့ၿပီး ေနာက္တရက္မွာ တရားဝင္ ေၾကညာခ်က္ ထုတ္ျပန္လိုက္တာလည္း ျဖစ္ပါတယ္။

ျမန္မာစစ္ေကာင္စီ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနကေတာ့ ျမန္မာႏိုင္ငံက ကိုယ္စားျပဳ တက္ေရာက္မယ့္ သူေတြနဲ႔ ပတ္သက္လို႔ အာဆီယံရဲ႕ ဆုံးျဖတ္ခ်က္ဟာ အဖဲြ႔ႀကီးရဲ႕ အေျခခံမူေတြနဲ႔ ကိုက္ညီမႈမရွိတဲ့အတြက္ စိတ္ပ်က္မိေၾကာင္းနဲ႔ အျပင္းအထန္ ကန္႔ကြက္ေၾကာင္း တုံ႔ျပန္ခဲ့တာပါ။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းၿပီး ေနာက္ဆက္တဲြ ႏိုင္ငံေရး အက်ပ္အတည္းေတြ ေပၚေပါက္ေနတာကို ေျဖရွင္းႏိုင္ဖို႔ ရည္ရြယ္ၿပီး အထူးကိုယ္စားလွယ္တဦးကို တာဝန္ေပးဖို႔ အပါအဝင္ အာဆီယံက ဧၿပီလထဲမွာပဲ ဘုံသေဘာတူညီခ်က္ ၅ ရပ္ ခ်မွတ္ထားတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာဆီယံ အထူးကိုယ္စားလွယ္ ျမန္မာႏိုင္ငံကို သြားေရာက္ၿပီး ဖမ္းဆီးခံထားရတဲ့ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ သက္ဆိုင္သူေတြနဲ႔ ေတြ႔ခြင့္မရေသးတာေၾကာင့္ အာဆီယံနဲ႔ ႏိုင္ငံတကာ အသိုင္းအဝန္းက ဖိအားေပးေနၾကတာပါ။

အာဆီယံဥကၠ႒ရဲ႕ စေနေန႔က ထုတ္ျပန္ခ်က္မွာလည္း ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ကို သက္ဆိုင္သူအားလုံးနဲ႔ ေတ႔ြခြင့္ေပးဖို႔ ေတာင္းဆိုထားသလို အေမရိကန္ ႏိုင္ငံျခားေရးဌာနကလည္း ေသာၾကာေန႔ကပဲ အလားတူ ေတာင္းဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

မြန်မာဆိုင်ရာ အာဆီယံရပ်တည်ချက် စစ်ကောင်စီ ကန့်ကွက်

အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်ဖို့ အပါအဝင် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အသင်းကြီးရဲ့ ရပ်တည်ချက်ကို မြန်မာစစ်ကောင်စီက ကန့်ကွက်လိုက်ပါတယ်။ ဒီလနှောင်းပိုင်း ကျင်းပမယ့် ထိပ်သီး အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မဖိတ်ဖို့ အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက စနေနေ့မှာ တရားဝင် ကြေညာလိုက်ပြီးနောက် စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

အာဆီယံဥက္ကဋ္ဌရဲ့ ကြေညာချက်မှာတော့ ဒေသတွင်း လုံခြုံရေးနဲ့ စည်းမျဉ်းစည်းကမ်းအခြေခံ အဖွဲ့အစည်းတခုအဖြစ် အာဆီယံရဲ့ ညီညွတ်မှု၊ ယုံကြည်ကိုးစားခံရမှုနဲ့ အရေးပါမှုတွေအပေါ်မှာ မြန်မာနိုင်ငံပြဿနာက ရိုက်ခတ်လာနေတာကြောင့် အဖွဲ့ဝင်တွေ စိုးရိမ်နေကြောင်း ဖော်ပြထားတာပါ။

မြန်မာစစ်ခေါင်းဆောင်အစား နိုင်ငံရေးကဏ္ဍက မဟုတ်တဲ့သူ တယောက်ယောက်ကိုသာ လက်ခံဖို့ သောကြာနေ့က အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အရေးပေါ် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပြီး နောက်တရက်မှာ တရားဝင် ကြေညာချက် ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

မြန်မာစစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံက ကိုယ်စားပြု တက်ရောက်မယ့် သူတွေနဲ့ ပတ်သက်လို့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ဟာ အဖွဲ့ကြီးရဲ့ အခြေခံမူတွေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် စိတ်ပျက်မိကြောင်းနဲ့ အပြင်းအထန် ကန့်ကွက်ကြောင်း တုံ့ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီး နောက်ဆက်တွဲ နိုင်ငံရေး အကျပ်အတည်းတွေ ပေါ်ပေါက်နေတာကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး အထူးကိုယ်စားလှယ်တဦးကို တာဝန်ပေးဖို့ အပါအဝင် အာဆီယံက ဧပြီလထဲမှာပဲ ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ထားတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို သွားရောက်ပြီး ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်သူတွေနဲ့ တွေ့ခွင့်မရသေးတာကြောင့် အာဆီယံနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက ဖိအားပေးနေကြတာပါ။

အာဆီယံဥက္ကဋ္ဌရဲ့ စနေနေ့က ထုတ်ပြန်ချက်မှာလည်း မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို သက်ဆိုင်သူအားလုံးနဲ့ တေ့ွခွင့်ပေးဖို့ တောင်းဆိုထားသလို အမေရိကန် နိုင်ငံခြားရေးဌာနကလည်း သောကြာနေ့ကပဲ အလားတူ တောင်းဆိုထားပါတယ်။

XS
SM
MD
LG